Friday, January 27, 2012

ဖေ့ဘုတ် ပေါ်မှ ဟာသများ

သြော်မိန်းမ မိန်းမ
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက် ၄သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး ၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။

အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။

"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...
 
♦သက်သေခံပစ္စည်း♦
အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”

ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”
ထင်တော့ထင်သားဘဲ--
တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ --ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့ ။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောင်္ကျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။ ဒါနဲ့ တစ်နေ့မှာ ယောင်္ကျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် ( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲပြန်လာတယ် ။ ဒါကိုမိန်းမကမြင်တော့ --
`` ဟော -- ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ -- ဒါနဲ့ လှည်းတွေ နွားတွေရော --``
`` အေးကွာ -- မပြောကို မပြောချင်ပါဘူး -- ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ --``

ဒီတော့မိန်းမက သူ့ဝသီအတိုင်း --
`` ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ -- ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေသလားလို့ ``
ဒီတော့ ယောင်္ကျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး -- ပါးစပ်ကလဲ --
``ထင်ဦးကွာ -- ထင်ဦးကွာ မင်းဒီသောက်ကျင့် ကမပျောက်နိုင်ဘူး -- နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး --``
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ် -- ပြောတာက

``ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲတဲ့ ``
 
စိတ်၏ချမ်းသာခြင်း
ကိုဘမောင်အရက်မူးပြီး အိမ်သို့ပြန်ရောက်လာသည်။ တံခါးကိုဖွင့်သည်။
ဝင်ဝင်ချင်း အသံဆိုးကြီးဖြင့် အော်သည်။
“ ဟေ့၊ ငါပြန်လာပြီကွ၊ ငါပြောတာ ကြားလား၊ ပြန်လာပြီကွ ငါ၊ ငါ ပြောတာ
မရှင်းဘူးလားကွ ဟေ ”
မည်သူမှ မတုံ့ပြန်ချေ။ ကိုဘမောင် မီးဖိုးချောင်ထဲ ၀င်သည်။
ကြောင်အိမ်ကိုဖွင့်ပြီး အထဲမှ ပန်းကန်များကို ကြမ်းပေါ်ကို ပစ်ချသည်။
ကွဲသံရှသံများ မြည်ဟီးသွားသည်။ ကိုဘမောင် ထပ်အော်သည်။
“ ဟေ့ ငါပြန်လာပြီကွ၊ ကြားလား ”
တစ်ခန်းလုံး တိတ်ဆိတ်နေမြဲ၊ ကိုဘမောင် ဧည့်ခန်းထဲဝင်ပြီး ပန်းအိုးကို
ပစ်ခွဲသည်။ ရုပ်မြင်စက်ကို စားပွဲနှင့်အတူ ကြမ်းပြင်ပေါ်ပေါက်ချသည်။
အခန်းထဲရှိသမျှပစ္စည်းတွေကို ဗြောင်းဆန်နေအောင်လုပ်သည်။
ထို့နောက်တွင် ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။နှုတ်မှလည်း
ကျေနပ်သံဖြင့် ပြောသည်။
“ တစ်ယောက်တည်း နေရတာ တယ် ကောင်းပါလားနော်”
 
စေတနာရှင်
 
တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက်
မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို
ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့
အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့
ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့
မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်”
လို့ ပြန်ပြောလိုက်ပါတယ်။

အမှု

တစ်ခါက ထောင်ထဲမှာ ထောင်ကျအချင်းချင်းစကားပြောနေကြတယ်။

ပထမလူ။ ။ ကျုပ်က ၅နှစ်ကျတာ၊ဓါးထိုးမှုနဲ့။
ဒုတိယလူ။ ။ ငါက ၈နှစ်၊လူသတ်မှုနဲ့။
တတိယလူ။ ။ ကျွန်တော်ကတော့ ၁၇နှစ်။
ပထမလူ။ ။ ဘာမှုနဲ့လဲ။
တတိယလူ။ ။ အလုပ်ထဲမှာ ပြတင်းပေါက်မှန်ခွဲမိလို့။
ဒုတိယလူ။ ။ မင်းကဘယ်မှာလုပ်တာလဲ။
တတိယလူ။ ။ ရေငုပ်သဘောင်္ပေါ်မှာလေ။

အတုံ့အလှည့်

မော်စကိုမြို့၏ တစ်ခုသောအရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး၊
ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေးရန်လည်း ပြောသည်။
လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကိုထုတ်လိုက်ပြီး
စားပွဲထိုး၏လက်ထဲမအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်သို့ပစ်ပေးလိုက်သည်။
ပိုက်ဆံများပြန့်ကျဲသွားသည်။ ဘားမင်း၏မျက်နှာ ဒေါသရောင်သန်းသွားသည်။
သို့သော် ဧည့်သည်ကို မည်သို့မှ ပြန်မပြောချေ။ ပိုက်ဆံများကို
ကောက်သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။
နောက်တစ်နေ့တွင် မနေ့ကလူကြီး ရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ရူဘယ်ပင်
ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး
ဘားမင်းကို လှမ်းပေးသည်။
“ ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်း တွေးလိုက်ပြီး
ပြန်အမ်းငွေ ၂၃ရူဘယ် ကို တစ်ရူဘယ်တန် အကြွေစေ့တွေချည်း ပေးလိုက်သည်။
ထို့နောက် “ ရော့ ပြန်အမ်းငွေ ” ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။
ပိုက်ဆံများ ပြန့်ကျဲသွားသည်။
လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းပင်အိတ်ထဲမှ
တစ်ရူဘယ်တန်အကြွေစေ့ ၄စေ့ ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။
“ နောက်ထပ် ဘီယာတစ်ခွက် ”

အကြွေး ၊ အပေးအယူ

ပိုက်ဆံချေးကြသူနှစ်ဦး လမ်းတွင်ပြန်တွေ့သခိုက် ဖြစ်ပါသည်။

ငွေချေးသူ (၁)။ ။ ငါ့ဆီက ချေးသွားတဲ့ပိုက်ဆံတွေပြန်ဆပ်ပါလို့
မင်းကိုငါတောင်းပန်နေတာ၊

ဒါပါနဲ့ ဆိုရင် သုံးကြိမ်ရှိပြီကွာ။

ငွေချေးသူ (၂)။ ။ ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ် မပေးနိုင်သေးဘူး။ ငါ့ကို
ပိုက်ဆံချေးပါလို့ မင်းကို

ဘယ်နှစ်ခါတောင်းပန်ခဲ့ရသလဲ၊ ပြန်စဉ်းစားကြည့်စမ်း။
ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို

သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

နောက်မဖြစ်အောင်

ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။
ဒီတော့ဆရာဝန်က.....
“ဘယ်လိုဖြစ်တာလဲ”

“ကားတံခါးဆွဲပိတ်လိုက်တာ လက်ညပ်သွားလို့ ”
“ခင်ဗျားမူးနေရင်တော့ဒီလို ခဏခဏဖြစ်နေမှာပဲ”
“နောက်မဖြစ်တော့ပါဘူး ဆရာ”
“အရက်ဖြတ်မယ်ပေါ့”
“ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ

Menu ထဲမှာရှိတဲ့ ဟင်းပဲမှာပါ

ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။

ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုးတင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
“လိပ်ခေါင်းရှိသလား!”
ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက

“ဆောရီး.. menu ထဲမှာရှိတဲ့ ဟင်းပဲ မှာပါ”
ဟူသတည်း။

စိတ်ဆိုးစရာလား

“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

ကျွမ်းကျင်ရာလိမ္မာ

ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦးသည် သူ၏လည်စည်းကိုတပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့ အခန်းရှေ့မှ
ဖြတ်လျှောက်သွားသောသူတစ်ဦးကို တွေ့သဖြင့်လှမ်းခေါ်ပြီး…

“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဟောဒီလည်စည်းလေး စည်းပေးပါဗျာ။”
“ရပါတယ်ဗျာ၊ ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ။”
ထို့နောက် ထိုလူက ကျွမ်းကျင်စွာပင် လည်စည်းကို စည်းပေးလိုက်၏။
“ကျေးဇူးပဲဗျာ၊ ခင်ဗျား စည်းပေးလိုက်မှ စတိုင်လ်ကျသွားတော့တယ်။

ဒါနဲ့ ခင်ဗျားက ဘာလို့ မတ်တပ်စည်းမပေးဘဲ အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ။”
“ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူမို့ပါ”

ခွေးမဟုတ်ပါ

ပီတာတို့ မိသားစု ညစာစားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။
ရုတ်တရက် ပီတာ့အမေက ပြောသည်။
“သား အရိုးကို ကိုက်မနေနဲ့လေ၊ သားဟာ ခွေးမဟုတ်ဘူးကွဲ့၊ ဖေဖေ့ကို ပေးလိုက်”

လူမှန်နေရာမှန်

“မောင်ဘမောင်… မင်း ဘယ်လို ယောက်ျားလဲကွယ့်။

မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။
မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်”

“မတတ်နိုင်ဘူး ဒေါ်ဒေါ်… သူမှ မယ်ဒလင် မတီးတတ်တာ။”
 
 
 
 
 
 
 

7 comments:

aung Zawoo said...

ကျေဇူးပါ

aung Zawoo said...

ကျေးဇူးတင်ပါတယ်။

aung Zawoo said...

ကျေးဇူးပါ။

aung Zawoo said...

ကျေးဇူးပါ။

aung Zawoo said...

ကျေးဇူးပါ။

aung Zawoo said...

ကျေးဇူးပါ။

zayarmin min said...

ရီရတယ်ဗျာ ကျေးဇူးပါ