Sunday, April 8, 2012

အပျိုစင်ဘ၀ နဲ့ အလှကြည့်ချင်နေပါတယ်



မြန်မာပြည်အတွင်းမှာ ဖြတ်သန်းစီး ဆင်းနေကြတဲ့ ဧရာဝတီ ၊ချင်းတွင်း၊ သံလွင် စစ်တောင်းလေးမြို့စတဲ့မြစ်ကြီးအသွယ် သွယ်မြစ်ငယ်ပေါင်းများစွာဟာ ဒီဘက်ပိုင်း ဆယ်စုနှစ်အတွင်းမှာ ရေ၀င်မှုနှုန်းထား တွေပြောင်းလဲတိမ်ကောသွားတာ၊ သဲ သောင်တွေပေါ်ထွန်းလာတာ တချို့ များဆိုရင်မြစ်ချောင်းအဖြစ်ကို ပျောက် ကွယ်သွားတာမြင်ရကြားရတော့ တကယ်  ပဲစိုးရိမ်ပူပန်ခဲ့မိပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ လေ့လာတွေ့ရှိချက် စစ်တမ်းများအရ ကမ္ဘာကြီးမှာ သက်ရှိ လူတိရစ္ဆာန်တွေ သောက်သုံးလိုရတဲ့ ရေ ကြည်ရေသန်ရဲ့ ပမာဏနှုန်းထားဟာ အလွန်နည်းပါးလို့လာနေပါပြီ၊ နောင် အနာဂတ်မှာ တိုးပွားလာမယ့်ကမ္ဘာ့လူဦး  ရေနဲ့ ကမ္ဘာပေါ်မှာရှိနေတဲ့ (မြေအောက် ကပါထုတ်ယူလိုရတဲ့) ရေချိုဟာ အချိုး မညီဘဲ ကွာဟမှုတွေကြောက်ခမန်းလိလိ ကြီးမားလို့လာနေပါတယ်။

ဒါကြောင့် တချို့နိုင်ငံတွေမှာဆိုရင် ပင်လယ်သမုဒ္ဒရာ ဆားငံရေကနေ၊ အညစ်အကြေးအဖြစ်စွန့်ပစ်ထားတဲ့ ရေ ဆိုးတွေကနေ၊ နောက်ဆုံးကျင်ငယ်ရေကို နေတောင် ရေချိုထုတ်လုပ်ဖို့ အသည်း အသန်ကြိုးပမ်းအားထုတ်လို့နေကြရပါ တယ်။ ကျွန်တော်တို့အားလုံးကတော့ သဘာဝကပေးထားတဲ့သောက်သုံးရေချို ကို အလွယ်တကူရနေတော့ သူရဲ့တန်ဖိုး ကို မတွက်ဆမိတဲ့ ပေါ့ပေါ့တန်တန်သဘော  ထားနေကြပေမယ့် ကမ္ဘာကြီးရဲ့နေရာ အနှံ့အပြားမှာတော့ ရေကြည်ရေသန့်ရေ ချိုရရှိဖို့အရေးဟာ အလွန်ကြီးမားတဲ့ စိန် ခေါ်မှုကြီးတစ်ရပ်ဖြစ်လာနေပါပြီ။
ခု ကျွန်တော် အဓိကထားပြီးတင် ပြချင်တာက ကမ္ဘာပေါ်ကနေတိမ်ကော ပျောက်ကွယ်သွားတဲ့ တိမ်ကောစပြုနေ ပြီဖြစ်တဲ့ ရေချိုမြစ်ကြီးတွေ အရွယ်အစား က စင်ကာပူနိုင်ငံလောက်ကျယ်ဝန်းခဲ့ပြီး ခုအချိန်မှာ ရေတွေခန်းခြောက်သွားလို့ ကြတ်တီးကုန်းမြေဘ၀ကိုရောက်သွားတဲ့  ရေကန်ကြီးတွေအကြောင်းမဟုတ်ပါဘူး။ ကျွန်တော်သိတဲ့ ကျွန်တော်နဲ့ဘ၀တစ် လျှောက်လုံး ရင်းနှီးထိတွေခဲ့တဲ့ ကျွန်တော်  ချစ်တဲ့ ဧရာဝတီမြစ်ကြီးအကြောင်းပါ။
မကြာမတင်အချိန်ကာလတုန်းက ထူးအိမ်သင် (ကိုငှက်)ရဲ့ ရာဇ၀င်ထဲက သတိုးသမီးဧရာတီခမျာ အရပ်လူကြီးနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေ အချိန်မီ ကယ်တင်နိုင်ခဲ့လို့ မချစ်မနှစ်သက်သူရဲ့ လက်ထဲမှာ ဘ၀ပျက်တော့မယ့်အရေး ကနေ လက်မတင်သီသီလေးလွတ်လာခဲ့ ရပါတယ်။ နို့မဟုတ်ရင်တော့၊ ကိုလိုနီ ခေတ်တုန်းက ချစ်တီးဆီမှာ အကြွေးမ ဆပ်နိုင်တဲ့ လယ်သမားကြီးခမျာ ကိုယ့် သမီးအပျိုနုနုထွက်ထွက်လေးကို ချစ်တီး  ကုလားက မယားငယ်အဖြစ်အကြွေးနဲ့ သိမ်းသွားတာကို ရင်ကွဲပက်လက်နဲ့ ကြည့် ရင်းကျန်ရစ်ခဲ့ရသလို ကျွန်တော်တို့တစ် မျိုးသားလုံးခံစားရမှာပါ။ ကျွန်တော်တို့ အားလုံးက ဧရာဝတီ (ရာဇ၀င်ထဲကသတို့  သမီး) ကိုခုလိုပဲ အပျိုစင်ဘ၀နဲ့ အလှကြည့်  နေချင်ကြတာပါ။
မြန်မာပြည်သူလူထုတစ်ရပ်လုံးက ချစ်တဲ့ မြတ်နိုးတဲ့ (အဲ မချစ်တဲ့လူမကြင် နာတဲ့ လူနည်းနည်းပါးပါးတော့ရှိပေါ့လေ) ဧရာဝတီနဲ့ ပတ်သက်လို့ စာပေရုပ်ရှင်၊ သဘင်ဂီတနယ်ပယ်အသီးသီးကပုဂ်္ဂိုလ် တွေက ပူပင်သောက စိုးရိမ်ကြောင့်ကျ ကြီးစွာ သည်းသည်းလှုပ်ရေးကြပြောကြ ဆွေးနွေးတင်ပြခဲ့ကြတာတွေကိုမြင်နိုင်စွမ်း ကြားနိုင်စွမ်းမရှိတဲ့လူတချို့ကတော့ အံ တကြိတ်ကြိတ်လက်သီးတဆုပ်ဆုပ်နဲ့ နေ နှင့် ဦးပေါ့ကွာ ထင်းခွေမကြုံရေခပ်တော့ ကြုံရဦးမှာပေါ့””လို့ ဒေါ်လာမာန်စွဲနဲ့ အံခဲ နေကြတာကိုလည်း ကြားသိလိုနေရပါ တယ်။
ကျွန်တော်က မြစ်ဝကျွန်းပေါ်သား ပါ။ ဧရာဝတီမြစ်ကမ်းနံဘေးမှာမွေးဖွားပြီး ဧရာဝတီမြစ်ကမ်းနဖူးမှာ အချင်းမြှုပ်ခဲ့ သလို ဧရာဝတီရေကြည်ကိုသောက်ပြီး လူလားမြောက်ခဲ့ရသူမို့၊ ဧရာဝတီကိုအသက်  လောက်ချစ်ခဲ့ပါတယ်လို့ ဆိုရင်လွန်အံ့မ ထင်ပါဘူး။ နွေမိုးဆောင်းသုံးရာသီစလုံး ကျွန်တော်တို့အိမ်အပေါ်ထပ်ကနေလှမ်း မျှော်ကြည့်လိုက်မယ်ဆိုရင် တသွင်သွင် တငြိမ့်ငြိမ့်နဲ့ အိနြေ္ဒကြီးစွာစီးဆင်းနေတဲ့ ဧရာဝတီရဲ့ပြာလဲ့လဲ့မြစ်ရေပြင်ကျယ်ကြီး ကို မွေးစကတည်းကနေ လွန်ခဲ့တဲ့ကာလ တစ်ခုအထိ မြင်တွေ့ခဲ့ရသူမို့ ဧရာဝတီ ဟာ ကျွန်တော်ရဲ့ ငယ်ချစ်လည်းဖြစ်ခဲ့ပါ တယ်။ ဧရာဝတီကိုချစ်မြစ်နိုးလွန်းလို့လည်း ကျွန်တော်စာပေထုတ်ဝေရေးလုပ်ငန်းလုပ် ခဲ့စဉ်တုန်းက ကျွန်တော့်စာပေတိုက်သုံး တိုက်ကို မြေနုကျွန်းစာပေ၊ မြစ်ဝကျွန်း ပေါ်သားစာပေနဲ့ နဒီဧရာစာပေလို့တောင်  မှည့်ခေါ်ခဲ့ပါတယ်။
