Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts
Sunday, March 18, 2012
‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှု တစ်ခုအကြောင်း
ကျောင်းဆရာတဦးအဖို့     တပည့်ကျောင်းသားများကို    သြဝါဒပေးခြင်းကိစ္စမှာ အဆန်းတကျယ် ကိစ္စမဟုတ်ပါ။ ကျွန်တော့်အနေနဲ့တော့ ‘ သွန်သင်ဆုံးမ သြဝါဒ ‘ ဆိုတာမျိုးထက် ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကြည့်ဖို့ ’ Food For Thought’  ဆိုတာမျိုးကို ပိုကြိုက်ပါတယ်။
ဆရာဟူသည် ‘ စာကိုသာ သင်ပေးရမည်မဟုတ်၊ စိတ်ကိုပါသင်ရမည်’ ဟု ဆရာအောင်သင်း ဆိုခဲ့ဖူးသည် မဟုတ်လား။ သည်အတွေးအမြင်ရှိသည့်တိုင် စိတ်ကိုသင်ခြင်းကဲ့သို့သော မလွယ်ကူလှသည့် အလုပ်ကို လုပ်ရန် ဝန်လေးနေခဲ့သည်။
Saturday, March 10, 2012
စာဖတ်ခြင်း စာမဖတ်ခြင်းနှင့် ယနေ့ခေတ်လူငယ်
''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။ ထိုစာသားသည်ကား တေးရေးဆရာ ဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှ စာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့သော စာသားပင်။
သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများ လက်ထက် (၂ဝ)ရာစုဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေ တော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကို ကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များ ပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။
Monday, February 27, 2012
တက္ကသိုလ်နှင့်စာကြည့်တိုက်
by Aung Myo Thu on Sunday, February 26, 2012 at 11:59am ·
 စာကြည့်တိုက်ဟူသည်မှာ ရှေးနှစ်ပေါင်းများစွာကပင် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေကြပေသည်။ ပထမဦးစွာ မိမိနှစ်သက်ရာ စုဆောင်းထားရှိထားသော မော်ကွန်းတိုက်များ၊ ထိုမှတဆင့် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာကာ ယခုမြင်နေရသော အများသူငှာတို့ လေ့လာမှတ်ရှုနိုင်သော နေရာဌာနတစ်ခုအဖြစ်သို့ရောက်ရှိလာပေသည်။
Saturday, February 25, 2012
စင်္ကာပူပုံစံဖြင့် ကမ္ဘာကြီးကို ပညာသင်ကြားပေးခြင်း
by LAS Group ပညာရေးအကြံပေးအဖွဲ့  on Thursday, February 23, 2012 at 6:56pm ·
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။အင်တာနက်ပေါ်မှ အချက်
အလက်များ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်းသား ကျောင်းသူများ
ဗဟုသုတရရန်ကိုမျှော်ကိုး၍ဘာသာပြန်ရေးသားလိုက်ရပါသည်။ ကျွန်တော်တို့ရဲ ဘာသာ
ပြန်ချက်ထဲတွင် အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
စင်္ကာပူပုံစံဖြင့် ကမ္ဘာကြီးကို ပညာသင်ကြားပေးခြင်း
ပညာရေးနှင့်ပတ်သက်လာလျှင် စင်္ကာပူ နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာသြဇာသက်ရောက်မှုမှာ ရုပ်ပိုင်းနှင့်ဆက်နွယ်သောအရွယ်အစားအရသေးငယ်သော်လည်းအမေရိကန်၊အာဖရိကမှ
ဟောင်ကောင်၊ထိုင်းစသောနိုင်ငံများအဆုံးကျောင်းသားများကိုစင်္ကာပူပြဋ္ဌာန်းချက်တစ်စိတ်
တဒသဖြင့်ဖြစ်စေ အားလုံးဖြင့်ဖြစ်စေ သင်ကြားပြသပေးလျက်ရှိကြသည်။
Wednesday, February 22, 2012
" ပညာ " ဟူသည်
" ပညာရေးဟာ တိုင်းပြည်အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုဆိုတဲ့ သဘော။
ပညာဆိုတာမှာ အသိတွေ၊ အတတ်တွေ၊ ကျွမ်းကျင်မှုတွေအပြင် စိတ်ထားသဘောထားတွေ၊
စာရိတ္တသဘောတွေ၊ ဗြဟ္မစိုရ်တရားတွေပါတယ်
-----------------------------------
" ပညာဆိုတာ လူရဲ့အရည်အသွေး၊လူရဲ့စွမ်းအင်တစ်ခုလို့ယူဆလို့ရတယ်။
ပညာရှိတဲ့လူဟာ ပညာဆိုတဲ့ စွမ်းအင်ရှိတာပဲ။
အရည်အသွေးကိုပြောရရင် မျက်စိ၊ နား၊ လက်နဲ့သွားပြီး ကိုင်ထိလို့မရဘူး။ ဥာဏ်နဲ့သာသိနိုင်တယ်။ "
- လူရဲ့စွမ်းအင်ဆိုတာ ဥာဏ်သဘော။ ပညာက လူကိုအကျိုးပြုတဲ့စွမ်းအင် ရှိတယ်။
ဘယ်လိုအကျိုးပြုတဲ့ စွမ်းအင်လည်းဆိုရင် ယေဘူယျအားဖြင့် ဖြစ်ချင်တာတွေကို ဖြစ်အောင်၊
မဖြစ်ချင်တာတွေကို မဖြစ်အောင် ပညာကလူကို လုပ်ပေးနိုင်တယ်။ ဒါက အလွန်မြင့်တဲ့ အနက်အဓိပ္ပာယ်။
Wednesday, February 15, 2012
အသိအမှတ်ပြုမှု ဆင်းရဲနေဆဲ မြန်မာ့ စာသင်ခန်းနှင့် လူ့အဖွဲ့အစည်း
တွေးခေါ်ပညာရှင် ဟေဂယ်လ်က “အသိအမှတ်ပြုခြင်း” ကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“လူသားများသည် သိက္ခာရှိသော လူသားများအဖြစ် အသိအမှတ်ပြုခံရခြင်းကို လိုအင်ဆန္ဒ ရှိကြပေသည်။ ၄င်းဆန္ဒသည်ပင်လျင် ဂုဏ်သိက္ခာအတွက် သွေးစွန်းသော တိုက်ပွဲများကို ပေါ်ပေါက်စေသည်။ ၄င်းတိုက်ပွဲများမှ လူ့အဖွဲ့အစည်းတွင် သခင်နှင့် ကျွှန်လူတန်းစား နှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ သခင် ဖြစ်လိုသော သူများသည် သူ့တို့အသက်စွန့်ရမည်ကို ၀န်မလေးဘဲ၊ အသက်စွန့်ရမှာကို ကြောက်သော သူများသည် ကျွှန်များဖြစ်လာကြသည်” ဟု တွေးခေါ် ပညာရှင် ဟေဂယ်လ် မှတင်ပြခဲ့သည်။
Monday, February 13, 2012
ပညာရေးကို ဘယ်လိုပြုပြင်ကြမှာလဲ
by LAS Group - International Education Consultants on Sunday, January 29, 2012 at 11:13am ·
၂၀၁၁ စက်တင်ဘာလမှာ Fobes မဂ္ဂဇင်း ကနေ “ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကောင်းဆုံးအတွေးအမြင်” ဆိုပြီး စတိ ဒန်းနင်းက ရေးလိုက်ပါတယ်။ စတိ ဒန်းနင်း Forbes မဂ္ဂဇင်းရဲ့စာရေးဆရာတစ်ယောက်ဖြစ်သလို၊ စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီ အင်တာဗျူးဟာ စတိ ဒန်းနင်းနဲ့ အန်သိုနီ ကိုဒီတို့ တွေ့ဆုံမေးမြန်းခန်းကို ပြန်လည်တင်ပြထားတာဖြစ်ပါတယ်။
Sunday, February 12, 2012
လူငယ်နှင့်စာဖတ်ခြင်း။
လူငယ်နှင့်စာဖတ်ခြင်း။
          ကျွန်တော်တို့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း မြောက်မြားစွာ ရှိကြပါတယ်..အဲ့ဒီလို နိုင်ငံပေါင်းမြောက်မြားစွာမှာ လူမျိုးပေါင်း မြောက်
မြားစွာလည်း တည်ရှိလို့နေပါတယ်... လူမျိုးရှိရင်  ဘာသာဗေဒဆိုတာ ရှိပါတယ်... ဘာသာဗေဒဆိုတာ ရှိရင် စာပေဆိုတာလဲ ရှိရမှာ   ဖြစ်ပါတယ်...။ 
Friday, February 10, 2012
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။အင်တာနက်ပေါ်မှ အချက်အလက်
များ နှင့် ကျနော်တို့ ၏ အတွေ့ အကြုံများ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်း
ချက်ထဲမှာတော့ အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
နိုင်ငံခြားမှာ ပညာသင်ကြမည်ဆိုပါလျှင် ထည့်သွင်းစဉ်းစားဖို့လိုသော အချက်များ
ပညာရေး ။
ပညာရေး ပညာရေး နဲ့ လူတွေအတော်တော်များများစကားပြောနေကြတယ်
ပိုက်ဆံတက်နိုင်တဲ့မိသားစုတွေကတော့နိုင်ငံတကာပညာရေးဆိုတာကိုပြောနေကြတယ်
နိုင်ငံတကာပညာရေး ၊ နိုင်ငံတကာပညာရေးအခွင့်အလန်းများ ၊ စသည် စသည်ပေါ့
စင်ကာပူပညာရေးကဘယ်လိုလဲ ၊?
UK ပညာရေးကဘယ်လို့လဲ ၊ ?
 Austraila ပညာရေးကဘယ်လိုလဲ ?
ထိုင်းနိုင်ငံပညာရေးကကောဘယ်လိုလဲ ?
သူတို့ဆီမှာပညာသွားသင်ရင်အလုပ်တန်းရမလား၊ ပညာသင်နေစဉ်အလုပ်အလုပ်လုပ်ဘို့ အခွင့်အလမ်းတွေရှိသလား ?
စသဖြင့်  လားပေါင်းများစွားနဲ့ မေးမြန်စုံစမ်းကြတာတွေရှိတယ် ၊
ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး
ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး
American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် -
“It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think”
"ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ်။" တဲ့
Saturday, February 4, 2012
စာပေ၊ လူငယ် နှင့် ရိုးသားမှု
စာပေဆိုတာဟာ လူတွေရဲ့ စရိုက်တွေကို မကောင်းတဲ့ စရိုက်ကနေ ကောင်းတဲ့စရိုက်အဖြစ် တဖြေးဖြေးနဲ့  အသိဥာဏ်ကနေတဆင့် ကုစားပေးခြင်းလို့ ယူဆမိပါတယ် ။
ပုံစံအမျိုးမျိုး ရေးသားတင်ပြထားတဲ့ စကားလုံးတွေကို မျက်စိဖြင့်မြင်ပြီး စိတ်အသိဖြင့်နားလည်ခြင်းဟာ စာဖတ်ခြင်းပါလို့ လွယ်လွယ်ပြောချင်မိပါတယ် ။
Friday, February 3, 2012
သင်ကြား-သင်ယူမှု အနုပညာ
စာတမ်းရှင် - ခင်ရွှေလှိုင်
ပညာရေးနှီးနှောဖလှယ်ပွဲ 5 Jan. 2009 NHEC တွင် တင်သွင်းဖတ်ကြားသည်။
Tuesday, January 31, 2012
“စာရေးစာဖတ် ဘာလုပ်ဖို့”
by Soe Min on Monday, January 30, 2012 at 9:32am
          ကလေးတွေ မူကြိုကျောင်းပို့လို့ ၀လုံးရေးဖို့ ညီလေးထိုင်ဆိုတဲ့ အရွယ်ရောက်ရင် ကိုယ်တွေခေတ်တုန်းကတော့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာပျဉ်းမနားမောင်နီသင်းတို့ ကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ကြရပါတယ်။ ခုခေတ်ကလေးတွေကတော့ ဆွမ်းအုပ်နီနီ အမေရွက်တာ ငါတို့ကျောင်းတက်တာနဲ့ ဘာဆိုင်လို့လဲ လို့ နားလည်ကြမှာ မဟုတ်ပါဘူး။ မနီကလေး ဘယ်ကိုသွားလို့ စာသင်ကျောင်းက ဘာတွေ သင်ဆိုတာကိုလည်း မဆိုတတ်ကြတော့ပါဘူး။
