လောကမှာ အပြစ်ကိုကြည့်သူ နှစ်မျိုးရှိတယ် ....
အများရှေ့မှာ ချွတ်ယွင်းချက်တွေေ
ဖ်ာပြပြီး နှိပ်ကွပ်ဖို့အတွက် အပြစ်ကိုကြည့်သူ ဟာ
ရန်ရှာသူနဲ့အတူတူဖြစ်လို့ နာခံရသူကို ကျိုးမဲ့ ပြစ်ရဖြစ်စေတယ် ... ။
မသိတာ သိအောင် ..... မပြည့်တာ ပြည့်အောင် ချီးမြှောက်ပေးလိုတဲ့စိတ်ထားနဲ့
သူ့ရဲ့ကြီးပွားတိုးတက်ရေးအတွက် .... အပြစ်ကိုကြည့်ပြီးပြောဆိုဆုံးမသူဟာ .....
ဖုံးနေတဲ့အရာကို ဖယ်ပြီး ..... မြှုပ်ကွယ်နေတဲ့ ရွှေအိုးကို ထုတ်ဖော်ပေးလိုက်သလို ဖြစ်လို့
ဒီလို ဆရာသမား .... ( မိတ်ဆွေ သင်္ဂဟ ) ရဲ့ စကားကို နာခံရသူဟာ ပြစ်မဲ့ကျိုးရှိ
ဖြစ်စေတဲ့အတွက် အရှုံးမရှိစေပဲ အမြတ်သာရှိစေတယ် .... ။
ဓမ္မပဒဂါထာ ၇၆
ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း ) ရဲ့ မထေရ်မြတ်တို့စကားဝိုင်း ( ရ ) စာအုပ်မှ ထုတ်နှုတ်
ဝေမျှအပ်ပါတယ်ရှင် ... ။
*****************************************************
တစ်ခါမှာ ဆွမ်းခံကြွရန် ထွက်လာတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို
ကိုရင်လေးတစ်ပါးက ...
အရှင်ဘုရား ..... သင်္ကန်းရုံတာ မညီညွတ်သေးပါဘူး ဘုရား လို့ လျှောက်လိုက်ရာ
အရှင်မြတ်သည် သင်္ကန်းကို ချက်ခြင်း ပြင်ရုံကာ ပြီးသည်နှင့် ... ကိုရင်ကလေးကို
လက်အုပ်ချီပြီး " ... သင့်တော်ပါပြီလား ဘုရား .. နောက်အပြစ်တွေ့ ရင်လည်း ဆုံးမ
တော် မူပါဘုရား .... " လို့ လျှောက်ထားတော် မူခဲ့ပါတယ် ... ။
စပါးနှံသည် အဆံများလေ ငိုက်ကျလေ ဖြစ်သကဲ့သို့ ....
သူတော်ကောင်းစိတ်နှင့် အသိပညာ ပြည့်ဝလေ မာနကင်းလေဖြစ်ပါ တယ် .... ။
**************************************************
အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးရှိရာ ညွှန်ပြသူကဲ့သို့ ဆည်းကပ်ရမယ် .....
( ပထမ ရွှေကျင်ဆရာတော် ဘုရားကြီး )
**************************************************
" ၀ါသနာ ဆိုးတွေကို ငယ်စဉ်ကတည်းက ဖျောက် ....
လူတိုင်း ဥာဉ်ဆိုးလေးတွေ ရှိတတ်ကြတယ် ....
အဲ့ဒီ့ ဥာဉ်ဆိုးလေးတွေကို ငယ်ငယ်ကပဲ သတိပြုပြီး .... ပြင်ကြ ....
ဖျောက်ဖျက်ကြ .....
ကြီးလာတော့ ငါလူကြီးဆိုတဲ့ မာန်ကလေးနဲ့ မပြင်ချင်ကြတော့ဘူး .... "
( စစ်ကိုင်း ၊ ရွှေဟင်္သာတောရ ပထမဆရာတော် ဘုရားကြီး ဘဒ္ဒန္တပဏ္ဍိတ သီရိ )
မေတ္တာရှင် ရွှေပြည်သာ ရဲ့ ဘ၀နှင့်ရင်းရသော အတွေးအမြင်များ အတွဲ ( ၁ ) မှ ထုတ်နှုတ် ဝေမျှ
အပ်ပါတယ်ရှင် ...
မေတ္တာဖြင့် ...