ခုတော့ မိုးတွင်းကာလလောက်မှာပဲ ဧရာဝတီလှမ်းမြင်ရပြီး၊ ကျန်တဲ့ရာသီတွေ မှာတော့ သဲသောင်ပြင်အပြည့်နဲ့ မြစ် ကြောင်းပျောက်နေတဲ့ ဧရာဝတီကို မတွေ့ နိုင်တော့ပါဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်း က မန္တလေးနဲ့ ရန်ကုန်ကိုအစုန်အဆန် သွားနေတဲ့ မင်းကြီးတို့မင်းလေးတို့ဆိုတဲ့ သင်္ဘောကြီးတွေဟာ အစုန်မှာတစ်ခါ အဆန်မှာတစ်ခါဟင်္သာတဆိပ်ကမ်းကို ဆိုက်ကပ်လေ့ရှိပါတယ်။ (မိုးတွင်းကာလ တင်မဟုတ်ဘူးနော် နွေခေါင်ခေါင်ကြီး အထိပြောတာပါ။)
မူရင်းနှစ်ထပ်သင်္ဘောကြီးရဲ့ ဘေး ဘယ်ညာမှာ တွဲသင်္ဘောလို့ခေါ်တဲ့ ဆိပ် ခံစီဘီတွဲကြီးတွေပါပါတယ်။ အဲဒီမှာ အညာကုန်၊ မြေလတ်ကုန်၊ အောက်ကုန် တွေအစုံပါပါတယ်။  အဲဒီသင်္ဘောကြီး ဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ဆိပ်ကမ်းမြို့ကြီးတွေကို အကုန်ကပ်ပြီး  အရောင်းအ၀ယ်လုပ်လာခဲ့တာပါ။ ကျွန်တော်တို့ကလေးတွေက အဲဒီသင်္ဘော ကြီးကို ခွေးသင်္ဘောကြီးလို့ခေါ်ကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူကဆိပ်ကမ်းကို မ၀င်ခင်ဟိုး တစ်မိုင်လောက်အကွာအဝေး  တည်းက ခွေးအူသလို ၀ူး ၀ူး ဆိုတဲ့ အသံ နဲ့ ဥသြသံရှည်ဆွဲလာလို့ပါ။
ဟင်္သာတဆိပ်ကမ်းကို သင်္ဘောကြီး  ဆိုက်ပြီဆိုတာနဲ့ ဈေးသည် ဈေးဝယ်တွေ  သင်္ဘောကြီးဆီကိုဆင်းကြပါတယ်။ အထက်  အညာကုန်တွေအပြင်၊ မန္တလေးက စား ကုန်သောက်ကုန်တွေဖြစ်တဲ့ ထိုးမုန့်၊ လမုန့်၊ ကရေကရာ၊ ထန်းလျက်၊ လက် ဖက်၊ ပုန်းရည်ကြီး၊ ဆီးသီး၊ ဆီးယို၊ မုန့် မျိုးစုံ၊ အ၀တ်အထည်၊ ပိုးထည်၊ ချည်ထည်၊ ယွန်းထည်၊ ငွေထည်၊ ပစ္စည်းတွေကစလို့ လယ်ယာသုံးပစ္စည်းတွေအဆုံးပဒေသာ ပင်ကြီးလို လိုတာအကုန်ရတဲ့ ရွေ့လျား ဈေးကြီးပါ၊ မီးတွေကလည်းတထိန်ထိန်နဲ့ တကယ့်ပျော်စရာဈေးပွဲတော်ကြီးပါ။ ကျွန်တော်တို့ ချာတိတ်တွေကတော့ ဘာမှမ၀ယ်ပါဘူး။ တစ်ဆိုင်ဝင်တစ်ဆိုင် ထွက်နဲ့ သူတို့နမူနာကျွေးတဲ့ မုန့်မျိုးစုံ အမြည်းတွေကို စားရင်းဗိုက်တင်းခဲ့ကြရ ပါတယ်။ ဈေးသည်တွေကလည်း ကလေး တွေမ၀ယ်မှန်းသိပေမယ့် စေတနာမကွက်၊  သဒ္ဓါမပျက်-မတွန့်မတိုအလျှံအပယ် အမြည်းပေးကျွေးတတ်ကြပါတယ်။
ခုတော့ အဲဒီလိုသင်္ဘောကြီးမျိုးမ ပြောနဲ့ န၀လီပြေးဆွဲနေတဲ့ အရှည်ပေသုံး လေးဆယ် ရေစူးသုံးလေးပေလောက် သာရှိတဲ့ မော်တော်လေးတွေတောင်၊ နွေရာသီနဲ့ ဆောင်းရာသီဆို ဟင်္သာတ မြို့ရဲ့ ဧရာဝတီရေကြောကိုဖြတ်ဖို့မလွယ် တော့ပါဘူး။ ရေကတိမ်သောင်တွေထွန်း သဲနှုန်းကျွန်းတွေဗရပွနဲ့ ဧရာဝတီအလှ ပျက်ခဲ့ပါပြီ။
အဲ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ခင်ဗျ။ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက် တုန်းက ကျွန်တော်တို့မြို့မှာ လျှပ်စစ် အင်ဂျင်နီယာဦးသန်း (ဦးလေးသန်း) ဆို တဲ့ ပုဂ်္ဂိုလ်ကြီးတစ်ယောက်ရှိခဲ့ပါတယ်။ သူက အဲဒီတုန်းက အင်းစိန်ဂျီတီအိုင် ကျောင်းဆင်းပါ၊ ဟင်္သာတမြို့ကိုလျှပ်စစ်  ဓာတ်အားပေးနေတဲ့ စက်ရုံကြီးက မြို့ လည်ခေါင်ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာပါ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့မြို့မှာ လျှပ်စစ်မီးက ၂၄ နာရီရခဲ့သလို တစ်နာရီ ပြည့်အောင်မီးပြတ်တောက်မှုလည်း တစ် ခါမှ မကြုံတွေ့ရဖူးဘူးခင်ဗျ၊ သူက လျှပ်စစ်အင်ဂျင်နီယာဆိုပေမယ့် ဧရာဝတီ မြစ်ကြောင်းရေစွယ်ထိုးလို့ ဟင်္သာတဘက်  ခြမ်းမှာ ကမ်းတွေတ၀ုန်းဝုန်းပြိုကျနေတာ ကိုလည်း သစ်တွေ၊ ၀ါးတွေ၊ သဲအိတ် တွေကို အသုံးပြုပြီးကမ်းမပြိုအောင်မြို့ လူထုရဲ့အကူအညီနဲ့ စနစ်တကျဟန့်တား နိုင်ခဲ့သလို။
နွေကာလမှာ သဲသောင်တွေထွန်း ပြီးရေကြောင်းတိမ်ကောလာတာကိုလည်း သောင်တူးစက်တွေငှားပြီး လူထုလုပ်အား နဲ့ မြစ်ကြောင်းချဲ့နိုင်ခဲ့တယ်ခင်ဗျ၊ ခုတော့ ဦးလေးသန်းလည်းမရှိတော့ပါဘူး။ နှမြော တယ်ဗျာ။ တကယ်ကိုထူးချွန်ထက်မြက်တဲ့ ပုဂ်္ဂိုလ်ကြီးပါ၊ ကနေ့ ဖူးတွေ့နေရတဲ့ ဟင်္သာတမြိ့ရဲ့ ကျက်သရေဆောင် ရွှေ ပြောင်ပြောင် (ရွှေစေတီ) ဘုရားနဲ့ ဦးပါ ရဲဘုရားနဲ့ ဦးပါရဲဘုရားကြီးနှစ်ဆူဧရာဝတီ မြစ်ထဲကိုပါမသွားတာဟာ အဲဒီဦးလေးသန်း  ရဲ့ ကျေးဇူးမြို့လူထုရဲ့စည်းလုံးညီညွတ်မှု နဲ့ ဘုရားတန်ခိုးတော်ကြောင့်လို့ပဲဆိုရပါ လိမ့်မယ်။