ဘာဘာသိုးမည်း သိုးမွှေးရှိသလား တို့၊ မက်ဒေါ်နယ် အဖိုးကြီးမှာ ယာခင်းကလေးတစ်ခုရှိသတဲ့တို့ဆိုတာလောက်ပဲ ဘိုလို အသံထွက်မှန်ဖို့ ဂရုစိုက်ကြတော့တာ။ ခေတ်ရေစီးကြောင်းလို့ ပြောရင်ရတာပေါ့။ သို့သော်လည်း အဲဒီကလေးလေးတွေရဲ့ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားကြီးတွေ အရွယ်ရောက်နေကြသည့်တိုင်အောင် စာရေးစာဖတ် ဘာလုပ်ဖို့ဆိုတာကို သဘောမပေါက်ကြသေးတဲ့သူတွေ မရေနိုင်မတွက်နိုင်အောင် တအားကြီး တိုးပွားလာတဲ့ အခါမှာတော့ “ဟဲ့ အဲဒါ မနီတစ်ယောက်တည်း လိမ်မာဖို့ မဟုတ်ဘူး။ မနီအိမ်က လူကြီးတွေလည်း လိမ်မာဖို့ ပါတယ်” လို့ ခပ်ငေါ့ငေါ့ကလေး ပြောချင်လာပါတယ်။ ပြောချင်လည်း ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ သစ်ခေါင်းထဲ သွားအော်ရမယ့်ပုံပါ။ စာမရေး စာမဖတ်ပါဘူး လို့ဆိုနေမှ ကိုယ်ရေးတာတွေ အားအားယားယား ဘယ်သူက အရေးလုပ်ပြီး ဖတ်နေရမှာတုန်း နော့။ အရင်တုန်းက စာမတတ်သူပပျောက်ရေးဆိုပြီး အင်တိုက်အားတိုက် လုပ်ခဲ့ကြသလို အခုလည်းပဲ စာမဖတ်သူ ပပျောက်ရေးဆို လုပ်ရတော့မယ် ထင်ပါရဲ့။
          ပညာရေးကို အရေးမပေးတော့တာ၊ ပညာတတ်ဖြစ်ဖို့ မကြိုးစားချင်ကြတော့တာတော့ မဟုတ်ပါဘူး။ ပညာတန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ အလွတ်ပညာသင်ကျောင်းတွေ သင်တန်းတွေ ဖွင့်စားနေသူတွေနဲ့၊ အဲဒီသင်တန်းတွေ တစ်ခုပြီးတစ်ခု မပြီးနိုင်မစီးနိုင် တက်နေကြရတဲ့ သူတွေသာ အသိဆုံးဖြစ်ပေလိမ့်မယ်။ သားသမီး ပညာသင်စားရိတ်နဲ့ ခါးချိနေကြတဲ့ မိဘတွေလည်း သိမှာပဲ။ သူတို့ သေချာမသိတာကတော့ ပညာဆိုတာ ပိုက်ဆံပေး၊ အချိန်ပေးပြီး ၀ယ်ယူလို့လို့ ရလာတဲ့ အောင်လက်မှတ်ပေါ်မှာ ရှိမနေဘူးဆိုတာပါ။ နောက်တစ်ခုက အဲဒီတတ်ကျွမ်းလာတဲ့ ပညာရပ်ကို အလုပ်အဖြစ်နဲ့ အသုံးမချမခြင်း အသက်ဝင်လာမှာ မဟုတ်ဘူး ဆိုတာလည်း ပါပါတယ်။ နှုတ်အာရွရွ ရွတ်ဆိုကြလို့ ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးသလို ကျေညက်နေစေရမယ်ဆိုတဲ့ သင်ခန်းစာများတောင်မှပဲ ကိုယ်ပိုင် အသိဥာဏ်နဲ့ ဆင်ခြင်သုံးသပ်တဲ့ အပိုင်း၊ လက်တွေ့ သဘောပေါက် ကျွမ်းကျင်မှု အပိုင်း မပါရင် သညာ လို့ခေါ်တဲ့ မှတ်ဥာဏ်အဆင့်မှာပဲ ရှိပါလိမ့်ဦးမယ်။ ပညာလို့ခေါ်တဲ့ အသိဥာဏ်အလင်းပိုင်း၊ ၀ိဇ္ဇာလို့ခေါ်တဲ့ တဘက်ကမ်းခတ် အတတ်ပိုင်းမျိုးကို ရောက်မလာနိုင်ပါဘူး။ ကျောင်းပြီးတာနဲ့ စာတွေကို စာအုပ်အဟောင်းများနဲ့အတူ ကျောင်းမှာပဲ ထားခဲ့တာ၊ ဘွဲ့ဓါတ်ပုံကလေးနဲ့အတူ အယ်လဘမ်ထဲမှာတင် ကျေနပ်နေလိုက်တာဟာ နိုင်ငံရပ်ခြားမှာ ပညာနဲ့အသက်မွေးနေတဲ့သူတွေထက် ပိုဆိုးတဲ့ ဦးဏှောက်ပြုန်းတီးမှုပါပဲ။ ယိုစီးနေတာကမှ ကိုယ့်ဆီမှာ အသုံးမတည့်လည်း တနေရာရာမှာတော့ အသုံးကျနေသေးတယ်။ ပြုန်းတီးနေတာကတော့ အလဟဿဖြစ်နေတာ မဟုတ်လား။ တကယ်လို့များ အဲဒီဖုန်တက်နေတဲ့၊ အသက်ကင်းမဲ့နေတဲ့ ပညာတတ်တွေကိုသာ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင်တော့ ဘာအရင်းမှ စိုက်စရာမလိုပဲ တိုင်းပြည်တိုးတက်ဖို့ အများကြီး အထောက်အကူဖြစ်လိမ့်မယ် ထင်ပါတယ်။
          ပထမဦးဆုံး သဘောပေါက်နားလည်ထားဖို့ လိုတဲ့အချက်ကတော့ ပညာတတ်တွေရဲ့ တန်ဖိုး၊ ပညာအရင်းအနှီးရဲ့ အင်အားကို အထင်မသေးသင့်ဘူး ဆိုတဲ့အချက်ပါ။ ဒါကလည်း ကိုယ်ကိုယ်တိုင် အထိုက်အလျောက် ပညာတတ်ထားမှ နားလည်နိုင်မှာပါလေ။ ပိုက်ဆံရှိရင် အာဏာရှိရင် ပညာတတ်ပေ့ ဆိုတာတွေခေါ်ပြီး အနားမှာ မတ်တတ်ကလေး လက်အုပ်ချီခိုင်းထားလို့ ရတယ်လို့ တွက်ကြမှာပေါ့။ မဟော်သထာသုခမိန်လည်း ၀ိဒေဟရာဇ်မင်းကြီးကိုတော့ ခစားရတာပဲ မဟုတ်လား။ သို့သော်လည်း ပညာရှိတို့ရဲ့ မင်းခစားစရိုက်ဟာ မင်းပါးကပ်မြှောင် အဆံချောင်တို့ရဲ့ ခစားခြင်းပုံစံနဲ့ မတူနိုင်ဘူးလို့ ပြောရင် လက်ခံနိုင်ကြပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ ပညာနဲ့ ခစားရတာလေ။ ပျပ်ဝပ်ကျုးနွံမှုနဲ့ ခစားတာမှ မဟုတ်ပဲကိုး။ ဒီအခါမှာ ၀ိဒေဟရာဇ်မင်းကြီးဘက်ကလည်း မဟော်သထာသုခမိန်ရဲ့တန်ဘိုးကို မသိပဲ သေနက ဒေ၀န္ဒ၊ ကာမိန္ဒ၊ ပဂုတ္တတို့လို အမတ်တွေနဲ့ချည့် ညီလာခံခေါ်တိုင်ပင်ရင် ဘာတွေဖြစ်လာသလဲ သိပြီးသားနော်။
          ရန်ကုန်မြို့ကြီးကို စကာင်္ပူလို ဖြစ်အောင်လုပ်မယ်ဆိုလို့ ကိုယ်က စလုံးပုတ်လောက်ရေးပြတောင် မမြင်ဖူးတဲ့အစားဆိုတော့ အခါအခွင့်သင့်တုန်း သွားလည်ကြည့်မိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးဆိုတော့ ဘာလို့မဖြစ်နိုင်ရမှာလဲနော့။ (ပါးစပ်ကြီးနဲ့ ပြောရတာပဲဥစ္စာ) ဘယ်လိုနည်းနဲ့ ဖြစ်အောင်လုပ်မလဲဆိုတာကတော့ အပြောထက်စာရင် လက်တွေ့ဘက် နည်းနည်းနီးလာပြီလေ။ တွေးကြည့်မိသလောက်တော့ ပညာတတ်တွေ မပါရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကိုပါ။ တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် မြင်ခဲ့ရသလောက်တော့ (အရှက်မရှိ ယှဉ်ပြောလိုက်ဦးမယ်) ရန်ကုန်နဲ့စင်္ကာပူဆိုတာ စီဒိုးနားဟော်တယ်နဲ့ ကံထရိုက်တိုက်လောက်ပဲ ကွာတာပါ။ အဲဒါမြို့အခွံချည့်ပဲ ယှဉ်ကြည့်တာ။ လူမပါသေးဘူး။ သူတို့မြို့တော်တစ်ခုလုံးဟာ ပညာတတ်တဲ့ အသိဥာဏ်ရှိတဲ့ အုပ်ချုပ်သူချမှတ်ထားတဲ့ စည်းစံနစ်အောက်မှာ မခိုမကပ် မခိုးမ၀ှက်တတ်တဲ့ ကျွမ်းကျင် အင်ဂျင်နီယာများ ဦးဆောင်ပြီး တည်ဆောက်ထားတာဆိုတာ လေယာဉ်ပေါ်က လှမ်းမြင်ရရုံနဲ့ သိသာပါတယ်။ ကျွန်တော်တို့ဆီမှာ ကံထရိုက်တိုက်တွေ ဘယ်လိုဆောက်သလဲဆိုတာတော့ မမြင်ဖူးတဲ့သူ ရှိပါသေးလားဗျာ။ ဘီအီး၊ အင်ဂျင်နီယာမပြောနဲ့ အေဂျီတီအိုင်လောက် ပါရင်တောင် ကံကောင်း။
           တခါက ကျွန်တော်နေတဲ့အိမ်ဘေးမှာ ကံထရိုက်တိုက် အသစ်ဆောက်တဲ့အခါ ကိုယ့်အိမ်နံဘေး အုတ်နံရံကနေ အောက်ကို တည့်တည့်ကြီး မြေတူးပါတယ်။ မြေခိုးချင်တာ တစ်ခုတည်းကိုပဲ လောဘတက်တဲ့ ကံထရိုက်ဟာ သူ့လိုပဲ ဘာပညာမှ မတတ်ပဲ တိုက်ဆောက်သွားတဲ့ ကိုယ့်ဘက်က ကံထရိုက်ရဲ့ လက်ရာကို လျှော့မတွက်မိပါဘူး။ နံရံထောင်လိုက်ကြီး နိမ့်ဆင်းသွားလို့ အိမ်ကြမ်းပြင် သံမံတလင်းကြီးပါ ထက်ပိုင်းကျိုး အက်စောင်းသွားတဲ့အခါ “ခင်ဗျားတို့အိမ်က သူ့ဘာသာ မခိုင်လို့ဖြစ်ရတာ။ မကျေနပ်ရင် ကြိုက်တဲ့ဆီသွားတိုင်” လို့ လူမိုက်စကားပြောပါတယ်။ ဘာလို့ ဒီလို ပြောအားရှိသလဲဆိုတာကတော့ နောက်တော့ ကိုယ်တွေ့သိရတာပေါ့။ သက်ဆိုင်ရာ ဌာနအကြီးအကဲကြီးတွေကိုယ်တိုင် စစ်ဆေးရေးအဖွဲ့ကြီးတွေဖွဲ့လို့ ကိုယ်တိုင်လာစစ်ဆေးပြီးတဲ့နောက်မှာ “ဒါဟာ ဘာမှ မဖြစ်လောက်တဲ့ အသေးစား ထိခိုက်မှုကလေးပါ။” လို့ဆိုပြီး ကိုယ်က အလကားနေ ပြဿနာရှာ လျှော်ကြေးတောင်းချင်နေတဲ့သဘောမျိုးနဲ့ နာချင်လို့လား အကြည့်နဲ့ အကြည့်ခံရပါတယ်။ (ငါ့နှယ် သီဟတင်စိုးကားထဲက ဂျပန်တွေ အိမ်ထဲဝင်စစ်တာ ကျနေတာပဲ) ရုံးချိန်း ရက်ချိန်းတွေ အလုပ်ပျက် အကိုင်ပျက်သွားလိုက်ရတာများလည်း သေချင်စော်ကိုနံပြီး မွေးသမိခင်ကို “တော်ပါတော့။ နောက်ကို ပိုက်ဆံကလေး စုဆောင်းပြီးမှ ကိုယ့်ဘာသာပဲ ပြင်လိုက်ကြတာပေါ့” လို့ ပြောမိပါတယ်။ အဖေတို့ အဖွားတို့လက်ထက်က “ရုံးပြင်ကန္နား မသွားချင် မပတ်သက်ချင်ပါနဲ့” ပြောတာကိုလည်း သွေးထွက်အောင်မှန်မှန်း သိလိုက်ရပါတယ်။ “ငါ့သား နံနိမ့်မှာစိုးလို့” တဲ့။ အမှုလက်စသတ်လို့ ကိုယ့်အိမ်ကိုယ်ပြင်လို့ပြီး သိပ်မကြာပါဘူး။ ဒီအဆောက်အဦဟာ လူနေထိုင်ရန် မသင့်တော့လို့ အသစ်ပြန်ဖျက်ဆောက်ရပါမယ်ဆိုပြီး အမိန့်ထွက်လာပြန်ပါလေရော။ ဘာမှမဖြစ်ဘူး ပြောခဲ့တာလည်း အဲဒီပါးစပ်ကြီးတွေပဲ။ ပြိုတော့မဟဲ့ လို့ ဆင်းခိုင်းတာလည်း သူတို့ပဲ။ လူလည်းမပြောင်း၊ အချိန်တောင် မကွာဘူး။ အမှုတစ်ခုပြီးတာနဲ့ နောက်တစ်ခုကိုဆက်ဖို့ စီထားသလား မဆိုနိုင်။ မကျေနပ်ချက်တွေကို ဖွင့်အံထုတ်နေတာတော့ မဟုတ်ပေါင်။ မေ့တောင်ပစ်လိုက်တာ ကြာပေါ့။ အဲဒီလို ဦးဆောင်ကြီးကြပ်သူများနဲ့ ကံထရိုက်များက တည်ဆောက်မယ့် မြို့တော်ကြီးကို စင်္ကာပူလိုဖြစ်အောင် လုပ်မလို့တဲ့ဆိုတော့ အင်ဂျင်နီယာ အရင် ရှာပါဦးလို့ ဆိုချင်တာပါ။
          သူများတကာ မြို့တည်ရွာတည်ထားတာက  ကိုယ့်ဆီမှာလို ပိုက်ဆံရှိ၊ ကြိုက်တဲ့သူနဲ့ ထင်သလိုဆောက်၊ အမြတ်များများကျန်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဝေစားမျှစား ရိုက်စား တစ်နပ်စား လုပ်မထားပါဘူး။ ပညာရှင်တွေကိုယ်တိုင် စဉ်းစဉ်းစားစား တိုင်းတာတွက်ချက်ပြီး အရမ်းကို စံနစ်တကျ တည်ထားရတာပါ။ အစက စကားဦးသန်းထားတဲ့ ပညာရှင်တွေရဲ့ တန်ဖိုးဆိုတာ အဲဒါကို သိစေချင်တာပါ။ ဒီ့ထက်မြင်သာအောင် ပြောရရင် ရွာက အရပ်ပန်းတိမ်သည် လက်ရာနဲ့ ကာတီးယားစိန်တိုက်က လက်ရာဟာ ရွှေချိန်ချင်း စိန်ရတီချင်း အတူတူဖြစ်ဦးတော့ ဘာမှ မဆိုင်ဘူး မဟုတ်လား။ (ကြော်ငြာထဲမှာ မြင်ဖူးတာ ပြောတာနော်) “အင်ဂျင်နီယာကို မလို ရသေ့ကိုယ်တိုင် ကြံစည်ပါသည်။ ရာဇ၀င်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်” ဆိုတာ ဦးခန္တီ မန္တလေးတောင် ပြုပြင်တုန်းက ခေတ်အခါပါ။ သူတို့ကတော့ အင်ဂျင်နီယာတွေ လိုလွန်းလို့ မြန်မာပြည်က ကျောင်းပြီးထားသမျှ အကုန် သူတို့ဆီခေါ်ထားတာ။ မြင်ခဲ့သမှ အထင်ကရ အဆောက်အဦတွေ အားလုံး မြန်မာအင်ဂျင်နီယာ မပါတာ မရှိသလောက်ပဲ။ ရေဘယ်လိုစီးလို့ မီးဘယ်လိုဆင်၊ ငလျင်လှုပ်ရင် ဘယ်ဘက်ကထွက်၊ မီးရေးထင်းရေး ဘယ်ဘက်ကိုပြေး၊ အစစအရာရာ ထောင့်စေ့အောင် စီမံထားပါတယ်။
           လှိုင်သာယာက ပန်းရံခေါ်ပြီး ဒီလိုပုံမျိုးထွက်အောင်လုပ်လို့ပြောရင် ဖြစ်ဖြစ် မဖြစ်ဖြစ် သူတတ်သမျှ မှတ်သမျှနဲ့တော့ လုပ်မှာပဲ။ ဘုန်းကြီးပျံ ပြဿာဒ်ဆောက်သလောက်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ပုံတော့ ထွက်လာမှာ အမှန်။ ရှေ့ကြောင်းနောက်ကြောင်းတော့ ဘာမှ မသိနိုင်ဘူးလေ။ ကိုယ့်ဆီက ပညာရှင်တွေက တတ်တဲ့ပညာတွေကို ကိုယ့်တိုင်းပြည်အတွက် အသုံးမချပဲ ပိုက်ဆံရလို့ သူများနိုင်ငံမှာ ကျွန်ခံကြတာကိုး လို့ ပြောတာကတော့ ကိုယ်တိုင်ပညာမတတ်၊ အလုပ်မလုပ်ဖူးတဲ့သူတွေပါ။ ပညာရှင်တွေကို အထက်က စီမံခန့်ခွဲတဲ့အခါမှာ အင်ဂျင်နီယာအတတ် မပါဘူးဆိုရင်တောင် စီမံခန့်ခွဲမှုပညာကလေးတော့ ပါမှ အဆင်ပြေပါလိမ့်မယ်။ ကင်ဂျုံအီးကြီးက သူ့သားကို မြောက်ကိုရီးယား တစ်ပြည်လုံးအပ်ထားခဲ့လို့ ရချင်ရလိမ့်မယ်။ ကံထရိုက်တိုက်တစ်လုံးအပ်ပြီး ပြီးအောင် ဆက်ဆောက်လိုက် လို့ အပ်ရင်တော့ ငါးပါးမှောက်မှာပဲ။ ပညာရပ်တိုင်းမှာ ကျွမ်းကျင်ရာ လိမ်မာတဲ့သဘောတွေကို နားလည်မှဖြစ်မှာလေ။ အဲဒီထက် ရှုပ်ထွေးနက်နဲတဲ့ သပွတ်အူဇာတ်လမ်းတွေကတော့ လူတိုင်းသိပြီးသားတွေကို ညောင်မြစ်ပြန်မတူးချင်လို့ ဆက်မရေးတော့ပါဘူး။ အင်ဂျင်နီယာတွေ ဘာလို့ ပြည်တွင်းမှာ အလုပ်မလုပ်ချင်သလဲ။ ဘယ်လိုလူတွေ ပြည်တွင်းမှာ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်နေကြသလဲဆိုတာကတော့ သူတို့ ကိုယ်တိုင် အသိဆုံး။ အဲဒီအထုံးတွေ မဖြေပဲနဲ့ လေထဲတိုက်အိမ်ဆောက်တာ ဖြစ်နိုင်စရာလား။
           ဘယ်အရာမဆို အကောင်းမြင်စိတ် မရှိပဲနဲ့ ဘေးထိုင် ဘိုင်ကျ ဘုပြောတဲ့ အထဲမှာ ကိုယ်လည်း ပါနေပါရော့လား။ အဲဒီသဘောမျိုးတော့ မရှိပါဘူး။ တိုင်းပြည်ကို တိုးတက်အောင်ပြုပြင်ချင်ရင် ခြစားနေတဲ့ စိတ်ဓါတ်နဲ့ စာရိတ္တကို အရင် ကျားကန်ဖို့လိုတယ်ဆိုတာ ရယ်။ တတ်ကျွမ်းတဲ့ ပညာရှင်တွေကို နေရာတကျ အသုံးချတတ်မှ ဖြစ်မယ်ဆိုတာရယ်ကို တွေးမိလို့ပါ။ နင်တို့ဟာနင်တို့ တိုးတက်ချင်တိုးတက် မတိုးတက်ချင်နေ။ ဒီဇာတ်တော်မှာ ငါရှင်ဘုရင်လုပ်ရမှ ဆိုမှ ခွကျနေဦးမယ်။ ရှေးရှေး ပဝေသဏီ မြန်မာဘုရင်တွေ နန်းတည် ဘုရားတည် လုပ်ခဲ့တာတောင် ပန်းပဲဝန်၊ ပန်းတည်းဝန်၊ ပန်းတိမ်ဝန်၊ ပန်းပုဝန် ကျွမ်းကျင်သူတွေနဲ့သာ တည်ဆောက်ကြပါတယ်။ ဒီကနေ့ခေတ်ကျကာမှ မိုးကျရွှေကိုယ်တွေ ကွပ်ကဲမယ်ဆိုရင် နံမည်တူဝက်ဘ်ဆိုက်လောက်တောင် သပ်သပ်ရပ်ရပ်ရှိမယ် မထင်ပေါင်။ သူတို့တွေက မွေးကတည်းက ဂျီးနီးယပ်စ်တွေပါလို့ ပြောရင် စောစောကပြောတဲ့ သွားလေသူကြီး ပထမဆုံးဂေါက်ရိုက်တာ တိုက်ဂါးဝုဒ် စံချိန်ကျိုးသွားသတဲ့ ဆိုတဲ့ သတင်းဆောင်းပါး ဖတ်ရသလိုနေမှာပဲ။ မြန်မာတွေလည်း ငိုမယ်ဆို ငိုတတ်ကြပါတယ်။ ဘုန်းကြီးပျံတွေတောင် လိုက် ဧယျာဉ့်ကျူးနေကြတဲ့ဥစ္စာ။ ကိုယ်တော်တို့သာ သေချာပစေ။ ဒီက ရေမီးအစုံနဲ့ ငိုပြမယ်။ ဒီအတိုင်းဆက်သွားရင်တော့ ပြုံယမ်းနဲ့ တူလာတော့မှာပဲ။
            မြန်မာပြည်မှာ ပညာတတ်တွေအတွက် နေရာမရှိဘူးဆိုတဲ့ အမြင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပညာတတ်လူငယ်တွေ ရင်ထဲမှာ စွဲနေခဲ့တာ ကြာပါပြီ။ ဟုတ်သည် မဟုတ်သည်ကတော့ ကာယကံရှင်တစ်ဦးချင်းစီရဲ့ ကိုယ်တွေ့ဘ၀ အတွေ့အကြုံနဲ့ ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပုဂ္ဂလဒိဌာန်ကနေ ဓမ္မဒိဋ္ဌာန် ဖြစ်မလာဖို့ကတော့ အုပ်ချုပ်သူတွေမှာ တာဝန်ရှိမလားပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်အောင် ထူထောင်မယ်ဆိုရင် သူတို့အတွက် နေရာတစ်နေရာ ဖန်တီးပေးနိုင်မှ ဖြစ်မယ် မဟုတ်ဘူးလား။ ပြည်တွင်းမှာ ရှိနေတဲ့ ပညာတတ်တွေကတော့ အားမကိုးလောက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ (ကိုယ်လည်း အဲဒီဇာတ်ထဲကပါ) ဒါပေမယ့် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မဟုတ်တဲ့၊ အတင်းအလျော့ စိတ်ကြိုက်ကစားလို့မရတဲ့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှု တစ်ရပ် လိုအပ်နေသလားလို့ပါ။ စာရိတ္တမဏ္ဍိုင်ဆိုတာကို ကိုယ့်ရေချိန်နဲ့ကိုယ် စံထားပြီး အများလုပ်သလိုလုပ်တာသာ အမှန်ဆိုတဲ့ အယူအဆကို ဘယ်လို တိုက်ဖျက်ကြမှာတုန်း။
            တနေ့တနေ့ ဖေ့စ်ဘုတ်ပေါ်ကနေ လူတတ်ကြီးလုပ်ပြီး ဟိုလို ဆရာလုပ်၊ ဒီလိုဆရာလုပ်နဲ့ တော်တော် မုန်းစရာချဉ်စရာ ကောင်းနေလောက်ပါပြီ။ ဒါပေသိ သိပ်ဘ၀င်မြင့်လို့ မရဘူးဗျ။ ဘယ်သူဖတ်တာလိုက်လို့။ “သြော်.. စာတွေရေးထားသလား။ ဟုတ်လား။ စာရေးဆရာလုပ်မလို့လား။ ဟတ်လား။ ဆရာဝန်အလုပ်က မကိုက်လို့လား။ တွေ့တော့တွေ့မိပါတယ်။ အရှည်ကြီးတွေမို့ အချိန်မရတာနဲ့ ဖတ်မကြည့်မိဘူး” ဆိုတဲ့သူတွေ ပုံလို့ ပုံလို့။ ဆရာမလေးတစ်ယောက် ပြောဖူးတာကတော့ ဖေ့စ်ဘုတ်ဆိုတာ ဈေးအိမ်သာနဲ့ တူပါသတဲ့။ ဟိုလူလျှောက်ရေး၊ ဒီလူလျှောက်ရေး၊ ပွစာကျဲနေတာပဲဟာ။ မျက်စိထဲ တန်းကနဲမြင်နေရလို့ ဖတ်မိတယ်ဆိုဦးတော့ အဲဒါ ဈေးထဲလာ အိမ်သာတက်တဲ့သူတွေသာ ဖတ်ကြတာလေ။ ဒါကြောင့်လည်း ရေအိမ်တော်နံရံက စာဆိုတော်များက အဘက်မလုပ်ကြတာနေမှာ။ ပေါက်တတ်ကရ ရယ်စရာကလေးတွေ ရေးမိတော့လည်း ရှူရှူးဖလားဝါးရလွယ်တာပေါ့။ ဒေါသထွက်စရာ အံကြိတ်စရာတွေ ရေးမိတော့လည်း ညှစ်အားလေး ပိုကောင်းတာပေါ့။ တို့စာတွေကို အဲဒီအရပ်ကနေ “နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင်” လို့တော့ မဆိုလိုပါဘူး။ မဆိုရက်ပါဘူး။ နန်းတော်ထဲက အိမ်သာမှာပဲ တက်တက်၊ ဈေးအိမ်သာမှာပဲ တက်တက်၊ အိမ်သာက ထွက်လာရင်တော့ ပေါ့ပါးသွားရစမြဲပဲ မဟုတ်လား။ အောင့်အည်းသိုမှီးထားသမျှတွေ စိတ်တိုင်းကျ လွှတ်ထုတ်လိုက်ဖို့ပဲ မဟုတ်လား။ အမြဲနေပါနော် လို့ ခေါ်ထားလို့မရပေမယ့် နောက်တစ်ခါ အသုံးလိုလာရင်တော့ လိုက်ရှာကြဦးမှာပါ။ တို့အတွက်ကတော့ စာရေးစာဖတ် ဘာလုပ်ဖို့ဆိုရင် တင်းနေတာတွေ အားလုံး လျော့သွားဖို့ပဲပေါ့။ အေသင်ချိုဆွေနဲ့ သိမ်းလိုက်ကြစို့။
“ဒီမှာ တင်းတယ်။ တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့…” (နောက်ကဟာတော့ ဆက်မဆိုရဲဘူးဗျ)
အချိန်လွန် နောင်တ
ပညာသင်ယူခြင်းဆိုတာ မိမိဘ၀ကို မိမိကိုယ်တိုင် တည်ဆောက်ပုံဖော်နေခြင်းလို့ ကျောင်းသူ ကျောင်းသားတိုင်း လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုပါတယ်၊
ဒါကြောင့် ပညာသင်ယူဆဲ ကျောင်းသူ ကျောင်းသားတိုင်းဟာ လက်ရှိအချိန်ကို အလေးအနက်ထားပြီး ကိုယ့်ဘ၀ကို အကောင်းဆုံး တည်ဆောက်သင့်ပါတယ်၊ မိဘတို့ရဲ့ မျှော်လင့်ချက်ကို အဆုံးရှုံးမခံဘဲ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် ရည်ရွယ်ချက် ရည်မှန်းချက် ခိုင်ခိုင်မာမာတည်ဆောက်ပြီး ကိုယ့်အနာဂတ် လှပအောင် ဖန်တီးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးဌေးအောင် ( ရုက္ခဗေဒ )
Sunday, January 29, 2012
ပညာရေး ပညာရေး နဲ့ ပြောနေကြတယ် ( ၃ )
ပညာရေး ပညာရေး နဲ့ လူတွေအတော်တော်များများစကားပြောနေကြတယ် ( ၃ )
ရွာကျက်သရေ
သိပ္ပံမောင်ဝ 
ကကြီး ရရစ် ကသတ် ကြက်၊ ကကြီး ရရစ် ငသတ် ကြင်။
နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ နှစ် သုံးလီ ခြောက်။
သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ ငသတ် ငေါင်။
ကကြီး ရေးက၊ ကကြီး ရေးချာ ကာ၊ ကကြီးရေ လုံကြီးတင် ကိ၊ မရရစ် လုံးတင် တချောင်းငင် ကသတ် မြိုက်၊
မရရစ် လုံကြီးတင် တချောင်းငယ် ငသတ် မြိုင်။
ဧ၀ံ မေ သုတံ၊ ဧကံ သံမယံ။
ဆရာစော၏ ကျောင်း
ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး အစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီး သကာလ ကုက္ကိုဝ သူကြီးမင်း ဦးဖိုးထုံး၏ အိမ် မြောက်ဘက် အရပ်တွင် ထကြွ သောင်းကျန်းလျက် နေကြ လေသည်။ အချိန်ကား နံနက် (၆) နာရီခန့်သာ ရှိသေး၏။ အဆိုပါ ဆူညံ လှစွာသော အသံကိုကား ကုက္ကိုဝ ရွာအဖို့ မင်္ဂလာ ရှိသော အသံ၊ သာယာသော အသံ၊ ကျက်သရေ ရှိသော အသံများ ဖြစ်ကြ၏။ ရွာလူကြီး၏ အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော် နေသော မောင်လူအေး အဖို့ကား ငှက်ဆိုး၏ အသံနှင့် ခပ်ဆင်ဆင် တူလျက်နေလေ၏။
ထိုအသံများ၏ ပိုင်ရှင် ကျောင်းသား/ကျောင်းသူ ကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ် ကောင်စီ၏ အထောက် အပံ့ခံ ကျောင်းမဟုတ်၊
အစိုးရမင်းက အသိအမှတ် ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသား ပညာရေး အဖွဲ့  က
အားပေးသော ကျောင်းလည်း မဟုတ်ပေ။ ထိုကျောင်းသား/ ကျောင်းသူ ကလေးများက တယောက်လျှင် တနှစ်အတွက် စပါး သုံးတင်းမျှသော အထောက် အပံ့ကိုသာ ခံယူကာ တည်ထောင် ထားသော ကျောင်းဖြစ်သည်။
ဤသို့ ကျောင်းသား ကလေးများ၊ ကျောင်းသူ ကလေးများမှ တပါး၊ အခြား မည်သူ၏ အထောက် အပံ့ကိုမျှ ခံယူသော ကျောင်းမဟုတ် သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ် ကောင်စီ လူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံး ကင်း၏။ ထိုကျောင်းကို အုပ်ချုပ်မင်း လုပ်နေသော ဆရာစောပင် ပညာအုပ်၊ ပညာဝန်ထောက်၊ သူပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး အမတ်ချုပ်ကြီး ဖြစ်ပေသည်။
နွေအခါ မေမြို့(ယခု - ပြင်ဦးလွင်) ၌ ရုံးစိုက်၍ မိုးအခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော် မူသော ပညာရေး အမတ်ချုပ်ကြီး ထက်ပင် ဆရာစောမှာ လွတ်လပ်ခွင့် ရသေး၏။ ပညာရေး အမတ်ချုပ်ကြီးမှာ မင်းတိုင်ပင် အမတ်တို့၏ အမေးများကို ဖြေကြား ရသေးသည်။ ကုက္ကိုလ်ဝရွာ ဆရာစောကား မည်သူ၏ အမေးကိုမျှ ဖြေကြားရန်မလို၊ စိတ်ထင်တိုင်း သင်ကြားနိုင်သော ဂုဏ်ထူး ရှိ၏။ မိမိ သင်ကြား လိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိ ကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိ ကျောင်းပိတ် ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှ လာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြို ရသော ဒုက္ခ၊ သူတို့ အတွက် လှည်းတို့၊ လှေတို့ စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။
ကျောင်း၏ ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။
ဆရာစော၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ၀ါးလုံးတိုင်၊ ၀ါလုံးကြမ်းခင်း၊ ပြတင်း ပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိလေသည်။ ဤမျှနှင့် ပုံပန်း ပေါ်လောက်ပြီ။
ဆရာစော၏ အကြောင်း ရေးသားရန် လိုသေး၏။ ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီး လူထွက် ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့် အရပ်မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောနိုင်။ ရဟန်း ဘ၀က မည်သည့် စာအထိ ပေါက်ခဲ့သည် ဟူ၍လည်း မည်သူမျှ မသိ။ ဆရာစော၏ အပြောအဆို အတိုင်းကား သင်ရိုးပေါက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရဟန်း ဘ၀တွင် မပျော်ပိုက်၍ လူထွက် ရသည်မဟုတ်။ ၀ိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍ လာရခြင်း ဖြစ်လေသည်။
ဆရာစော၏ ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တထွာခန့် ရှည်သော် ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပ၀ါဖြင့် ပေါင်း၍ ထား၏။ အကျီ င်္ ကားမရှိ။ လုံးကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဘက် အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံး တလုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုး နေပါပြီ။ `သစ်မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်´ဆိုသော စကားနှင့် အညီ ကျိုး၍ သွားသော သစ်သားရိုး၏ နေရာတွင် ၀ါးရိုးကို တပ်၍ ထား၏။
ထိုဆေးတံကြီးကို ဖွာကာ ဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမော်နှင့် တွဲရေး ခွဲရေး အကြောင်း ဆွေးနွေး နေကြလေသည်။
ဤသို့ ဆွေးနွေး၍ ကောင်းနေ ကြခိုက်တွင် မောင်တင်နှင့် မယ်အေး တို့သည် တယောက်ကို တယောက် ဆဲရေး နေကြလေသည်။
ငထွန်းကား စာမအံ၊ ယင်ကောင်တွေ ဖမ်းမိလျှင် နောက်တိုး၏ နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တယောက်နှင့် တယောက် စကားများ ကြပြီးနောက် တယောက် တချက်စီ ထိုးနေ ကြလေသည်။
စိန်ဖေကား ဘေသန်း နှင့်အတူ ကျောင်း နောက်ဖေး ကွင်းပြင် ထဲတွင် ပြေးလွှား ကစားကာ ဖားကလေး များကို ဖမ်းလျက် နေကြ လေသည်။ နောက်ဖေး အိမ်သာ တွင်ကား ဘထွန်း၊ သာအေး၊ ငွေလှိုင်၊ စံမြတို့ လူစု ဦးတာတေ၏ ကျွဲများကို ဖမ်း၍ စီးရန် တိုင်ပင် နေကြ လေသည်။
ထွန်းဝေနှင့် စံသိန်းတို့ကား ကျောင်းအောက်တွင် နပန်း လုံးနေကြ ကုန်၏။ သာထွန်းနှင့် ညွှန့်မောင် တို့က ဒိုင်လုပ် ကြလေသည်။
ဝေလင်းကား မိမိ၏ ကျောက် သင်ပုန်း ပေါ်တွင် ခွေးရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ် များကို ရေးပြီးလျှင် တင်အေးအား ပြနေလေသည်။ တင်အေးသည် ဝေလင်းအား ချီးမွမ်း၍ မဆုံးပြီ။ မိခွေးနှင့် မမယ်သိန်းတို့ ထောင့်တစ်ထောင့်တွင် ခရားစေ့ တောက်တမ်း ကစား နေကြလေသည်။ ဆရာစောကား စကားပြော၍ ကောင်းတုန်းပင်။
သို့နှင့် ယခင်က ဆူညံ၍ နေသော စာအံသံ ကြီးမှာ တစ တစ တိုး၍ တိုး၍ သွားလေ တော့၏။ နောက်ဆုံး၌ စာအံသံ ဟူ၍ မကြားရ တော့ပြီ။ ဆော့နေကြသော အသံ၊ ရန်ဖြစ်နေကြသော အသံ၊ ရယ်နေကြသော အသံတို့ကိုသာ ကြားရ လေသည်။
ထိုအခါ ကျမှ ဆရာစောလည်း မိမိ၏ ညာလက်တွင် ကိုင်ထားသော ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ဘမ်းဘမ်း မြည်အောင် သုံးလေးချက် နှက်လေ၏။
ကျောင်းသား/ကျောင်းသူ အပေါင်း တို့လည်း ရမိ ရာရာကို နားကွဲလုအောင် ဟစ်အော်ခြင်း ပြုကြလေသည်။ အိမ်သာတွင် တိုင်ပင်နေသူတို့သည် လည်းကောင်း၊ ကျောင်းအောက်တွင် နပန်းလုံး နေသူတို့သည် လည်းကောင်း နေရာများသို့ ရောက်ကြလေပြီ။ သူတို့လည်း ထင်မိ ထင်ရာကို ကောက်ကာ အော်ဟစ် နေကြကုန်၏။
ဆရာစောကား တိုင်းရေး ပြည်ရေး အကြောင်း ဆက်လက်၍ ဆွေးနွေးလျက် နေပြန် လေသည်။
အတန်ကြာလျှင် စာအံသံကြီး တိတ်လျှက် သွားပြန်၏။ ဆရာစော၏ ကြိမ်လုံးနှင့် ကျောင်းတော်၏ ကြမ်းပြင်တို့ စကား ပြောကြရ ပြန်၏။ ဤနည်းအတိုင်း တိတ်ချည်၊
ဆူချည်နှင့် နေလေတော့သည်။
စာအံခြင်း သုံးကြိမ်မြောက် တိတ်၍ သွားသောအခါ အေးမောင်နှင့် လူလှတို့ ကျောက်တံ လုရာမှ ရန်ဖြစ်ကြ၏။ အေးမောင်က ကျောက်တံဖြင့် ထိုးလိုက်ရာ လူလှ လက်မှ သွေးဖျန်းဖျန်း ထွက်လေသည်။ လူလှ ပြန်၍ ကျောက်သင်ပုန်း စောင်းဖြင့် ခုတ်လိုက်ရာ အေးမောင်၏ နဖူးတွင် ကွမ်းသီးလုံးခန့် ဖူး၍ လာ၏။
အချို့က အေးမောင် လွန်သည်ဟု ဆိုကြလေသည်။ အချို့ကမူ လူလှအား သနားကြလေသည်။ တိုးတိုး စုရုံး စုရုံးနှင့် နေကြကုန်၏။ အေးမောင်နှင့် လူလှတို့ ကျိတ်ကာ ငိုနေရ ရှာသည်။ နှစ်ယောက်စလုံး လွန်သူချည်း ဖြစ်သည်။ ဆရာစော သိသွားမှဖြင့် ကြိမ်လုံး ဓာတ်စာ ကျွေးမည်ကို ကြောက်ကြလေသည်။
အောင်သိန်းကား သူတကာ အရိုက်ခံရသည်ကို မြင်လိုသူ ဖြစ်၏။ သူ၏ ပယောဂကြောင့် အေးမောင်တို့ ရန်ပွဲအကြောင်း ဆရာစော ခေါ်လေပြီ။ ရောက်ကြကုန်၏။ အကြောင်းကို မေးလေပြီ ဟုတ်မှန်သည့်အတိုင်း ဖြေကြကုန်၏။ ရောက်ကြကုန်၏။ အေးမောင် ကျောပေါ်သို့ ဆရာစော၏ ကြိမ်လုံးစကြာ ငါးချက်ခလေပြီ။ အေးမောင်မှာ တော်တော်နှင့် မထနိုင်။
လူလှ၏ လက်ဝါးပြင်ပေါ်သို့လည်း ထိုကြိမ်လုံး စကြာပင် ငါးကြိမ်တိုင်တိုင် ဆင်းသက်လေပြီ။ လူလှလည်း စာအုပ်ကိုပင် မကိုင်နိုင်။ အောင်သိန်းကား စုတ်တသပ်သပ်နှင့် ၀မ်းနည်းလျက် နေ၏။ သို့သော် သူ၏ စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ အလွန်ညစ်သော အောင်သိန်း ပါတကား။
ဟိုမှာ ကြည့်ကြပါဦး၊ လားလား စံအောင်တို့လူစု ကျောင်းပြေး ဖိုးအောင်အား ဖမ်းလာကြလေသည်။ ဖိုးအောင်ကား မလိုက်ချင် လိုက်ချင် လိုက်ပါလာ ရရှာ၏။ သူ့အား ကြိုးများဖြင့် တည်းထားသောကြောင့် ပါလာရခြင်း ဖြစ်လေသည်။ တကိုယ်လုံးလည်း ရွှဲရွှဲ စိုနေတော့၏။ ဖိုးအောင်ကို မိုးရေထဲတွင် ဆွဲလာကြလေသည်။
ဖိုးအောင် ကျောင်းပြေး၊ အိမ်ပြေး လုပ်နေသည်မှာ လေးရက်ပင် ကြာလေပြီ။ ဘုန်းတော်ကြီး ဦးဝိမလ၏ ကျောင်းတွင် ခိုကပ်ကာ နေလေပြီ။ စံအောင်တို့ လူစု ဖိုးအောင်ကို သွား၍ အဖမ်းတွင် ဘုန်းကြီးကျောင်းသားများနှင့် စစ်ဖြစ်ခဲ့ ကြရသေးသည်။ စံအောင် တို့က မိုက်အားကောင်းသောကြောင့် ဘုန်းကြီး ကျောင်းသားများ လက်လျှော့ကြရ လေသည်။
ဆရာစော၏ ကျောင်းတကျောင်းလုံးတွင် စံအောင်ထက် မိုက်သောသူ မရှိ။ စံအောင်အား ဗိုလ်တင်၍ ထားကြရလေသည်။ တကျောင်းလုံးတွင် ဆရာစောအပြင် သု့ကို အကြောက်ရဆုံး ဖြစ်၏။ ဆရာစောကိုယ်တိုင်ပင် စံအောင်အား ခပ်ရွံ့ရွံ့။ သူ့အား အလိုလိုက်၍ ထားလေသည်။ ကျောင်းသားများ မုန့်ဝယ်စားလျှင် စံအောင်အား တ၀က်ဝေငှ၍ စားကြရ၏။ စံအောင်တည်း ဟူသော နတ်ဆိုးကို မပသ မတင်မြှောက်ဘဲ မစားဝံ့ကြချေ။
စံအောင်တို့ လူစုလက်တွင် ရုန်းကန်ရုန်းကန်နှင့် ပါ၍လာသော ဖိုးအောင်ကား ဆရာစော၏ ရှေ့မှောက်သို့ ရောက်လာလေပြီ။ ဆရာစော ဒေါသထွက်ခိုက် ဆရာစော၏
ကြိမ်လုံးစကြာမှာလည်း သွေးစွန်းခိုက်၊ ဖိုးအောင်ကိုလည်း မိ၍လာခိုက်နှင့် ကြုံကြိုက် လေပြီ။ ကျောင်းသား အပေါင်းတို့ တုန်လျက် နေကြကုန်၏။ ရင်ထဲတွင် တထိတ်ထိတ်နှင့် နေကြလေသည်။ အောင်သိန်းမှာ ဖိုးအောင်ကို သနားယောင်ယောင်နေ၏။ သို့သော် စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ သူတကာ အရိုက်ခံရလျှင် အောင်သိန်း ၀မ်းမသာသည် မရှိ။
ဖိုးအောင် ကျောင်းပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် မမေးမမြန်းဘဲ ဆရာစောသည် မိမိ၏ ကြိမ်လုံးစကြာဖြင့် လှမ်း၍ နှက်လေ တော့၏။ အချက်ပေါင်း မရေတွက်နိုင်ပြီ။ ဖိုးအောင်လည်း ဆရာစော၏ ရင်ခွင် အတွင်းသို့ တိုး၍ တိုး၍ ၀င်သောကြောင့် အနည်းငယ် သက်သာရာ ရလေသည်။
နောက်ဆုံး၌ ဖိုးအောင်လည်း မော၊ ဆရာစောလည်း မောလေတော့သည်။ သည်တော့မှ ရိုက်ပွဲကြီး ပြီးသွားလေသတည်း။ ကျောင်းသား အပေါင်းတို့က ဖိုးအောင် ရှောင်တိမ်းပုံကို သဘောကျကြကုန်၏။ အောင်သိန်း တယောက်သာ မကျေမနပ် ဖြစ်လျက် နေလေသည်။
ဆရာစောမှာ မော၍ အထိုင်လိုက်၊ အင်းသားကြီးကတော် ဒေါ်သာအိလည်း သားကလေး ရွှေလှနှင့် ရွှေစတို့ကို လက်ဆွဲ၍ ရောက်လာခိုက်နှင့် တပြိုင်တည်း ကျလေသည်။
ဒေါ်သာအိကား သားကလေး ရွှေသွေး နှစ်ယောက်တို့အား ဆန်နှစ်ပြည်၊ ငွေနှစ်မတ် တို့နှင့် ကျောင်းအပ်ရန် လာခြင်း ဖြစ်လေ သည်။ ဆရာစောလည်း ပြုံးရွှင်စွာ စကားပြော ပြီးလျှင် ရွှေလှနှင့် ရွှေစတို့အား လက်ခံလိုက်လေသည်။ ဒေါ်သာအိမှာ သားကလေး နှစ်ယောက်တို့အား ကျောင်းတွင် ထားခဲ့ပြီးလျှင် ဆင်း၍ သွား၏။
ရွှေလှနှင့် ရွှေစတို့မှာလည်း ကျွတ်ကျွတ်ညံအောင် ငိုကြွေးကြလေသည်။ မငိုဘဲ နေကြမည်လော။ ရွှေလှမှာ ခြောက်နှစ်၊ ရွှေစမှာ လေးနှစ်မျှသာ ရှိကြသေး၏။ အိမ်တွင် ဆော့လွန်းကြ၍ တယောက်လျှင် ဆန်တစ်ပြည်၊ ငွေတစ်မတ်နှင့် ဆရာစောအား ကလေး လာ၍ အထိန်းခိုင်းခြင်း ဖြစ်လေသည်။ ရွှေလှနှင့် ရွှေစတို့ ငို၍ ကောင်းတုန်းပင် ဒေါ်သာအိ မိမိ၏ အိမ်သို့ ပြန်ရောက်၏။
ရွှေလှတို့ ငိုချင်း မဆုံးသေး။ ဆရာစော၏ ကြိမ်စကြာ ကျောင်းတော်၏ ကြမ်းပြင်သို့ ဘမ်းဘမ်းဟူသော အသံဖြင့် ကျဆင်းလေမှ ရွှေလှတို့ ငိုချင်း ဆုံးလေပြီ။
ထို့နောက် ဒေါ်သာအိ ပူဇော်၍သွားသော ဆန်နှစ်ပြည်၊ ငွေတမတ်တို့ကို အပ်ရန် ဆရာကတော်ကြီးအား ဆရာစောက ခေါ်လေသည်။ ထူးသာ၊ ထူးနိုင်သည် မလာနိုင်သေး။ အဘယ် လာနိုင်အံနည်း။ ကျောင်းသား/ကျောင်းသူတို့အား ရောင်းရန် ပဲလှော်ကို လှော်ချက်နေလေသည်။
ဆရာစော၏ ကျောင်းသား/ကျောင်းသူတို့ကား ဆရာကတော်ကြီး ရောင်းသော ပဲလှော်အပြင် မည်သည့် မုန့်ကိုမှ ၀ယ်စားခြင်း မပြုရ။ ကျောင်းသားများနှင့် သင့်လျော်အောင်
အထူးစီမံထားသော ပဲလှော်ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏ အဆိုတည်း။)
ဆရာကတော်ကြီး ပဲလှော်နေခိုက် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက် ခြွေ၏။ သူတို့ သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင် မသင်ကြရသေး။ သို့သော် ဆရာကတော်ကြီး၏ အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏ အချစ်တော်ဆိုလျှင် ဆရာစော၏ အချစ်တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်မှာ နှစ်ကိုယ့်တစိတ် ဖြစ်သောကြောင့် ပေတည်း။
ဆရာကတော်ကြီး အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန် မလို။ စာတတ်လျှင် ရည်းစား ထားလေ့ ရှိကြကုန်၏။ ကကြီး၊ ခခွေးနှင့် ဘုရားရှိခိုးတတ်လျှင် တော်ပြီ။ မိမိမှာ ဆရာကတော်ပင် ဖြစ်စေကာမူ စာဖတ်၍ မတတ်။
မိန်းကလေးဟူက အချက်အပြုတ် တတ်ရမည်။ အချက်အပြုတ် မတတ်ပါက ရှက်စရာ ကောင်းလေသည်။ ထို့ကြောင့် မိမိ၏ အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တို့အား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြား ပြသလျှက် နေလေသည်။
ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့ သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်း၊ ချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။
ကြက်သား၊ ဘဲသား၊ ၀က်သား ဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာကတော်ကြီးမှာ မချက်တတ်သောကြောင့် မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ၀က်သားတို့ကို မ၀ယ်နိုင်သောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။
ဟော .. ဟော ဆရာကော်ကြီး ထွက်လာပြီ။ ဆံပင်မှာ ဆီမရှိ၊ ခေါင်းပွကြီးနှင့်ဖြစ်၏ အကျီ င်္မှာ လက်နှီးရောင်၊ ထဘီမှာ ဖာထေး ရာတွေ အနန္တ၊ ညစ်ထေးတော်မူသော ဆရာကတော်ကြီး ဖြစ်လေသည်။ အင်းသားကြီးကတော် ဒေါ်သာအိ ပူဇော်ခဲ့သော ဆန်နှစ်ပြည်နှင့် ငွေနှစ်မတ်တို့ကိုလည်း သိမ်းကာ နောက်ဖေးသို့ ၀င်သွား၏။
ဆရာစောလည်း ကျောင်းလွှတ်လိုက်ပြီး ကျောင်းသား အပေါင်းတို့လည်း နှစ်ထောင်း အားရ အိမ်သို့ နြပ်ကြလေသည်။
ကျောင်းသားများကို ကြည့်ကာ `ဒီကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာတတ်ပါ့မလား သူကြီးမင်း´ဟု မောင်လူအေးက သူကြီးမင်း ဦးဖိုးထုံအား မေး၏။
`တတ်သင့်သလောက် တတ်တာပါပဲ´ဟု ဦးဖိုးထုံက ဖြေလေသည်။
`တတ်မယ် မထင်ပါဘူးဗျာ´ မောင်လူအေးက ဆိုပြန်လေသည်။
ဤသို့ မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြား ပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန် မတူ။ နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည် သမ္မတ ထွက်ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။
၁၉၃၃၊ ဇူလိုင်။
ဒဂုန်မဂ္ဂဇင်း
မောင်သုည
ပညာရေး ပညာရေး နဲ့ စကားပြောနေကြတယ် ( ၂ )
ပညာရေး ပညာရေး နဲ့ လူတွေအတော်တော်များများစကားပြောနေကြတယ် ( ၂ )
ကျောင်းထားရေး ( သိပ္ပံမောင်ဝ )
တရံတခါသော်မောင်လူအေးနှင့်ခင်သန်းမြင့်တို့သည်ညစာစားပြိးနောက်အိမ်ရှေ့ဝရန်တာ လသာတွင်ထွက်၍ထိုင်ကြလေသည်၊သူတို့နောက်ဆက်တွဲမောင်လူမွေးလည်းသူတို့နှင့်
အတူပါလာလေ၏၊
ခင်သန်းမြင့်သည်နေ့ခင်းကရောက်လာသောမဂ္ဂဇင်းတအုပ်ကိုပက်လက်ကလားထိုင်
ပေါ်တွင်ထိုင်၍ဖတ်နေလေသည်၊မောင်လူအေးမှာလဘက်ရည်ကြမ်းကိုမြေပဲဆားလှော်နှင့်
မြည်းရင်းအလုပ်အကြောင်းစဉ်းစားခန်းထုတ်နေ၏၊မောင်လူမွှေးကားမိဘနှစ်ယောက်အနား
ကြမ်းပြင်ပေါ်တွင်အရုပ်ကလေးများနှင့်ကစားနေလေသည်၊သူတို့သုံးယောက်အဘို့ညသည်
အေးမြသာယာသောညတညဖြစ်လသည်၊
မောင်လူမွေးသည်မိမိအနားကစားနေရာမှမကြာမကြာထထသွားပြိးလျှင်ဓါတ်မိးရောင်
အောက်တွင်ပြေးလွှားနေကြသောပိုးကောင်ပလူကောင်ကလေးများကိုဖမ်းကာကစား၏၊
သူ့အားချော့ခေါ်၍မရ၊ခြောက်ခေါ်၍မရ၊ငေါက်ခေါ်၍လည်းမရ၊ခက်လေတော့၏၊မောင်လူ
အေးတလှည့်၊ခင်သန်းမြင့်တလှည့်ထိုင်ရာမှထပြီးဆွဲခေါ်ရ၏၊မောင်လူမွှေးမှာမလိုက်ချင်
လိုက်ချင်နှင့်ရုန်းကန်ရုန်းကန်နှင့်ပါလာတက်သည်၊သူအားထထခေါ်ရသဖြင့်ခင်သန်းမြင့်
မှာမဂ္ဂဇင်းကိုကောင်းကောင်းမဘတ်ရ၊မောင်လူအေးမှာလည်းစဉ်းစားခန်းကိုကောင်းကောင်း
မထုတ်ရ၊တော်တော်တေတဲ့ကောင်ကလေး၊
အတန်ကြာလျှင်ခင်သန်းမြင့်သည်မောင်လူမွှေးအားစိုက်ကြည့်ပြိးလျှင် ပီတီသံဖြင့်
” မျွေးလေးဟာ တနေ့တခြားဝလာလိုက်တာနော် - အားရစရာကြီး ” ဟုဆို၏
” မွှေးစတုန်းကဆိုရင်ငယ်ငယ်လေးရယ်” ဟုမောင်လူအေးကထောက်ခံလိုက်၏၊
” စကားပြောမယ်မကြံသေးဘူးနောက်ဘို့က အရင်ဘဲ ”
” ဘယ်နောက်ရမှာတုန်း - ဟုတ်တာကိုပြောတာ - ဟုတ်တာပြောရင် ဥစ္စာပေါဆို
ပေါမဟုတ်လား နို့ပေမဲ့ထီမပေါက်တာခက်တယ် ”
3
” ဒါတွေကိုထားပါအုံး မွေးကလေးကိုကျောင်းထားဘို့စီမံရတော့မယ် ”
” အေင်မယ်လေး ဟဲ့ အခုမှတနှစ်ခွဲရှိသေးတယ်ဘယ်ကလာကျောင်းထားဘို့စီမံရမှာလဲ”
” အခုကထည်းကစီမံမှတော်ကာကျမယ် - အင်္ဂလန်ကနာမယ်ကျော်ကျောင်းတွေထားဘို့က
မမွေးခင်ကထည်းက နာမယ်စာရင်းသွင်းထားရတယ်ဆိုမဟုတ်လား ”
” ဒါကတော့ လွန်လွန်အားကြီးပါတယ်ဗျာ- ကိုင်းသူ့ကိုဘယ်လိုစီမံချင်သလဲပြော ”
” မြင့်သဘောမြင့် ငယ်ငယ်ကလေးထဲက ဘိလပ် အီတန်တို့ ဟားရိုး တို့လိုကျောင်းတွေမှာ
သွားထားချင်နေတာဘဲ ”
” ဟာ ကိုယ်ကတော့ သဘောမတူပေါင် - သည်ကျောင်းတွေကိုဝင်ခွင့်ရဘို့ဟာလဲအင်မတန်
ခက်- ၀င်ခွင့်ရစေဦးတော့ မထားချင်ပါဘူးဗျာ ”
” ဘာဖြစ်လိုလဲ - သူဌေးဦးနုတို့ ၀န်ထောက်ဦးစားတို့သားတွေ ကိုဒီလိုငယ်ငယ်ကလေးထဲက
ဘိလပ်ကျောင်းတွေမှာသွားထားတယ်မဟုတ်လား - ဂုဏ်လဲရှိ အင်္ဂလိပ်အလေ့အထကိုလဲကျကျနန
တက်လာတယ်၊အင်္ဂလိပ်စကားဆိုလဲအင်္ဂလိပ်နဲ့မခြားပြောနိုင်တယ်-ကိုင်းမကောင်းဘူးလား”
” မကောင်းပေါင် ဦးနုသားပြန်လာတုန်းကအင်္ဂလိပ်မပါလာလို့ ဦးနုကြီးရင်ကွဲမတက်
ဖြစ်နေတာမမြင်ဘူးလား၊ဦးစားသာပြန်လာတော့အင်္ဂလိပ်စကားတော့ကောင်းကောင်းပြော
တက်ပါရဲ့မြန်မာစကားကျတော့ဟိုမကျသည်မကျနဲ့ပြောရီစရာကြီးဖြစ်နေတယ်၊မြန်မာစကား
မပြောတက်ဘူးဆိုတာရှက်စရာအကောင်းဆုံးမဟုတ်လား၊သူတို့ရှက်မရှက်တော့မပြောတက်
ဘူး၊ကိုယ်တော့ရှက်လွန်းလို့နောက်ပြီးတော့မြန်မာတွေကိုဘဲသူတို့နဲ့အဖက်မတန်သလိုမြန်မာ
ဓလေ့ကို ဘဲကဲ့ရဲ့ရပြန်ပြီ၊ကိုယ့်သားကလေးဒီကောင်တွေနဲ့တူမှာကိုကြောက်သဗျာ ”
”ဒါဖြင့်ရင်လဲ မောင်မွေး ၅ နှစ် ၆ နှစ်သားအရွယ်ရောက်ရင်စိန်ပေါမှာဖြစ်ဖြစ်၊ဒိုင်အိုမှာဖြစ်
ဖြစ်ထားရအောင် သဘောတူမလား ”
” မတူပေါင် ”
” လုပ်ပြန်ပြီ ဘာဖြစ်လို့လဲ ”
”ဘာဖြစ်ရမှာလဲ ဒီလိုအင်္ဂလိပ်ကျောင်းတွေကထွက်လာတဲ့ငနဲတွေဟာလဲအများအားဖြင့်
ဟိုမကျဒီမကျနဲ့ - လိမ္မော်သီးဖွင့်လိုက်ပါလိုဆိုလိုဆို - ၀မ်းဘဲဥမှည့်ပြီလားလို့မေးလိုမေး-ရေးချမ်း
ချမ်းလေးတခွက်ပေးပါလို့တောင်းလိုတောင်းနဲ့-ဘယ်လိုငနဲတွေလဲမပြောတက်ပါဘုးဗျာ ”
”အားလုံးလဲဒီလိုဟုတ်မယ်မထင်ပါဘူး-မြန်မာမိဘတွေကမွေးပြိးမြန်မာပြည်မှာကြီးကြတာ
ဘဲ-ဒီလောက်တောင်ဆိုးမယ်မဟုတ်ပါဘူး - ကိုယ်ကကဲတာ”
” တချို့ကျတော့ မြန်မာစကားတော့ကောင်းကောင်းပြောတက်ပေမဲ့အင်္ဂလိပ်ဆန်ဆန်လေး
ပြောလိုက်ရရင်ဂုဏ်ရှိတယ်ထင်ပြီးပြောကြတာဘဲ-ကိုယ်တို့ကောလိပ်မှာတုန်းကဒီလိုငနဲတွေနဲ
4
ကောင်းကောင်းတွေ့ရတယ်၊ဒီကောင်တွေကိုချဉ်လွန်းလို့မပြောပါနဲ့တော့ ”
”ကိုကိုတို့ခောတ်က ဒီလိုဖြစ်ပေမဲ့အခုတော့ မောင်မွေးတို့ခောတ်ကျတော့ဒီလိုဖြစ်မယ်
မထင်ပါဘူး ”
”ကိုယ်တော့ အရင်ကလိုဘဲဖြစ်မယ်ထင်တာဘဲဗျာ - နောက်မှပြောင်းသွားရင်တော့-
မပြောတက်ဘူး-မြန်မာဆိုရင်လဲမြန်မာပီသမှကြိုက်တယ်-အင်္ဂလိပ်ဆိုရင်လဲအင်္ဂပီပီသသမှကြိုက်
တယ်-ဟိုမကျဒီမကျဂွစာ ကိုတော့ ချဉ်လွန်းလို့ ”
” ကိုင်းဒါဖြင့်ရှိစေတော့ ရန်ကုန်မြို့မကျောင်းမှာသွားထားရင်မကောင်းဘူးလား-ဆရာကြီး
ဦးလွင်လဲရှိတယ်-ဆရာကိုအောင်မင်းတို့-ကိုအေးသွယ်တို့ကိုစံထားတို့လဲရှိတယ်-ကိုတို့မိတ်ဆွေ
တွေမဟုတ်လား-သူတို့လက်အောက်မှာဆိုတော့စိတ်လဲချရတယ်-ငယ်ပေမဲ့ကိစ္စမရှိဘူး ”
”ကောင်းတော့ကောင်းပါရဲ့ ”
”ဘာကောင်းတော့ ကောင်းပါရဲ့လဲ - ဟိုမကျဒီမကျကျောင်းမှာမထားချင်ဘူးဆို-မြို့မကျောင်း
ဟာမြန်မာပီသတဲ့ကျောင်းမဟုတ်လားဦးဖော်ဂျီတို့သခင်နုတို့ဟာမြို့မကျောင်းထွက်တွေမဟုတ်ဘူး
လား၊သူတို့ထက်မြန်မာပီသတာရှိသေးလို့လား၊”
”အင်း ကောင်းတော့ကောင်းပါရဲ့ကျောင်းကိုခဏခဏဘွိုင်းကောက်လုပ်တာခက်တယ် ”
” ဘွိုင်းကောက်လုပ်တာကတော့ ဒီကျောင်းတကျောင်းထဲမှမဟုတ်ဘဲ-တခြားကျောင်းတွေ
လဲလုပ်တာမဟုတ်ဘူးလား-တက္ကသိုလ်ကျောင်းတွေတောင်ခဏခဏဘွိုင်းကောက်လုပ်နေတာမမြင်
ဘူးလား ”
” မြင်သားပေါ့ ”
” မြင်ရင်ဘာဆင်ခြေပေးနေစရာလိုသေးလဲ - ဘွိုင်းကောက်လုပ်တာကိုကောအပြစ်ဆိုချင်
သေးလား ကဲလေ ”
” အပြစ်တော့မဆိုချင်ဘာဘူးဗျာ-နို့ပေမဲ့ဘွိုင်းကောက်လုပ်ပြိးအစာငတ်ခံကြဘာကြနဲ့-မိဘ
လုပ်သူတွေကဘယ်လောက်စိတ်ပူကြမယ်ဆိုတာစဉ်းစားကြည့်လေ-မောင်မွှေးကိုမြို့ကျောင်းထားပါ
ပြီတဲ့-မောင်မွှေးကဘွိုင်းကောက်မှာခေါင်းဆောင်လုပ်ပါပြီတဲ့-သူတို့တောင်းတာမရတော့အစာငတ်ခံ
နေပါပြီတဲ့ - ကိုင်းမြင့်ဘယ်နဲ့နေမလဲ - ဘယ်လိုလုပ်မလဲ ”
”ဒီလိုဆိုတော့ကျောင်းကိုမြန်မြန်လိုက်သွားပြီး ဘိုကေလေးကိုဆွဲခေါ်ခဲ့မှာပေါ့”
”အဲဒီလိုခေါ်လို့လိုက်ရင်ကောင်းပါရဲ့ - မေမေရယ်ပြန်မလိုက်ပါရစေနဲ့တော့-တိုင်းပြည်ကြီးအ
တွက်အသက်အသေခံတော့မယ်-ကျွန်တော့ကိုသနားရင်အိမ်ပြန်မခ်ါပါနဲ့တော့လို့သားကဆီးပြောရင်
ဘယ့်နဲ့လုပ်မလဲ ”
” အတင်းခေါ်မှာပေါ့ ”
”အတင်းခေါ်လို့မရရင်ဘယ့်နဲ့လုပ်မလဲ”
”သည်တော့လဲ အလိုက်အထိုက်ပေါ့လေ-သူတို့လဲအသေခံမှာမဟုတ်ပါဘူး-မိဘဆွေမျိုးတွေ
က၀ိုင်းဝန်းပြီးတောင်ပန်ရင်ရမှာပါ-သတင်းစာတွေကလဲလန့်ဖြန့်ပြိးဝိုင်းတောင်းပန်ကြမှာပေါ့-အာဏာ
5
ရှင်ကိုလှရွှေကိုဘဲကြည့်တော့”
”ဒါလဲဟုတ်တုတ်တုတ်ဘဲ--နို့ပေမဲ့မလိုတဲ့ဘက်က ငနဲတွေက အမျိုးမျိုးစွပ်စွဲပြိးမောင်လှရွေ
ကိုဆဲသလို ကိုယ့်သားကိုဆဲရင်တော့ ခံချင်ပါ့မလား ”
”ဒါကတော့ဘာကိစ္စရှိလဲ - မနာလိုလို့ဆဲတာ ဆဲပါစေလား - တော်တော်ကြာပျောက်သွား
မှာဘဲ ”
နို့ တချို့ကျောင်းသူကျောင်းသာတွေ ဖြစ်ပျက်ပြိး ထွက်ပြေးကြရင်တော့ဘယ့်နဲ့လုပ်မလဲ ”
”ဒါကတော့ဘယ်တက်နိုင်မလဲ - ဘယ်ကျောင်းမှာဘဲထားထား - ဘွိုင်ကောက်လုပ်ချင်လုပ်
မလုပ်ချင်လုပ်နေဖြစ်တာမျိုးဘဲ-ဒါတွေကိုတွေးပြီးပူမနေစမ်းပါနဲ့ ”
”ပူရသဗျာ -အခုကထဲက ပူထားမှအတော်ကျမယ်”
” ကိုင်းသည်လောက်တောက် အစိုးရိမ်ကြီးလှတာ ဘယ်ကျောင်းထားမယ်စိတ်ကူးသလဲ”
” ကိုယ်ကတော့ အိမ်မကွာ ကြမ်းမကွာ အိမ်ရှေ့ကမှန်သာကျောင်းမှာထားမယ်စိတ်ကူးတာ
ဘဲ”
”လုပ်ပြီသူလုပ်လိုက်မှဒီလိုချည်းဘဲ - အတည်ပြောနေရင်အတည်ပေါက်ပြောစမ်းပါ-
အနောက်တွေမညှပ်စမ်းပါနဲ့ ”
” နို့ အတည်ပြောနေတာဘဲဟာ - မှန်သာကျောင်းတိုက်မှာဆိုတော့ အိမ်နဲ့လဲနီးတယ်-ပိုက်
ဆံလဲအကုန်သက်သာတယ်-ကုသိုလ်လဲရတယ်-စာလဲတက်တယ် ”
”မဟုတ်တဲ့စကားကိုမပြောစမ်းပါနဲ့ - အခုခောတ်ကြီးထဲမှာ ဘုန်းကြီးကျောင်းထားတယ်ဆို
တာနေရာလား ”
” ကျောင်းထားတယ်ဆိုတာစာတက်တာလိုရင်းမဟုတ်ဘူးလား-အမြှော်အမြင်တိုးပွါးတာလို
ရင်းမဟုတ်ဘူးလား-လိမ္မာရေးခြားရှိတာလိုရင်းမဟုတ်ဘူးလား-အဲဒီလို လိုရင်းချက်တွေကိုရရင်
ကျောင်းထားရကျိုးနပ်ပြီမဆိုနိုင်ဘူးလား - မှန်သာကျောင်းမှာထားရင်ခုနပြောတဲ့လိုရင်းချက်တွေကို
မရဘူးလို့ပြောနိုင်မလား”
” ကိုကိုပြောလိုက်မှဖြင့်ဘောက်ချည်းဘဲ - ဘုန်းကြီးကျောင်းမှာထားလို့ကြီးလာရင်ဘာလုပ်
စားမလဲ”
” အိုဒါကတော့သူ့ကုသိုလ်နဲ့သူုဖြစ်လာမှာပေါ့ - စာတက်တာကတခြား - အလုပ်အကိုင်ကတ
ခြားပါ-စာတက်တိုင်းလဲအလုပ်အကိုင်ကောင်းကောင်းရတာမဟုတ်ပါဘူး-အလုပ်အကိုင်ကောင်း
ကောင်းရသူတိုင်းလဲစာတက်တာမဟုတ်ပါဘူး-ပွဲစားကြီးဦးချမ်းသာဟာဘယ်လောက်ပိုက်ဆံရှိသလဲ
အင်္ဂလိပ်စာ အေ ဘီ စီ ဒီတောင် တတ်လို့လား - သူဌေးကြီးကြွယ်ဝဟာဘယ်လောက်ချမ်းသာလဲ-
ဘီအေ အောင်လို့လား ”
”သည်လို ဘောက်စကားတွေမပြောနဲ့လေ-ရှေးခောတ်နဲ့မတူဘူး-အခုခောတ်မှာခောတ်စာ
တွေတက်မှအလုပ်ကောင်းကောင်းရတယ် -သိရဲ့လား ကိုဘောက်ကြီးရဲ့ ”
” ဟာ အလုပ်ကောင်းကောင်းရတာတခြား စာတက်တာမတခြားဘဲ -အလုပ်ကောင်းကောင်း
6
လိုချင်တဲ့သဘောနဲ့စာသင်ကြားကြတဲ့အတွကတိုင်းပြည်မှာဆူပူနေကြတာမဟုတ်လား-အလုပ်လက်
မဲ့ပညာရှိကြီးတွေများနေကြတယ်မဟုတ်ဘူးလား-အဲဒီစိတ်တွေကိုဖျောက်လိုက်မှနေရာကျမယ်၊
အလုပ်လက်မဲ့တွေပျောက်ကုန်မယ်-”
”ဘာတွေလျှောက်ပြောနေတယ် မသိပါဘူး ”
” အလုပ်ကောင်းကောင်းရအောင်ဆိုပြီးပညာသင်ကြရော-အလုပ်ကောင်းကောင်းမရတော့
ဘယ်အလုပ်ကိုမှမလုပ်ချင်ကြတော့ဘူး-ဟိုလပ်ရား - ဒီလပ်ရား နဲ့ဖြစ်နေပြီး-လူတေလူလေတွေဖြစ်
ကုန်ပါရော-တိုင်းပြည်လဲဆူကုန်ပါရော၊”
” ဒါတွေကိုနားမည်ဘူး ကိုကိုပြောတဲ့အတိုင်းဘဲထားပါဥိး-ဘုန်းကြိးကျောင်းမှာထားပြီး-နောင်
ဘုန်းကြီးကျောင်းကထွက်တော့ဘာလုပ်စားမတဲ့လဲ ”
” ကိုယ့်သဘောတော့ဘုန်းကြီးကျောင်းမှာစာသင်လိုစာတက်တော့-သင်္ကန်းဝတ်စေချင်တော့
တာဘဲလေ-သင်္ကန်းဝတ်ရင်းနဲ့သာသနာဝန်ထမ်းသွားရင်လဲကောင်းတာဘဲမဟုတ်လား၊သာသနာ့ဝန်
ကိုမထမ်းချင်လို-့တိုင်းရေးပြည်ရေးလိုက်စားသွားမယ်ဆိုရင်လဲ-နောင်ကိုကြီးပွါးဘို့အများကြိးမြင်
တယ်”
” အမိန့်ရှိပါအုံး ”
” မနောက်နဲ့အတည်ပြောတာ-အခုဘဲကြည့်ပါလား-ရဟန်းပျိုတွေဘယ်လောက်တန်ခိုးကြီး
ကြသလဲ-တိုင်းပြည်ခေါင်းဆောင်တွေကိုသူတို့ကြိုးကိုင်နေကြတယ်မဟုတ်လား-အမတ်ချုပ်ကြီးတွေ
နန်းရင်ဝန်ကြီးတွေတောင်သူတို့ကိုဘယ်လောက်ကြောက်ရသလဲ-အခုခောတ်မှာရဟန်းပျိုတွေဒီ
လောက်တန်ခိုးကြိးနေရင်-နောင်မောင်မွေးတို့ခောတ်ကျရင်ဘယ်လောက်တန်ခိုးကြီးမလဲဆိုတာစဉ်း
စားကြည့်ပေတော့-ရှေးတုန်းကတော့ ဘီအေ-အမ်အေ၀တ်လုံဆိုရင်အင်မတန်တန်ခိုးကြီးတယ်
မဟုတ်လား-အခုဘယ်မှာတန်ခိုးကြီးတော့လို့လဲ-နောင်မွေးတို့လက်ထက်ကျရင်အင်္ဂလိပ်စာတက်
တွေအလကားဖြစ်ကုန်မယ်ဆိုတာမှတ်ပါ-ရဟန်းပျိုတွေကအင်္ဂလိပ်စာတက်တွေထက်အဆတရာ
မကတတန်းခိုးကြီးမှာအမှန်ဘဲ-ဒီတော့မောင်မွှေကိုအင်္ဂလိပ်ကျောင်းထားပေမဲ့အကျိုးထူးမှာမဟုတ်
ဘူး-ရှေ့ရေးကိုမြင်မှနေရာကျမယ်-မောင်မွှေးတို့လက်ထက်ကျရင်-ရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်း
သားမင်တိုင်ပင်အမတ်တွေ-ရဟန်းပျိုတင်တဲ့-ဘုန်းကြီးကျောင်းသားဝန်ကြီးချုပ်တွေ-ရဟန်းပျိုတင်
တဲ့ဘုန်းကြိးကျောင်းသား-နန်းရင်းဝန်တွေဖြစ်ချင်ဖြစ်နေမှာ၊မောင်မွှေးဟာ ပထမကြီးတို့ပထမကျော်
တို့အောင်ပြိး-မြန်မာပြည်မှာ ပထမဦးဆုံးရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်းသားနန်းရင်းဝန်ကြီးမဖြစ်
ဘူးလို့ပြောနိုင်မလား”
” တော်ပါတော့ စကားရှည်နေတာနဲ့ ၁၁ နာရီတောင်ထိုးသွားပြိ-သည်လိုမဟုတ်ကဟုတ်က
ဘောက်စကားတွေကိုပြောနေရမယ်ဆိုရင်-မိုးလင်းတာတောင်ဆုံးမှာမဟုတ်ဘူး-သူ့ဘောက်စကား
တွေကိုနားထောင်နေတာနဲ့ဘဲ-၀တ္တုတပုဒ်တောင်ဘတ်လို့မပြီးဘူး-”
ဟုဆိုကာပေါင်ပေါ်တွင်အိပ်နေသော ကလေးကိုချီကာ အိမ်ထဲသို့ဝင်သွားလေတော့သတည်း
သိပ္ပံမောင်ဝ
ဒဂုန်မဂ္ဂဇင်း
စက်တင်ဘာလ ၁၉၃၉ .
အမှတ် ( ၃ ) ရွာ့ကျက်သရေ ကို ဆက်ဖတ်ပါေ
မောင်သုည
ပညာရေး ပညာရေး နဲ့ ပြောနေကြတယ် ( ၁ )
ပညာရေး ပညာရေး နဲ့ လူတွေအတော်တော်များများစကားပြောနေကြတယ်
ပိုက်ဆံတက်နိုင်တဲ့မိသားစုတွေကတော့နိုင်ငံတကာပညာရေးဆိုတာကိုပြောနေကြတယ်
နိုင်ငံတကာပညာရေး ၊ နိုင်ငံတကာပညာရေးအခွင့်အလန်းများ ၊ စသည် စသည်ပေါ့
စင်ကာပူပညာရေးကဘယ်လိုလဲ ၊?
UK ပညာရေးကဘယ်လို့လဲ ၊ ?
Austraila ပညာရေးကဘယ်လိုလဲ ?
ထိုင်းနိုင်ငံပညာရေးကကောဘယ်လိုလဲ ?
သူတို့ဆီမှာပညာသွားသင်ရင်အလုပ်တန်းရမလား၊
ပညာသင်နေစဉ်အလုပ်အလုပ်လုပ်ဘို့ အခွင့်အလမ်းတွေရှိသလား ?
စသဖြင့် လားပေါင်းများစွားနဲ့ မေးမြန်စုံစမ်းကြတာတွေရှိတယ် ၊
ဒီနေအိုင်တီတိုးတက်နေတဲ့ခေတ်ကြီးမှာကိုယ်လိုချင်တာကိုအင်တာနက်မှာအလွယ်တကူရတယ်
အဲဒိမှာရှာပါလို့ပြောရင် အချို့နေရာတွေမှာအင်တာနက်မသုံးနိုင်တာရယ် တချိုကျတော့ကွန်ပြူတာ
တောင်မသုံးနိုင်သေးတဲ့သူတွေအတွက် အခက်အခဲရှိမှာဖြစ်ပါတယ် ၊
ပညာရေး
ပညာရေးဆိုတဲ့အကြောင်းမပြောခင် ပညာဆိုတဲ့ဝေါဟာရကိုအရင်အဓိပါယ်ဖွင့်ဆိုကြည့်ရအောင်
ပညာရေးဆိုတာကို ပညာရှင်တွေက သူ့အမြင်နဲ့ သူ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြ
ပါတယ် ၊
အနောက်တိုင်းဒဿနပညာရှင်ကြီး ristotle(BC 384) ကတော့
ပညာရေးသည် လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးရန် တာဝန်ရှိသည်။
လို့ဖွင့်ဆိုပါတယ် ၊
ပညာရှင် John Dewey(1859-1952) ကတော့
ပညာရေးသည် သင်ကြားခြင်းမဟုတ်။ ကလေးဘာသာသင်ယူတတ်ရန် လေ့ကျင့်ပေးခြင်းသာ ဖြစ်သည်။
လို့ဆိုပါတယ် ၊
ပညာရှင် Bertrand Russel (1872-1970) ကတော့
ပညာရေးသည် ကမ္ဘာကို ဖွင့်လှစ်မည့် သော့တချောင်း ဖြစ်သည်။
လို့ဖွင့်ဆိုပါတယ် ၊
မြန်မာနိုင်ငံက စာပေသမားတချို့ကတော့
ပညာရေးဆိုတာအနာဂတ်လူငယ်လူရွယ်တွေအနေရဲ့ဘ၀ရပ်တည်နိုင်ရေးအတွက်
ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် တယ်လို့ ဆိုပါတယ် ၊
ဒီလို အမျိုးမျိုး ရှုမြင်ကြတာတွေဟာ သူ့အမြင်သူတိုင်းအတာနဲ့တော့မှန်မယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်
ကဲအခု ပညာရေးနဲပတ်သက်လို့ ကျွန်တော်ရှာဖွေတွေ့ရှိသလောက် အဓိပါယ်ဖွင့်ဆိုကြည်ရအောင်၊
ပညာ ဆိုတာ
အသိ ၊ ဥာဏ် ( အမှားအမှန်ကို ဝေဖန်ပိုင်းခြား တက်တဲ့ ဥာဏ်
အကောင်းအဆိုး အကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားတက်တဲ့ဥာဏ် )
ကိုပညာလို့ခေါ်ပါတယ် ၊
အတက်ပညာ
အတက်ပညာဆိုတာကတော့ အမျိုးအစား အမျိုးမျိုးရှိပါတယ် ၊ ဘာသာရပ်ဆိုင်ရာပညာရပ်များ ၊ဆရာဝန်ပညာ၊အင်ဂျင်နီယာပညာ၊စာရင်းကိုင်စတဲ့ပညာရပ်
ရပ်များနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းအတက်ပညာများဖြစ်တဲ့ မော်တော်ကားပြင်
တာ၊ ကားမောင်းတာ၊စက်ချုပ်တာ ၊ လယ်ထွန်တာ၊ရက်ကန်းရက်တာ ပန်းချိပန်းပု စတဲ့လက်မှု
အတက်ပညာအမျိုးမျိုးရှိပါတယ် ၊
အသိပညာ
အသိပညာဆိုတာကတော့ ပညာရပ်တခု ၊ဘာသာရပ်တခုကို ဦးဏှောက်နဲ့အသိဥာဏ်
ကိုအသုံးပြုပြီး စဉ်းစားတွေးခေါ်ြုပီး အဖြေရှာတည်ဆောက်နိုင်တဲ့ လုပ်ငန်းမျိုး၊ စာရေးဆရာ၊
ဥပဒေပညာရှင်၊အတွေးအခ်ါပညာရှင်များ
ယျေဘုံယျအနေနဲ့ပြောရရင်တော့ ကိုယ်ကာယကိုအသုံးပြုပြိးလုပ်ကိုင်ရတဲ့ပညာရပ်မျိုး နဲ့
ဦးဏှောက်နဲ့ဥာဏ်ရည်ကိုအသုံးပြုပြီးလုပ်ကိုင်တဲ့ပညာရပ်မျိုးလို့ဆိုရမှာဖြစ်ပါတယ် ၊
ဒီလုပ်ငန်း ပညာရပ် ဘာသာရပ် ၂ ခုစလုံးမှာ အသိဥာဏ် ဆိုတဲ့ပညာဟာပါနေတယ်ဆိုတာ
ကိုတော့ သတိ ပြုရမှာဖြစ်ပါတယ် ၊
စာ
စာဆိုတာကတော့ အထက်ပြောခဲ့တဲ့ အတက်ပညာများ ၊ အသိပညာများ
ကိုတက်မြောက်အောင် သင်ယူတဲ့နေရာမှာအသုံးပြုတဲ့ ပစ္စည်းကရိယာတခုဖြစ်ပါ
တယ် ၊
ကျောင်းဆိုတာကတော့
အထက်ပြောခဲ့တဲ့ အတက်ပညာများ ၊ အသိပညာများကိုတက်မြောက်အောင်သင်ယူတဲ့နေရာ
မှာ စာဆိုတဲ့ ကိရယာကို သင်ရိုးများ ပြုစုပြီး စံနစ်တကျ အချိန်ဇယား ၊ သပ်မှတ်ပြီး သင်ကြား
ပို့ချပေးတဲ့နေရာဌာနတခုဖြစ်ပါတယ် ၊ ခောတ်မှ နည်းပညာများပေါ်ပေါက်လာတဲ့အခုလိုခောတ်
မှာ တော့ နေရာဌာနသတ်မှတ်ပြီး သင်တာထက် အဝေးသင် စံနစ် အင်တာနက် နဲ အွန်လိုင်းနဲ့
သင်ကြားခြင်း လေ့လာခြင်းများပြုလုပ်နိုင်တဲ့အတွက် ကျောင်းဆိုတာကို အဓီပါယ်ဖွင့်ဆိုမှုပြောင်း
လဲလာနိုင်ပါတယ် ၊
ဘာဖြစ်လို့ကျွန်တော် ဒီလိုပြောရသလဲဆိုတော့ အတက်ပညာတခုခုကို
သင်ယူတဲ့နေရာမှာ စာမတက်ပေမဲ့လဲသင်ယူလို့ရတယ်၊ ဥပမာ ၊ နားနဲ့နားထောင်
ရင်းနဲ့လဲ ဒီအသိတရားတခုခု ကို ရနိုင်တယ် ၊ တက်နိင်တယ် ၊ နောက် မျက်စိနဲ့
ကြည့်ရုံနဲ့လဲ့အတက်ပညာ တခုခုကို အသိပညာတခုခုကို တက်သွားနိုင်တယ် ၊သိ
သွားနိုင်တယ် ဒါကြောင့် ပညာဆိုတာ အသိဥာဏ် ထိုးထွင်းသိမြင်တဲ့ပညာ အကောင်း
အဆိုးအကြာင်းအကျိုးကိုဝေဖန်ကပိုင်းခြားတက်တဲ့ ပညာလို့ဆိုခဲ့တာဖြစ်ပါတယ် ၊
စာပေဆိုတာမပေါ်ပေါက်သေးတဲ့အချိန်တုန်းကဆိုရင်ပညာတခုကိုဘယ်လိုသင်ယူ
တက်မြောက်ကြသလဲ အမြင်နဲ့ အကြားနဲ့ သင်ယူတက်မြောက်ခဲ့ကြတာဖြစ်ပါတယ် ၊
စာပေပေါ်ပေါက်လာပြီးတဲ့နောက်မှာမှဘာသာရပ်တခုကို စံနစ်တကျသင်ယူနိုင်ဘို့အတွက်
အစီအစဉ်များ( သင်ရိုးများ) ချမှတ်ရေးဆွဲပြီး သင်ယူတဲ့အလေ့အကျင့်ကို၊ စံနစ်ကိုတီထွင်အ
သုံးပြုလာကြတာဖြစ်ပါတယ် ၊
ကျောင်းဆိုတာ အဲဒီ စာပေများ မှတ်တမ်းများ ကို ကြည့်ပြိး သင်ယူခြင်း သင်ပေးခြင်း
စံနစ် ကိုပြုလုပ်ပေးတဲ့နေရာဌာနတခုဖြစ်ပါတယ် ၊
ဒါတွေကတော့ ပညာရေး ဆိုတာနဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုတာတာတွေပါ
ကဲ ကျွန်တော်ပြောချင်တာကို ဆက်ကြပါစို့
ပညာသင်တယ် ကျောင်းထားတယ်ဆိုတာ ဘ၀ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းတခုခု
လုပ်ပြီး ထမင်းစားဘို့ဘဲ အဟုတ်လား
ဟို တုန်းက ၈ တန်း ကို Premetric လို့ခေါ်တယ် ၉ တန်းမရှိဘူး ၈ တန်းအောင်ရင် ၁၀ တန်းတက်လို့ရမယ် ၊
၁၀ တန်းအောင်ရင်တော့ တက္ကသိုလ်ဆက်တက်ပေါ့ ၊ ကျောင်းဆက်
မတက်ချင်ဘူး မတက်နိုင်ဘူးဆိုရင် အလုပ်ဝင်လုပ်လို့ရတယ် ၈ တန်းးအောင်ရင်
အောက်တန်းစာရေးလျှောက်လို့ရတယ် ၊
နောက်တော့ အစိုးရက ပညာရေးစံနစ်ပြောင်းတယ် ၉ တန်းထားမယ် ဆိုပြိး လုပ်လာ
တယ် ၊ အဲဒီတော့ ၉ တန်းအောင်မှ ၁၀ တန်း ( တက္ကသိုလ်ဝင်တန်း ဆိုပြီး ) ရောက်မယ်
၉ တန်းအောင်မှ တက္ကသိုလ်ပညာဆက်တက်ချင်တဲ့သူတွေက တက် မတက်နိုင်တဲ့သူ
က အလုပ်ဝင်လုပ်မယ်ဆိုရင် ရတယ် ဒီတော့ အောက်တန်းစရေး ၀င်လုပ်မယ်ဆိုင်တောင်
၉ တန်းအောင်ရမယ် ဖြစ်လာတယ် ၊ နိဂုံးချုပ်လိုက်တော့ အလုပ် လုပ်ချင်တဲ့သူ က ပိုပြီး တနှစ်
ကြာ သွားတယ် ဒါဘဲ ( အဲဒါကို ဦးကျော်ရင် ကဘာပြောသလဲဆိုတော့ သူက ဒီလိုပြောင်းတာကို
လက်မခံဘူး အရေးကြီးတာက မြန်မြန်အလုပ်ရပြိး ထမင်းစားရဘို့ ဘဲ မဟုတ်လာတဲ့ ဘာဖြစ်လို့
အချိန် ဆွဲမှာလဲတဲ့ )
ဒါကြောင့် ပညာရေးဆိုတာကို
ကျွန်တော်က မိသားစုတိုင်းကသားသမီးတယောက်မွေးလာရင် မဖြစ်မနေပြုလုပ်ကြရတဲ့
ရေရှည်ရင်းနှီးမြုပ်နှံရတဲ့စီးပွါးရေးလုပ်ငန်းတခုဘဲလို့ဆိုချင်တယ်
တက်နိုင်သူတွေကတက်နိုင်သလို ဆ၇ာဝန်တို့အင်္ဂျင်နီယာ တို့ ပညာရပ်တွေမှာရင်းနှိီးမယ် ၊
မတက်နိုင်သူတွေကဘာဘွဲ့ဘဲရရ ၊ ဘွဲ့တခုရရင်ပြီးရော လူတောထဲဝင်ဆန့်တယ် ၊
အလုပ်ခန့်မဲ့နေရာတွေကလဲအနဲဆုံးတော့ ဘွဲ့တခုတခုရမှဆိုတော့ ဘွဲ့ရဘို့အဓိကထားပြိး
ပညာသင်ကြတယ်၊ကျောင်းတက်ကြတယ်ပေါံ့။
မတက်နိုင်တဲ့သူတွေကတော့ သေစာရှင်စာဘတ်တက်ရင်တော်ပါပြီးမူလတန်းအလယ်တန်း
လောက်ဘဲသင်ပြီး၊ရရာအလုပ်ကလေးတွေနဲ့မိသားစုစီးပွါေးရးပြဿနာကိုဖြေရှင်းနေကြရတာ
လဲရှိတယ်၊သူတို့အတွက်ကတော့မတက်နိုင်လို့ရေတိုရင်းနှီးလိုက်ရတဲ့လုပ်ငန်းပေါ့
ပညာရေးနဲ့ပတ်သက်လို သိပ္ပံမောင်ဝရေးထားတဲ့
ကျောင်းထားရေး
ဆိုတဲ့ဆောင်းပါး နဲ့
ရွာ့ကျက်သရေ
ဆိုတဲ့ဆောင်းပါ နှစ်ပုဒ်ကို တင်ပြလိုက်ပါတယ်
မောင်သုည တို့ ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ သိပ္ပံမောင်ဝ ၀တ္တုဆောင်းပါးများထဲက ပါ
ဘတ်ကြည့်ပြီး ပညာရေး ဆိုတာ ဘာလဲ ကျောင်းထားတယ်ဆိုတာဘာလဲ ဟိုတုန်းက မြန်မာနိုင်ငံပညာ ရေးစံနစ်ဆိုတာတွေကို သိမြင်ရမှာဖြစ်ပါတယ်
ဘတ်ကြည့်ဘို့ တင်ပြလိုက်ပါတယ် ၊
အမှတ် ( ၂ ) ကိုဆက်ပါ
မောင်သုည
Wednesday, January 25, 2012
"ကလေးစာပေ ပေါများပါစေ..."
ကျနော်ဟာ အချိန်ရရင်ရသလို စာကြည့်တိုက်ကိုသွားလေ့ရှိတယ်။
စာကြည့်တိုက်မှာ နေရတာကိုပျော်တယ်။စာအုပ်တွေကိုကြည့်ရတာကိုပျော်တယ်။
စာဖတ်ရတာကိုပျော်တယ်။ကွန်ပျူတာနှိပ်ရတာကိုပျော်တယ်။
စာကြည့်တိုက်မှာ ကလေးလေးတွေ လှုပ်ရှားနေတာကိုကြည့်ရတာပျော်တယ်။
ပြီးတော့ စာကြည့်တိုက်မှာ ငွေမကုန်ဘူး။
စာကြည့်တိုက်မှာ အချိန်ကိုအသုံးပြုရတာ ကျေနပ်တယ်။
ဒါကြောင့် အချိန်ရတိုင်း စာကြည့်တိုက်ကိုသွားတယ်။
တစ်နေ့မှာ ကလေးစာကြည့်တိုက်ကိုရောက်တယ်။
ကလေးစာကြည့်တိုက်ဟာ လူကြီးစာကြည့်တိုက်နဲ့ကပ်ရက်အခန်းပါ။
သီးသန့်မဟုတ်ပါဘူး။
ကလေးစာကြည့်တိုက်ထဲမှာ ကလေးစာပေတွေအမြောက်အများရှိနေတယ်။
ကွန်ပျူတာရှိနေတယ်။ကွန်ပျူတာကို ကြိုက်သလိုအသုံးပြုနိုင်တယ်။
လွတ်လွတ်လပ်လပ်လွှတ်ပေးထားတယ်။
ကစားစရာတွေထားပေးထားတယ်။ကြိုက်သလိုကစားနိုင်တယ်။
ကလေးထိုင်ခုံတွေအများကြီးထားပေးထားတယ်။
တစ်နေရာမှာ ယောက်ျားကလေးတစ်ယောက်က
အရုပ်တွေအများကြီးပါတဲ့စာအုပ်တစ်အုပ်ကိုယူလာပြီး သူ့အဖေကိုရှင်းပြခိုင်းတယ်။
အဲဒီကလေးက ငါးနှစ်အရွယ်ပတ်ဝန်းကျင်လောက်ရှိမယ်ထင်ပါတယ်။
သူ့အဖေက “ဝက်ဝံရုပ်ကလေးနဲ့ကျမ” စာအုပ်ကို စိတ်ရှည်လက်ရှည်ရှင်းပြနေလေရဲ့။
ကလေးလေးက မေးလေးထောက်ပြီးနားထောင်နေပါတယ်။
တစ်ခါတစ်လေ သူသိချင်တာကို မေးတတ်တယ်။
သူ့အဖေကလည်း မေးလေတိုင်းရှင်းပြတယ်။ပြီးတော့စာအုပ်ကိုဆက်ဖတ်ပြတယ်။
ဒီမြင်ကွင်းဟာ စာအုပ်ကောင်းတစ်အုပ်ကိုအေးအေးဆေးဆေးဖတ်လို့ရတဲ့အရသာလိုပါပဲ။
မိဘတွေက သားသမီးတွေကို စာဖတ်ဝါသနာပါအောင်ပြုစုပျိုးထောင်နေတယ်လို့ခံစားရတယ်။
အော်…ငါတို့မြန်မာကလေးတိုင်းဟာ
ဒီအခွင့်အရေးတွေရရင်ဘယ်လောက်ကောင်းလိုက်လေမလဲလို့လည်းတွေးမိပါတယ်။
++++++++++++++++++
My Bear and Me…
(by Barbara Maitland)
(Pictures by Lisa Flather)
My Bear.
He’s with me when I’m up, and he’s with me when I’m down.
He’s with me when it rains, and he’s with me when the sun shines.
I’m never lonely when I’m with my Bear.
We sing together, we swing together, we walk together, we talk together.
We ride together. We even slide together!
When we’re hungry, we eat, and when we’re thirsty, we drink.
When we’re sleepy, we nap.
But…you’d better watch out when we’re awake!
Ready or not, here we come.
It’s my Bear and me.
And at bedtime when the lights go out, and the door is almost closed, and I’m a little scared…
…My Bear is there, safe and warm.
My Bear loves me and I love my Bear.
ဈေးနှုန်း $12.95 US
ဖတ်ရမယ့်အရွယ်-၃နှစ်ကနေ ၇နှစ်။
++++++++++++++++++
ဘာသာပြန်…
"ဝက်ဝံရုပ်ကလေးနဲ့ကျမ..."
ကျမရဲ့ဝက်ဝံရုပ်ကလေး
ကျမ အပေါ်တက်ရပ်ချိန်မှာ သူဟာ ကျမနဲ့အတူရှိနေတယ်။
ကျမ ပြုတ်ကျချိန်မှာလည်း သူဟာ ကျမနဲ့အတူရှိနေတယ်။
မိုးရွာရွာ၊နေပူပူ သူဟာ ကျမနဲ့အတူတူပါပဲ။
ကျမနဲ့ဝက်ဝံရုပ်ကလေးတို့ဟာအတူတူရှိချိန်မှာ ကျမဟာ ဘယ်တော့မှ အထီးကျန်မဖြစ်ပါဘူး။
ကျမတို့ဟာ သီချင်းဆိုလည်း အတူတူဖြစ်သလို ဒန်းစီးလည်းအတူတူပါပဲ။
ကျမတို့ဟာ လမ်းလျှောက်အတူတူ၊ စကားပြောအတူတူပါပဲ။
ကျမတို့ဟာ ကားစီးလည်းအတူတူ၊ လျှောစီးတာတောင်မှ အတူတူပါပဲ။
ကျမတို့ဟာ ဆာလောင်အခါ စားတယ်။
ရေငတ်အခါမှာ ရေသောက်တယ်။
ကျမတို့အိပ်ချင်လာတဲ့အချိန်မှာလည်းတစ်ရေးတစ်မောအိပ်လိုက်ကြတာပဲ။
ဒါပေမယ့် ကျမတို့နှိုးလာချိန်မှာ သင်ကောင်းကောင်းမွန်မွန် စောင့်ကြည့်နေလားဟင်။
အဆင့်သင့်ဖြစ်ဖြစ်၊မဖြစ်ဖြစ်
ကျမတို့အဲဒီနေရာကိုလာပြီ။
ကျမနဲ့ကျမရဲ့ဝက်ဝံလေးလေ။
အလင်းရောင်တွေကွယ်ပျောက်သွားချိန်မှာတော့ အိပ်ချိန်ရောက်ပြီပေါ့။
တံခါးတွေအားလုံးပိတ်သွားချိန်မှာတော့ ကျမနည်းနည်းကြောက်တယ်။
ကျမရဲ့ဝက်ဝံလေးရှိနေရင်တော့ ကျမလုံခြုံပြီးနွေးထွေးလှပါတယ်။
ဝက်ဝံလေးက ကျမကိုချစ်သလို ကျမကလည်း ဝက်ဝံလေးကိုချစ်တယ်။
++++++++++++++++++
“ဝက်ဝံရုပ်ကလေးနဲ့ကျမ”စာအုပ်ဟာ ကပ်ထူဖုံးနဲ့ပါ။
စာတွေကနည်းနည်း၊အရုပ်ကများများ။
စာထဲပါတဲ့အဓိပ္ပာယ်ကိုပိုပြီးထင်ရှားပေါ်လွင်စေတဲ့ရုပ်ပုံတွေနဲ့ပါ။
စာအုပ်ကလည်းစိတ်ဝင်စားစရာ၊
ရုပ်ပုံတွေကလည်း စိတ်ဝင်စားစရာ၊
စာသားတွေကလည်းစိတ်ဝင်စားစရာပါ။
အကောင်းဆုံးအသက်အရွယ်က အသက်၃-နှစ်အရွယ်ကနေ ၇-နှစ်အရွယ်
ကလေးတွေအတွက်လေ့လာဖို့၊ဖတ်ဖို့စာအုပ်မှာရေးထားပါတယ်။
စာအုပ်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ( ၁၂.၉၅)ဖြစ်ပါတယ်။
++++++++++++++++++
Sunday, January 15, 2012
လူငယ်၊ ပညာရေးနှင့် အနာဂါတ်မြန်မာနိုင်ငံ
စက္ကန့်နဲ့အမျှ တိုးတက်နေ့သော ယနေ့ အီလက်ထရောနစ် နည်းပညာ ခေတ်ကြီးမှာ လူသားတွေရဲ့ တွေးခေါ်ကြံဆ အကောင်ထည်ဖော်မှုတွေကို လူသားတွေကိုယ်တိုင် လိုက်လို့မမှီနိုင်ဖြစ်နေပါပြီ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ သာမန်နိုင်ငံများအနေဖြင့် ကြွယ်ဝချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့ရာ ရှေ့တွင်ရှိသော ထိုနိုင်ငံကြီးများကို ကျော်တက်ရန်ဆိုသည်မှာ တတိယအဆင့်၊ ဒုတိယ စဉ်းစားရမည်မှာ အမှီလိုက်ဖို့နှင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ ကွာဟနေသော ခြေလှမ်းများကို ဒီထက်ပိုမကွာသွားအောင်နှင့် ကွာဟနေသော ခြေလှမ်းများကို တဖြည်းဖြည်းခြင်း အရေအတွက် နည်းအောင် ကြိုးစားရပေမည်။ ဤသို့ ကြိုးစားရန်မှာ ယနေ့မြန်မာလူငယ်အားလုံးမှာ တာဝန်ရှိပေသည်။ နောင် ၁၀ နှစ်မှာ ကွာဟနေမည့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မြန်မာနိုင်ငံကြားတွင် ရှိသော ခြေလှန်းအရေအတွက်သည် ယနေ့ မြန်မာလူငယ်များအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့်အတိုင်းပင် ကျနော်တို့နိုင်ငံအနေနှင့် ခြေလှန်းပေါင်းများစွာ နောက်ကျနေရာ အမှီလိုက်ရန်အတွက် သူများ ခြေတစ်လှမ်း လှမ်းချိန်မှာ ကျနော်တို့အနေနဲ့ ၃-၄ လှမ်း လှမ်းနိုင်ဖို့ လိုသည်။ ၃-၄ လှမ်း မလှမ်းနိုင်သေးလျှင်လည်း သူများ တစ်လှမ်း လှမ်းချိန်မှာ သူများထက် နဲနဲ ပိုကျယ်တဲ့ ခြေလှမ်း တစ်ခုတော့ အနိမ့်ဆုံးအဆင့် လှမ်းနိုင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အချို့က မလှမ်းနိုင် လှမ်းနိုင်ဖြင့် ခြေတစ်လှမ်းချင်းကို လိမ်ဖယ်လိမ်ဖယ် လှမ်းနေမည်၊ လှမ်းနိုင်တဲ့သူတွေက ခိုကပ်နေမည် (သို့) သူတပါးနိုင်ငံရဲ့ ခြေလှမ်းတွေကို တွန်းအားပေးတဲ့ သံခွာဖြစ်နေမည် ဆိုလျှင်တော့ နောင် ၁၀ နှစ်လည်း မြန်မာနိုင်ငံကြီးမှာ ထူးထူးခြားခြား ရှေ့တိုးသွားမည် မဟုတ်ပေ။
ပထမဆုံးနှင့် အခြေခံအကျဆုံး တည်ဆောက်မှုမှာ တစ်ဦးချင်းစီ၏ ပညာအရည်အချင်း (အသိပညာရော၊ အတတ်ပညာပါ) မြှင့်တင်ရန်၊ ခံယူချက်မြင့်မားရန်နှင့်၊ မျိုးချစ်စိတ်ရှိရန်ဖြစ်သည် (မျိုးချစ်စိတ် ဆိုခြင်းထက် နိုင်ငံတော်ကို ချစ်သည့်စိတ်ဆိုလျှင် ပိုမှန်မည်)။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အဆင့်မှီ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်ရေးသာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအားလုံးကို ပညာရေးဖြင့် တည်ဆောက်နိုင်ပေသည်။ ပညာမတတ်သေးသောသူများကို ပညာသင်ရန် နားလည်အောင်ပြောပြဖို့လိုအပ်သလို၊ ပညာတတ်ပြီးသား လူငယ်များကလည်း ဆထက်တပိုး ပိုတတ်အောင်ကြိုးစားရန် နှင့် မိမိတတ်ထားသော ပညာဖြင့် နိုင်ငံတော်အတွက် အထောက်အကူပေးရန် လိုအပ်သည်။ နိုင်ငံတော် အတွက် ပညာတတ်ပြီး တစ်စုံတစ်ရာ ဘာမှလုပ်မပေးနိုင်သည့် နိုင်ငံသား မှာ ပညာမတတ်သည့် နိုင်ငံသားတစ်ဦးနှင် နှင့် နိုင်ငံအပေါ် အကျိုးပြုမှု အတိုင်းအတာ အတူတူပင်ဖြစ်သည်။
ယနေ့ခေတ် မြန်မာနိုင်ငံ ပညာရေးနှင့် ပက်သက်ပြီး http://www.mee-pya-tite.com/2009/08/blog-post.html မှာ ကျနော် ရေးသားခဲ့ပြီးဖြစ်သည်။ တောထဲတောင်ထဲမှာ နေသူထက် ရွာထဲမှာနေသူက အသိစိတ်၊ အသိပညာ ပိုရှိသည်။ ရွာမှာနေသူထက် မြို့မှာနေသူက ပိုသာ သလို မြို့ထဲမှာမှ မြို့ကြီးများမှာနေသူများက မြို့နှင့်ချီသော အတွေးများ၊ နိုင်ငံနှင့် ချီသော အတွေးများ တွေးတတ်လာသည်။ ထိုထက်မက နိုင်ငံခြားရောက် လူငယ် ပညာတတ်များက ကမ္ဘာနှင့်ချီပြီး တွေးတတ်၊ မြင်တတ်လာသည်။ ကိုယ့်နိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို သိမြင်လာပြီး အားနည်းချက်များကို မိမိတို့ တက်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်။ မိမိရောက်ရှိနေသောနိုင်ငံ၏ အားသာချက်များ၊ အတုယူစရာများကို မှတ်သားပြီး ကိုယ့်နိုင်ငံသူ နိုင်ငံသားများကို အတုယူဖို့ ပြောပြသင့်သည်။ မိမိတတ်ကျွမ်းသော ပညာဖြင့် မိမိနိုင်ငံတော်ကို ရှေ့ရောက်အောင် တွန်းပို့ရပေမည်။ ”နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်” ဟူသော အသိထက် ” နိုင်ငံတော်အတွက် ငါသည် နှမ်းတစ်စေ့ဖြစ်ရမည်” ဟူသော အသိက ပိုအရေးကြီးသည်။
ကျနော်တို့နိုင်ငံ ခြေလှမ်းအချို့နောက်ကျခဲ့ခြင်းမှာ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်မဟုတ်ပဲ သူများ လှမ်းနေချိန်မှာ မလှမ်းပဲ ရပ်နေခဲ့ခြင်းကြောင်းသာ ဖြစ်ကြောင်းကို နိုင်ငံခြားမှာသာမက နိုင်ငံတွင်းမှာ ရှိသော ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားမှာ မြန်မာတစ်ယောက် အရမ်းထူးချွန်သည့် အခါတိုင်းလည်း မောင်ဖြူ တော်သည်၊ မဖြူ တော်သည် ဟု မည်သူမျှမပြောပဲ မြန်မာတွေ တော်ကြတယ် ဟူ၍သာ သိကြသည်။ မောင်ဖြူ စာရိတ္တကောင်းလျှင်လည်း မြန်မာတွေ အကျင့်ကောင်းတယ်၊ အလုပ်ကြိုးစားလျှင်လည်း မြန်မာတွေ ခိုင်းလို့ကောင်းတယ် ဟူ၍ အသိမှတ်ပြုကြသည်။ ထိုသို့ပင် မဖြူ ညံ့ရင်သော်လည်းကောင်း၊ ကလိမ်ကကျစ်ကျလျှင်သော်လည်းကောင်း၊ ခေတ်ကို ခုတုံးလုပ်ပြီး အပျော်အပါး မက်မောလျှင်သော်လည်းကောင်း၊ ငွေကြေးနောက်ကိုလိုက်ပြီး ကြေးစားမယားတစ်ပိုင်း လုပ်လျှင်လည်းပဲ မြန်မာဆိုတာ ဒါမျိုးပါလား ဟူသော အသိသာ နိုင်ငံခြားသားတို့ ရရှိသွားကြပေမည်။
အရာရာတိုင်းမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေသောကြောင့် အကောင်းတွေကို တံခါးဖွင့်လိုက်သည်နှင့် အဆိုးတွေကိုပါ ခေါ်ပြီးသား ဖြစ်နေတတ်တာ ထုံးစံဖြစ်သည်။ အရေးကြီးသည်မှာ ရှေ့သို့တွန်းသော ခြေလှမ်းအရေအတွက်က နောက်ကိုပြန်ဆွဲနေသော ခြေလှမ်း၊ ဘေးတိုက်ဆွဲနေသောခြေလှမ်း၊ လုံးဝ မတွန်းသောခြေလှမ်းနှင့် တွန်းသလိုလိုနှင့် ခိုစီးလိုက်ပါနေသော ခြေလှန်းအားလုံး၏ အရေအတွက်ထက် များနိုင်ပါမှ တစ်လှမ်းဆိုလျှင် တစ်လှမ်း သိသိသာသာ ရှေ့သို့ ရွေ့နိုင်လိမ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ခြေလှမ်းများစွာ နောက်ကျရခြင်းမှာ ခြေထောက် တစ်ချောင်းတည်း ရှိသောကြောင့်လား၊ ခြေရာကောက်ရင်း ခြေရာပျောက်ခဲ့လို့လား၊ စောသေးလို့အကြောပေးခဲ့တာကြောင့်လား၊ တင်းတိမ်ရောင့်ရဲခြင်းကြောင့် နောက်တစ်လှမ်းကို ဆက်မလှမ်းခဲ့တာလား အဖြေအတိအကျသိရဖို့ထက် အဖြေရှာရင်း ခြေလှမ်းတွေ ထပ်ပြီးမကွာစေဖို့ သတိပြုရပေမည်။ ရှေ့နိုင်ငံတွေ လှမ်းသွားသော ခြေလှမ်းများကို လိုက်ရှာရမည်၊ ခြေရာကောက်မိလျှင် မည်သို့လှမ်းသွားကြောင်း သိရအောင် လေ့လာရမည်၊ လေ့လာပြီးနောက် ထိုခြေလှမ်းထက်သာအောင် မည်သို့လှမ်းရမည် ဆိုသည်ကို စဉ်းစားရမည်။ ထို့နောက် ထိုခြေလှမ်းအတိုင်း (သို့) ထိုခြေလှမ်းထက်သာအောင် လိုက်လှမ်းနိုင်အောင် ကြိုးစားရမည်။
ဥပမာ- ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ သုံးတဲ့ နည်းပညာ စနစ်တစ်ခုကို
  • အဆင့် ၁။ System ကို သုံးကြည့်ရမည်၊
  • အဆင့် ၂။ မည်သို့လုပ်ခဲ့ကြောင်း သိအောင် လေ့လာရမည်၊
  • အဆင့် ၃။ ပြုပြင်တတ်အောင် လေ့လာရမည်၊
  • အဆင့် ၄။ ထို System နှင့် တစ်ပုံစံတည်း ပြည်တွင်းမှာ ကိုယ့်အားကိုယ်ကိုး (သို့) ပြည်ပ အကူညီနှင့် လုပ်နိုင်အောင် ကြိုးစားရမည်။ ပြုလုပ်ရမည်။
  • အဆင့် ၅။ မူလ System ထက် သာလွန်သော System တစ်ခု၊ မြန်မာနိုင်ငံ အနေအထား၊ ရာသီဥတုနှင့် လိုက်ဖက်အသုံးဝင်သော System တစ်ခု ကို အကောင်ထည်ဖော်ရန် ကြိုးစားရမည်။ အကောင်ထည်ဖော် ရမည်။
  • အဆင့် ၆။ နိုင်ငံခြား သိပ္ပံပညာရှင်တို့ Research လုပ်နေသော System များ နှင့် Idea များ ကို လေ့လာရမည်။
  • အဆင့် ၇။ ထို Research နှင့် Idea များကို ကိုယ့်နိုင်ငံသားအချင်းချင်း ဖြန့်ဝေရမည်။ စိတ်ဝင်စားလာအောင် နှိုးဆော်ရမည်။ အတွေးတွေကို ရယူရမည်။
  • အဆင့် ၈။ ထို Research နှင့် Idea များကို ဖြစ်နိုင်ကြောင်း (သို့) မဖြစ်နိုင်ကြောင်း မိမိတို့က ဦးစွာ သက်သေပြနိုင်အောင် ကြိုးစားရမည်။
  • အဆင့် ၉။ အကောင်ထည်ဖော်ရမည်။ ဖြစ်သည်။
http://www.mee-pya-tite.com/