Showing posts with label အချစ် ၊ ရသ ၊ သုတ. Show all posts
Showing posts with label အချစ် ၊ ရသ ၊ သုတ. Show all posts

Sunday, March 11, 2012

တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို ဒီအချက်ကလေးတွေကြည့်ပြီးသိနိုင်ပါတယ် ..........


၁။ ဘယ်လောက်ပဲအိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှာ သူ့အကြောင်းကိုစဉ်းစားမိတယ်ဆိုရင် သေချာပါတယ်… သူ့ကိုချစ်မိသွားလို့ပါပဲ။

၂။ အားနေတဲ့အချိန်လေးတွေမှာ တောင် သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာတယ်ဆိုရင် လည်းသေချာပါတယ်…. သူ့ကိုချစ်မိသွားလို့ပါပဲ။

၃။ သူနဲ့ပါတ်သတ်သမျှ အကြောင်းအရာ လေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက် အလေးထားပေးတယ်ဆိုရင်လဲ သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

Thursday, March 1, 2012

အချစ်ဆိုတာ

အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ ခါးသက်သွားတယ်။


အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။



အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။

Monday, February 27, 2012

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ(25)



မှန် မမှန် တော့မသိဘူး၊ ကိုယ်ဘာသာကိုယ် သေချာဆုံးဖြတ်နိုင်ပါစေ။
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ



1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်

2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်

အချစ်ကိုတပ်ဆင်ခြင်း




အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်--------"နှလုံးသားမ
ှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြ
ီလား ။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို

သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို

ရှာတွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါ
ပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ
တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ
ရှိနိုင်လား။"

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ............



1.      အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)
အချစ်ဆိုသောအရာဟာ အချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်းဖန်တီးပေးပါလိမ့်မယ်….

အကြမ်းတမ်းဆုံးသော ပူဆွေးမှုကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါလိမ့်မယ်…….



2.       ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)

ဒါကတော့ နတ္တိ အတ္တသမံ ပေမံ ဆိုတဲ့ ဘုရားဟောနဲ့တထပ်တည်းပဲ……

သတ္တ၀ါတွေအားလုံးဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးပါ………

Saturday, February 18, 2012

အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation



လူငယ်တွေအတွက် ခိုင်မြဲတဲ့ အချစ်မျိုးရနိုင်မလား၊ ဘယ်လိုအချစ်က လက်တွဲမဖြုတ်မဲ့အချစ်မျိုးလည်း၊ ရေရှည်လက်တွဲဖို့ဘာတွေလိုမလဲဆိုတာလေးတွေရေးပေးထားတာပါ။ အချစ်နဲ့ အဆင်ပြေနေကြတဲ့သူငယ်ချင်းတွေကော၊ အချစ်ခါးခါးနဲ့ ကြုံနေရတဲ့သူငယ်ချင်းတွေအတွက်ကော၊ အချစ်ကို ရှာဖွေနေဆဲ အင်ဒီယာနာဂျုန်းလို သူငယ်ချင်းတွေအတွက်ကော ရည်ရွယ်ပြီး ဒီပို့စ်လေးကို ဘာသာပြန်လိုက်ပါတယ်။

ဒါအချစ်တဲ့လား …

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။ တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှုတွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင်ဖြစ်ရတတ်ပါသတဲ့။

Friday, January 20, 2012

အချစ် ! အချစ် ! အချစ် !



(၁)
လူတစ်ယောက်ကို ဗွေမယူတာလွယ်ပေမယ့် လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို စွန့်လွှတ်တာလွယ်ပေမယ့် လူတစ်ယောက်ကို မေ့ဖို့ရာခက်တယ်။
လူတစ်ယောက်ကို နှစ်သက်တာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်ချစ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ယုံကြည်တာလွယ်ပေမယ့် လူတစ်ယောက်ကို စိတ်ချလက်ချ ယုံကြည်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ခင်မင်တာလွယ်ပေမယ့် လူတစ်ယောက်ကို နားလည်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို အဖော်ပြုတာလွယ်ပေမယ့် လူတစ်ယောက်ကို ရိုးမြေကျ အဖော်ပြုဖို့ရာခက်တယ်။
လူတစ်ယောက်ကို ရွေးချယ်တာလွယ်ပေမယ့် လူတစ်ယောက်ကို ရွေးယူဖို့ရာခက်တယ်။
လူတစ်ယောက်ကို လေ့လာကြည်ရှုတာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်နားလည်ခံစားပေးဖို့ရာ ခက်တယ်။
လူတစ်ယောက်ကို ဟန်ဆောင်ဖုံးကွယ်တာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်မေ့ပျောက်ဖို့ရာ ခက်တယ်။

(၂)
လူ့ဘဝဒီတစ်သက်......
ပျော်ရွှင်ခြင်း တခဏရှိမယ်
ဝမ်းနည်းခြင်း တခဏရှိမယ်
တွေ့ဆုံခြင်း တခဏရှိမယ်
ခွဲခွာခြင်း တခဏရှိမယ်
နုပျိုခြင်း တခဏရှိမယ်
လှပခြင်း တခဏရှိမယ်
ကလေးဆန်ခြင်း တခဏရှိမယ်
ရင့်ကျက်ခြင်း တခဏရှိမယ်
စိတ်ရှုပ်ခြင်း တခဏရှိမယ်
နာကျင်ခြင်း တခဏရှိမယ်
ချမ်းမြေ့ခြင်း တခဏရှိမယ်
လောကဓံအနိမ့်အမြင့် တခဏရှိမယ်
ဘယ်လို တခဏပဲရှိရှိ...
သင် ရုပ်ဆိုးနေလဲ၊ သင် ဆင်းရဲနေလဲ .. သင့်အနားမှ သင့်ကိုမစွန့်မခွာ အဖော်ပြုသူတစ်ယောက်တော့ရှိတယ်။
တခဏမဟုတ်တဲ့ တစ်သက်တာနဲ့ပေါ့...

(၃)
မူလတန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ခုံတည်းထိုင်ရဖို့ မျှော်လင့်ခဲ့တယ်။
အလယ်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်တန်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်။
အထက်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ကျောင်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်။
တက္ကသိုလ်ရောက်တော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်မြို့တည်းမှာနေရဖို့ မျှော်လင့်ခဲ့တယ်။
ကျောင်းပြီးတော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်နိုင်ငံတည်းမှာနေရဖို့ မျှော်လင့်ခဲ့တယ်။
အသက်ကြီးလာတော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ဘဝတည်းမှာနေရဖို့ပဲ မျှော်လင့်တော့တယ်။

(၄)
မိန်းကလေးတွေက သူ့ကို ရယ်မောစေနိုင်တဲ့ ယောက်ျားလေးကို မှတ်ထားတတ်သတဲ့။
ယောက်ျားလေးတွေက သူ့ကို ငိုစေနိုင်တဲ့ မိန်းကလေးကို မှတ်ထားတတ်သတဲ့။

ဒါပေမယ့် မိန်းကလေးတွေက သူ့ကိုငိုစေတဲ့ ယောက်ျားလေးနားမှာပဲ နေခဲ့တတ်ကြပြီး
ယောက်ျားလေးတွေက သူ့ကိုရယ်စေတဲ့ မိန်းကလေးနားမှာပဲ နေခဲ့တတ်ကြတယ်။

(၅)
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာမဟုတ်ပါဘူး။
စကားတိုင်း အချိန်မီပြောခွင့်ရတာ မဟုတ်ဘူး။
အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာမဟုတ်ဘူး။

အသံတစ်မျိုးက .... နောက်ထပ်နားထောင်ခွင့် မရှိနိုင်တော့ဘူး။
လူတစ်ယောက်က ..... နောက်ထပ်တစ်ဖန် အားကိုးမှီခိုခွင့် မရှိတော့ဘူး။
လက်တစ်စုံက.... နွေးနွေးထွေးထွေး တင်းတင်းဆုပ်ကိုင်မထားနိုင်တော့ဘူး။

အရာတချို့က သင်ဘယ်လောက်ပဲ နှစ်သက်နေလည်း သင်နဲ့မဆိုင်တော့ဘူး။
လူတချို့က သင်ဘယ်လောက်ပဲ စွဲလမ်းနေလည်း လက်လွတ်ဖို့ကံပါလာခဲ့ပြီ။

အခွင့်အရေးတချို့က သင်တွေဝေတဲ့တခဏ သင်ဘေးကဖြတ်ကျော်သွားခဲ့ပြီ။
ဖူးစာကံတချို့က သင်စိတ်ပြောင်းတဲ့တခဏ သင့်လက်ကြားကနေ လျောထွက်သွားခဲ့ပြီ။
ခံစားချက်တချို့က သင်စိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ တခဏ ဝမ်းနည်းခြင်းအဖြစ် တစ်သက်လုံးကျန်ရစ်ခဲ့ပြီ။

လူတချို့နဲ့ ထပ်တွေ့ဦးမယ်လို့ သင်ထင်ခဲ့တယ်။
အရာတချို့က ဆက်လက်ဖြစ်တည်နေမယ်လို့ သင်ထင်ခဲ့တယ်။
ဒါပေမဲ့... သင်လှည့်ထွက်ခဲ့တဲ့ တခဏ
လူတချို့နဲ့ နောက်ထပ် သင်ဘယ်တော့မှ ထပ်မဆုံနိုင်ခဲ့တော့ဘူး။

နေဝင်သွားပြီး နေပြန်ထွက်လာချိန်
အရာတချို့က အစားထိုးမရနိုင်အောင် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီ။
လူတချို့က လှည့်ထွက်ခဲ့တယ်ဆိုတာနဲ့ တစ်သက်လုံးဝေးကွာသွားခဲ့တော့တာပဲ....

(၆)
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။

ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။

(၇)
တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။

အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘယ်နေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။

နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ...

(၈)
ဘယ်လို မိန်းကလေးမျိုးလုပ်မလဲ?

ချောမောလှပတဲ့မိန်းကလေး...
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဘာလုပ် ဘာကိုင်ရမှန်းမသိဖြစ်စေတယ်။

ထက်မြက်လွန်းတဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်လေးစားခြင်း (Self-respect) ဆုံးရှုံးစေတယ်။

ချွဲပျစ်လွန်းတဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို သည်းခံစိတ် လျော့နည်းစေတယ်။

ညုတုဆွဲဆောင်တတ်တဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို လုံခြုံစိတ်ချစိတ် ကင်းစေတယ်။

**********************************

စိတ်ထားဖြူစင်တဲ့မိန်းကလေး......
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဂုဏ်ယူလိုစိတ်ရှိစေတယ်။

ကြင်နာတတ်တဲ့မိန်းကလေး......
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို နွေးထွေးခံစားစေတယ်။

ခွင့်လွှတ်နားလည်တတ်တဲ့မိန်းကလေး.....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်ဆင်ခြင်စိတ်ပေးတယ်။

မာနကိုချိုးနှိမ့်တတ်တဲ့မိန်းကလေး.....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို အားတုန့်အားနာဖြစ်စေတယ်။

အသိဉာဏ်ရှိတဲ့မိန်းကလေး....
စိတ်ထားဖြူအောင်ပျိုးထောင်ဖို့ နားလည်ပြီး နားလည်ခွင့်လွှတ်စိတ်နဲ့ မာနကင်းစိတ်ကိုတိုးမြှင့်တတ်တယ်။

(၉)
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. မနက်နိုးလာတဲ့အချိန် ဖုန်းထဲမှာ နင့်မက်ဆေ့ရှိမရှိ ကြည့်ရုံလေးပါပဲ။

ငါနင့်ကို အရမ်းမလွမ်းပါဘူး.. သီချင်းနားထောင်တဲ့အချိန် စာသားတချို့ကြောင့် နင့်ပုံရိပ်ကို မြင်ယောင်မိရုံလေးပါပဲ။

ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်ရာကနိုးလာတိုင်း နင့်ကိုအရင်ဆုံး သတိရမိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နင့်ပုံစံ၊ နင့်အသံကို မြင်ချင် ကြားချင်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်မက်တိုင်းမှာ နင်အရိပ်တွေရှိနေရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နေ့တိုင်း နင့်FB ထဲ ဝင်ကြည့်ချင်မိရုံလေးပါပဲ။
ငါ နင့် ကို အ ရမ်း မ လွမ်း ပါ ဘူး..............

(၁ဝ)
"ဗိုက်ဆာပြီ" ဆိုတဲ့စကားက လူကို အရမ်းစမ်းသပ်တတ်တဲ့ စကားတစ်ခွန်းဖြစ်တယ်။
"ဗိုက်ဆာပြီ"လို့ မေမေကိုပြောရင် မေမေက နေရာကချက်ချင်းထပြီး "မေမေ ထမင်းသွားချက်မယ်"လို့ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ဖေဖေကိုပြောရင် ဖေဖေက ပြုံးရယ်ပြီး "လာ အပြင်ထွက်စားကြစို့"လို့ ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ချစ်သူကောင်လေးကိုပြောရင် ကောင်လေးက နူးညံကြင်နာစွာနဲ့ "ဘာစားချင်သလဲ"လို့ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ချစ်သူကောင်မလေးကိုပြောရင် ကောင်မလေး အမြဲပြန်ပြောတတ်တာက "ငါလဲ ဆာတယ်"ဆိုတာဖြစ်တယ်။

(၁၁)
ဘယ်လောက်ပဲ နားထောင်ကောင်းတဲ့သံစဉ်ဖြစ်ဖြစ် ခံစားချက်စာသားလေးပါမှ
ဘယ်လောက်ပဲ လှပတဲ့ပန်းပွင့်ဖြစ်ဖြစ် သစ်ရွက်လေးပါအဖော်ပြုမှ
ဘယ်လောက်ပဲ ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်ပို့တွေလည်းအားဖြည့်မှ
ဘယ်လောက်ပဲ အသက်ဝင်တဲ့ပန်းချီကားဖြစ်ဖြစ် ရောင်စုံတွေအစဉ်တကျရှိမှ
ဘယ်လောက်ပဲ ချိုမြတဲ့သစ်သီးဖြစ်ဖြစ် မြေဆီမြေသြဇာတွေ စွတ်စိုမှ
ဘယ်လောက်ပဲ လှပတဲ့မိန်းကလေးဖြစ်ဖြစ် ဂရုစိုက်ခြင်းနဲ့ ပေးဆပ်ခြင်းရှိမှ
ဘယ်လောက်ပဲ ခန့်ချောတဲ့ယောက်ျားဖြစ်ဖြစ် သစ္စာရှိခြင်းနဲ့ ဖြစ်ထွန်းခြင်းရှိမှ
ဘယ်လောက်ပဲ ငြိမ်းချမ်းတဲ့မိသားစုဖြစ်ဖြစ် မိဘစုံစုံလင်လင်ရှိမှ
ဘယ်လောက်ပဲ လှပတဲ့အတိတ်ဖြစ်ဖြစ် အတူတမ်းတတဲ့အဖော်ရှိမှ
ဘယ်လောက်ပဲ ချစ်တတ်တဲ့ချစ်သူဖြစ်ဖြစ် နားလည်ခြင်းနဲ့ ခွင့်လွှတ်ခြင်းရှိမှ
ဘယ်လောက်ပဲ လှပတဲ့ချစ်ခြင်းဖြစ်ဖြစ် ဆံဖြူသွားကျိုးတဲ့အထိခိုင်မြဲမှ

(၁၂)
တစ်ခါတလေမှာ... အဲဒီလူကို ကျွန်မတို့ခွင့်လွှတ်လိုက်ပြီဆိုပေမယ့် ကျွန်မတို့ တကယ်မပျော်ရွှင်နိုင်ခဲ့ဘူး။
အကြောင်းက ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ ကျွန်မတို့ မေ့နေခဲ့လို့ပါပဲ....

(၁၃)
အချစ်ကမ္ဘာမှာ ....
တစ်ယောက်ထဲဆိုရင် အထီးကျန်တယ်။
နှစ်ယောက်ဆိုရင် ပျော်ရွှင်တယ်။
သုံးယောက်ဆိုရင် နာကျင်တယ်။
လေးယောက်ဆိုရင် ညှဉ်းပန်းနှိပ်စက်တယ်။
အချစ်ကို ရှုပ်ထွေးအောင် မလုပ်ကြပါနဲ့....

အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို
လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း သေးငယ်သတဲ့။

(၁၄)
အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်လေ လက်ကြားထဲက လျှောကျလေ..

အချစ်ဆိုတာ ကြွေထည်နဲ့တူတယ်။ အလွယ်တကူ ကွဲအက်နိုင်တယ်။ ဂရုတစိုက်နဲ့ သာသာလေးကိုင်တွယ်ရတယ်။


အချစ်ဆိုတာ ကော်ဖီနဲ့တူတယ်။ ခါးတယ်၊ ဖန်တယ်၊ ချိုတယ်။ များများသောက်ရင် စိတ်လှုပ်ရှားပြီး အိပ်ရေးပျက်တယ်။


အချစ်ဆိုတာ ဥယျာဉ်ခြံနဲ့တူတယ်။ ဥယျာဉ်ခြံထဲမှာ နှင်းဆီပန်းရှိတယ်။ ရှားဇောင်းပင်ရှိတယ်။


အချစ်ဆိုတာ လမင်းကြီးနဲ့တူတယ်။ ဝိုင်းစက်တဲ့ လပြည့်ရက်ရှိသလို၊ ကွေးကောက်တခြမ်းပဲ့တဲ့ လကွယ်ရက်လည်းရှိတယ်။


အချစ်ဆိုတာ စကားလုံးမပါတဲ့ ကျမ်းစာတစ်အုပ်နဲ့တူတယ်။ စိတ်ပါဝင်စားနဲ့ နှစ်ယောက်အတူဖတ်ရူမှ နားလည်နိုင်တယ်။


(၁၅)
အချစ်တစ်မျိုးရှိတယ်... အရမ်းချစ်နေရက်နဲ့ အဲဒီအချစ်ကို လှပပြည့်စုံအောင် မထုတ်ဖော်ပြတတ်ဘူး။
အချစ်တစ်မျိုးရှိတယ်... လက်လွတ်ရမယ်မှန်းသိနေရက်နဲ့ အဲဒီအချစ်နားက မခွဲနိုင်မခွာရက်ဖြစ်ရတယ်။
အချစ်တစ်မျိုးရှိတယ်... ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ခံရမယ်မှန်းသိနေရက်နဲ့ အဲဒီအချစ်ကို ရှောင်ပုန်းလို့မရနိုင်ခဲ့ဘူး။
အချစ်တစ်မျိုးရှိတယ်... အနာဂတ်အတွက်မရေရာပေမယ့် အဲဒီအချစ်အတွက် ပေးလိုက်တဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး။
အချစ်တစ်မျိုးရှိတယ်... အဆုံးသတ်မရှိမှန်းသိနေရက်နဲ့ အဲဒီအချစ်ကို ချစ်ဆက်နေချင်သေးတယ်။


facebookပေါ် ရေးခဲ့သမျှပါ.. ဘလော့ပေါ်ပြန်လည်သိမ်းဆည်းပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, December 4, 2011

ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်


ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။
ချစ်သူတွေဖြစ်လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။
ဒါပေမယ့်သင့်ကြောင့်လွန်ကြူးတဲ့စိတ်ညစ်စရာတွေများလာရင်တော့
သင့်ရဲ့ချစ်သူကသင့်ကိုစိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။
စိတ်ကုန်တာတွေစုလာရင်တော့သင့်ကိုစိတ်ထဲကပါထုက်လိုက်ပါလိမ့်မယ်။
ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ချစ်သူကိုစိတ်မညစ်စေရအောင်
အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။


အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။


တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။
သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့သင့်ချစ်သူသင့်ကိုပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊
သူ့ရဲ့သိက္ခာနဲ့အရှက်ပါထိခိုက်စေလောက်အောင်သ၀န်ကြောင်လာရင်တော့
သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။



သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။

သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊
သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။
ဒါမှလဲသဘောထားချင်းကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။
ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။
ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲတစ်ယူသန်နေရင်တော့
သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်

ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့

မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။
တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့ပေးနိုင်ပါစေ။
တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့
လျစ်လျူရှုထားမိရင်တော့
သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက
ဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။

ချောကလက်ကျူးပစ်လေးမှ ကူးယူဖော်ပြပါသည်။

Tuesday, November 29, 2011

ချစ်တတ်သူများသို့ ပေးစာ





ဒီစာကို ယခုလက်ရှိချစ်သူရှိသူ ချစ်ကျွမ်းဝင်တဲ့သူ အသဲကွဲသူတွေအားလုံးနဲ့
သက်ဆိုင်မယ်ထင်တယ်။

ခုတလောဆိုရင် အရမ်းခေတ်စားနေတဲ့ ကိုးရီးယားကားထဲကလို တယောက်ကိုတယောက်
ပျော်ရွှင်မှုတွေမပေးနိုင်လို့ ထွက်ခွါသွားကြတာမျိုးတွေကို
ကြည့်ရှုနေကြရမှာပါ။

ဒါပေမဲ့ သင်စဉ်းစားဖူးလား။ သင်က သူ့အတွက် သူက သင့်အတွက်
အပျော်ရွှင်ဆုံးဆုလာဒ်ပဲဆိုတာကို
ပေါ့။
တယောက်ကိုတယောက် ပျော်ရွှင်မှုတွေပေးရမယ်ဆိုတဲ့ တာဝန်ကို ထွက်ပြေးတိမ်းရှောင်ကြတာလား။
အမှန်ဆိုရင် တယောက်ကိုတယောက်ပျော်ရွှင်အောင်ထားနိုင်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။

သင်ထွက်ခွါသွားပေးတာဟာ သူ့ကိုမနာကျင်စေလို့ ဒုက္ခမရောက်စေချင်လို့ဆိုပြီး
သင်ဆင်ခြေတွေပေးမယ်။ ဒါပေမဲ့ သင်ထွက်ခွါသွားတာကမှ သူ့အတွက် အနာကျင်ဆုံး
အပြင်းဆုံးဒဏ်ရာတွေ သူ့ကို သင်ပေးလိုက်ပြီ ဆိုတာကို သင်စဉ်းစားမိလား။

အချစ်ဆိုတာ ထာဝရလက်တွဲရဖို့ ကြိုးစားရမှာ မဟုတ်လား။

ထွက်ခွါသွားမှာကြောက်လို့ နားလည်မှုတွေပေးတယ်
နားလည်မှုပေးတယ်ဆိုတာ ချစ်လို့
ဒါဆိုရင် ဘာလို့ ကြောက်နေအုန်းမှာလဲ။

အချစ်ဆိုတာ တာဝန်တခုလိုပါပဲ လွယ်လွယ်နဲ့ မထားခဲ့ပါနဲ့ မထွက်ခွါသွားပါနဲ့။
ပျော်ရွှင်မှုကို မပေးနိုင်မှာကြောက်လို့ဆိုပြီး ထွက်သွားတာက
အချစ်စစ်မဟုတ်ပါဘူး။ သူဘယ်လောက်ပေးဆပ်ခဲ့ပါစေ အချည်းနှီးပါပဲ။

သူ့ကိုနားမလည်ပဲနဲ့ ချစ်ခဲ့မယ်။
နားမလည်တဲ့အခြေအနေမှာ ချစ်တာမဟုတ်ပါဘူး ကြိုက်နှစ်သက်ယုံသက်သက်ပါ။
အားနည်းချက်တွေပေါ်လာတဲ့အချိန်ထိ ခိုင်မြဲနိုင်မှသာ အချစ်ဆိုတဲ့
စကားလုံးကိုသုံးနိုင်မှာပါ။
များသောအားဖြင့်ကတော့ အားနည်းချက်ပေါ်လာတာနဲ့အမျှ ဇာတ်လမ်းတွေ အဆုံးသတ်သွားကြပါတယ်။
အချစ်ဆိုတာ ဘ၀တစ်ခုလုံးပါ။
နားမလည်တဲ့သူတစ်ယောက်ကိုချစ်ခဲ့တာဟာ နားမလည်သေးလို့ သိချင်စိတ်ကဖုံးလွမ်းနေတာပါ။
သင့်ကတခြားသူတွေနဲ့ အရောအနှောဝင်တာကို သူက အရေးမလုပ်ဘူးဆိုတာကို
သင်သူ့ကို မယုံပါနဲ့။ မယုံပါနဲ့ဆိုတာ သူသင့်ကိုလိမ်လို့မဟုတ်ပါဘူး။
သူသင့်ကို အပျော်တွဲတာပါ။
သင်ဆိုရင် သင့်ကောင်မလေး ဒါမှမဟုတ် သင့်ကောင်လေး က တခြားသူတွေနဲ့
အရောဝင်နေတာကို တွေ့ခဲ့ရင် ဘယ်လိုနေမလဲ ဆိုတာနဲ့
နှိုင်းပြီးစဉ်းစားကြည့်ပေါ့။ ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းတဲ့။

အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်ပါပဲ။ အပိုလူတွေ တတိယလူတွေ မလိုအပ်ပါဘူး။
နှစ်ယောက်သုံးယောက်ကိုတပြိုင်နက်ထားနိုင်တယ်ဆိုတဲ့သူတွေနဲ့
ခိုင်းနှိုင်းပြီးမပြောနေပါဘူး။

တယောက်ကိုတယောက်အရမ်းလဲဖိအားမပေးနဲ့။ သင့်တော်တဲ့အကွာအဝေးက သင်တို့အတွက်
အကျိုးရှိလိမ့်မယ်။ သိပ်နီးလွန်းရင် မသိလိုက်ချိန်အတွင်းမှာ
အမှားတွေပါတတ်တယ်။

သင်ချစ်တဲ့သူကို ဘယ်တော့မှ လုံးဝမလိမ်ပါနဲ့။
သင်သာတသက်လုံးမလိမ်နိုင်ရင် အမှန်တရားကိုပြောပါ။ အမှန်တရားတွေပေါ်လာရင်
အားလုံးပြီးဆုံးသွားပါလိမ့်မယ်။

အားလုံးဟာကိုယ်ထင်တဲ့အတိုင်းတည်တံ့မှာမဟုတ်ပါဘူး။
နောက်အနှစ် ၄၀ ဆိုရင် သင့်အိုလာမှာ ဆံပင်တွေဖြူလာမှာ။
အားလုံးအိုလာကြမှာပါ။
ပြောင်းလဲလာကြမှာပါ။

သင့်မှာ ချောမောတဲ့အသွင်မရှိခဲ့ရင် သင့်မှာ ပါရမီတခုခုရှိမယ်။
သင့်မှာထူးချွန်တဲ့ပါရမီမရှိရင် သင်မှာနူးညံ့တဲ့နှလုံးသားပိုင်မယ်.
သင့်မှာဘာမှမရှိခဲ့ရင် သင့်မှာ ရိုးရှင်းသာမာန်လွန်းတဲ့ဘ၀ကိုပိုင်ဆိုင်မယ်
သူကသင့်ရဲ့ရိုးရှင်းတဲ့ဘ၀ကိုမြတ်နိုးနေမယ်…….
သင့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို နှိုင်းယှဉ်ပြီး ရှင်သန်မနေပါနဲ့
လို့ ပြောရင်းဒီစာလေးကိုဒီမှာနားပါရစေ။

ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

Wednesday, November 23, 2011

ချစ်ခြင်းနှင့် မကင်းကြသူများ

“ချစ်ခြင်းမေတ္တာ”

တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းမှာ ခံစားမှုတွေ အကုန်လုံး နေထိုင်ကြသတဲ့။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကြွေကွဲမှု၊ အမြော်အမြင်ရှိမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု စသည်ဖြင့်ပေါ့လေ။
... တစ်နေ့မှာ အဲဒီကျွန်းကြီး ပင်လယ်အောက်မြုပ်တော့မယ်လို့လည်း သတင်းကြားရော အားလုံးက ကျွန်းကနေခွာဖို့ ပြင်ကြဆင်ကြတာပေါ့လေ။


အဲဒီအထဲမှာ ခံစားမှုတစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ နောက်ဆုံး ကျွန်းကြီး ပင်လယ်ရေအောက် မမြုပ်ခင်အထိတော့ ကျွန်းကို တွယ်တာနေသေးတာပေါ့လေ။
နောက်ဆုံး ကျွန်းတစ်ခုလုံး မြုပ်ကာနီးတော့မှ အကူအညီတောင်းဖို့ ချစ်ခြင်းမေတ္တာက လိုက်ရှာသတဲ့။ အဲဒီအချိန်မှာ ချမ်းသာမှုက လှေကြီးအကြီးကြီးနဲ့ သူ့အနားက ဖြတ်သွားတယ်။

“ချမ်းသာကြွယ်ဝမှုရယ် ငါ့ကို နင်နဲ့အတူ ခေါ်သွားပါလား” ဆိုပြီး ချစ်ခြင်းမေတ္တာက အကူအညီတောင်းတော့ “မဖြစ်ဘူးဟ။ ငါ့လှေထဲမှာ ရွှေတွေငွေတွေအပြည့်နဲ့ နင့်အတွက် နေရာ မရှိဘူး” လို့ ပြောပြီး ထွက်သွားသတဲ့။

ဒါနဲ့ အဲဒီအချိန်မှာ လှပတဲ့ လှေတစ်စီးနဲ့ ထွက်သွားတဲ့ မာန်မာနကို မြင်လိုက်တော့ “မာန်မာနရယ်၊ ငါကို ကယ်ပါဦးဟာ” လို့ အကူအညီတောင်းတော့ “မကယ်နိုင်ဘူး ချစ်ခြင်းမေတ္တာရေ၊ နင့်တစ်ကိုယ်လုံးက စိုရွှဲနေတော့ ငါ့လှေ အလှပျက်သွားမှာပေါ့” လို့ ဆိုပြီး ထွက်သွားပြန်တယ်။

အဲဒီအချိန်မှာပဲ ကြေကွဲမှုက လှေတစ်စီးနဲ့ ရောက်လာတော့ “ကြေကွဲမှုရယ်၊ ငါ နင်နဲ့ လိုက်ခဲ့ပါရစေ” လို့ ဆိုပြီး အကူအညီတောင်းတော့ “အို ချစ်ခြင်းမေတ္တာရယ်၊ ငါ့မှာလေ ကြေကွဲရလွန်းလို့ တစ်ယောက်တည်းပဲ သွားပါရစေ” လို့ ပြန်ဖြေသတဲ့။

အဲဒီအချိန်မှာပဲ ပျော်ရွှင်မှုရဲ့ လှေက ဖြတ်သွားတော့ ချစ်ခြင်းမေတ္တာ လှမ်းအော်ပြီး အကူအညီတောင်းတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဟာ ပျော်ပျော်ကြီးထွက်သွားတာမို့ ချစ်ခြင်းမေတ္တာရဲ့ အကူအညီတောင်းသံကိုတောင် မကြားလိုက်ဘူး။

ဒီလိုနဲ့ ရုတ်တရက် “ချစ်ခြင်းမေတ္တာ လာခဲ့။ ငါ မင်းကို ကူညီမယ်” လို့ ပြောလိုက်တဲ့ အသံကြားလို့ ကြည့်လိုက်တော့ သက်ကြီးရွယ်အို ဖြစ်နေတာ တွေ့လိုက်ရတယ်။
သူ့ကို အကူအညီပေးတယ်ဆိုတော့ ချစ်ခြင်းမေတ္တာခမျာ အပျော်တွေလွန်ပြီး သက်ကြီးရွယ်အိုရဲ့ နာမည်ကိုတောင် မေးကြည့်ဖို့ မေ့နေသတဲ့။
သူတို့ ကမ်းကိုရောက်တော့ သက်ကြီးရွယ်အိုက ချစ်ခြင်းမေတ္တာကို ချပြီး သူ့ခရီးသူ ဆက်သွားတယ်။

သူ့အပေါ်မှာ သက်ကြီးရွယ်အိုရဲ့ ကျေးဇူးက ကြီးမားလွန်းတာကြောင့် ချစ်ခြင်းမေတ္တာက သူ့ကို ကူညီတဲ့သူဟာ ဘယ်သူလဲလို့ အမြော်အမြင်ကို မေးကြည့်တယ်။

“သူ့နာမည်က အချိန်ကာလ ပေါ့” လို့ အမြော်အမြင်က ပြန်ဖြေတယ်။
“အချိန်ကာလ၊ ဟုတ်လား” လို့ ချစ်ခြင်းမေတ္တာက ပြန်မေးတယ်။
“အချိန်ကာလက ဘာဖြစ်လို့ ငါ့ကို ကူညီခဲ့တာလဲဟင်” လို့ ချစ်ခြင်းမေတ္တာက မေးလိုက်တော့ အမြော်အမြင်က ပြုံးပြုံးကြီးနဲ့ ပညာရှိဆန်ဆန် ပြန်ဖြေတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလ တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာရဲ့ ကြီးမြတ်မှုကို နားလည်နိုင်စွမ်းရှိလို့ပေါ့ကွယ်”




“အချစ် ဆိုသည်မှာ”

ဒီဇာတ်လမ်းလေးကတော့ ဗီယက်နမ်မှာ စစ်တိုက်သွားပြီး ဆန်ဖရန်စစ်စကို ကို ပြန်လာတဲ့ စစ်သားလေးတစ်ယောက်အကြောင်းပါ။
အဲဒီ စစ်သားလေးဟာ တစ်နေ့မှာ ဆန်ဖရန်စစ်စကိုကနေ သူ့မိဘတွေဆီကို ဖုန်းလှမ်းဆက်တယ်။

“ဖေဖေနဲ့ မေမေ။ သား အိမ်ပြန်လာတော့မယ်။ ဒါပေမယ့် မေမေတို့ကို သားတစ်ခုတော့ မေတ္တာ ရပ်ခံချင်တယ်။ သား အိမ်ပြန်လာတဲ့အခါမှာ သားရဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်လာချင်တယ်”
“ခေါ်ခဲ့ပေါ့ကွယ်။ မေမေတို့ကလည်း သား သူငယ်ချင်းကို တွေ့ချင်တာပေါ့” လို့ မိဘတွေက ပြန်ဖြေတယ်။

“ဒါပေမယ့် မေမေတို့သိဖို့လိုတာကိုတော့ သားပြောပြပါရစေ။ တိုက်ပွဲမှာ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်။ မြေမြုပ်မိုင်းနင်းမိပြီး သူ့မှ ခြေတစ်ဘက်၊ လက်တစ်ဘက် ပြတ်သွားရှာတယ်။ သူ့မှာ တခြားသွားစရာလည်း နေရာမရှိလို့ သားတို့နဲ့အတူနေဖို့ ခေါ်လာချင်တာပါ”
“ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ သူနေထိုင်ဖို့ တစ်နေရာရာရအောင် မေမေတို့ ရှာပေးရမှာပေါ့”
“မဟုတ်ဘူး ဖေဖေနဲ့မေမေ၊ သားက သူ့ကို သားတို့မိသားစုနဲ့အတူ နေစေချင်တာ”

“ဒီမှာသား။ သားပြောနေတဲ့စကားကိုရော သား နားလည်ရဲ့လား။ အဲလို ဒုက္ခိတ တစ်ယောက်ကို အိမ်မှာ ထားမယ်ဆိုရင် အဖေတို့အတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေမှာပေါ့။ ဖေဖေတို့ဘ၀နဲ့ ဖေဖေတို့ အေးအေးချမ်းချမ်း နေထိုင်နေတဲ့အချိန်မှာ ဒီလို ဒုက္ခိတမျိုး ဖေဖေတို့ဘ၀ထဲ ၀င်လာလို့ ဘယ်ဖြစ်နိုင်မလဲ။ ငါ့သားသာ ပြန်လာပါတော့ကွာ။ သားသူငယ်ချင်းအကြောင်း မေ့ထားလိုက်ပါ။ သူ့ဘာသာသူ နေစရာတစ်ခုခု ရှာပါလိမ့်မယ်”

အဲဒီအချိန်မှာပဲ သားဖြစ်သူက ဖုန်းချသွားတယ်။ အဲဒီအချိန်ကစပြီး မိဘတွေလည်း သူတို့သားအကြောင်း ဘာမှ မကြားရတော့ဘူး။ ဒါပေမယ့် ရက်အနည်းငယ် ကြာပြီးတဲ့အခါမှာ ဆန်ဖရန်စစ်စကို ရဲစခန်းက သူတို့အိမ်ကို ဖုန်းဝင်လာတယ်။ သူတို့သားဖြစ်သူ အဆောက်အဦ အမြင့်ကြီးပေါ်က ပြုတ်ကျလို့ ဆုံးသွားပြီလို့ သူတို့ဆီ အကြောင်းကြားလာတာ။ အဲဒီသေဆုံးမှုဟာ သူ့ဘာသာသူ အဆုံးစီရင်တာလို့ ရဲဘက်က ယူဆထားကြတယ်။

သားဆုံးပြီဆိုလို့ သောကတွေ ဝေနေတဲ့ မိဘနှစ်ယောက်ဟာ ဆန်ဖရန်စစ်စကို ကို လေယာဉ်နဲ့ သွားကြတယ်။ ဟိုရောက်တော့ သေဆုံးသူဟာ သူတို့သား ဟုတ်မဟုတ် စစ်ဆေးကြည့်ပေးဖို့ မိဘနှစ်ပါးကို ရင်ခွဲရုံဆီ ခေါ်သွားတယ်။
သူတို့ ကြည့်လိုက်တော့ သူတို့သားလေးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ထိတ်လန့်တကြားနဲ့ သူတို့ သိမထားတာကိုလည်း မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ သေဆုံးနေတဲ့ သူတို့သားမှာ ခြေတစ်ဘက်နဲ့ လက်တစ်ဘက်ပဲ ရှိနေတယ် ဆိုတာကိုလေ။

(ဒီဇာတ်လမ်းလေးထဲက မိဘတွေဆိုတာလည်း ခင်ဗျားတို့ကျွန်တော်တို့လို အများစုထဲကပါပဲ။ များသောအားဖြင့် ကြည့်ကောင်းတဲ့သူမျိုးတွေနဲ့ဆို ကျွန်တော်တို့အနေနဲ့ ချစ်လွယ်၊ ခင်လွယ်၊ ပျော်ပါးလွယ်ကြတယ်။ ဒါပေမယ့် ကိုယ့်နေထိုင်မှုကို အဆင်မပြေမယ့်သူမျိုးတို့၊ ကိုယ့်ကို အနှောင့်အယှက်တစ်ခုလို ဖြစ်စေမယ့်သူမျိုးတို့ဆို ကျွန်တော်တို့တွေက သဘောမကျတတ်ကြတာ များတယ်။ နာမကျန်းဖြစ်နေတဲ့သူတွေ၊ မလှမပ လူတွေ၊ ပညာမတတ်တဲ့သူမျိုးတွေဆို ကျွန်တော်တို့တွေက ဝေးဝေးက ရှောင်ချင်ကြတာများတယ်။ လူတိုင်းလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အဲလိုမျိုး မဆက်မယ့်သူတစ်ယောက် ရှိနေတာကိုက ကျေးဇူးတင်ဖို့ ကောင်းလှပါပြီ။ ကျွန်တော်တို့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေ ဖြစ်နေ အဲဒါတွေကို ဘေးချိတ်ပြီး ထာဝရ မိသားစုဘ၀ထဲမှာ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြိုဆိုနေတဲ့တစ်ယောက်ယောက် ရှိနေတာဟာ မင်္ဂလာ မဟုတ်လား။)




“သမီးချစ်”

ကျွန်တော့်သူငယ်ချင်းတစ်ယောက် တစ်ခါက ပြောပြဖူးတယ်။
သူ့ ရဲ့ ၄ နှစ်အရွယ်သမီးလေးက သူသိမ်းထားတဲ့ ရွှေရောင် လက်ဆောင်ပတ် စက္ကူလိပ်ကို ဖြုန်းတီးပစ်လို့ဆိုပြီး အဲဒီကလေးကို အပြစ်ပေးဖူးတယ်တဲ့။
၎ နှစ်အရွယ် သူ့သမီးလေးက သစ်ပင်အောက်မှာ ဗူးလေးတစ်ဗူးချပြီး အဲဒီရွှေရောင် စက္ကူတွေနဲ့ အလှဆင်နေတာ တွေ့လိုက်ရတော့ ငွေကြေးကလည်း ခက်ခဲချိန်၊ အဆင်မပြေချိန်လည်း ဖြစ်တော့ သမီးလေးကို သူ ဒေါသ တော်တော် ထွက်သွားမိတယ်။

ဒါပေမယ့် နောက်တစ်နေ့ မနက်ခင်းမှာ သမီးလေးက သူ အလှဆင်ထားတဲ့ လက်ဆောင်ဗူးလေးကို ယူလာပြီး “ဒါ ဖေဖေ့အတွက် လက်ဆောင်” ဆိုပြီး သူ့ကို ပေးတယ်။

ဒါနဲ့ သူငယ်ချင်းကလည်း စောစောပိုင်းက သူ့သမီးလေးကို ဆူပူခဲ့တာတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အရှက်ရသွားတယ်။ အဲဒါနဲ့ သူ့သမီးပေးတဲ့ လက်ဆောင်ဗူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှ ရှိမနေတာကို တွေ့လိုက်ရတဲ့အတွက် ပိုပြီးတော့တောင် ဒေါသအိုး ပေါက်ကွဲသွားတယ်။

အဲဒီနောက် သမီးဖြစ်သူကို သူ အော်တော့တယ်။

“ခွေးမလေး။ တစ်ယောက်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် အထဲမှာ ပစ္စည်းတစ်ခုခု ပါရတယ်ဆိုတာတောင် မသိဘူးလားကွ”

ဒီတော့ သူ့သမီးလေးမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံစီးကျလာတယ်။ ပြီးမှ သူ့အဖေကို မျက်ရည်စက်လက်နဲ့ တွေတွေလေးကြည့်ပြီးပြောတယ်။

“အထဲမှာ ဘာမှ မပါတာ မဟုတ်ပါဘူး ဖေဖေရယ်။ အဲဒီအထဲကို သမီး ဖေဖေ့အတွက် အနမ်းလေးတွေ အများကြီး မှုတ်ထည့်ထားပါတယ်။ အားလုံး ဖေဖေ့အတွက်ပါ”

အဲဒီတော့မှ ကျွန်တော့်သူငယ်ချင်းလည်း အရမ်းကို စိတ်ထိခိုက်သွားတယ်။ သမီးလေးကို ဖက်ပြီး သူ့ကို ခွင့်လွှတ်ဖို့လည်း တောင်းပန်တယ်။ အဲဒီဗူးလေးကိုလည်း သူ့အိပ်ရာဘေးနားမှာ နှစ်ပေါင်းများစွာ သိမ်းထားတယ်တဲ့။

သူ စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ အဆင်မပြေတဲ့အခါတိုင်း သူ့သမီးငယ်လေး ထည့်ပေးထားတဲ့ ဗူးလေးထဲက အနမ်းတစ်ပွင့်ကို ထုတ်ယူလေ့ရှိတယ်တဲ့။




“မြင်မြင်ချင်း အချစ်”

တစ်ခါက ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရတဲ့ လူငယ် တစ်ယောက်ရှိတယ်။ သူ့ရောဂါကလည်း ကုသမရတော့တဲ့ ရောဂါလို့ပဲ ဆိုကြပါစို့ဗျာ။ သူ့အသက်က ၁၈ နှစ်ပဲ ရှိသေးပေမယ့်လည်း အချိန်မရွေး လူ့လောက ကနေ ထွက်ခွာသွားနိုင်တဲ့ အနေအထားအထိ ရောက်နေပြီ။ သူဘ၀ အချိန်တော်တော်များများဟာ အိမ်ထဲမှာပဲ နေခဲ့ရပြီး မိခင်ရဲ့ စောင့်ရှောက်ပြုစုမှုအောက်မှာပဲ နေခဲ့ရတော့ အိမ်ထဲမှာပဲ အမြဲမနေဘဲ အိမ်အပြင်ထွက်ပြီး သွားလာကြည့်ချင်နေတယ်။

သူ အပြင်ထွက်ဖို့ ခွင့်တောင်းတော့ သူ့ အမေက ခွင့်ပြုတယ်။ သူ့အိမ်ကနေ ထွက်သွားလိုက်တာနဲ့ လမ်းမှာ စတိုးဆိုင်တွေ အများကြီး သူတွေ့တယ်။ စီဒီ အရောင်းဆိုင်တစ်ဆိုင်ရှေ့က သူ ဖြတ်လျှောက်သွားတဲ့ တခဏမှာ တခါးကနေ ဆိုင်ထဲကို တစ်ချက် လှမ်းကြည့်မိတယ်။ လျှောက်သွားရာကနေ ရပ်ပြီး စတိုးဆိုင်တံခါးရှိရာ ပြန်လာပြီး အထဲကို သေသေချာချာ ကြည့်လိုက်တော့ ဆိုင်မှာ ရောင်းတဲ့ မိန်းကလေးဟာ သူနဲ့ သက်တူရွယ်တူလောက်ပဲ ဆိုတာ သိလိုက်ရပြီး မြင်မြင်ချင်းပဲ သူ့စိတ်ထဲမှာ ချစ်ကျွမ်း ၀င်သွားတယ်။
ဒါနဲ့ သူလည်း ဆိုင်တံခါးဖွင့်ပြီး အထဲကို ၀င်လာပြီး ဘာကိုမှမကြည့်ဘဲ အဲဒီ မိန်းကလေးကိုပဲ ကြည့်နေမိတယ်။ ကြည့်ရင်း ကြည့်ရင်း သူလျှောက်သွားတာဟာ မိန်းကလေး ထိုင်နေတဲ့ ကောင်တာနား ရောက်တဲ့အထိပဲ။

“ဘာ ကူညီပေးရမလဲဟင်” လို့ မေးပြီး ကောင်မလေးက ပြုံးလိုက်တော့ သူ့စိတ်ထဲမှာ အလှဆုံးအပြုံးဆိုတာ သိလိုက်ရပြီး နေရာမှာတင် ကောင်မလေးကို မြတ်မြတ်နိုးနိုး နမ်းချင်စိတ်တောင် ဖြစ်သွားမိတယ်။
“အင်း… အဲ… ကိုယ် စီဒီ ၀ယ်ချင်လို့ပါ” ဆိုပြီး စီဒီတစ်ချပ်ရွေး၊ မိန်းကလေးကို စီဒီဖိုး ပေးလိုက်တယ်။
“အိတ်နဲ့ ထုတ်ပေးရမလား ဟင်” လို့ ကောင်မလေးက ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ သူ့ကို မေးတယ်။

သူ ခေါင်းညိတ်ပြလိုက်တော့ ကောင်မလေး နောက်ထဲ ၀င်သွားတယ်။

ပြီးမှ ထုပ်ပိုးထားတဲ့ စီဒီကို သူ့ကို ပေးတယ်။ သူလည်း လှမ်းယူပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။
အဲဒီလိုနဲ့ သူဟာ နေ့တိုင်း စတိုးဆိုင်သွားပြီး စီဒီ ၀ယ်ဖြစ်သလို သူ ၀ယ်တဲ့အခါတိုင်းလည်း ကောင်မလေးက သူ့အတွက် စီဒီကို သေသေချာချာ ထုပ်ပိုးပြီးပေးတယ်။ ၀ယ်လာတဲ့ စီဒီကိုလည်း သူ့ဘီရိုထဲမှာ တန်းစီပြီး ထည့်ထားတယ်။ ကောင်မလေးကို ခေါ်ထုတ်ပြီး ချိန်းတွေ့ဖို့ဆိုတာကလည်း သူက ရှက်လွန်းနေတော့ သတ္တိ မရှိဘူး။ အဲဒီကောင်မလေးကို သားဖြစ်သူက စိတ်ဝင်စားနေတာသိတော့ သူ့အမေကလည်း အားပေးတယ်။ ကောင်မလေးကို ချည်းကပ်ဖို့ပေါ့။

အဲဒါနဲ့ နောက်တစ်နေ့မှာ သူဟာ ရဲဆေးတင်ပြီး စတိုးဆိုင်ဘက်ထွက်ခဲ့တယ်။ ထုံးစံအတိုင်း စီဒီတစ်ချပ်ဝယ်တယ်။ ဒီတော့ ကောင်မလေးလည်း စီဒီကို ထုတ်ပိုးပေးဖို့ဆိုပြီး ဆိုင်နောက်ခန်းထဲ ၀င်သွားတယ်။ ပြီးမှ ထုတ်ပိုးပြီးသား စီဒီကို ယူလာပြီး သူ့ကို ပေးတယ်။ သူက စီဒီကို လှမ်းယူပြီး ကောင်မလေး ကြည့်မနေလောက်တဲ့ အချိန်ကျမှ သူ့ဖုန်းနံပါတ် ရေးထားတဲ့စာရွက်ကို ကောင်တာပေါ်မှာ တင်ခဲ့ပြီး ဆိုင်ထဲကနေ ပြေးထွက်သွားတော့တယ်။
………………..

“ကလင် ကလင် ကလင်”
ဖုန်းသံမြည်လာတော့ အမေဖြစ်သူက ဖုန်းကို ကောက်ကိုင်တယ်။
“ဟယ်လို”

ဖုန်းဆက်တာက စီဒီစတိုးဆိုင်က ကောင်မလေး ဖြစ်နေတယ်။ ကောင်မလေးက သူ့သားနဲ့ ပြောချင်တယ်လို့ ပြောတယ်။ ဒီတော့ မိခင်ဖြစ်သူကလည်း မျက်ရည်တွေကျပြီး “သား မနေ့ကပဲ ဆုံးသွားတာ သမီး မသိဘူးလား” ဟင် လို့ ပြောလိုက်တယ်။
အဲဒီအချိန်မှာ ဖုန်းလိုင်းက တိတ်ဆိတ်သွားပြီး အခန်းထဲမှာ မိခင်ဖြစ်သူရဲ့ ငိုသံတွေပဲ လွှမ်းနေတော့တယ်။

................

တစ်နေ့ ညနေခင်းမှာ မိခင်ဖြစ်သူက သားကို သတိရလွန်းလို့ သားအခန်းထဲ ၀င်သွားတယ်။ သားနဲ့ ပတ်သက်တာတွေအကုန်လုံး သူ့စိတ်ထဲမှာ မှတ်သားထားချင်တော့ သားဖြစ်သူရဲ့ အ၀တ်အစားတွေကို ကြည့်တယ်။ ဒါကြောင့် ဘီရိုကို ဆွဲဖွင့်လိုက်တော့ ဘီရိုထဲမှာ ပါကင်ဖြည်မထားတဲ့ စီဒီတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။ ဒီလောက်များတဲ့ စီဒီတွေကို တွေ့လိုက်ရတော့ မိခင်ဖြစ်သူ တော်တော် အံ့သြသွားတယ်။ ဒါကြောင့် စီဒီ တစ်ချပ်ကို ယူလိုက်ပြီး သားကုတင်ပေါ်မှာထိုင်ရင်း ဖောက်ကြည့်တယ်။
စီဒီအပေါ်မှာ ပတ်ထားတဲ့ စာရွက်ကို ဖြဲပြီး ထုတ်ကြည့်လိုက်တော့ စာရွက်ပိုင်းလေးတစ်ခု ကျလာတယ်။ အဲဒီစာရွက်ပိုင်းလေးကို အမေဖြစ်သူက ဖတ်ကြည့်လိုက်တယ်။
စာရွက်ထဲမှာ ရေးထားတာက။
“ဟေ့။ နင့်ကိုကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။ ငါနဲ့ အပြင် လျှောက်သွားမလား ဟင်။ ချစ်တဲ့ စင်ဒီ”
ဒါနဲ့ မိခင်ဖြစ်သူလည်း နောက်ထပ် စီဒီတစ်ချပ်ကို ထပ်ဖောက်ကြည့်ပြန်တယ်။
ဒီတစ်ခါမှာလည်း အထဲက စာရွက်ပိုင်းလေး ကျလာပြန်တယ်။
စာရွက်ထဲမှာ ရေးထားတာကလည်း။
“ဟေ့။ နင့်ကိုကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။ ငါနဲ့ အပြင် လျှောက်သွားမလား ဟင်။ ချစ်တဲ့ စင်ဒီ” တဲ့လေ။


(ချစ်ခြင်းမေတ္တာ ထားနိုင်ကြပါစေဗျာ)

ညီသစ်

Monday, November 21, 2011

သင်သူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင်













.......


၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။

၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။

၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။

၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)

၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။

၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။

၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။

၈။ သူ့အပ်ါကို တန်ဖိုးထားပါ။

၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။

၁၀။ သူ့အတွက် အချိန်ပေးပါ။

၁၁။ သဘောထားကြီးပါ။

၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ
ကို မမေ့မပျောက်အောင် မှတ်သားပါ။

၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။

၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။

၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။

၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။

၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။

အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်......(forward mailတခုမှ)

Monday, October 24, 2011

စစ်မှန်သော နှစ်ယောက် တစ်ဘဝ

စစ်မှန်သော နှစ်ယောက် တစ်ဘဝ
စစ်မှန်သော နှစ်ယောက် တစ်ဘ၀ ချစ်ခြင်းမေတ္တာအခြေခံပြီး လက်ထပ်ခြင်းအကြောင်းတရားအဖြစ် ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး အကောင်းဆုံး မိတ်ဆွေကောင်း အနေနဲ ဘ၀ရပ်တည် ရှင်သန်နေသမျှတလျှောက် ကောင်းဆိုးအတူ ၇င်ဆိုင်မှုများအတွက် ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲစေဖို့  သတိပြုစရာအနည်းငယ်မျှ ဆင်ခြင်မိရုံလေးနဲ ဘ၀မှာ  အကျေနပ်ဆုံးသူများဖြစ်ခွင့်ရစေတာကို အမေရိကန် မစ်ချီကန်တက္ကသိုလ်မှ လူမူရေးလေ့လာစုံစမ်းမှူများပြုစေပြီး အခုလိုရှင်းပြခဲ့ပါတယ်။

အရင်းနှီးဆုံးသူတွေ
အရင်းနှီးဆုံးသူတွေဖြစ်ကြပေမဲ့ နားအလည်နိုင်ဆုံးသူတွေဖြစ်နေဖို့  အသေးအဖွဲကိစ္စလေးတွေ  ကအစလျစ်လျုရှူလို့ မဖြစ်ပါဘူး အိမ်မှူကိစ္စတွေ မနိုင်မနင်းဖြစ်နေခဲ့ရင်နိုင်သလောက်ကူညီပေး ပါ မခွဲခြားပါနဲ အတူသွားရမယ်ကိစ္စတွေမှာ အလှပြင်မပြီးလို့ ဖုန်းပြောနေရလို အိမ်ကလူတွေကို သြ၀ါဒချွေနေရလို့  စောင့်နေရတဲ့ အကြိမ်တွေမများပါစေနဲ့  အတူနေ နှစ်ယောက်တစ်ဘ၀ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အသေးအဖွဲလေးတွေဖြစ်ပါတယ်။   အကြိမ်များစွာစုမိလာတဲ့အခါ ရှင်းပြရခက်တဲ့ မသိစိတ်မှာ နာကျင်မှူတွေဖြစ်စေပါတယ်။

ဝေးသွားမှာစိုးတယ်
လက်မထပ်ခင်ကကြီးပြင်းနေထိုင်ခဲ့တဲ့ နှစ်ဖက်မိသားစု နေထိုင်ပုံနဲ့  လက်ရှိဘ၀ကိုချိန်ထိုးပြီး စံသတ်မှတ်ပြောဆိုတာမျိုးနှင့် နှိုင်းယှဉ်ပုံစံချတာမျိုးတွေရှောင်ကြဉ်ပါ ။ မတူညီမှူတွေအများကြီး ကို အတင်းပုံစံရိုက်သွင်းတာနဲ့ တူပြီး နှစ်ယောက်ကြား ကနားလည်မှူတွေဆွေးမြေ့ပျောက်ကွယ်သွားစေတယ် ။အနီးဆုံး က အဝေးဆုံးလူတွေဖြစ်လာစေတယ်။စဉ်းစားမှူတိုင်းမှာ အိမ်ထောင်သာယာရေးကို ဦးတည်ခြင်းက နှစ်ဦးကြားရိုးအီ သွာခြင်းမရှိအောင် အသစ်အဆန်းတွေဖြစ်လာစေတယ်။

အရာရာမင်းပါ
ဘ၀ရည်မှန်းချက်တွေက အိမ်ထောင် ရေးအတွက် အတိုက်အခံဖြစ်မလာပါစေနဲ့ ။ဘ၀ရဲ့တစ်ကိုယ်ရေရည်မှန်းချက်တွေနဲ အိမ်ထောင် ရေးချိန်ခွင်လျှာ အချိုးကျပါစေ။ရည်မှန်းချက်နဲ့  လက်တွေ့ အိမ်ထောင်မှူဘ၀ကို နှိုင်းယှဉ်ဦးစားပေး စရာရှိလာတဲ့အခါ နှစ်ယောက်တစ်ဘ၀ ကိုဦးစားပေးပါ မိသားစုနှင့်အတူ
ရယူနိုင်တဲ့ ရည်မှန်း ချက်တွေ အောင်မြင်မှူတွေကိုဖန်တီးကြိုးစားပါ။

သူပျော်သွားပြီ
နှစ်ဦးကြားချီးမြှောက်မှူ အပြန်အလှန်ရှိပါစေ ။ တစ်ဦးရဲ့အောင်မြင်မှူကိုတစ်ဦးကစောင့်ကြည့်ချီးမွမ်းဖို့ အသင့်ရှိပါ ။ အဆိုးဆုံးတွေကြုံခဲ့ရင်လည်း ကျော်လွှားနိုင်တဲ့ စွမ်းရည်ကိုမြင်အောင်ကြည့် ပေးပါ ။ တစ်ဦးကိုချီးမွမ်းလို့ ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့ ကျန်တစ်ဦးမှာအစားထိုးမရ ရှာဖွေလို့ မရတဲ့ပျော်ရွှင်ချမ်းမြေ့မှူဖြစ်စေတာကို နေပျော်တဲ့ဘ၀တစ်ခုအတွက် လက်တွေ့ စမ်းသပ်ကြည့်ပါ ။ချစ်တဲ့ သူတစ်ယောက်ပျော်ရွှင်စေလိုတတ်တဲ့ သဘာဝအရ ဘ၀ရဲ့ကျေနပ်မှုနဲ့ ခွန်အားတွေ တိုးပွားစေပါတယ်။

နားထောင်ပေးပါ
နှစ်ယောက်တည်းရှိတဲ့ အချိန်တစ်ခုကို အလုပ်အားလုံးဘေးချ ခေါင်းထဲကထုတ်ပြီး အေးအေးသက်သက်သာ စကားပြောဆိုပါ။ တစ်ယောက်ပြောစကားကို တစ်ယောက်က ဂရုစိုက်နားထောင်ပေးပါ။ နှစ်သက်သော အကြောင်းအရာများကို ထောက်ခံဆွေးနွေးပြီး မနှစ်သက်တာတွေကိုတော့ဟာသနှော ပြီးပျော်ရွှင်စရာ အဖြစ်မှပိုမိုရင်းနှီးမှူ ရယူပါ။(လှောင်တာမျိုးတော့ အဖြစ်ပါစေနဲ့ ။ချော့ရခက်တတ်တယ်။)အခြေအနေတစ်ခု သို့ ပြောင်းလဲလိုခြင်း ရန်စကားလမ်းကြောင်းပြောင်း စရာလိုအပ်လာပါက ကြည်နူးစရာ စကားလုံးများအဖြစ်သော "မင်း ကို ချစ်တယ် " ကဲ့သို့ သော အသုံးအနှူံးများကို လေးလေးနက်နက် သုံးစွဲပါ။ထူခြားမှု က လက်တွေ့ သိနိုင်ပါလိမ့်မယ်။

အတူတူရှိနေမယ်
နှစ်ယောက်တစ်ဘ၀ရှိသူများမှသာ ပျော်ရွှင်မှူနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ပြဿနာတွေ ရယူ ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သတိရပါ။ မတည့်အတူနေဘ၀မျိုးရှိသူတွေမှာ နေ့ စဉ်ဘ၀ရပ်တည်ရေးတာဝန်များအပြင် လူမူရေးပြဿနာများပါ ၀န်ပိမှူဖြစ်လာစေပါသည်။အတူနေသူနှစ်ဦး နီးကပ်တဲ့စိတ်ချင်း ဆက်သွယ်မှုများက တစ်ဦးစိတ်မချမ်းသာမှူကတစ်ဦးကို သက်ရောက်စေတတ်တာကြောင့် ဆက်ဆံရေး မပြေလည်တာတွေက အကျိုးမဲ့အချည်းအနှီးအသွင်ဆောင်တဲ့ ဘ၀နေ့ စွဲတွေရှိလာပါလိမ့်မယ် အိမ်တွင်းပြဿနာနဲ့ အိမ်ပြင်အခက်အခဲနှစ်ခု ရှိလာရင် အိမ်တွင်းရေးရှင်းပြီးမှ ပြင်ပပြဿနာ ကို နှစ်ဦးလက်တွဲရင်ဆိုင်ပါ ။ ဒီအတွက်စိတ်ဓါတ်ကြံခိုင်သူများဖြစ်ပါစေ ။ဘ၀စိန်ခေါ်မှူတွေကို နှစ်ယောက်တစ်ဘ၀ အဖော်မွန်ကောင်းနှင့်အတူ လက်တွဲပြီး အကောင်းဆုံးဖြေရှင်းပါ ။  ကြိုးစားအားထုတ်မှုများက ရရှိလာတဲ့ အောင်မြင်မှုတွေကို နှစ်ဦးသား ရင်ဆိုင်နိုင်ခဲ့တယ်ဆို တာနဲ့ အပြန်အလှန်အသိအမှတ်ပြုပါ။ အောင်မြင်မှူတွေကို အတူတစ်ကွစားသုံးပါ။

စစ်မှန်သော နှစ်ယောက်တစ်ဘ၀မှ ပေးစွမ်းလာသော ကျေနပ်ပျော်၇ွှင်ခြင်းများနှင့် အတူ
အများကောင်းကျိုးလိုလားဆောင်၇ွက် နိုင်သူများ ဖြ
စ်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်.....

Sunday, October 23, 2011

ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့

ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။
ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး "နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်" လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျော့ပြီး တစ်နေရာမှာ ပုန်းနေတတ်တယ်။ ခြေမကိုင်၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့ လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ "ဆောရီး.... ငါမှားသွားတယ်" လို့ တောင်းပန်တတ်တယ်။ ကျိန်ဆဲနေတဲ့ ကောင်မလေးနုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့ ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့..... နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။ ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ကောင်မလေးငိုတော့ ကောင်လေးက "ဒါ ငါ့အလုပ်အတွက်" လို့ ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။ နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း ကောင်မလေးဖက်ကစပြီး ပြေငြိမ်းတာချည်းပဲ။
အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။ ညနက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်ထင်းလို့.... ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ဆောရီးနော်... နင့်ကို ငါလက်ထပ်ပါရစေ" ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။
အဲဒီ "ဆောရီး" က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။
မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုပ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။ ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ "ဘာကြောင့်လဲ" လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။
တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။ အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။ ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။ ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။
နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ "ဆောရီး... ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်" လို့ ပြောတတ်တယ်။
အဲဒီ "ဆောရီး" က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။
တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။ အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။ ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။ ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။
ကောင်လေးကို "ဘယ်အချိန် ပြန်လာမလဲ?" လို့ မေးတိုင်း ကောင်လေးက အစာသီးနင်သွားတဲ့အသံနဲ့ "ဆောရီး... ငါအလုပ်များနေတယ်" လို့ ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။
အဲဒီ "ဆောရီး"က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။
ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။ ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီး အလှတွေ သူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊ တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။
အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ကောင်လေးအမြဲပြောတဲ့ "အလုပ်များတယ်" ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။ ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။
သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး...
သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး...
ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး....
တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။
ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။ အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့.........
ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ "ဆောရီးပဲ.... နင့်ကိုပဲ ငါချစ်ပါတယ်ကွာ... နင့်ကိုပဲ ငါတကယ်ချစ်တာပါ" တဲ့။ ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။
အဲဒီ "ဆောရီး" က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။
ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့... အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို (၂၄)နာရီလုံး ဖွင့်ပြီးစောင့်နေခဲ့တယ်။
ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။ ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။
"နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။
ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။ လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။ ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင် ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။ ဆောရီးပဲ.... ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ"
လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။
တချို့ "ဆောရီး" က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။
ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။ "ဆောရီး"ဆိုတဲ့ တောင်းပန်မှုတိုင်းက "ကိစ္စမရှိပါဘူး"ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။
ဒီပုံပြင်ကို ကြိုက်နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးပါ။

"အချစ်"ဆိုတာကို ခံစားစေပြီး "ဆောရီး"ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ....

Wednesday, October 5, 2011

သာဓု နဲ့ ပါပု (Just for fun)

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့
အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့
မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက
ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို
တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက်
ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊
အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”


သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့
ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ
အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှ
ာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို
စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”
--

အချစ်တဲ့

လူရယ်လို့ဖြစ်လာကြတဲ့အခါ ကလေးဘ၀အချိန်ကတည်းက အချစ် ဆိုတဲ့စကားလုံးကို မကြာခဏကြားနေရတာပေါ့။ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုတွေဟာ ထင်ထင်ရှားရှား ပွင့်အန်လာတတ်တာ ဓမ္မတာပါ။ we are biologically programmed to be attracted to opposite sex.ပေါ့။ အချစ်ဘယ်ကစသလဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတွေ့ဖူးခြင်းမရှိပါပဲ အောင်သွယ်တော်ကောင်းမှုနဲ့ တွေ့ကြတဲ့ blind date မျိုးလည်းရှိတယ်။ တစ်ချို့ကျတော့ မြင်မြင်ချင်းချစ်သွားကြတယ်တဲ့။ love at first sight. မိန်းကလေးတစ်ယောက်ရဲ့ အလှ beauty ၊ ညှို့ဓါတ်(သို့) ကျက်သရေ charm တွေဟာ မြင်ရတဲ့ယောက်ျားလေးတွေအဖို့ ငြင်းဆန်ခြင်းဟာမစွမ်းသာတဲ့ undeniable ပိုင်ဆိုင်မှု assets တွေပါပဲ။ ဒီတော့လဲ have a crush on (somebody) ကြိုက်မိသွားတာပေါ့။ တစ်ခါတစ်လေမှာ သူ့အပြုံးလေးတစ်ခု၊ ပါးပေါ်က မှဲ့လေးတစ်စက် ဒါမှမဟုတ် ပါးချိုင့်လေး တစ်ခုနဲ့တင် အရမ်းခိုက် to be smitten with somebody သွားတတ်တာလဲရှိတယ်။ကိုယ်နှစ်လိုတဲ့ သူနဲ့တွေ့တဲ့အခါ မျက်လုံးချင်းဆုံအောင် eye contact ယူကာ သူနဲ့နီးစပ်အောင် chat (somebody) up စကားရှာပြောဖို့ကြိုးစားရတယ်။ မိန်းကလေးဘက်ကစတဲ့အခါမှာတော့ တစ်ချို့ယဉ်ကျေးမှု အမြင်မှာ ပရောပရီ flirt with (somebody)လုပ်သလိုမျိုးတော့ရှိတာပေါ့။ တစ်ချို့ကျတော့လည်း a secret admirer တိတ်တခိုးချစ်နေရရင်ကြေနပ်နေကြပြန်တယ်။ တဘက်သတ်ဘ၀ unrequited love, unrequited passion ကိုတော့ ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူး။အဆင်ပြေမယ်ဆိုရင်တော့
ချစ်စကားပြော propose လုပ်တဲ့အဆင့်ကိုတက်မယ်။ အစဉ်အလာအားဖြင့် ယောက်ျားလေးက ဒူးထောက် goes down on one knee ပြီး pop the question မေးခွန်းမေးတယ်။ အရှက်ကြီးတဲ့ မိန်းကလေးများကြတော့ ချက်ခြင်း အဖြေပေးရင်သိက္ခာကျမှာစိုးလို့ စိတ်မ၀င်စားသလို indifference နေပြကြမယ်။ ဒါကို ကောင်လေးဘက်က အထာကိုင်နေတာ playing hard to get လို့ထင်တတ်တယ်။ ကောင်မလေးက yes လို့ဖြေလိုက်ရင်တော့ ချစ်သူတွေဖြစ်သွားကြပြီပေါ့။

အချစ်က ပျော်ရွှင်ခြင်း happiness, joy၊ အနစ်နာခံခြင်း sacrifice, မျှော်လင့်ခြင်း hope, တွေကိုဆောင်ယူလာပေးမယ်။ ကိုယ့်ချစ်သူကို ပွင့်လင်းရိုးသားမှု sincerity ရှိဖို့တော့လိုမယ်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားနားလည် admiration, appreciation, esteem, favour, honor, regard တတ်မှ ရေရှည်ခိုင်မြဲမယ့် long-term relationship ဖြစ်မှာပေါ့။ ချစ်စခင်စကြင်နာစ be in the flush of romance အချိန်မှာ ချစ်သူကို ချစ်စနိုးနဲ့ခေါ်တဲ့အမည်တွေ terms of endearment တွေကလည်း darling, sweetheart, love, babe/baby, honey တဲ့အများကြီးပဲ။ ချစ်သူဘ၀နဲ့ကြာလာတဲ့အခါ အတူတူနေချင်လာကြရင် to take the plunge စေ့စပ်ကြ၊ လက်ထပ်ကြမယ်။ လူကြီးမိဘတွေစုံရာနဲ့ engage စေ့စပ်ကြမယ်။ tie the knots စုလျားရစ်ပတ်လက်ထပ်ကြမယ်။ ကောင်လေးက သူ့ဇနီးလောင်း fiancee ကို စေ့စပ်လက်စွပ် engagement ring လေးပေးမယ်။ သတင်းကြားတဲ့ သူငယ်ချင်းတွေကတော့ I can hear wedding bells ဘယ်တော့စားရမလဲလို့ နောက်လိမ့်မယ်။ မင်္ဂလာဆောင်အတွက်တော့ နှစ်ဦးသားပီတိတွေနဲ့
ပြင်ဆင်ကြရမှာပါ။ ယူကေမှာတော့မင်္ဂလာဆောင်တွေဟာ Registry Office ရုံးတက်လက်မှတ်ထိုးတဲ့ civil ceremony အရပ်မင်္ဂလာဆောင်နဲ့ ဘုရားကျောင်းမှာဆောင်တဲ့ ထုံးတမ်းဆင်လာ white wedding မင်္ဂလာဆောင်ရယ်လို့နှစ်မျိုးရှိပါတယ်တဲ့။ ဘုရားကျောင်းမှာဆောင်ရင် ကြိုတင်ဘွတ်ကင် (booking) လုပ်ရတယ်။ draw up a guest list ဖိတ်မယ့်ဧည့်သည်စာရင်းလုပ်မယ်။ bridesmaids သတို့သမီးအရံနဲ့ best man သတို့သားအရံရွေးမယ်။ တကယ့်မင်္ဂလာပွဲလုပ်မယ့်နေ့အထိ pre-wedding nerves စိုးရိမ်စိတ်တွေရှိတတ်ကြတာသဘာဝပါ။ မင်္ဂလာဆောင် ဧည့်ခံပွဲ reception ပြီးသွားတဲ့အခါမှာတော့ ကြင်စဦးဇနီးမောင်နှံ newly weds, just married ဖြစ်သွားကြပါပြီ။  leave on honeymoon ပျားရည်ဆမ်းခရီးထွက်ချင်ထွက်နိုင်ကြပြီလေ။ nuptial chamber သဉ္ဖာလီခန်းဆောင်လယ်မှာ မင်းသားလေးနဲ့မင်းသမီးလေး ပေါင်းကြလေသတည်းပေါ့။

ဒါပေမယ့် တစ်ချို့ relationship ဇတ်လမ်းလေးတွေကတော့ ပျော်စရာမကောင်းဘဲ  အလွမ်းနဲ့ဇာတ်သိမ်းရတာလည်းရှိတတ်တာပဲလေ။ The course of true love never did run smooth အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာလမ်းမရှိဘူးလို့ ရှိတ်စပီးယားကြီးကတော့
ပြောခဲ့ဖူးတာပဲ။ အချစ်တစ်ခုကိုတည်မြဲဖို့ဆိုတာက အကြောင်းတရားတွေအများကြီး ကိုက်ညီမှဖြစ်မှာပါ။ ဒါကြောင့်လည်း falling in love ချစ်ရတာထက် staying in love အချစ်ကိုတည်မြဲအောင်လုပ်ရတာ ပိုခက်တယ်လို့ ဆိုကြပါပေါ့။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ have a domestic/ have a row စကားများရန်ဖြစ်ကြပြန်တယ်။ မိန်းမကပဲဖြစ်ဖြစ်၊ ယောက်ျားကပဲဖြစ်ဖြစ် he/she is playing away from home အပြင်မှာ old flame ငယ်ကျွမ်းဆွေနဲ့ပြန်ဇတ်လမ်းသစ်တွေရှာတဲ့အခါ အော်ကြီးဟစ်ကျယ်ဖြစ်လို့ အိမ်နီးနားချင်းတွေကတောင် they have blazing rows လို့ပြောယူရမယ်။ တစ်ဖက်သားမှာ love sick, heartbroken အသည်းကွဲမယ်။ အချစ်နာကျမယ်။ သူ့ကို fed up with စိတ်ကုန်လာမယ်။ ဒီထက်ဆိုးလာရင် loose appeal မေတ္တာပျက်သွားမယ်။ အချစ်ကျောခိုင်းလိုက်ပြီဆိုရင်တော့ hate, loathe, အမုန်းမြို့ရိုးရဲ့အစပေါ့။  despise, detest စက်စုပ်ရွံရှာတဲ့ပုံစံနဲ့သူ့ကို တည့်တည့်ကြည့်ပြီး you are the person I hate most မေတ္တာတုန်းကြီးလို့ပြောလိုက်မယ်။ နောက်ဆုံး to split up လမ်းခွဲကြဖို့ပြောမယ့်စကား break-up lines တွေကလည်းမနည်းဘူး။

We need to talk
I just need some space
It's not you, it's me
I hope that we can always be friends
This is hurting me more than it is hurting you
It's not enough that we love each other
It simply wasn't meant to be

"ကိစ္စများမြောင်လူတို့ဘောင်ဝယ်အိမ်ထောင်သားမွေး" ကိစ္စတွေဟာသိမ်မွေ့နက်နဲတတ်ပါတယ်။ ချစ်သူဘ၀ make love to somebody အချစ်နယ်ကျွံကြရင်းနဲ့ နောက်ပိုင်း ချစ်သူက to dump somebody ပစ်သွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့တဲ့အခါ အဖေမပေါ်တဲ့ကလေး lovechild တွေရဲ့ဘ၀လေးတွေကသနားစရာကောင်းလှပါတယ်။ ဖြူစင်တဲ့မေတ္တာတရားဆိုတာကမှ
အေးမြတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ချစ်သူကိုရောအချစ်ခံရတဲ့သူကောနှစ်ဦးစလုံးအတွက် cheerful, glad, joyful, joyous, merry, pleased   သာယာပျော်ရွှင်မှုကိုပေးတဲ့ true love အချစ်စစ်နဲ့ ဘ၀ကြင်ဖော် soulmate တွေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday, October 4, 2011

ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ
ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။
ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
"အကောင်းဆုံး ထင်းရူးပင် တစ်ပင်"ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့
"တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။
ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။
(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့
အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့
"၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။
အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့
ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
"ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။
----------------------------------------------------------------------------------------------------------------------------------