Monday, February 6, 2012

ဆီးကျိတ်ကင်ဆာကာကွယ်ပေးနိုင်သော စားစရာများ



 ဆီးကျိတ်ကင်ဆာကာကွယ်ပေးနိုင်သော စားစရာများ

ဘယ်ကင်ဆာအမျိုးအစားပဲဖြစ်ဖြစ် အစားအသောက်အနေအထိုင်က
အဓိကဖြစ်စေတဲ့အကြောင်းတရားဖြစ်
ပါတယ်။နားလည်စွာနဲ့ဆင်ခြင်မယ်ဆိုရင်
ကင်ဆာရောဂါများကိုကာကွယ်ရာရောက်
မှာသေချာပါတယ်။ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ
အဖြစ်အများဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ပညာရှင်များက နှစ်ပေါင်းများစွာ
သုတေသနရလဒ်များအရ ရေရှည်စားသုံးပေးသွားရင်ဆီးကျိ
တ်ကင်ဆာကို
တကယ်ကာကွယ်နိုင်တဲ့အစားအသောက်(
၎)မျိုးကို  အတည်ပြုထုတ်ပြန်ပေးလိုက်ပါတယ်။


(၁)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေရဲ့အရောင်ကိုပေး
တဲ့ ရောင်ခြယ်ပစ္စည်းတွေထဲက တစ်မျိုးဖြစ်တဲ့
လိုင်ကိုပင်း(Lycopene)ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး
ဖြစ်ပြီး
ဆီးကျိတ်ကင်ဆာအပါအ၀င် ကင်ဆာအားလုံးကိုကာကွယ်ပေးနိုင်
တယ်လို့
တွေ့ရှိခဲ့တာကြာပြီဖြစ်ပါတယ်။
ခရမ်းချဉ်သီးမှာ ကင်ဆာကာကွယ်နိုင်တဲ့အခြားသော
ဗိုက်တာမင်နဲ့ သတ္တုဓာတ်များလဲ ပါဝင်လို့ တကယ်နေ့စဉ်စားပေးနိုင်ရင်
အကောင်းဆုံးဖြစ်ပါတယ်။ဆီနဲ့အတူ
တူစားရင် ခန္ဓာကိုယ်ကလိုင်ကိုပင်းစုပ်ယူမှုကို
ပိုမိုအားကောင်းစေလို့ စားသမျှအကျိုးရှိစေမယ်လို့ဆိုပါ
တယ်။



(၂)ပန်းဂေါ်ဖီစိမ်း

 Sulforaphane ဆိုတဲ့ကင်ဆာကာကွယ်ပေးနိုင်တဲ့ဓာ
တုဒြပ်ပေါင်းဟာ
အသီးအရွက်တွေတော်တော်များများမှ
ာ ပါပါတယ်။ဒါပေမယ့်ပန်းဂေါ်ဖီအစိမ်းထဲမှာကျတော့
ပမာဏပိုမိုများပြားစွာပါဝင်ပြီး အခြားအသီးအရွက်တွေမှာပါတာတွေထက်
ပိုလဲအစွမ်းထက်ကြောင်းသိရပါတယ်။
Sulforaphane ဟာ
ကင်ဆာတိုက်ဖျက်နိုင်တဲ့ပစ္စည်းေ
တွထဲမှာ အစွမ်းဆုံးတွေထဲကတစ်ခုလို့
ပညာရှင်များအသိအမှတ်ပြုပါတယ်။စာ
းတာကတော့ ရေစင်အောင်ဆေးပြီး
အစိမ်းသုတ်ပဲစားစား၊ကြော်ချက်ပဲ
စားစား
အကျိုးရှိတယ်လို့ဆိုပါတယ်။အရမ်း
အပူချိန်မြင့်မြင့်မှာ
ကြာကြာနူးအိသွားအောင်မချက်မိဖို
့တော့ သတိပြုရပါမယ်။



(၃)ပဲပိစပ်(ပဲနို့)

ပဲပိစပ်ဟာ အသားဓာတ်အကြွယ်ဝဆုံးပဲအမျိုးအစာ
းဖြစ်ပါတယ်။သူ့အထဲမှာပါဝင်တဲ့ isoflavones
ဆိုတဲ့ လူသားတွေကိုယ်ထဲကအီစထရိုဂျင်ဟော
်မုန်းနဲ့တူတဲ့ ဓာတုဒြပ်ပေါင်းဟာ
အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားလာခြင်းကိ

ထိထိရောက်ရောက်ကာကွယ်ပေးနိုင်
တယ်လို့ဆိုပါတယ်။အမျိုးသားတွေအတွက်သာမက
အမျိုးသမီးများအတွက်လည်း အကျိုးပြုအီစထရိုဂျင်ပါတာမို့
သွေးဆုံးဝေဒနာတွေကိုသက်သာစေပြီး အသက်အရွယ်မရွေးနဲ့သင့်တော်ပါတယ်




(၄)လျှော်ပင်မှရသော အစေ့

လျှော်ပင်ဆိုတာ အမျှင်ရရှိတဲ့ သက်တမ်းတိုအပင်မျိုးဖြစ်ပြီး သူ့ရဲ့အစေ့ဟာ
အညိုရောင်နဲ့ရွှေဝါရောင်ဆိုပြီးန
ှစ်မျိုးရှိပါတယ်။သူ့ရဲ့အစေ့မှာ
အိုမီဂါသရီးအဆီများကြွယ်ဝစွာပါ
ဝင်ပြီး
သွေးတွင်းကိုလက်စထရောမြင့်တက်မှ
ုကြောင့်ဖြစ်ရတဲ့ကင်ဆာတွေကို
ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိပါတဲ့ အပင်ထွက်အီစထရိုဂျင်တစ်မျိုးလဲ
ပါဝင်တာမို့
ကင်ဆာကာကွယ်နိုင်တယ်လို့ ၁၉၅၀ပြည့်နှစ်များလောက်ကတည်းက
သိရှိခဲ့ကြတာဖြစ်ပါတယ်။(ဒီဆောင်
းပါးကိုအမျိုးသားများကျန်းမာရေးအတွက်ဘာသာပြန်ပြီးရေးတင်လိုက်ရပေမယ့်
ကျွန်တော်ကိုယ်တိုင်ပိုက်ဆံလျှေ
ာ်စေ့ကို
ဘယ်လိုစားရမလဲမသိသေးပါဘူး၊မြင်ေ
တာင်မမြင်ဖူးသေးတာပါ။ခရမ်းချဉ်သီးနည်းတူ
ဆီးကျိတ်ရောဂါကို တကယ်ကာကွယ်နိုင်တဲ့ အသီးတစ်မျိုးကတော့ စတော်ဘယ်ရီသီးလို့
သိရပါတယ်)
Last Updated at 2010-01-20 on 00:04:41 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

No comments: