Friday, January 13, 2012

ဘ၀ဟာ အဓိပ္ပာယ် များနဲ့ ပြည့်နှက်နေပါသလား .. ( သူတပါးရေးထားတာကို ဘာသာပြန်ဆိုထားခြင်းသာဖြစ်ပါတယ်)


အောက်ပါ စာသားများကို ကျွန်တော် နားလည်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ် .. အမှားများ ပါရှိပါက သင်ပြထောက်ပြ ပေးစေလိုပါတယ် ..
FROM -  http://www.whyistheresomething.com/answer/logical-solution-to-an-illogical-question
AUTHOR – FluidEconomics
ဘ၀ ဆိုတဲ့ အဓိပ္ပာယ် ကို ဘယ်လိုဖွင့်ဆိုမှာလဲ ?
၁။ ဒီမေးခွန်းရဲ့အဖြေဟာ လူ့ဘ၀တစ်ခုတည်း အပေါ်သာမက အခြားသောသတ္တ၀ါ အားလုံးရဲ့ဘ၀အပေါ်အကျိုးသက်ရောက်မှုရှိ ရမှာဖြစ်ပါတယ်။
ဥပမာ – ဘ၀ရဲ့အဓိပ္ပာယ် တစ်ခုရှိတယ်ဆိုပါဆို့၊ အဲ့အဓိပ္ပာယ် သည် လူသားများသာမက ခွေး၊ ဆိတ် ဒါမှမဟုတ် သစ်ပင်တစ်ပင်အတွက် ပါ အဖြေရှာပေးနိုင်ရမှာ ဖြစ်တယ်။ ” ပိုက်ဆံများများရှိခြင်း၊ ချမ်းသာခြင်း” ဆိုတာ ဘ၀အဓိပ္ပာယ် ဆိုရင် အခြားသတ္တ၀ါ တွေအတွက် ကိုက်ညီမှုမရှိပါဘူး။
၂။ ဘာသာတရား၊ အမှားအမှန်၊ အကောင်းအဆိုး စတာတွေ နဲ့ လည်း အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထိုအရာတွေကို လက်ခံတာ လူသားတွေသာရှိပါတယ်။
ဥပမာ – နွား၊ မျောက်၊ သစ်ပင် တွေမှာ ဘာသာတရားတွေ မရှိကြပါဘူး။ ဘာသာတရားဆိုတာ ဘာလဲ ဆိုတာတောင် မှ မသိပါဘူး။ အမှား အမှန်၊ အကောင်းအဆိုးလည်း ဝေဖန်ပိုင်းခြားမှု မရှိပါဘူး။ သူတို့သိတာက ဘယ်လိုအသက်ရှင်နေထိုင်သွားမယ် ဆိုတာ၊ မျိုးဆက်ပြန့်ပွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပါဘဲ။ သူတို့ဟာ အရိုးရှင်းဆုံး ဘ၀မှာ ဘဲ နေထိုင်နေကြပါတယ်။
၃။ အချို့ အရာများဟာ အဓိပ္ပာယ်ကို ကိုယ်တိုင်တည်ဆောက် ရယူရတာပါ။ ကိုယ့်ဘ၀အဓိပ္ပာယ် ကိုယ်ဖေါ်ရတာပါ။
တကယ်တော့ ဘ၀ဟာ သူ့ဖာသာ သူ ရပ်တည် နေနိုင်ပါတယ်။ အတတ်ပညာတွေ အသိပညာတွေ ဘာမှမလိုအပ်ပါဘူး။ ဘ၀အတွက် အဓိပ္ပာယ် မလိုအပ်ဘူးလို့တောင် ဆိုလိုနိုင်ပါတယ်။
ဥပမာ – ကြက်ဥ တစ်လုံးကို နံရံပေါ်ပစ်ပေါက် လိုက်တယ်ဆိုပါစို့။ အဲ့လိုလုပ်လို့ရလာတဲ့ အဖြေကို အဓိပ္ပာယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ကြက်ဥကို နံရံပေါ် ပစ်ပြီး ရလာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။
သို့သော် သစ်သား၊ နံရံ၊ မြေကြီး စတာတွေ ဖောက်တဲ့ ဖောက်စက်တစ်လုံးမှာတော့ အဓိပ္ပာယ်တွေ၊ ရလာဒ်တွေ ရှိလာပါတယ်။
သိပ္ပံနှင့်နည်းပညာ များတိုးတက်လာသည်နှင့်အမျှ သက်သေများ အထောက်အထားများနဲ့ ဘ၀ဆိုတာဘာလဲ ဆိုတာ ကို ရှာဖွေနေပါတယ်။ သို့သော် ရလာတဲ့ ရလာဒ် သက်သေသာဓက များက တော့ ဘ၀တွေ ဖြစ်ပေါ်ဖို့ မျိုးဆက်ပျံ့ပွားဖို့ အတွက် သဘာဝလွန် ဖြစ်ရပ်တွေ လုံးဝမလိုအပ်ကြောင်း၊ အသိဥာဏ် မလိုအပ်ကြောင်း ပြောပြနေပါတယ်။ ဘ၀ တစ်ခုဟာ မွေးဖွားလာတယ် ပတ်ဝန်းကျင်နဲ့ သင့်လျော်အောင် နေထိုင်ကြတယ် ပြီးသေဆုံးသွားကြတယ်။ ဒီအတွက် ထူးခြားတဲ့အဓိပ္ပာယ် မရှိပါဘူး။ လိုလည်း မလိုပါဘူး။
“factors resulting in a product” လို့သာဆိုလိုနိုင်ပါတယ်။
၅။ ဘ၀အတွက် ထူးခြားတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ ရှိရင်လည်း အစနဲ့ အဆုံး တော့ရှိမှာ ဖြစ်တယ်။
ဥပမာ – ဖန်တီးခြင်း၊ ပျက်စီးခြင်း- မျိုးဥချခြင်း မှသည် သေဆုံးခြင်းသို့။ ထိုနေရာတွက် မိတ်လိုက်ခြင်းသည် အစဖြစ်ပြီး သေဆုံးခြင်းသည် အဆုံးသတ်ဖြစ်ပါတယ် ။
၆။ ထိုသို့ အစနဲ့ အဆုံး ဖြစ်ပေါ်စေသော အကြောင်းအခြင်းအရာများသည် စက်ဝိုင်းကဲ့သို့ ဖြစ်ပေါ်နေပြီး ဆင့်ကဲဖြစ်စဉ်များ ဖြစ်ပေါ်စေပါသည်။ တကယ်တမ်းတော့ ဆင့်ကဲဖြစ်စဉ်သည် လိုက်လျောညီထွေပြောင်းလဲခြင်း၊ မျိုးပွားခြင်း၊ သေဆုံးခြင်း ဖြင့် အဆင့်ဆင့်တိုးတက် ရှင်သန်နေထိုင် ခြင်းပင်ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ် သည် မျိုးဆက်တစ်ခုပြီးတစ်ခု အသက်ရှင်နေထိုင်ရန် ကူညီပေးသည်။ သို့သော် ထိုသို့ အသက်ရှင်သန်နေထိုင်ရန် ထိုမျိုးစိပ် တွင် သဘာဝ၏ဖျက်စီးမှုနှုန်းထက် ပိုမို မျိုးပွားနိုင်ရန်လိုအပ်သည်။ မျိုးပွားနိုင်မှုများလေ မျိုးစိပ် တစ်ခုရပ်တည်ရှင်သန်ရန် ပိုမို သေချာလေဖြစ်သည်။
ဒါကတော့ ဘ၀ရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ နီးစပ်နိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ချပြရလွယ်ကူပါတယ်။
ဒါကြောင့် အခြေခံကျကျ ပြောစတမ်းဆိုရင် – ကလေးတွေ အများကြီးမွေးပါ။ ထိုကလေးများ နောက်ထပ်ကလေးများကြီး မွေးနိုင်အောင် တာဝန်ယူပါ။ မရှောင် မလွှဲနိုင်သော သေခြင်းတရားကို ဖြစ်နိုင်သလောက်တွန်းလှန်ပါ ..
ကျေးဇူးတင်ပါတယ်။
http://mandalaygazette.com/

No comments: