Sunday, December 18, 2011

နယူတန်ရဲ့ ပန်းသီးကြွေကျတဲ့ပုံပြင် အွန်လိုင်းပေါ်ရောက်ပြီ

ပန်းသီး ကြွေကျသည် ကိုမြင်တွေ့ ရာမှ ဆွဲငင်အား သီအိုရီကို ပညာရှင် အိုက်ဆက်နယူတန် ဖော်ထုတ် နိုင်ခဲ့ပုံ နှင့် ပတ်သက်သော ၁၈ ရာစု မူရင်း မှတ်တမ်းအား အွန်လိုင်းတွင် လေ့လာ နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အောက်စဖိုဒ့် ထရီနတီ ကော လိပ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ မာတင်ကမ့် က မှတ်တမ်းကို မူလ ပုံစံ အတိုင်း ဖတ်ရှုနိုင်ခြင်းက သမိုင်းပညာရှင်များ အတွက် အထူး အကျိုးရှိမည်ဟု မျော်လင့်ကြောင်း သုံးသပ် ခဲ့သည်။ ယင်း မှတ်တမ်းမှာ ၁၇၅၂ ခုနှစ်က ပညာ ရှင်ဝီလျံစတပ်ကလေရေးသားခဲ့သော နယူတန်၏ အတ္ထုပ္ပတ္တိ Memoirs of Sir Issac Newton's Life ထဲတွင် ပါရှိ ခဲ့ခြင်း ဖြစ်သည်။

''နယူတန်နဲ့ပန်းသီးပုံပြင်ဟာ ဒဏ္ဍာရီတစ်ခုလိုဖြစ်နေခဲ့တာကြာပါ ပြီ။ခုနေအခါမှတော့ ရှင်းလင်းသွား ပါပြီ။ဒါဟာ နယူတန်နဲ့ စတက်ကလေ တို့အကြား ဆွေးနွေး မှုကနေ အခြေခံ ခဲ့တယ်ဆိုတာပေါ့'' ဟုမာတင်ကမ့်ပ် က ပြောကြား ခဲ့သည်။''သူ့ခေါင်းကို ပန်းသီးမှန်သွားတယ်လို့တော့ ကျွန်တော်တို့ ထင်စရာ မရှိပါဘူး။ ဒါပေမဲ့ ဥယျာဉ် ထဲမှာ ထိုင်ပြီး ပန်းသီးကြွေ ကျတာကို ကြည့်ရင်းက တွေ့ခဲ့ရတယ် လို့တော့ ယုံကြည် နိုင်ပါတယ်'' ဟု ကမ့်ပ်က သုံးသပ်သည်။

စတက်ကလေ၏စာအုပ်ထဲတွင် ''ညစာစားအပြီးမှာရာသီဥတုကလည်း နွေးနွေးထွေးထွေးရှိတာနဲ့ ကျွန်တော် တို့ ဥယျာဉ်ထဲဆင်းလာခဲ့တယ်။ပန်း သီးပင်တွေရဲ့အရိပ်အောက်မှာထိုင်ပြီး လက်ဖက်ရည်သောက်ကြတယ်။သူ(နယူတန်)နဲ့ကျွန်တော်နှစ်ယောက် တည်းပေါ့၊တခြားအကြောင်းတွေ ပြောကြရင်း သူ့စိတ်ထဲမှာဆွဲငင်အား အကြောင်း အရင်ကတွေးမိတဲ့ပုံမျိုး ပြန်ဖြစ်လာတယ်။ ဘာကြောင့် ပန်း သီးဟာမြေပေါ်ကို အမြဲတမ်းဒေါင် လိုက်ဆင်းလာရတာလဲလို့သူ့အတွေး ကိုပြောပြတယ်။ပန်းသီးကြွေကျတာ ကိုကြည့်ရင်း အတွေးကြွယ်နေတဲ့ ပုံ နဲ့ပေါ့။ဘာ့ကြောင့် အပေါ်ကိုမကြွေ သလဲ၊ဘေးကိုမကြွေသလဲ။အဲဒီလို မဟုတ်ဘဲ ကမ္ဘာ့ဗဟိုချက်ဆီကိုပဲ တန်းတန်းမတ်မတ်ကြွေရတာလဲ။ သေချာတယ်။အကြောင်းပြချက်က ကမ္ဘာက ဆွဲထားတယ်ဆိုတာပဲ''ဟု ရေးသားထားသည်။

ဗြိတိသျသိပ္ပံအဖွဲ့ Royal Society ၏ နှစ် ၃၅၀ မြောက်အထိမ်း အမှတ်ဖြစ်သော ယင်းသမိုင်းဝင်မှတ် တမ်းကို www. royalsociety.org/turning-the-pages တွင် ၀င်ရောက် ကြည့်ရှုနိုင်သည်။

No comments: