Pages

Saturday, January 14, 2012

How to Make Myanmar Blog မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့် အခန်း(၆)



2.3. Formatting

Formatting တွင် အကြောင်းအရာ ၁၂မျိုးကို သတ်မှတ် ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။
1.Show
2.Date Header Format
3.Archive Index Date Format
4.Timestamp Format
5.Time Zone
6.Language
7.Convert Line Breaks
8.Show Title Filed

9.Show Link Field
10.Enable Float Alignment
11.Post Template

2.3.1. Show

မိမိတို့ ဘလော့ဂ်၏ စာမျက်နှာ တစ်ခုစီတွင် ပိုစ့် ဘယ်နှစ်ခု ပေါ်စေလိုသည်ကို ရွေးပေးရန် ဖြစ်သည်။

2.3.2. Date Header Format

ပိုစ့် တစ်ခုချင်းစီကို မည်သည့် အချိန်တွင် ရေးသားခဲ့သည် ဆိုသည်ကို ပြသပေးသော ရက်စွဲပုံစံ ဖြစ်သည်။

2.3.3. Archive Index Date Format

လစဉ်၊ နှစ်စဉ် ယခင်က ရေးသားခဲ့သော ပိုစ့်များမှာ သက်ဆိုင်ရာ နေ့ရက်အလိုက်၊ လအလိုက် အလိုအလျောက် သိမ်းဆည်းထားပြီး ဖြစ်သည်။ ယင်းသိမ်းဆည်းထားသော ပိုစ့်များ မည်ကဲ့သို့ ပြသစေလိုသည်ကို သတ်မှတ်ပေးသော စနစ်ဖြစ်သည်။

2.3.4. Timestamp Format

ကိုယ်ပြချင်သော အချိန်စနစ်ကို ရွေးချယ်ပေးလို့ ရသည်။

2.3.5. Time Zone

ကိုယ်နေထိုင်သော ဒေသကို ရွေးချယ်ပေးရမည်။ ယင်းသို့ရွေးချယ်ရာတွင် GMT (+)(-) ဖြင့် ရွေးချယ်ပေးရမည်ဖြစ်ရာ မြန်မာပြည်အတွက်ဆိုလျှင် (GMT+6:30 Rangoon) ကို ရွေးပေးရမည် ဖြစ်သည်။

2.3.6. Language

ကိုယ်အသုံးပြုသော ဘာသာစကားကို ရွေးချယ်ပေးရပါမည်။

2.3.7. Convert Line Breaks

ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် မိမိတို့ စာရိုက်သည့်အခါ Enter ခေါက်လိုက်သည့် အခါတိုင်း Html ကုဒ်တွင် <br> တစ်ကြောင်း အလိုအလျောက် ဆင်းပေးသွားမည် ဖြစ်သည်။ NO ကိုရွေးချယ်ထားမိပါက စာကြောင်းများအားလုံး အပြတ်အတောက် မရှိဘဲ တဆက်တည်း ဖြစ်သွားမည် ဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.8. Show Title Field

ပိုစ့်တစ်ခုချင်းစီအတွက် သက်ဆိုင်ရာခေါင်းစဉ် တပ်ပေးနိုင်ရန် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.9. Show Link Field

ကိုယ်ရေးသားထားသော ပိုစ့်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ အခြားသောလင့်ခ်ကို ညွှန်းဆိုချင်ပါက အဆင်သင့် ထည့်သွင်းနိုင်ရန် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.10. Enable Float Alignment

ပိုစ့်တစ်ခုကို စာသားနှင့် ပုံများ တွဲဖက် ရေးသားသည့်အခါ အဆင်မပြေ ဖြစ်ခဲ့လျှင် ယင်းနေရာတွင် NO ကိုရွေးချယ်ပါ။ သို့တည်းမဟုတ် <div clear:both> ကိုသုံးစွဲပါက YES ကိုရွေးပါ။

2.3.11. Post Template

ယင်းနေရာတွင် စာသားကို Signature အနေဖြင့်သော်လည်းကောင်း၊ ရုပ်ပုံလေးများကိုလည်းကောင်း အသင့်ထည့်ထားနိုင်သည်။ ယင်းသို့ ထည့်ထားခြင်းအားဖြင့် ကိုယ်စာတစ်ပုဒ် ရေးမည်ဟု Compose လုပ်လိုက်တိုင်း Text Editor တွင် ထိုစာလေးများ၊ အရုပ်လေးများ အလိုအလျောက် ပေါ်နေမည် ဖြစ်သည်။


No comments:

Post a Comment