တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .
မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts
Monday, March 19, 2012
Sunday, March 11, 2012
အနီးကပ်ရန်သူ
ရှေးတုန်းက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ်. . .
ပြည်သူတွေရဲ့ ဘ၀မှန်ကို သိလိုတဲ့အတွ့် မင်းကြီးဟာ သူဆင်းရဲ အသွင်
ရုပ်ဖျက်ပြီး စနည်းနာ ထွက်တော်မူပါတယ်.. . ပထမ နေပြည်တော်တွင်း စနည်းနာ
ပြီး ထို့နောက် နေပြည်တော် ပြင်ပ ကျေးရွာများသို့ သွားလေသည်. . . .
ကျေးရွာ အပြင်ဘက် ယာတောတစ်ခုသို့ ရောက်တဲ့အခါ. . . အသက်အရွယ်
အိုမင်းပြီဖြစ်သော အဘိုးအို အဘွားအို ဇနီးမောင်နှံကို တွေ့ရပါသည်. . .
အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ
"ဘကြီးတို့က အသက်ကြီးလှပြီ တရားဘာဝနာနဲ့ နေသင့်တဲ့ အရွယ်မှာ ဘာ့ကြောင့်
ဒီလောက် အပင်ပန်းခံပြီး လုပ်နေရပါသလဲ. . သားထောက်သမီးခံမရှိလို့လား
ဒါမှမဟုတ် လောဘမသတ်နိုင်လို့လား ". . . ဟုမေးလေသည်.. .
Sunday, March 4, 2012
"ဘယ်သူ့စကားက ပိုမှန်ပါသလဲ..."

တစ်ခါတုန်းက ဆရာနဲ့တပည့်နှစ်ဦးရှိကြတယ်။
သူတို့တွေဟာ ရွာစဉ်လှည့်ပြီး ဆပ်ကပ်ပညာနဲ့
အသက်မွေးဝမ်းကြောင်းကြသူများလည်းဖြစ်ကြတယ်။
အတောင် ခြောက်ဆယ်ရှည်တဲ့ဝါးလုံးရှည်တစ်လုံးရဲ့အောက်ဖက်မှာ
ဆရာက ပခုံးပေါ်မှာ ထောင်ထားတဲ့ဝါးလုံးရှည်ကို ထမ်းထားပြီး
ဟန်ချက်ညီအောင် ထိန်းထားရတယ်။
ထောင်ထားတဲ့ဝါးလုံးရှည်ရဲ့ အပေါ်ဆုံးအပိုင်းထိပ်ဖျားမှာ တပည့်က
ဟန်ချက်ညီအောင်ထိန်းပြီး ပြကွက်အမျိုးမျိုးကို ပရိသတ်အကြိုက်
တစ်မျိုးပြီး တစ်မျိုး ကပြအသုံးတော်ခံရပါတယ်။
တစ်နေ့တော့ ပြကွက်ပြခါနီးမှာ ဆရာက တပည့်ကိုပြောတယ်။
Friday, February 24, 2012
ကျောက်ဆစ်သမားပုံပြင်
ကျောက်ဆစ်သမားပုံပြင်

ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကို ထုဆစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ရတဲ့ ကျောက်ဆစ် သမားတစ်ဦးရှိတယ် ။ သူဟာ နေ့ တိုင်း ကျောက်တောင်ကြီးအောက်ခြေကနေစပြီး ကျောက်တွေကို ထုဆစ်လို့ ရလာတဲ့ ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုတယ် ။ တစ်နေ့တော့ သူဟာ သူထုဆစ်လို့ ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို ရောက်လာခဲ့ပါတယ် ။ အဲဒီလိုနဲ့ သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ အလွန်ခမ်းနားတဲ့ အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ် ။

ပညာပေးပုံပြင်လေပါ..
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး
အုပ်စိုးသတဲ့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။
Wednesday, February 22, 2012
ကိုယ်ကြိုက်တာ ကိုယ်လုပ် ----
တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးကြီးတစ်ယောက်ရှိတယ် - အဲဒီမုဆိုးကြီးက သားကောင်တွေ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ရတာ အင်မတန်ဝါသနာထုံတယ် ။ ကြိုက်တယ်ပေါ့ ။ သူ့မှာ သူ့စရိုက်နဲ့ လုံးဝမလိုက်ဖက်တဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ် ၊ သူ့ဇနီးက နေ့စဉ် အမဲလိုက်တဲ့ အလုပ်ကိုစွန့်လွှတ်ဘို့ တရားချတယ် ၊ ဒါပေမယ့် သူကလက်မခံဘူးတဲ့ ၊ ။
သူက သူ့ရဲ့ မုဆိုးအလုပ်ကို မစွန့်လွှတ်တော့ သူ့ဇနီးဟာ မိန်းမတို့ဝတ်တရားရှိတဲ့အတိုင်း မုဆိုးကြီးတောလိုက်ထွက်ရင် လိုအပ်တဲ့ ရိက္ခာခြောက်တို့ လေး ၊ မြှား တို့ကိုပြင်ဆင်ပေးရတာပေါ့  ။ အဲဒါကိုသူမဟာ အပြစ်ရှိသလိုခံစားနေရသတဲ့ ။
Tuesday, February 21, 2012
ဖိုးသူတော်

ကြားဖူးတာလေးပြောပြမယ် သိပြီးသားလဲဖြစ်ချင်ဖြစ်မှာပေါ့။သိပြီးရင်လဲ ပြန်မှတ်မိတာပေါ့။
တစ်ခါတုန်းက ဖိုးသူတော်တစ်ယောက် ဆွမ်းခံအပြန်မှာ လယ်သမားတစ်ယောက်ရဲ့ ပြောင်းခင်းမှ ပြောင်းဖူးဝင်ချိုးပါသတဲ့....။
ပထမတစ်ဖူး ချိုးကြည့်လိုက်တယ်..။အစေ့တွေ မပါလောက်အောင်ပါပဲတဲ့...။
နောက်တစ်ဖူး.....
နောက်တစ်ဖူး...
နောက်...
ဖိုးသူတော် စိတ်ညစ်လာတယ်..။တစ်ဖူးမှ အောင်တဲ့ အဖူးမရှိဘူးတဲ့..။
ကြာတော့ ဖိုးသူတော် ဒေါသအကြီးအကျယ်ထွက်လာတယ်......။
Monday, February 20, 2012
" ဘရိမ်းကိန်း( Brain Gain )ဖြစ်ပါစေ..."

တစ်ခါတုန်းက လိပ်မကြီးတစ်ကောင်ရှိလေရဲ့။
အဲဒီလိပ်မကြီးဟာ ဥတွေဥချင်လာတယ်။
အဲဒီတော့ သူပေါက်ပွားခဲ့ရာ 'ဘားမား'ဆိုတဲ့ကျွန်းလေးကို သတိရလာပါတယ်။
အဲဒီကျွန်းဟာ အခုလောလောဆယ်သူရောက်နေတဲ့နေရာဆိုရင် အရမ်းဝေးပါတယ်။
ဒါပေမယ့် အဲဒီကျွန်းကိုရောက်အောင်ကြိုးစားပြီးကူးခတ်ပြီးသွားခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ရောက်တော့ သဲသောင်ပြင်ပေါ်ကို ယက်ပြီး တစ်ရွေ့ရွေ့တက်လာခဲ့ပါတယ်။
လိပ်မကြီးက ယက်ရင်း၊တက်ရင်းနဲ့စဉ်းစားလာပါတယ်။
လူတွေက ပြောကြတယ်။
လိပ်လိုပဲ ကိုယ့်ဖက်ကိုယ့်ယက်တတ်သတဲ့။
ကောင်းတဲ့စကားပုံတော့ ဟုတ်ဟန်မတူပါဘူး။
အတ္တကြီးတယ်ဆိုတဲ့သဘောကို ကိုယ်စားပြုထားတာလို့ထင်မိပါတယ်။
မသိလို့မေးလိုက်ချင်ပါတယ်။
လူတွေကရော ကိုယ့်ဖက်ကိုယ်မယက်တတ်ကြဘူးလား။
အတ္တမကြီးဘူးလားလို့မေးလိုက်ချင်မိပါတယ်။
" သားသမီးအတွက် အသက်ကိုလည်းပေးရဲပါတယ်..."

တစ်ခါတုန်းက
အစာငတ်မွတ်တဲ့ ဘေးဒုက္ခနဲ့ကြုံခဲ့ရတဲ့အာဖရိကမှာ
လူတွေ၊တိရစ္ဆာန်တွေဟာ အစာငတ်ပြီးသေကုန်ကြပါတယ်။
လူတွေဟာ ဆက်လက်နေထိုင်ရမှာကိုကြောက်လန့်ပြီး
အဲဒီဒေသကို စွန့်ခွာထွက်ပြေးကုန်ပါတယ်။
အဲဒီဒေသမှာ ထူးဆန်းတဲ့ ပယ်လီကင်ငှက်မတစ်ကောင်ရှိပါတယ်။
သတ္တိရှိလှတဲ့ အဲဒီငှက်ကတော့ ဘာမှ စိုးရိမ်စိတ်မရှိပဲ သူရဲ့သားသမီးတွေကိုပျော်ပျော်ရွှင်ရွှင်
ပြုစုစောင့်ရှောက်နေပါတယ်။
Friday, February 17, 2012
မိန်းကလေးများအတွက် ခွန်အားဖြစ် ပုံပြင်
တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။
Thursday, February 16, 2012
သူဆင်းရဲနှင့်အ၀တ်အစားပုံပြင်
သူဆင်းရဲနှင့်အ၀တ်အစားပုံပြင်
တစ်ခါတုန်းက ဆင်းရဲသားတစ်ဦးဟာ အ၀တ်အစား အနွမ်းလေးတွေဝတ်ပြီး ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ နန်းတော်ကြီးဆီလာခဲ့တယ် ။ ယဉ်ကျေးမှုအရ သူ့ကို လက်ခံထားလိုက်ပေမယ့် သူ့ရဲ့ ဟောင်းနွမ်းစုတ်ပြတ်လှတဲ့ အ၀တ်အစားကြောင့် သူ့ကို ဂုဏ်ပြုညစာစားပွဲဟိုး အစွန်ဆုံးနေရာမှာ နေရာချထားခဲ့ကြတယ် ။ အဲဒီအချိန်မှာပဲ ညစာ စားပွဲအတွက် ပန်းကန်တွေ ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူ့ အတွက်တော့ ဘာအစားအစာမှ ပါမ လာခဲ့ပါဘူး ။

Sunday, February 12, 2012
အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံး
တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး
သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။
Saturday, February 11, 2012
အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်
ကောင်လေး (၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီ ဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး “ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်” လို့ဆိုတယ်။
Sunday, February 5, 2012
နည်းပညာမရှိရင် .

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးဟာ ကုန်ပစ္စည်းတစ်ခုလုပ်ဖို့ ရွာတစ်ရွာကို
သစ်တုံးကြီးတစ်တုံးစီပေးတယ်တဲ့…
Saturday, February 4, 2012
Tuesday, January 31, 2012
ကိုယ်တိုင်လုပ်မှ
တခါတုန်းက အဘိုးအို ဇနီးမောင်နှံမှာ စိုက်ပျိုးပြီး လယ်တွေ ရှိကြသတဲ့။ စပါးပင်တွေက စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ ကျေးငှက်မျိုးစုံ လာရောက် ကျက်စားပျော်ပါးကြသတဲ့။ အဲဒီလယ်တွေထဲက လယ်တကွက်မှာ စာဖို စာမ မောင်နှံက အသိုက်အမြုံ လုပ်နေတာပေါ့။ ဒီလိုနဲ့ ငှက်ကလေးများ ပေါက်ဖွားလာကြရော။ စပါးနှံတွေကလဲ တဖြည်းဖြည်း ၀ါဝင်းမှည့်ရင့်လာခဲ့တယ်။ စာဖိုကတော့ တနေကုန် ဟိုပျံလိုက် ဒီပျံလိုက်နဲ့ သွားလာလှုပ်ရှားရင်း အိပ်တန်းတက်ချိန်မှ ပြန်လာတတ်တယ်။
ဒီလိုနဲ့ တနေ့တော့ အဘိုးအိုဇနီးမောင်နှံဟာ ရောက်နေကျအချိန်မှာ လယ်တောကို ရောက်လာကြတယ်။ စပါးနှံတွေကလဲ မှည့်ရင့်ပြီး ညွတ်ကိုင်းလို့။ ဒီတော့ အဘိုးကြီးက အမယ်ကြီးကို -ရှင်မရေ၊ တို့စပါးတွေ ရိတ်မှဖြစ်တော့မယ်။ မှည့်ရင့်နေပြီ-လို့ ပြောလိုက်သတဲ့။ ဒါကို စာမ-က ကြားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ စာကလေးတွေနဲ့ ဘယ့်နှယ်လုပ်ရပါ့။ တို့အသိုက်အမြုံလေးတော့ ပျက်စီးတော့မှာပဲပေါ့။
ဒီတော့ ညနေမိုးချုပ် စာဖို ပြန်အလာမှာ ဆီးပြီး ပြောတော့တာပေါ့။ အတွေ့အကြုံရင့်ကျက်တဲ့ စာဖို-ကတော့ လေအေးအေးနဲ့ အရေးမကြီးပါဘူးကွာ၊ မင်းကလဲ စိတ်မပူပါနဲ့၊ ခေါင်းအေးအေး ထားစမ်းပါ-လို့ ပြန်ပြောသတဲ့။
ဒီလိုနဲ့ နောက်တနေ့ ရောက်ပြန်ရော။ အဘိုးအို လင်မယားကလဲ လယ်တောကို ရောက်လာကြပြန်တယ်။ အင်း-စပါးနှံတွေကလဲ မှည့်ရင့်နေပြီ။ မနက်ဖြန် တို့တော့ ကောက်ရိတ်တဲ့သူတွေငှါးပြီး ရိတ်မှဖြစ်တော့မယ်-လို့ အဘိုးအိုက ညည်းလိုက်ပြန်ရော။
ဒီစကားကို စာမ ကြားတော့ စာဖို အပြန်မှာ ဆီးပြီးပြောပြန်ရော။ ဒီမှာ ဒီမှာ၊ နက်ဖြန်ခါ ကောက်ရိတ်တွေကို ငှါးပြီး ရိတ်တော့မှာတဲ့။ ဒီတော့ စာဖိုက ပြန်ပြောလိုက်တယ်။ မင်းကလဲ အရေးမကြီးသေးပါဘူး။ စိတ်မပူစမ်းပါနဲ့-တဲ့။ ဒီလိုနဲ့ တခါပြီးသွားပြန်ရော။
နောက်တနေ့ အဘိုးအိုမောင်နှံ လယ်တောကို ရောက်လာကြပြန်တယ်။ အဘိုးအိုက စပါးနှံတွေ ရင့်မှည့်နေတာကို မြင်တော့ အားမလို အားမရ ဖြစ်လာတယ်။ ဒီတော့ သူက အမယ်ကြီးကို လှမ်းပြောလိုက်တယ်။ ကဲ-ရှင်မ၊ ကောက်ရိတ်သူတွေကလဲ နေ့ရွှေ့ ရက်ရွှေ့နဲ့ ဒီလိုနဲ့ တို့စပါးတွေ ရင့်ပြီး ပျက်စီးကုန်တော့မှာပဲ။ ဒီတော့ တို့ကိုယ်တိုင်ပဲ မနက်ဖြန်ခါတော့ ရိတ်လိုက်ကြစို့ကွယ်-တဲ့။
ဒီစကားကိုလဲ စာမ-က ကြားရပြန်တယ်။ ညနေချိန် စာဖို ပြန်ရောက်လာတော့ ထိတ်ထိတ်ပျာပျာနဲ့ ဆီးပြောလိုက်ပြန်တယ်။
နက်ဖြန်ခါ ကိုယ်တိုင်ရိတ်ကြတော့မယ်-တဲ့။
ဟုတ်လား၊ ဒါဖြင့်ရင် ငါတို့ ကနေ့ညပဲ ပြောင်းကြစို့ရဲ့-ဆိုပြီး စာဖို နဲ့ စာမ ညတွင်းချင်း လယ်တောက ပြောင်းရွှေ့ခဲ့ကြတယ်။
နောက်တနေ့မှာပဲ အဘိုးအို လင်မယားဟာ ကိုယ်တိုင်ပဲ စပါးပင်တွေ ရိတ်လိုက်ကြသတဲ့။ အဲဒီတော့မှပဲ စပါးတွေအကုန်လုံး အပျက်အစီးမရှိ အိမ်က ကျီထဲကို ရောက်တော့သတဲ့။
ပုံပြင်ဆုံးတာနဲ့ ဆရာတော်ကြီးက တပည့်များကို အောက်ပါသြ၀ါဒကို ပေးပါတယ်။
အဲဒီတော့ မင်းတို့ မှတ်ထားကြ။ ကိုယ်ကိုယ်တိုင် မလုပ်လျှင် ဘယ်ကိစ္စမှ ရှောရှောရှူရှူနဲ့ မြန်မြန်ဆန်ဆန် ပြီးမှာ မဟုတ်ဘူး-တဲ့။
(ငါန်းဇွန်-မောင်လွမ်းမွန်)
မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောပြောသော ပုံပြင်။
( မြတ်မင်္ဂလာ ၂၀၀၃-ခု သြဂုတ်လ)
Sunday, January 29, 2012
မောင်သုည ခွက်သာကွာသွားတာ အရသာတော့ အတူတူပါဘဲ
ခွက်သာကွာသွားတာ အရသာတော့ အတူတူပါဘဲ
ရှေးသရောအခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ရှင်ဘုရင်ကြီးတပါးမှာအလွန်ပညာရှိပြီး
အရာရာကိုတိုင်ပင်ဆွေးနွေးနိုင်တဲ့ပုရောဟိတ်ပုဏ္ဏားတယောက်ရှိတယ်၊
သူက ပညာလဲပြည်စုံတယ်အကြံဥာဏ်လဲကောင်းတယ်၊ဘုရင်ကြီးအတွက်အင်မတန်
အားကိုးရတယ်၊တနေ့ကျတော့ အဲဒီပုရောဟိတ်ပုဏ္ဏားကြီးက နန်တော်ကိုအခစားမ၀င်ဘူး၊
ညီလာခံမတက်ဘူး၊အဲဒီတော့ ဘုရင်ကြီးကမေးတယ် ဘာလို့ပုရောဟိတ်ပုဏ္ဏားကြီးညီလာခံ
မတက်သလဲ ၊ဆိုတော့နေမကောင်းလို့ပါတဲ့ ။ နောက်တရက်လဲ ညီလာခံမတက် ၊ နောက်တရက်လဲညီလာခံမတက်ဆိုတော့ဒီလောက်ဥာဏ်ပညာနဲ့ပြည်စုံတဲ့ပညာရှိကြီးမပါတော့ ဆွေးနွေးမှုတွေ၊ဆုံးဖြတ်မှုတွေဟာအပြီးမသတ်နိုင်ဘူးအဲဒီတော့ဘုရင်ကငြီးတယ်၊ဘာများဖြစ်
လို့ပါလိမ့်ဆိုပြီးသမားတော်တွေလွှတ်ပြိးဆေးအကုခိုင်းတယ်သမားတော်ကြီးတွေကဘာပြန်ပြောလဲဆိုတော့
ဘယ်လိုမှကုလိုမရဘူး ဆေးတိုက်တာလဲမသောက်ဘူး တညီးညီးတညူညူနဲ့နေ
တယ်လို့ပြန်လျှောက်တယ် ၊
ဒီတော့ဘုရင်အနားမှာထိုင်နေတဲ့မိဖုရားကြီးကပုရောဟိတ်ကြီးရဲ့ဝေဒနာကိုသိသွားတယ်
ဘုရင်ကြီးကိုလျှောက်တယ် - အရှင်မင်းကြီး ပုရောဟိတ်ကြိးဟာ ပညာအရာနဲ့လဲပြည်စုံတယ်
တိုင်းပြည်အတွက်လဲ အလွန်အားထားရတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ် ၊ တစုံတခုဖြစ်သွားရင်တိုင်းပြည်
အတွက်ရော နန်းတော်အတွက်ပါ ထိုခိုက်နိုင်တယ် ဆုံးရှူံလို့မဖြစ်ဘူး ။ ကျွန်တော်မျိုးမ ဆေး
သွားတိုက်ချင်ပါတယ် ခွင့်ပြုပါလို့လျှောက်တယ်၊ ဘုရင်ကြီးကလဲ အေးကောင်းတယ် ၊ ပညာရှိ
ကြီးတပါးတဆုံးပါးမသွားအောင်သွားကုစေဆိုပြီးခွင့်ပြူလိုက်တယ် ၊
မိဘုရားကြီးကအလွန်ချောအလွန်လှတဲ့ မိန်းမတဦးဖြစ်တယ်ဆိုဘဲ ၊ မိဘုရားကြီးက
ဘယ်လိုစီမံသလဲဆိုတော့ သူရဲ့ ရံရွေတော်တွေကို ခွက်သုံးခွက်ယူခဲ့ မြေခွက်ရယ် ၊ ငွေခွက်ရယ်
ရွှေခွက်ရယ် ယူခဲ့ ၊ နေက်ပြိး ပုံးရည်ကောင်းကောင်းယူခဲ့လို့မှာလိုက်တယ် ၊
(ပုန်းရည်ဆိုတာ ဟိုတုန်းကတော့ အရက်ပေါ့ အရသာက ချဉ်ချဉ်စူးစူးဖန်တန်တန်လေး
ပေါ့ )
အဲဒါတွေကိုယူပြိး ပုရောဟိတ်ကြီးထံကို အခြွေအရံတွေကိုအလှဆုံးအ၀တ်အစားဆင်ယင်ပြီး
သွားကြစို့ဆိုပြီးထွက်ခဲ့ကြတယ် ၊
မိဖုရားကြီးကဘာကြောင့်ဆေးတိုက်သွားမှာလဲ ။ ဘာဖြစ်လို့ပုရောဟိတ်ကြီးရဲ့ဝေဒနာ
ကိုသိတာလဲ ဆိုတော့ ။ တနေ့ ညီလာခံပြီးလို့ ပုရောဟိတ်ကြီးသူအိမ်ကိုပြန်တဲ့အခါမှာ မိဖုရား
ကြီးနေတဲ့အဆောင်ဘက်ကဖြတ်ပြန်သွားတယ် ။ အဲဒီအချိန်မှာ မိဖုရားကြီးလွတ်လွတ်လပ်လပ်
တယောက်ထည်း အိပ်ပျော်နေတယ် ၊
အဲဒါကိုပုရောဟိတ်ကြီးမြင်သွားတယ် ။ ပုရောဟိတ်ကြီးမြင်သွားတာကိုဖုရားကြီးကလန့်နိုးပြီး
ကြည့်လိုက်တော့ ပုရောဟိတ်ကြီးသူအိပ်နေတာမြင်သွားတယ်ဆိုတာ မိဖုရားကြိး ကသိလိုက်
တယ်၊အဲဒိနေ့ကစပြီးပုရောဟိတ်ကြီးညီလာခံမတက်ဘူးဆိုတာမိဘုရားကြီးကရိပ်စားမိလိုက်၊
တယ်၊
ဒါကြောင့် မိဖုရားကြီးက ပုရောဟိတ်ကြီးရဲ့ဝေဒနာကိုသိလိုဆေးကုဘို့လာတာဖြစ်တယ် ၊
မိဖုရားကြိးကလဲပညာဥာဏ်ခေသူမဟုတ်ဘူးဆိုတော့ ပြဿနာကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာသိတယ် ၊
ပုရောဟိတ်ကြီးထံရောက်တော့
အိုပုရောဟိတ်ကြီး နေမကောင်းဘူးဆိုလို့ဆေးလာတိုက်တာ
လို့ပြောလိုကတယ်ဆိုရင်ဘဲ ပုရောဟိတ်ကြီးက မိဖုရားကြီးလဲမြင်တော့ ထထိုင်တယ် ၊
ဆေးသောက်မလားဆိုတော့
သောက်မယ်တဲ့
ဒါနဲ့ အသင့်ယူလာတဲ့ မြေခွက် ထဲကို ပုန်းရည် ထဲ့ပြိး ပထမ စတိုက်တယ်
ပုရောဟိတ်ကြီးလဲ အားရပါးရသောက်ချလိုက်တယ်
ဘယ့်နဲ့ ဆေးအရသာဘယ့်နဲ့လဲ လို့မေးတော့
ဒါ ပုန်းရည်မဟုတ်လား ချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်
အဲ နောက်တခါ မိဖုရားကြိးက ပုရောဟိတ်ကြီး နောက်တခွက်ထပ်သောက်ပါအုံး
ဒီ တခါ ငွေခွက်နဲ့ ထည့်တိုက်ပါမယ်ဆိုပြိး ငွေခွက်ထဲ ပုန်းရည်ထဲ့ပြီးတိုက်ပြန်တယ်
ပုရောဟိတ်ကြီးလဲ အားရပါးရသောက်ချလိုက်ပြန်တယ်
ဘယ့်နဲ့ ဆေးအရသာဘယ့်နဲ့လဲ လို့မေးတော့
ဒါ ပုန်းရည်ဘဲ မဟုတ်လား ချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်
အဲဒါဖြင့် နောက်တခါ နောက်တခွက်ထပ်သောက်ပါအုံး ဒီတခါရွှေခွက်နဲ့တိုက်မယ်
လို့ဆိုပြီး ရွှေခွက်ထဲကို ပုန်းရည်ထဲ့ပြိး တိုက်လိုက်ပြန်တယ်
ပုရောဟိတ်ကြီးလဲ အားရပါးရသောက်ချလိုက်ပြန်တယ်
ဘယ့်နဲ့ ဆေးအရသာဘယ့်နဲ့လဲ လို့မေးတော့
ဒါ လဲ ပုန်းရည်ဘဲ မဟုတ်လား ချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်
အဲ ဒီအခါမှာ မိဖုရားကြီး က ဟုတ်တယ် ပုရောဟိတ်ကြီး ပုန်းရည်ရဲ့အရသာဟာ
ဘယ်ခွက်ထဲ ထဲ့သောက်သောက်အရသာ ဟာအတူတူပါဘဲ
မြေခွက် ငွေခွက် ရွှေခွက် - ခွက်သာ ကွာသွားတာ ပါ အရသာကတော့ အတူတူပါဘဲ
ပုရောဟိတ်ကြီးရဲ့ ကြင်ရာတော် ဇနီးကောနေကောင်းရဲ့လား လို့နုတ်ဆက်ပြိး
ပြန်သွားကြတယ်
ပုရောဟိတ်ကြီးက လဲ ပညာရှိကြီးဆိုတော့ မိဖုရားကြီး ဘာကိုဆိုလိုတယ်ဆိုတာကို
သိလိုက်တယ် - နောက်နေ့ကစပြီး ညီလာခံကိုပြန်တက်တော့တယ် တဲ့
ဘုရားရှင်လက်ထက်တော်ကာလ အိမ်ထောင်ရှိပြီးသားယေက်ျားယောက်အိမ်ထောင်နဲ့နေရတာငြီးငွေလို့
ဘုရားထံရဟန်းဝတ်ခွင့်
ပြုရန်တောင်းပန်ပြီး ရဟန်းဝတ်နေစဉ်
တနေ့ ၌ဆွမ်းခံကြွရင်း မိန်းမပျိုကလေးတဦးကိုမြင်ပြီး လူထွက်ချင်တယ်လို့လျောက်ထားတာ
နဲ့ပတ်သက်ပြီး ဘုရားရှင်ကတရားတပုဒ်ဖြင့်ဆုံးမတော်မူခဲ့တဲ့အကြောင်း
ဆရာတော် ဦသုမင်္ဂလ ဟောကြားတဲ့
( ပဋ္ဌာန်းတရားတော် က္ကုန္ဒြိယပစ္စည်း ) တရားမှထုတ်နှုတ်၍ မျှဝေလိုက်ခြင်းဖြစ်ပါတယ်
မြေခွက် ငွေခွက် ရွှေခွက် - ခွက်သာကွာသွားတာ အရသာတော့ အတူတူပါဘဲ
မောင်သုည

သရဲ ပုံပြင်....:
သရဲ ပုံပြင်....:
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုကို ဖြတ်ရတယ်။ ... ဒါနဲ့ ကောင်မလေးက
ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက်
ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့
ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့
လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!”တဲ့ အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။
ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက်ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ
မှတ်လောက်သားလောက်အောင်ခြောက်ပစ်ရမယ်”
ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ
မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက
“အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက“တောက်..
ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။ အဘိုးအို
စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့
သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့
စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ရေရွတ်လိုက်တယ်။
အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။
တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့
ချုံထဲကနေလက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို
လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံတစ်သံထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား
ထွက်ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့
လူတစ်ယောက် ချုံထဲကနေထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့
သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်းမဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..
အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်ေ တွကို အခု ဖတ်နေတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲကပြုံးနေလေ၏.... :D
Subscribe to:
Posts (Atom)