လူရယ်လို့ဖြစ်လာရင် ကိုယ်ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက်မှာ ကိုယ့်ကိုအားပေးကူညီတဲ့
မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ပြသာနာတွေကိုဝိုင်းဝန်းဖြေရှင်းပေးတဲ့သူငယ်ချင်းတွေဟာ
ကိုယ့်ဘ၀ရဲ့အေ၇းအကြီးအရာတွေထဲမှာ တစ်စိတ်တဒေသအဖြစ်အပါအ၀င်ဖြစ်ပါတယ်......
သူငယ်ချင်းဆိုတဲ့ဝေါဟာရကို အဓိပါယ်အမျိုးမျိုးဖွင့်ဆိုကြတဲ့ထဲကမှ မေနှစ်သက် သဘောကျ
မိတဲ့ သူငယ်ချင်းကိုရည်ညွန်းထားတဲ့ ကဗျာလေးတွေကို မေ ခင်မင်ရတဲ့သူငယ်ချင်းတို့
ကို ဖတ်စေချင်လို့ရေးသားလိုက်ပါတယ်နော်...........
Don’t walk in front of me,
I may not follow,
Don’t walk behind me,
I may not lead,
Walk beside me,
And just be my friend,
ကိုယ့်ရှေ့ကမသွားပါနဲ့ ကိုယ်နောက်က မလိုက်ချင်ဘူး
ကိုယ့်နောက်က မလိုက်ပါနဲ့
ကိုယ်ဦးမဆောင်ချင်ဘူး
ကိုယ့်ဘေးနားက အသာကပ်ပြီး
ကိုယ့်သူငယ်ချင်း အဖြစ်ပဲနေပါလား......
My friend , You never expect too much of me.
You are glad when I succeed, but failure
makes no differ rence to you. You give me all
the help you can. But, more importantly,
you are simply there.
Wendy Jean Smith
သူငယ်ချင်း မင်းကိုယ့်ကို ဘယ်တော့မှ
အရမ်းကြီးမျှော်လင့်မထားဘူးလေ။
ကိုယ်အောင်မြင်တဲ့အခါ မင်းဝမ်းသာတယ်
ကိုယ်ကျရှုံးမှုကြောင့် မင်းပြောင်းလဲမသွားဘူး
မင်းတတ်နိုင်သမျှလည်း ကိုယ့်ကိုကူညီပေးတယ်
သည့်ထက်ပိုတာကတော့ မင်းဟာ(ကိုယ်လိုအပ်နေချိန်မှာ)
အနားမှာရှိနေတာလေးတစ်ခုပါပဲ။
A friend hears the song in my heart
And sings to me when my memory fails.
သူငယ်ချင်းဟူသည်ကား ကိုယ့်နှလုံးသားထဲမှတေးသံကို
ကြားနိုင်စွမ်းရှိပြီးသကာလ ထိုတေးသွားအား ကိုယ်က
မမှတ်မိနိုင်တော့သောအခါများတွင် ကိုယ့်အတွက်
ပြန်လည်ဟစ်ကြွေးသီဆိုပေးတတ်သူသာဖြစ်တော့သည်။
If I were to make a solemn speech in
Praise of you, in gratitude in deep affection,
You would turn an alarming shade
of crimson and try to escape. So I won’t.
Take it all as said.
Marion C-Garretty
မင်းကိုချီးမွန်းတဲ့စကား ကျေးဇူးတင်တဲ့စကား
ချစ်ခင်လှပါတယ်ဆိုတဲ့စကားတွေများကိုယ်က
တလေးတနက်ပြောလိုက်မိသွားမယ်ဆို
မနေတတ် မထိုင်တတ်တွေဖြစ်ပြီး မျက်နှာကြီးရဲလို့
ကိုယ့်အနားကကနေ မင်းထွက်ပြေးသွားမှာသေချာတယ်
အဲတော့...ကိုယ်ပြောမနေတော့ဘူးနော်
မပြောပေမယ့် ပြောတယ်လို့ပဲ မှတ်လိုက်တော့ကွာ.။။။
It is that my friends have made
the story of my life. In a thousand
ways they have turned my limitations
into beautiful privileges, and enabled
me to walk serene and happy in the
shadow cost by my deprivation.
Helen Keller
ကျွန်မဘ၀ဇာတ်လမ်းကို ကျွန်မသူငယ်ချင်းတွေကသာ
ဖန်တီးခဲ့ကြတာပါ..ကျွန်မရဲ့ အားနည်းချက်တွေကနေ
အထူးအခွင့်အရေး အလှအပတွေဖြစ်လာအောင်
သူတို့က နည်းပေါင်းတစ်ထောင်နဲ့ပြောင်းလဲပေးခဲ့ကြပါတယ်
ကျွန်မရဲ့ချို့ငဲ့မှု မပြည့်စုံမှုကြောင့်ပေါ်ပေါက်လာရတဲ့
အနေအထားတွေကြားမှာ က္ကုနြေ္ဒရရနဲ့စိတ်ချမ်းသာသာ
လျှောက်လှမ်းသွားနိုင်အောင်လည်းဖန်တီးပေးခဲ့ကြပါတယ်။
A red friend is one who walks in
when they rest of the world walks out.
Walter Windnell
တစ်ကမ္ဘာလုံးက ကိုယ့်အနားကနေထွက်သွားကြချိန်မှာ
ကိုယ့်အနားကိုအပြေးရောက်လာသူမှ သူငယ်ချင်းအစစ်ပါ။
The worst solitude is to be destitute
of sincere friendship.
Louisa May Alcott
စိတ်ရင်းအမှန်အတိုင်းဆက်ဆံတဲ့ မိတ်ဆွေအပေါင်းအသင်း
ကင်းမဲ့တဲ့ဘ၀ဟာ အထီးကျန်ဘ၀တကာအနက်မှာအဆိုးရွားဆုံးပါပဲ...
But every road is rough to me that
has no friend to cheer it.
Francis Bacon
သြဘာပေးမယ့်သူငယ်ချင်းဆိုလို့ တစ်ယောက်မှမရှိတဲ့လမ်း
ဟူသမျှဟာ ကျွန်မအတွက်တော့ကြမ်းတာချည်းပါပဲ....
It is enough that they exist.
Friendship is not diminished by distance or time,
by imprisonment or was, by suffering or silence.
It is in these things that it roots most deeply.
It is from these things that it flowers.
Pam Brown
အထီးကျန်နေချိန်၊ နာမကျန်းဖြစ်နေချိန်
စိတ်ရှုပ်ထွေးနေချိန်မှာ ကိုယ့်သူငယ်ချင်းတွေကကိုယ့်ကို
ဘယ်လိုမှ မကူညီနိုင်ဘူးပဲဆိုစေဦးတော့
ကိုယ့်မှာမိတ်ဆွေအပေါင်းအသင်းတွေရှိနေတယ်ဆိုတဲ့
အသိလေးတစ်ခုနဲ့တင်တင်းခံနိုင်ပါတယ်...
ဝေးခြင်း နီးခြင်းကြောင့်ဖြစ်စေ အချိန်ကာလကြောင်းဖြစ်စေ
အကျဉ်းစံနေရလို့ဖြစ်ဖြစ် စစ်မက်ဖြစ်ပွားနေလို့ဖြစ်ဖြစ်
နာကျင်ခံစားနေရလို့ဖြစ်ဖြစ် တိတ်ဆိတ်နေလို့ပဲဖြစ်ဖြစ်
ခင်မင်ရင်းနှီးမှုဆိုတာ မှိန်ဖျော့သွားရိုးမရှိပါဘူး
အဲဒီလိုတွေဖြစ်နေလို့ ခင်မင်ရင်းနှီးမှုက
ပို၍နက်ရှိုင်းလာရစမြဲပါပဲ....
ပိုပြီးပွင့်လန်းလာရစမြဲပါပဲ.....
There is nothing worth the wears of winning
but laughter and the love of friends.
Hilaire Belloc
သူငယ်ချင်းတွေရဲ့ ရယ်သံနဲ့မေတ္တာကလွဲလို့
အောင်မြင်ထွန်းပေါက်မှုအတွက် ဆင်မြန်းစရာ
ဘာအဆင်တန်ဆာမှ မလိုပါဘူး.........
A friend is someone who arrives when
You have flu with a bag of oranges, the
thriller you wanted to read and a bunch of
flowers. They put the flowers in a vase,
make you a hot drink, do the washing up
and go.
Pan Browm
ကိုယ်တုပ်ကွေးမိနေချိန်မှာ လိမ္မော်သီးတစ်ထုပ်ရယ်
ကိုယ်ဖတ်ချင်နေတဲ့ လျှို့ဝှက်သည်းဖိုဝတ္တုတစ်အုပ်ရယ်
ပန်းစည်းတစ်စည်းရယ်နဲ့ ရောက်လာတတ်တာဟာ
ကိုယ့်သူငယ်ချင်းပါ...ပြီးတော့ ပန်းတွေကို ပန်းအိုးထဲထည့်
ကိုယ့်အတွက်သောက်စရာပူပူလေးတစ်ခွက်ဖျော်၊
ဆေးကြောစရာရှိတာတွေဆေးကြောပြီး
ထွက်သွားတဲ့သူမျိုးတွေပေါ့...........
As long as there is a post and the telephone
is not cut off, so long as we have things
to tell and joys and anxieties to share.
we will be friends. Always.
Mario C. Garretty
စာတိုက်ရှိနေပြီး တယ်လီဖုံးလိုင်းလည်း မပြတ်တောက်သမျှ
ကာလပတ်လုံး တို့အချင်းချင်းကြားမှာ ပြောစရာစကားတွေ၊
ဝေမျှခံစားစရာအပျော်တွေ၊ ကြောင့်ကြမှုတွေရှိနေသမျှ
ကာလပတ်လုံး တို့တစ်တွေသူငယ်ချင်းတွေဖြစ်နေကြဦးမှာပါ။။
တစ်သက်လုံးပေါ့............
သူငယ်ချင်းတို့အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေနော်.......

No comments:
Post a Comment