Monday, February 27, 2012

စိတ်ဓာတ် ခွန်အား စကားစုများ



ငါတို့က အရာရာ ပြီးပြည့်စုံလှပသူတွေ မဟုတ်ပါဘူး
ဒါပေမယ့် အဲဒီမပြည့်စုံတဲ့ကိုယ့်ကို ငါတို့လက်ခံရမယ်

အထီးကျန်ချိန် ကိုယ့်ကိုယ်ကိုနှစ်သိမ့်တတ်ရမယ်

အဖော်မဲ့ချိန် ကိုယ့်ကိုယ်ကိုနွေးထွေးမှုပေးရမယ

အမှီအခိုကင်း ကိုယ့်ကိုယ်ကို အားကိုးတတ်ရမယ်

ကိုယ့်ရဲ့ပျော့ညံ့ချက်ကို လက်ပြနှုတ်ဆက်တတ်ရမယ်။

ဘဝက အမြဲမနွေးထွေးနိုင်ပါဘူး
လူ့ဘဝလမ်း အမြဲမဖြောင့်တန်းနိုင်ပါဘူး
ဒါပေမယ့်....
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင်
ကိုယ့်တန်ဖိုးကို ကိုယ်သိနားလည်ရင်
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရင်
လောကကြီးရဲ့ မဖြောင့်ဖြူး၊ မပြည့်စုံတာတွေကို
ငါတို့ သက်တောင့်သက်သာ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။
.

လူ့ဘဝ ရာထူးအာဏာကြီးမားစရာမလိုဘူး.... ပျော်ရွှင်ရင်ရပြီ။
အချစ် နားဝင်ချိုသာယာတဲ့စကားမလိုဘူး .... ချစ်နေရင်ရပြီ။

ငွေကြေး တိုင်းတာတွက်ချက်စရာမလိုဘူး....
. သုံးလောက်ရင်ရပြီ။
သူငယ်ချင်း တစ်ကမ္ဘာလုံးမှာ ရှိစရာမလိုဘူး.... မင်းရှိနေရင်ရပြီ။


စိတ်ညစ်စရာနဲ့ကြုံဖူးမှ ပျော်ရွှင်ခြင်းရဲ့တန်ဖိုးကို သိတယ်
နာကျင်စရာနဲ့ကြုံဖူးမှ စိတ်ချမ်းသားခြင်းရဲ့အရသာကို သိတယ်
ဆုံးရှုံးဖူးမှ ရယူ ပိုင်ဆိုင်ခြင်းရဲ့တန်ဖိုးကို သိတယ်

တန်ဖိုးထားသင့်တာကို ကောင်းကောင်းတန်ဖိုးထားပါ
စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသား စွန့်လွှတ်ပါ။

နာကျင်ဝမ်းနည်းမှုတွေက ရှောင်လွဲလို့မရတဲ့အရာဆိုလည်း
ဘဝကို အပြုံးနဲ့ရင်ဆိုင်လိုက်ပါ.....
.

တကယ်လို့ သင်ဟာ ငါးဆိုရင်
ကောင်းကင်ပြာကို မစွဲလမ်းပါနဲ့။


တကယ်လို့ သင်ဟာ ငှက်ဆိုရင်

ပင်လယ်ပြာကို မတမ်းတပါနဲ့။


အထီးကျန်လို့ လူတစ်ယောက်ကို
မှားချစ်မိတာမျိုး ......
မှားချစ်မိလို့လည်း
တစ်သက်လုံး အထီးကျန်တာမျိုး မဖြစ်ပါစေနဲ့...
.

"မင်းကြီးလာရင် ဘာလုပ်မလဲ!"တဲ့ ဆရာက ကျွန်တော်ကိုမေးတယ်။
"ပျော်ရွှင်တဲ့လူ"လုပ်မယ်လို့ ကျွန်တော်ဖြေတယ်။

ဆရာက ကျွန်တော်ကို "မင်း မေးခွန်းနားမလည်ဘူး"တဲ့!

ကျွန်တော်က ဆရာကိုပြောတယ်။

"ဆရာက လူ့ဘဝကို နားမလည်တာ"လို့....


(John Lennon အင်္ဂလန် ဂီတပညာရှင်)
.
လူတွေမှာ လျှောက်စရာလမ်း နှစ်လမ်းရှိတယ်။
တစ်လမ်းက ကိုယ်လျှောက်သင့်တဲ့လမ်း
နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း
လျှောက်သင့်တဲ့လမ်းကို အရင်ဆုံး လှလှပပလျှောက်လှမ်းနိုင်မှ
လျှောက်ချင်တဲ့လမ်းကို လျှောက်ခွင့်ရှိမှာဖြစ်တယ်။
.

Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments: