Tuesday, October 18, 2011

ဟာသ လေးးပါ



၁။ ကောင်းရော










အများသုံးအိမ်သာထဲတစ်ခုထဲဝင်ပြီး ကမုတ်ထဲဝင်ထိုင်ကာရှိသေးတယ် ဟိုဘက်အိမ်သာထဲက

" နေကောင်းလား " တဲ့ လှမ်းနှုတ်ဆက်တယ် ။

ဒီနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ စိတ်မသက်သာရှိလှသည် ။ ဒါပေမယ့် မကောင်းတတ်တော့ . . .

" နေကောင်းပါတယ် "

ဟုသာပြန်ပြောလိုက်သည် ။ ဘာပဲဖြစ်ဖြစ်လေ . . . .

ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းမယ်ကြံကာရှိသေး . . . . ဟိုဘက်ကထပ်မေးလာပြန်သည် ။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ" တဲ့

ဘယ်လိုလဲဟ . . ဒီနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေရမလဲ ။

"ခင်ဗျားလိုပဲပေါ့ဗျာ" လို့ပြန်ဖြေလိုက်ပါတယ် ။

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူးလိုက်တယ် ။ ဒါပေမယ့် နောက်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည် ။

"ကျွန်တော်လာခဲ့ရမလား" တဲ့

ဘာတွေမေးနေတာလဲဟ ။ စိတ်ထဲမှာတော်တော်လေးအံ့သြစိတ်ညစ်ဖြစ်သွားတယ် ။ ဒါပေမယ့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။

" မလုပ်ပါနဲ့ဗျာ ကျွန်တော်လဲဒီမှာအလုပ်ရှုပ်နေတယ်လို့ပေါ့ "

ဟိုဘက်ကလဲထပ်မေးလာပြန်တယ် ။

" စားပြီးပြီလားတဲ့ "

စိတ်ထဲမှာတော်တော်လေး ဘုသွားတယ် ။ ဘယ်လိုလူလဲရိုင်းလှချည်လားဆိုပြီး ပြန်ပြီးရန်တွေ့မယ်လုပ်တော့ . . . . . . . . . .
ဟိုဘက်ကအသံတစ်ခု ထပ်ပြန်ကြားလိုက်တယ် ။

" နောက်မှပဲပြန်ဆက်လိုက်မယ်နော် ။ သူငယ်ချင်းကို ကိုယ်မေးနေသမျှ ဟိုဘက်ခန်းက
ဘယ်က ငကြောင်လဲမသိဘူး ရူးကြောင်မူး ကြောင်နဲ့ ငါပြောသမျှလိုက်လိုက်ဖြေနေတာတဲ့လေ "

" ကောင်းရော "

၂။အသက်ရှုခြင်း
အသက်ရှုခြင်း

  







ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။

ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။  "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"

တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...

 "အ  ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာမောလို့  ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"

ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။

တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။

"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့  ခဏနားပါမယ်။ အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် "  ဆိုတဲ့ စပါယ်ယာအော်သံထွက်လာတယ်။

ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီှးနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး
ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။

ရန်ကုန်ကားဂိတ်ရောက်တော့  သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။

"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "

ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့  ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …

"ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
 ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
 ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။

၃။ဘယ်သူပြောခဲ့တာလည်း
ဘယ်သူပြောခဲ့တာလည်း








မူလတန်းကျောင်းမှ ဆရာမတစ်ယောက်သည် စာကျက်ရန်ပျင်းသော ကလေးများအား ဆွဲဆောင်နိုင်မည့်နည်းလမ်းတစ်ခုကို တွေးလိုက်မိသည်။ ချက်ချင်းပင် ဆရာမက ထိုနည်းနှင့် စမ်းသပ်လိုက်၏။
    “တပည့်တို့ရေ၊ ဒီကနေ့က သောကြာနေ့နော်၊ မင်းတို့ကို ဆရာမက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေပြောခဲ့တဲ့ စကားတစ်ခွန်းကို ရွတ်ပြမယ်။ အဲဒီစကားကို ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကို မှန်အောင် ပြောနိုင်တဲ့သူကို အိမ်ပြန်ခွင့်ပေးလိုက်မယ်။ ကဲ၊ စပြီ။ ပုဂ္ဂိုလ်ကြီးတစ်ဦးက “ဒီအချိန်ဟာ အင်္ဂလန်ရဲ့ အကောင်းမွန်ဆုံး အချိန်ပဲ” တဲ့။ အဲဒီစကားကို ပြောခဲ့တာ ဘယ်သူလဲ”
ချာတိတ်မလေးတစ်ယောက်က ခုန်၍ထလိုက်ပြီ။
“ဝင်စတန်ချာချီပါ ဆရာမ” ဟု ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်ကွယ်၊ ကဲ သမီး အိမ်ပြန်နိုင်ပါပြီ”
ဤတွင် ကျောင်းသားတစ်ယောက်က အခွင့်အရေးကောင်း (၂)ခု လွတ်သွားသောကြောင့် စိတ်တိုနေသည်။ ဆရာမကလည်း တတိယမေးခွန်းကို ကျောက်သင်ပုန်းကြီးပေါ်၌ စတင်၍ ရေးနေလေပြီ။ သို့ရာတွင် ကျောနှင့် ကွယ်နေသောကြောင့် ဖတ်မရသေးချေ။ ဤတွင် ထိုကျောင်းသားက ဒေါသနှင့် ခပ်ကျယ်ကျယ်ရေရွှတ်လိုက်မိလေ၏။
“ဒီသောက်ကောင်မတွေ၊ ပါးစပ်ပိတ်ထားကြရင် ကောင်းမယ်”
ဤတွင် ဆရာမက ဒေါပွပွနှင့် နောက်ဘက်သို့ ပြန်လှည့်ပြီး မေးလိုက်လေသည်။
“အဲဒါ ဘယ်သူပြောလိုက်တာလဲ”
ဤတွင် ချာတိတ်မလေးတစ်ယောက်က ခုန်၍ ထလိုက်ပြီး “ဘီလ်ကလင်တန်ပါ ဆရာမ၊ ကျွန်တော်လည်း အိမ်ပြန်တော့မယ်နော်”

၎။လွယ်လွန်းလို့
လွယ်လွန်းလို့








ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း
မောင်မြက မေးတယ်။
... မောင်မြ ။   ။ ” ကျောင်းမှာ ဘာတွေသင်သလဲကွ”
မောင်လှ ။   ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”
မောင်မြ ။   ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား”
မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။
“တတ်တာပေါ့ကွ”
မောင်မြ ။   ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ”
မောင်လှ ။   ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ်”
မောင်မြ ။   ။ “အလဲ့ တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော”
ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့ သွားတယ်။
ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။
“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ ပြောလိုက်”

၅။ယောက်ျား Vs မိန်းမ
ယောက်ျား Vs မိန်းမ











နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။
 ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
M - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
F - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
M - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
F - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။

အချစ်
M - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
F - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
M - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
F - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
M - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
F - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
M - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
F - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။





No comments: