Friday, February 10, 2012
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။အင်တာနက်ပေါ်မှ အချက်အလက်
များ နှင့် ကျနော်တို့ ၏ အတွေ့ အကြုံများ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်း
ချက်ထဲမှာတော့ အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း နိုင်ငံခြားတွင်ပညာသင်လိုသော ကျောင်းသားအရေအတွက် အဆများ
စွာတိုးပွားလာသည်။နိုင်ငံခြားတွင် ပညာသင်ခြင်း၏  အဓိကမက်လုံးမှာ ပို၍ကောင်းသည့် အလုပ်အကိုင် ရရှိရန် ဖြစ်
သော်လည်း အခြားအကြောင်းရင်းများစွာလည်း ရှိပါသေးသည်။နိုင်ငံရပ်ခြား အတွေ့အကြုံက သင်၏ ပဂ္ဂိုလ်ရေးတိုး
တက်မှုကိုအထောက်အပံ့  ဖြစ်စေသည်။ကမ္ဘာနှင့် ရင်ပေါင်တန်း စေနိုင်မည်။သင်၏ အရည်အချင်းအတွက် လိုအပ်
သော ယဉ်ကျေးမှုအသိပညာများ နှင့် ဗဟုသုတများကိုလည်း တိုးပွားစေပါလိမ့်မည်။နိုင်ငံခြားတွင် ပညာသင်ခြင်း၏
အကျိုးကျေားဇူးများမှာ ဆုံးနိုင်မည်မဟုတ်သော်လည်း နိုင်ငံရပ်ခြားအတွေ့အကြုံ အတွက် သင့်ကိုယ်သင် ပြီးပြည့်စုံ
အောင်မပြုလုပ်မီ သင်၏ပညာဆည်းပူးမှု အတွက်ကောင်းစွာအသေးစိပ် ကြိုတင်စီစဉ်ထားဖို့လိုပါသည်။သင်၏ နိုင်ငံ
ခြားပညာသင်အစီအစဉ် အကောင်းဆုံးဖြစ်ရေးအတွက် အောက်ပါအဓိကအချက်များကို လေ့လာကြည့်သင့်သည်။
သင့်တော်သော ပညာရေးအစီအစဉ်နှင့်ရည်မှန်းချက်ပန်းတိုင်ရွေးချယ်ရာဝယ်
ဘာလေ့လာမှာလဲ - ဘယ်မှာလေ့လာမှာလဲ စသောမေးခွန်းများမှာ ဖြေဆိုရန်အခက်ဆုံး ဖြစ်ပါလိမ့်မည်။သင်
၏အလုပ်အကိုင်ကို ရုပ်လုံးဖော်ပေးမည့် ဆုံးဖြတ်ချက်မှာ အလေးနက်ဆုံးဖြစ်သည်။ရနိုင်သော ပညာရေး ဆိုင်ရာအ
ချက်အလက်အမျိုးမျိုးကို  သုတေသနပြုကာ ဆန်ကာတင် ရွေးချယ်ဖို့လိုပါသည်။အချက်အလက်ကို သုတေသနပြု
ဆန်းစစ်ရန်နှင့် ပိုကောင်းသောဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် အောက်ပါမေးခွန်းများက သင့်ကို အထောက်
အပံ့ဖြစ်စေပါလိမ့်မည်။
  • သင်၏လုပ်ငန်းအတွက် သိသာထင်ရှားသော တန်ဖိုးမြင့်တက်လာစေမည့် အစီအစဉ်ဖြစ်သလား ?
  • သင်ကိုယ်တိုင် တက်ရောက်မည့် ဘာသာရပ် အတွက် သင့်မှာ အခြေခံကျသော ဥာဏ်ရည်စွမ်းပကား ရှိသလား ?
  • သင်ရွေးချယ်လိုက်သော သင်တန်းကို လုပ်ငန်းနယ်ပယ်က ကောင်းစွာအသိအမှတ်ပြုသလား ?
  • ဘွဲ့ရပြီးသောအခါ၌ ပြည်တွင်း ၊ ပြည်ပတွင် အလုပ်အကိုင်ကောင်းရရှိဖို့ အခွင့်အလန်းများရှိပါသလား ?
  • သင်ရွေးချယ်သော အစီအစဉ်ဖြင့် ထိုနိုင်ငံရပ်ခြားတွင် အလုပ်တစ်ခုခု ရရှိနိုင်မလား ?
  • ထိုအစီအစဉ်ကို အင်္ဂလိပ်လို သင်သလား ?
ကိုယ့်အချင်းချင်း ပြောဆိုဆွေးနွေးခြင်း ၊ နိုင်ငံခြားပညာသင် ပွဲတော်များတက်ရောက်ခြင်း ၊ ကောလိပ်ကိုယ်
စားလှယ်များ ၊ ကျောင်းသားဟောင်းများ နှင့် အပြန်လှန်ဆွေးနွေးခြင်း စသည့် အခြေခံကျသော သုတေသနများကို
သင်ကိုယ်တိုင်ဆောင်ရွက်သင့်ပါသည်။
သင့်တော်သောအစီအစဉ်ကို ဆုံးဖြတ်ပြီးနောက် မိမိသင်ယူလိုသော ဘာသာရပ်နယ်ပယ်ဆိုင်ရာ အရည်အ
ချင်းမှီ ပညာရေးကို မည်သည့်နိုင်ငံများက ပေးစွမ်းနိုင်မလဲဟု သိရှိအောင် ရှေ့ဆက်ပြီး ရှာဖွေကြည့်နိုင်ပါသည်။လို
အပ်လျှင် ပညာရပ်ပိုင်းဆိုင်ရာ အကူအညီရယူပါ။နိုင်ငံခြား ပညာသင် အစီအစဉ် နှင့်ပက်သက်၍ အကြံပေးများ ၊ရှင်း
လင်းဆွေးနွေးသူများ ၊ ကျွမ်းကျင်သူများ နှင့် တိုင်ပင်ကြည့်ပါ။သင် ဆုံးဖြတ်ရန်အတွက် အထောက်အကူပြုနိုင်သော
မေးခွန်းအချို့ကို အောက်တွင်ဖော်ပြထားပါသည်။
  • သင်ရွေးချယ်သော အစီအစဉ် သင်ကြားပေးမည့် တက္ကသိုလ်/ကောလိပ်များကို ကမ္ဘာကသိသလား ၊ အသိအမှတ်ပြုသလား။
  • သင်တန်းကြေး နှင့် အသုံးစရိတ်ကိုက်ညီသလား။
  • သင်၏ ပညာရေးအတွက် ထောက်ပံ့ငွေရရန် သင့်ကိုကျောင်းကအချိန်ပိုင်း အလုပ်လုပ်ခွင့်ပေးသလား။
  • ကျောင်းပြီးလျှင်သင်သွားရောက် ပညာသင်ယူရန်စီစဉ်ထားသည့်နိုင်ငံက သင့်ကိုအလုပ်လုပ်ခွင့်ပေးမလား။
  • သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ။
  • နေထိုင်စရိတ် နှင့် သင်ကြားရေးစရိတ်ဘယ်လောက်ရှိမလဲ။
အချက်အလက်ကို သင်ရနိုင်သလောက်စုဆောင်းထားပြီး သုတေသနလုပ်ကြည့်ပါ။သင်ရွေးချယ်သော အစီ
အစဉ်သင်ခဲ့ဘူးသူ ၊ သင်ရွေးချယ်သော တက္ကသိုလ် တက်ခဲ့ဖူးသူများ နှင့် ပြောဆိုဆွေးနွေးကြည့်ပါ။ကျွမ်း
ကျင်သောအကြံပေးသူများထံမှ အကြံဥာဏ်ရယူပါ။ပြီးမှ သင်၏အစီအစဉ်နှင့် တက္ကသိုလ်/ကောလိပ်ကိုဆုံး
ဖြတ်ပါ။
နိုင်ငံခြားတက္ကသိုလ် တစ်ခုသို့ ဝင်ခွင့်ရရှိအောင်ပြုလုပ်ခြင်း
မိမိသင်ယူမည့် အစီအစဉ်နှင့်သွားမည့်နိုင်ငံကို ဆုံးဖြတ်ပြီးသောအခါ ယင်းအစီအစဉ် သင်ကြားပေးမည့်တ
က္ကသိုလ်/ကောလိပ်တစ်ခုသို့ ဝင်ခွင့်ရရှိရန်မှာ လွယ်ကူသော ကိစ္စတော့မဟုတ်ပါ။သို့ရာတွင် ကြိုတင်ပြင်ဆင်ထားပြီး
ကျောင်းလျှောက်ရာတွင်လိုအပ်မည့် အချက်များလျှောက်ထားပုံ အဆင့်ဆင့်နှင့် ပက်သက်သောအဓိကအချက် များ
ကိုကြိုတင်လေ့လာထားလျှင် ပို၍လွယ်ကူစေပါ လိမ့်မည်။နိုင်ငံခြားတွင် ပညာသင်ယူရန်အတွက် ယေဘူယျ လိုအပ်
ချက်များမှာ -
  • ပညာထူးချွန်မှုမှတ်တမ်း
  • GMAT,GRE,SAT နှင့်TOEFL စသောစာသောစာမေးပွဲ ရမှတ်များကသင်ရွေးချယ်သောအစီအစဉ် အတွက်အရေးကြီးပါသည်။
  • မိမိသင်ယူလိုသော ရည်ရွယ်ချက်အကြောင်းရေးသားမှု နှင့် ထောက်ခံစာများသည်လည်း အရေးကြီးသည်။
  • လျှောက်ထားမှုအဆင့်ဆင့်တွင် သင်ယူလိုသောရည်ရွယ်ချက်အကြောင်းရေးသားမှုမှာအရေးကြီးဆုံးအပိုင်းတွင်ပါဝင်သည်။၎င်းက သင်၏ကိုယ်ရေးအချက်အလက်များ ၊ သင်၏အလုပ်အကိုင်လမ်းကြောင်းတွင် ဖြတ်သန်းမှုများ နှင့် သင်၏ဆန္ဒပြင်းပြမှုတို့ကို ဖော်ထုတ်ပံ့ပိုပေး ပါလိမ့်မည်။
  • သင်၏ ပညာထူချွန်မှု အဆင့်
  • သင်၏ အလုပ်အကိုင်တွေ့အကြုံနှင့် နွေရာသီအလုပ်အကိုင် အတွေ့အကြုံ
  • Ph.D/MS. ဘွဲ့များအထိ ဦးတည်သောသင်၏ ဘွဲ့ဒီဂရီ
  • ပုဂ္ဂိုလ်ရေး အရည်အချင်းများ ၊ တက်ကြွမှု ၊ ပိုင်နိုင်မှု ၊ ရိုးသားမှု ၊ ပြည့်ဝမှု ၊ အကျင့်စာရိတ္တ နှင့် ပေါင်းသင်းဆက်ဆံရေး
  • ပြဠာန်းချက် ပြင်ပလှုပ်ရှားမှုများတွင် ပါဝင်မှုအတိုင်းအတာ
နိုင်ငံခြားတွင်ပညာသင်ခြင်း (နိုင်ငံအကြောင်း သိရမည်)
မိမိသွားရောက်မည့်နိုင်ငံကြောင်းသိထားပါကပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုအသစ်တွင် လိုက်လျောညီထွေ
ဖြစ်အောင် အမြဲအထောက်အပံ့ဖြစ်စေပါလိမ့်မည်။နိုင်ငံခြားတွင်သင်နေထိုင်စဉ် အစပိုင်း၌ယဉ်ကျေးမှုအသစ် ၊ လူ့အဖွဲ့အစည်းအသစ် နှင့် သဟဇာတ မဖြစ်သော ပြသနာများကဲ့သို့ အခက်အခဲအချို့ ကိုကြုံတွေ့ရမည်ဖြစ်သည်။အသံ
နေအသံထား ၊ ဘာသာစကားနားမလည်ခြင်း ကဲ့သို့သောအခက်အခဲကိုလည်း တချို့တလေကြုံကြရပါလိမ့်မည်။သို့
ရာတွင် ထိုနိုင်ငံရှိယဉ်ကျေးမှု လူ့အသိုက်အဝန်းအကြောင်းကို ကြိုတင်လေ့လာပြင်ဆင်ထားလျှင် ယင်းပြဿနာများ
ကို အချိန်တိုအတွင်း လွန်မြောက်နိုင်ပါလိမ့်မည်။
သင်တန်း ၊ ကောလိပ် စသည်တို့နှင့် ကိုက်ညီမှု ၊ ထိုနိုင်ငံ၏ယဉ်ကျေးမှု နှင့် လိုက်လျောညီထွေဖြစ်မှု တို့ကို
ထည့်သွင်းစဉ်းစားရမည်။ထိုနိုင်ငံနှင့် နိုင်ငံ၏ပညာရေးစနစ်အကြောင်းအချက်အလက်များရနိုင်သလောက်စုဆောင်း
သွားသင့်သည်။ယဉ်ကျေးမှုပိုင်းအသွင်ကွဲလွဲမှုများ ၊ အိမ်ကိုလွမ်းဆွတ်မည့် စိတ်သဘာဝနှင့် သင်ယူလေ့လာစဉ်စိတ်
ဖိစီးမှုများ ကိုညှိယူတတ်ရန်လည်း အသင့်ဖြစ်နေသင့်သည်။သွားရောက်ရန်  စီစဉ်ထားသောနိုင်ငံတွင်  အင်္ဂလိပ်ဘာ
သာစကားကိုပြောဆိုသုံးနှုံးလေ့ မရှိပါက မသွားမီ ထိုနိုင်ငံ၏ ဌာနေ ဘာသာစကားကို သင်ယူရန်ကြိုးစားပါ။သို့မှသာ
ယဉ်ကျေးမှု ၊ ပတ်ဝန်းကျင်အသစ် နှင့် ညှိယူရာတွင်အထောက်အကူ ဖြစ်စေပါလိမ့်မည်။
နိုင်ငံခြားပညာသင်အစီအစဉ် ငွေထောက်ပံ့ခြင်း
နိုင်ငံခြားပညာသင် အစီအစဉ်အတွက်ဘဏ္ဍာငွေအထောက်အပံ့ လိုအပ်သည်။ခရီးစရိတ် ၊ နေစရိတ် နှင့်အ
ထောက်အကူပြု ပစ္စည်းများဝယ်ယူစရိတ် စသည်တို့အတွက် ကုန်ကျပါလိမ့်မည်။နိုင်ငံခြား တွင်ပညာသင်ယူရာ၌ငွေ
ကုန်ကြေးကျများသော်လည်း အသုံးစရိတ်ကိုအတိုင်းအတာတစ်ခုအထိလျှော့ချနိုင်သည်။တက္ကသိုလ် ၊ကောလိပ်များ
စွာ တို့တွင်ပညာသင်ဆု ၊ သင်တန်းကြေး ကင်းလွတ်ခွင့် နှင့် အချိန်ပိုင်းအလုပ်လုပ်ခွင့် စသည်တို့ဖြင့် ဘဏ္ဍာငွေအ
ထောက်အပံ့ရရှိအောင် ဦးစွာရှာကြည့်သင့်သည်ဟု အကြံပြုချင်ပါသည်။ဗြိတိန် နှင့် သြစတြေးလျ ကဲ့သို့သော နိုင်ငံ
များစွာတွင် သင်၏ပညာသင်ဗီဇာဖြင့် အချိန်ပိုင်းအလုပ်လုပ်ရန် ခွင့်ပြုတတ်သည်။သင်တန်းကြေး ရရှိရန်အတွက်သင်အချိန်ပိုင်း အလုပ်လုပ်နိုင်ပါလိမ့်မည်။နိုင်ငံခြားပညာသင် ချေးငွေကိုလည်း လျှောက်ထားနိုင်ပါသေးသည်။
နိုင်ငံခြားတွင် အကောင်းဆုံးနေထိုင်နိုင်ရေး
နိုင်ငံခြားပညာသင်ကိစ္စတွင် သင်သည်ရင်းနှီးမြှုတ်နှံမှုများစွာ ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်ရာ ထိုနိုင်ငံတွင်အ
ကျိုးရှိအောင် အကောင်းဆုံးနေထိုင်နိုင်ဖို့ လိုပါသည်။ဗြိတိန် ၊ သြစတြေးလျ စသောနိုင်ငံများတွင် ကျောင်းပြီးသည့်
နောက် ၁နှစ်..၂နှစ်အထိအလုပ်လုပ်ခွင့်ပြုတတ်သည်။သင့်လုပ်ငန်းနယ်ပယ် ၊ကွန်ရက်အတွင်းကျောင်းသားဟောင်း
များနှင့်ဆုံစည်းကာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည့် ၊ ယဉ်ကျေးမှုစုံထိတွေ့ဆက်ဆံနိုင်မည့် အခွင့်အလန်းကိုတတ်
နိုင်သလောက် အကျိုးရရှိအောင် လုပ်ဆောင်သင့်သည်။ဤသို့ဖြင့် သင်၏လုပ်ငန်းကို အတိုင်းထက်အလွန် အကျိုး
ဖြစ်ထွန်းစေပါလိမ့်မည်။
လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။
LAS Group – International Education Consultants, Mandalay Head Office
No. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.
Mobile:   (+95) 9910 53125, 9731 64372, 9431 46107
Skype:    las.group
E-mail: joe@lasgroups.com or learned.advisory.services@gmail.com
Web:   www.lasgroups.com
by LAS Group - International Education Consultants 
No comments: