Sunday, March 18, 2012

အင်တာနက်လွတ်လပ်မှုသဘော Net neutrality အကြောင်း



by Nyi Min Khant on Tuesday, November 16, 2010 at 2:02am ·
 
 
ကနေ့ကာလရဲ့ နည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍ communictions sector မှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အငြင်းအခုံအဖြစ်ရဆုံး ဝေါဟာရဟာ net neutrality ဆိုတဲ့ စကားစုဖြစ်လို့လာနေပါတယ်။ Net neutrality ဆိုတဲ့ဝေါဟာရမှာ net ကတော့ “အင်တာနက်ကွန်ရက်ကြီး” တစ်ခုလုံးကိုရည်ညွှန်းတာဖြစ်ပြီး၊ neutrality ဆိုတာကိုတော့ “ဘက်မလိုက်မှု၊ ကြားနေမှု” စတဲ့ အနက်သဘောတွေနဲ့သုံးကြတာပါ။ ဒီစကားစုကို “အင်တာနက်ကြားနေမှု” လို့လည်း ဟိုတစ်ပတ်က အင်တာနက်ဆောင်းပါးတစ်စောင်မှာ စမ်းသပ်ပြန်ဆိုသုံးစွဲခဲ့ပါသေးတယ်။
ဒါပေမယ့် စာဖတ်ပရိသတ်ကို အရည်လည်၊ သဘောပေါက်ဖို့ ခက်နေဦးမှာပါ။ ဒါကြောင့်ဒီအင်တာဗျူးမှာတော့ net neutrality ဆိုတာကို လက်ရှိအင်တာနက်အရေးအသားများပေါ်မှာ သုံးစွဲနေတဲ့အနက်ရင်းနဲ့ နီးစပ်မှုအရှိဆုံးဖြစ်အောင်၊ “အင်တာနက်လွတ်လပ်မှုသဘော” လို့ ပြန်ဆိုလိုက်ပါတယ်။ ယခုဖော်ပြမယ့် အမေးအဖြေတွေကတော့ net neutrality ဆိုတာဘာလဲဆိုတဲ့ မေးခွန်းနဲ့စထားတယ်။ Google Verizon တို့ရဲ့မကြာမီက ပူးတွဲအဆိုပြချက် ပေါ်လစီချမှတ်သူခေါင်းဆောင်များအတွက် အင်တာနက်ကို ထိန်းချုပ်ဖို့ကိစ္စပါဝင်သလို၊ AT & T, Comcast, Verizon တို့လို service provider ကုမ္ပဏီကြီးတွေနဲ့ အင်တာနက်ကွန်ရက်ရဲ့ အတားအဆီးမရှိ လွတ်လပ်မှုပင်ကိုယ်သဘောထားကို ထိန်းသိမ်းချင်တဲ့ လစ်ဘရယ်အုပ်စုများရဲ့အငြင်းအခုံတွေကိုပါ ရောင်ပြန်ဟပ်ထားပါတယ်။

Q Net neutrality ဆိုတာ ဘာလဲ။A ဒီဝေါဟာရရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းဖွင့်ဆို ဖော်ပြကြတာတော့မရှိသေးဘူး။ ဒါပေမယ့် လူတော်တော်များများအတွက်ကတော့ ဒီဝေါဟာရရဲ့အဓိပ္ပာယ်က “အင်တာနက်အသုံးပြုသူတွေဟာ Web ပေါ်က service နဲ့ content တွေကိုအကန့်အသတ်မူမရှိဘဲ ချိတ်ဆက်သုံးစွဲနိုင်တယ်၊ သုံးသင့်တယ်” လို့ပဲ ရိုးရိုးအဓိပ္ပာယ်ထွက်တယ်။ တခြားနည်းနဲ့ပြောရရင်တော့ broadband serviceprovider တွေကို အင်တာနက်ဆက်သွယ်မှုကိုနှေးအောင်လုပ်ခွင့်ပေးတာ တစ်ချို့သော content တွေကို ပိတ်ဆို့ (block) လုပ်တာမျိုးကို ခွင့်မပြုသင့်ဘူးလို့ဆိုတာပါ။ (အမေးအဖြေကအရေးကြီးလို့ မူရင်းကိုပါ တွဲလျက်ဖော်ပြပါရစေ။ ဘာသာပြန်သူ)Q Whar is Net neutrality?A There is no clear definition of the phrase "Net neutrality". But to most people it simply means that Internet users should be able to have unfettered access to content and services on the web. In other words, broadband service providers should not be allowed to monkey with the traffic to block certain content or slow it down.

Q အင်တာနက်ကို ပွင့်လင်းလွတ်လပ်အောင် open ဖြစ်အောင် ထိန်းသိမ်းပေးထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလား။A မရှိပါ။ Broadband provider တွေကို သူတို့ရဲ့ network တွေပေါ်မှာ ဘာလုပ်နိုင်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို သီးသန့်ပြောထား၊ ရေးထားတဲ့ ဥပဒေသို့မဟုတ် အရေးယူဆောင်ရွက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ တစ်ခါမှမရှိခဲ့ပါဘူး။ တစ်ချို့ဥပဒေတွေကတော့ အဆိုပြုထားတုန်း၊ ဒါပေမယ့် အားလုံးကလည်း ဒီအဆင့်မှာပဲ ပျက်ကုန်တာပါ။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ကတော့ Net neutrality principle ဆိုပြီး ရေးထားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တရားဝင်စည်းမျဉ်းတွေရယ်တော့ မဟုတ်ပါဘူး။ FCC ဟာယခုတော့ အခိုင်အမာဆောင်ရွက်နိုင်၊ အရေးယူပြဌာန်းနိုင်တဲ့ တရားဝင်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲဖို့လုပ်နေပါတယ်။

Q Net neutrality အငြင်းအခုံကိစ္စထဲမှာ Googleနဲ့ Verizon တို့ ဘာကြောင့်ပါဝင်နေတာလဲ။A Google နဲ့ Versizon တို့ဟာ FCC နဲ့ ဥပဒေပြုအမတ်တွေဆီမှာ အဆိုပြုချက်ဥပဒေကြမ်း proposal တစ်ခုရှိခဲ့ပါတယ်။ ဒါဟာ အဆိုပြုချက်သက်သက်ပါပဲ။ FCC အာဏာပိုင်တွေနဲ့ ဥပဒေပြုအမတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြမ်းတရပ်ဆွဲနိုင်ဖို့ သူတို့ရဲ့အဆိုပြုတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားမလား၊ မစဉ်းစားဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ Google နဲ့ Verizon Service provider တွေဟာသူတို့ရဲ့ network တွေပေါ်မှာလည်ပတ်နေတဲ့ အချို့သော appliction တွေအတွက် အပိုဝန်ဆောင်ခကောက်ခံမလား၊ မကောက်ခံဘူးလားဆိုတာပါ။ ၀ိုင်ယာလက်စ်ကွန်ရက် တွေကို Net neutrality စည်းမျဉ်းကနေ ဖယ်ထုတ်သင့်၊ မသင့်ဆိုတာပါ။

Q ဒါဆို ဘာဥပဒေမှ လောလောဆယ်မရှိသေးဘူးဆိုရင်၊ လက်ရှိကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ဆိုတာ မလွတ်လပ်ဘူးဆိုတဲ့သဘောလား။A ဒါလည်း “လွတ်လပ်တယ်” ဆိုတာကို ခင်ဗျားဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စားသုံးသူအများစုကတော့ သူတို့မှာ ဘာပြဿနာမှမရှိဘူးပြောကြတယ်။ သူတို့ရဲ့ broadband နှေးအောင်လုပ်တာ သို့မဟုတ် ပိတ်ဆို့ (block) တာ မရှိကြပါဘူး။ သူတို့ဟာအင်တာနက်ပေါ်မှာ လွတ်လပ်စွာသွားနိုင်ပြီး မည်သည့် အင်တာနက်အသုံးပြုရတဲ့ application ကိုမဆို သူတို့ရဲ့ broadband connection တွေပေါ်မှာ လွတ်လပ်စွာသုံးနိုင်ကြပါတယ်။ ဗီဒီယိုတွေကြည့်နိုင်တယ်။ Skype လို third party ကြည့်ရင်တော့ net ဆိုတာလွတ်လပ်တယ်ပေါ့။ ဒါပေမယ့်ဒါက service provider တွေဟာ အင်တာနက် traffic ကို မစီမံမခန့်ခွဲဘူး။ ဦးစားပေးမလုပ်ဆောင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ဘူး။ Broadband service provider တွေဟာ မြေပေါ်မှာဖိုင်ဘာလိုင်း၊ ကြေးနန်းလိုင်းတွေကနေ သို့မဟုတ် လေလှိုင်းကနေစသဖြင့် ဘယ်လိုပဲ service ပေးနေသည်ဖြစ်ပါစေ၊ သူတို့ဟာ ကိုယ့်ရဲ့ network တွေကိုစီမံနိုင်ရပါမယ်။ အင်တာနက်ပေါ်မှာ information တွေကို သယ်ဆောင်ပို့ပေးခြင်းနဲ့ပတ်သက်လို့ အသုံးပြုနေတဲ့ Internet Protocol ဆိုတာဟာလည်း အကောင်းဆုံး အားထုတ်မှုတစ်ခုပါပဲ။ ၎င်းက network တလျှောက်မှာ information packet တွေကိုပို့ပေးတယ်။ ဒီ information တွေအားလုံးဟာလည်း Speed အမျိုးမျိုး၊ တစ်ခါတစ်လေ လမ်းကြောင်းအမျိုးမျိုးနဲ့ သွားနေပါတယ်။ ဒီ packet အမျိုးမျိုးဟာလည်း သူတို့ရဲ့ပန်းတိုင်နေရာကိုရောက်ရင် ပြန်စုစည်းရတယ်။ ဒါဟာ network ရင်းမြစ်တွေအတွက် အလွန်ထိရောက်တဲ့ အသုံးပြုမှုပါ။ ဒါပေမယ့် ဟိုင်းဝေးလမ်းတွေပေါ်သွားနေတဲ့ ကားတွေလိုပေါ့။ တစ်ချို့ packet တွေဟာလည်း သွားနေစဉ်မှာ ပိတ်ဆို့မှုဖြစ်တာတွေ ကြုံရတတ်ပါတယ်။ လူတွေကတော့ text-based packet တွေနှောင့်နှေးတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဲဒါတွေမှာ အချိန်သတ်မှတ်ချက်နဲ့ သွားရတဲ့ဒေတာတွေဖြစ်ကြတဲ့ Voice call လို့၊ Vidoe Stream လုပ်တာမျိုးတွေလိုပါတယ်ဆိုရင် နှေးကွေးတာ၊ ပိတ်ဆို့မှုဖြစ်နေတာကို ကြုံရမှာပါ။ ဒီတော့ ဒေတာတွေစီးဆင်းနေမှုအားလုံးကို အချိန်မီ စနစ်တကျသွားလာနေစေဖို့ network operator တွေဟာ စီခံခန့်ခွဲမှုနည်းတွေနဲ့ တက္ကနိုလိုဂျီတွေကို ကားလမ်းတွေမှာ လမ်းပြရဲတွေကအဆင်ပြေအောင်လုပ်ပေးသလိုမျိုး လုပ်ဆောင်ပေးရပါတယ်။ Network operator တွေဟာ ဒီတက္ကနိုလိုဂျီတွေကို သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သူတို့ရဲ့ network တွေမှာပိတ်ဆို့မှု traffic တွေများလာလေ traffic management နည်းလမ်းတွေပါသုံးပြီး ဖြေရှင်းပေးရလေပါပဲ။ AT & T နဲ့ Verizon လိုကုမ္ပဏီမျိုးတွေက ပြောနေတာကလည်း သူတို့ရဲ့ network တွေကိုထိန်းချုပ်ဖို့ဆိုတာဟာ subscriber တွေအားလုံးအတွက် အဲဒီလို traffic တွေမကြုံအောင် စနစ်တကျစီမံနိုင်ရေးပါ။

Q ဒါဆို အင်တာနက်လွတ်လပ်မှုသဘော Net neutrality ကိုထောက်ခံသူတွေက ဘာတွေကို ကြောက်နေတာလဲ။A ဒါနဲ့ပတ်သက်လို့ ပုံစံကျဥပဒေစည်းမျဉ်းတွေမရှိဘဲ broadband provider တွေက သူတို့ရဲ့ စွမ်းအားကို မတရားအသုံးချကြမှာ ကြောက်ကြလို့ပါ။ Traffic ဖြစ်နေတာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့ရဲ့ management technique တွေကိုသုံးရမယ့်အစား၊ net ပေါ်မှာ ပြိုင်ဘက် provider တွေရဲ့ serviceတွေကို သုံးနေတဲ့ user တွေရဲ့ connection တွေကို နှောင့်နှေးအောင်လုပ်မှာစိုးလို့ပါ။ ဥပမာပြောရရင် ခင်ဗျားရဲ့ broadband provider က video service ပေးနေတယ်ဆိုပါတော့။ ဒါဆိုရင် ခင်ဗျားရဲ့ကုမ္ပဏီက network ပေါ်မှာတော့ ပြိုင်ဖက်ကုမ္ပဏီရဲ့ video service ထက်ခင်ဗျားအတွက် service ကိုပဲ ဦးတည်ပေးဖို့ ကြိုးစားကောင်းကြိုးစားတော့မှာပဲ။ ဒီလိုဖြစ်တာနဲ့ အဲဒီပြိုင်ဘက်ကုမ္ပဏီရဲ့ service ဟာလည်း နှောင့်နှေးသွားပြီး၊ ခင်ဗျားကုမ္ပဏီအတွက်ပဲ ပိုကောင်းတော့မှာပေါ့။ နောက်ထပ်ကြောက်ကြတာတစ်ခုကတော့ broadband service provider တွေဟာ content နဲ့ application developer တွေနဲ့ပူးပေါင်းပြီး စာချုပ်ချုပ်ဆိုမှာ၊ netbased service အင်တာနက်အခြေခံဝန်ဆောင်မှု အားလုံးတိုင်းဟာလည်း connection ပိုကောင်းချင်ရင် ငွေပိုပေးရမယ်ဆိုတာမျိုးဖြစ်လာမှာကို ကြောက်ကြတာပါ။ ဒါဆိုရင်လူတိုင်းသုံးနိုင်တဲ့ public Internet ဟာ နှေးကွေးတဲ့၊ ဘာမှသုံးလို့မရတဲ့ content တွေပဲပေးတော့မှာပေါ့။

Q ဒါဆို net neutrality အငြင်းခုံဟာ နောက်ဆိုဘာဖြစ်လာနိုင်မလဲ။A နိုဝင်ဘာမှာ အမေရိကန်ကွန်ရက်ရွေးကောက်ပွဲတွေရှိတာမို့ အဲဒီမတိုင်ခင်တော့ ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ FCC ရော service provider တွေရော၊ ထောက်ခံသူ၊ ဆန့်ကျင်သူတွေအားလုံးဟာ ၀ိုင်ယာလတ်စ် network တွေအတွက် Net neutrality rule တွေကို သုံးသပ်ဆင်ခြင်နေရတုန်းပါ။ FCC ရဲ့ဥက္ကဌ ဂျူးလီယပ်စ်ဂီနာချောစကီးကတော့ ဒီလိုပြောထားတယ်။ “အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကိစ္စတွေကတော့ ထွေပြားရှုပ်ထွေးပြီး၊ အသေးစိတ်ကျပါတယ်။ အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေတွေပြဌာန်းနိုင်ဖို့ အဆိုပြုချက်ဥပဒေကြမ်းတစ်ခုလုပ်တာတောင်မှ အားနည်းချက်ကလေးတွေရှိနေပြီး၊ လွတ်လပ်ပွင့်လင်းတဲ့ opern Internet ဖြစ်ရေး အခြေခံရည်မှန်းချက်ကို အန္တရာယ်ဖြစ်စေနိုင်တာတွေ ပါနေဆဲဖြစ်ပါတယ်။”