ဈေးအကြီးဆုံး အလှကုန် ပစ္စည်းတွေကို အသုံးပြုမှ လှပလာမယ်လို့ သင်ထင်နေပါသလား။ ဈေးနူန်းချိုသာတဲ့ အလှကုန်ပစ္စည်းတွေနဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေဟာကောင်းမွန်တဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်ဆိုတာကို ကမ္ဘာကျော် အနုပညာရှင်အချို့က ဥပမာပြထားပါတယ်။
အသားအရေထိန်းသိမ်းတဲ့ ခရင်မ်တွေထက် အချိန်ကြာမြင့်စွာ အိပ်ခြင်းကိုပိုနှစ်သက်သူ
Jennifer Lopez

Jennifer Lopez ဟာ အံသြဖွယ်ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အဲဒီလို အံ့သြမှင်သက်ဖွယ် လှပတဲ့အသားအရေရဲ့လျှို့ဝှက်ချက်ကတော့ အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းပါပဲ။ သူမဟာ ဘယ်တော့မှ တစ်နေ့ကို ၈ နာရီထက်လျှော့ပြီးတော့ မအိပ်ပါဘူး။ “အဲဒီလို အနားယူ အိပ်စက်လိုက်ရင် နောက်တစ်နေ့မှာ အသားအရေက အမြဲကျန်းမာ လန်းဆန်းနေပါတယ်” လို့သူမကဆိုပါတယ်။ သူမဟာ အသားအရေလှဖို့အတွက် နေလောင်ခံလေ့မရှိပါဘူး။ သူမဟာ အဲဒီအစား အညိုရောင် အောက်ခံမိတ်ကပ် လိုမျိုးကိုပဲသုံးပါတယ်။
ဘာကြောင့် ဒီအလှအပဆိုင်ရာ လျှို့ဝှက်ချက်ဟာ အရေးကြီးသလဲ ??
- သင့်ရဲ့အရေပြား အသစ်ပြန်လည်ဖွဲ့စည်းဖို့ အကောင်းဆုံးအချိန်က ည ၁၂ နာရီကနေ မနက် ၆ နာရီ ကြားအချိန်ပါ။
- သင်ဟာ ညသန်းခေါင်ယံအချိန်မတိုင်မီ အိပ်ရာဝင်သင့်ပြီး ဖြစ်နိုင်မယ်ဆိုရင် တစ်နေ့ကို ၈နာရီ အိပ်သင့်ပါတယ်။
- ထို့ပြင် သင့်ရဲ့ အရေပြားကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် နေ့ဘက်တွေ မှာနေလောင်ဒဏ်ကို ကာကွယ်တဲ့ Sunscreen တွေကို အသုံးပြုပြီးနေလောင်ခြင်းကို ကာကွယ်သင့်ပါတယ်။
နို့ရည်နဲ့ ခန္ဓာကိုယ်အသားအရေကို ချောမွေ့စေသူ
Cindy Crawford

အမေရိကန် ရဲ့ရှေ့ဆောင်မော်ဒယ်ဟာ
အလွန်ချောမွေ့နူးညံတဲ့ အသားအရေကို ပိုင်ဆိုင်သူပါ။ အဲဒီအတွက်
သူမလုပ်တာကတော့ နို့ရည်နဲ့ရေသန့်ကို ၅၀:၅၀ ရောစပ်ပြီး သူမရဲ့
မျက်နှာနဲ့ခန္ဓာကိုယ်ကို ဖျန်းပက်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဘာကြောင့် နို့ရည်ဟာ ခန္ဓာကိုယ်အသားအရေကို ချောမွေ့စေသလဲ ??
- သင်ဟာ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဆိုရင် ဒါဟာအလွန်ကောင်းတဲ့ နည်းတစ်ခုပါပဲ။
- နို့ရည်မှာ ပရိုတင်းဓာတ် , ဗီတာမင် A , D , E , အဆီ, ကယ်စီယမ်နဲ့ လက်တစ်အက်စစ်တွေ ပါဝင်ပါတယ်။
- အဲဒီ ဓာတ်တွေက အရေပြားအဆီလွှာကို ပြန်လည်ထိန်းသိမ်းပေးခြင်း၊ ဓာတ်တိုးပစ္စည်းများကို ဓာတ်ပြယ်စေခြင်းနဲ့ အရေပြားရဲ့ သေဆုံးပြီးသားဆဲလ်တွေကို ဖြည်းဖြည်းခြင်း ကွာကျစေခြင်းအားဖြင့် သင့်အသားအရေကို စိုပြည်ပြီးတင်းရင်းစေပါတယ်။
- ဆိတ်နို့နဲ့ ရေချိုးပြီးနောက် ရေအေးအေးလေးနှင့် ပြန်ဆေးချကာ မျက်နှာသုတ် ပုဝါဖြင့်ခြောက်အောင်သုတ်ပြီး Body lotion လိမ်းပေးပါ။
- သင့်အသားအရေဟာ မယုံနိုင်စရာ နူးညံ့ချောမွေ့နေမှာပါ။
ဘီယာကြောင့် ကျန်းမာသန်စွမ်းသောဆံပင်ပိုင်ရှင်
Catherine Zeta Jones

Catherine Zeta Jones
မှာ လှပတဲ့ ဆံနွယ်တွေရှိပြီး အလွန် ကျန်းမာသန်စွမ်းတယ်ဆိုတာ သင်သိမှာပါ။
ဒီလို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေအတွက် သူမရဲ့လျှို့ဝှက်ချက်ကတော့
အရမ်းရိုးရှင်းပါတယ်။ သူမရဲ့နည်းလမ်းကို အသုံးပြုချင်ရင်တော့ ဘီယာဖန်ခွက်
0.5 ဆနဲ့ ပျားရည် လက်ဖက်ရည် ဇွန်း ၂ ဇွန်းကို သမအောင် ရောမွှေလိုက်ပါ။
ပြီးရင် အဲဒါကို ဆံပင်မှာသုတ်လိမ်းပြီး ပုဝါနဲ့ ၁၀ မိနစ်လောက် ကြာအောင်
အုပ်ထားလိုက်ပါ။ ပြီးနောက် ရေနှင့် ပြန်ဆေးချလိုက်ပါ။ ပြောင်းလဲသွားတဲ့
သင့်ဆံနွယ်တွေကိုကြည့်ပြီး အံသြမှင်တတ်သွားပါလိမ့်မယ်။
ဘာကြောင့် ဘီယာနဲ့ပျားရည်က ဆံပင်ကိုကျန်းမာသန်စွမ်းစေသလဲ ??
- ပျားရည်မှာ သကြား၊ သတ္တုဓာတ်ဆားနဲ့ အော်ဂဲနစ်အက်ဆစ် တို့ပါဝင်ခြင်းက ဆံပင်ကို အာဟာရဓာတ်ပေးစွမ်းပြီး ပြန်လည်သန်စွမ်းစေပါတယ်။
- ဘီယာမှာလည်း ဗီတာမင် B နဲ့ ဆံပင်အတွက် အဓိက လိုအပ်တဲ့ အဆီအနှစ်တွေ ပါဝင်နေပါတယ်။
- ဒီနှစ်မျိုးကို ရောစပ်အသုံးပြုခြင်းဖြင့် ဆံပင်အရင်းကို သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းအား လျှော့နည်းစေပါတယ်။
- ဦးရေပြားကိုလည်း သန့်ရှင်းစေပြီး ယားယံခြင်းမှ သက်သာစေပါတယ်။
- ချွေးပေါက်များကိုလည်း ထိန်းညှိပေးတဲ့အတွက် ဆံသားဟာ အလွယ်တကူအဆီမပြန်နိုင်ပါဘူး။
- ဘီယာနံ့စွဲကျန်နေမှာစိုးရင်တော့ အနံ့ပျောက်အောင် ရေအေးနှင့်အတူ သံပုရာရည် (သို့) ရှောက်ရည်နှင့် ပြန်ဆေးချပေးပါ ။
သံလွင်ဆီနဲ့ လက်ကို ရေဓာတ်ဖြည့်ခြင်း
Julia Robert

Julia
မှာ လှပတဲ့အပြုံးသာမက သင်မနာလိုလောက်စရာ လှပတဲ့လက်များလည်းရှိပါတယ်။
ဒီကျော်ကြားတဲ့ အနုပညာရှင်ဟာ သူမရဲ့လက်တွေကို အနည်းငယ် အပူပေးထားတဲ့
သံလွင်ဆီကိုလိမ်းပြီး ရိုးရှင်းစွာပဲ ထိန်းသိမ်းပါတယ်။
ဘာကြောင့် သံလွင်ဆီက လက်ကိုရေဓာတ်ဖြည့်ပေးတာလဲ ??
- သံလွင်ဆီဟာ အာဟာရဓာတ်ပေးစွမ်းခြင်းနှင့် ပျက်စီးသွားတဲ့ဆဲလ်တွေကို အသစ်ပြန်လည် တည်ဆောက်ပေးခြင်း ဆိုတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။
- ထို့ပြင် ရေဓာတ်ဖြည့်ပေးပြီး အရေပြားကို နေရောင်ခြည်ဒဏ်ကြောင့် ရေဓာတ်ဆုံးရူံးခြင်းမှ ကာကွယ်ပေးတဲ့ အကာအကွယ်လွှာတစ်လွှာကို ဖြစ်ပေါ်စေပါတယ်။
- ခြောက်သွေ့တဲ့ လက်ပိုင်ရှင်တွေအတွက်တော့ အကောင်းဆုံးပါပဲ။
- သံလွင်ဆီဟာ ကျိုးပဲ့လွယ်တဲ့ လက်သည်းခွံတွေထဲကိုလည်း နက်ရိုးစွာဝင်ရောက်ပြီး လက်သည်း အတွင်းပိုင်းကနေ ပြန်လည်အားဖြည့်ပေးပါတယ်။
ရေအေးနှင့် ရေချိုးခြင်းအားဖြင့် ခန္တာကိုယ်နှင့် ခြေထောက်များကို တင်းရင်းစေသူ
Elizabeth Hurley

ကျော်ကြားတဲ့မင်းသမီး နဲ့ မော်ဒယ်တစ်ဦးဖြစ်သူ Elizabeth Hurley
ရဲ့ခြေထောက်တွေမှာ အဆီပိုတွေစုနေတာကို ဘယ်တော့မှ မတွေ့ရပါဘူး။ အဲဒီလို
အဆီပိုတွေမရှိဘဲ အမြဲလှပနေတဲ့ခြေထောက်များရဲ့ လျှို့ဝှက်ချက်ကတော့
ရေအေးနဲ့ရေချိုးခြင်းပါပဲ။ ရေချိုးတဲ့အခါတိုင်း ရေအေးနဲ့
သူမရဲ့ခြေထောက်တွေကို အမြဲနှိပ်နယ်ပေးပါတယ်တဲ့။
ဘာကြောင့် ရေအေးနဲ့ရေချိုးတာဟာ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တာလဲ ??
- ရေအေးနဲ့ရေချိုးခြင်းက ခန္တာကိုယ်ရဲ့သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
- ရေအေးဟာ အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီး ခြေထောက်မှာ အဆီပိုတွေကြောင့်ဖောင်းကားလာခြင်းကို ကာကွယ်ပေးပါတယ်။
- ရေအေးနဲ့ရေချိုးတဲ့အခါ လက်အိတ်အကြမ်းကို အသုံးပြုပြီး ခန္တာကိုယ်ကို နှိပ်နယ်ပေးပါ။
- အဲဒါက သင့်ခြေထောက်များကိုသာမက လည်ပင်းနဲ့ အနားတစ်ဝိုက်က အရေးအကြောင်းတွေကိုပါ တင်းရင်းစေပါတယ်။
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
No comments:
Post a Comment