ခုခေတ်မှာ စက်ကရိယာပစ္စည်းတွေ ကလည်း ပိုမိုခေတ်မီဆန်းပြားနည်းပညာ သစ်တွေကလည်းတိုးတက်ထွန်းကားပါရဂူ  ဘွဲ့ရတဲ့လူတွေနိုင်ငံခြားပြန်ကြီးတွေမှ ရိုက် သတ်လို့တောင်မှမကုန်နိုင်ဘူးဆိုတော့ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်တုန်း က ဂျီတီအိုင်ကျောင်းဆင်းအင်ဂျင်နီယာ ဦးသိန်းဆိုတဲ့ပုဂ်္ဂိုလ်ကြီးကမ်းဆည်တာ သောင်တူးတာမြစ်ကြောင်းဖော်တာလောက် တော့ “သနားတယ်ကွာ” ဆိုပြီး စိမ်ခေါ် လိုက်ကြစေချင်ပါတယ်။
မြစ်ချောင်းတွေတိမ်ကောရတာဟာ ကမ္ဘာ့ရာသီဥတုကြီးဖောက်ပြန်လာလို့၊ ကမ္ဘာကြီးပူနွေးလာလို့၊ မိုးလေ၀သမမှန်လို့ မြေအောက်ကသဘာဝအရင်းအနှီးတွေ ကို အကန့်အသတ်မဲ့ထုတ်ယူသုံးစွဲနေလို့ စတဲ့ စတဲ့အကြောင်းပြချက်တွေကအများ ကြီးပါ၊ အဓိက ကတော့ လူတွေကြောင့် ပါ၊ ကိုယ့်တစ်မြုံတစ်မကောင်းစားဖို့အတွက် ဆိုရင်ဘယ်လိုအကုသိုလ်အမှုကိစ်္စမျိုးကို မဆိုရက်ရက်စက်စက်ကျူးလွန်ရဲကြတဲ့ လောဘသားတွေကြောင့်ပါ၊ သူတို့တစ် တွေရဲ့ အတ္တကြီးမားစွာ မဆင်မခြင်လုပ်ရပ် တွေက အနာဂတ်လူသားမျိုးနွယ်တစ်ခု လုံးကို (အဲဒီလောဘသားတွေရဲ့ သား သမီးမြေးမြစ်တွေလည်းပါတာပေါ့ဗျာ) မီး လောင်တိုက်သွင်းမြေမြှုပ်သဂြိုလ်ဖို့ ကြိုး ပမ်းနေကြတာပါ။
တလောက ဂျာနယ် တစ်စောင်ထဲ မှာ ကချင်ပြည်နယ်ရွှေကူဘက်က နမ့်ဖား ချောင်းဟာ ရွှေရှာဖွေတူးဖော်နေသူတွေ ကြောင့် တိမ်ကောလာရာကနေမကြာခင်  ပျောက်ကွယ်တော့မယ့်အခြေအနေကို ရောက်နေပါတယ်လို့သတင်းဓာတ်ပုံနဲ့ အတူတွေ့မြင်လိုက်ရပါတယ်။ အဲဒီချောင်း ဟာ ရွှေကူမြို့ အထက်တောင်ပေါ်ဒေသ  တွေကနေ၊ ကျေးရွာအများအပြားကိုဖြတ်  ပြီး ရွှေကူမြို့လယ်ကနေဧရာဝတီမြစ်ထဲ ကို စီးဝင်သွားခဲ့တာပါ၊ ဒီချောင်းကို ရှေး အတီတေကာလကတည်းက မှီတင်းနေ ထိုင်စိုက်ပျိုးလုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံပြည်သူလူထုအများစုဟာဒုက္ခ ရောက်နေကြရပါပြီ၊ မြစ်တွေချောင်းတွေ တိမ်ကောသွားပြီးတဲ့ နောက်ကြတ်တီးကုန်း မြေသဲကန္တရကြီးတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက် တိုင်းပြည်ရဲ့လူမှုရေးစီးပွားရေး ပညာရေးကျန်းမာရေး၊ ဖွံ့ဖြိုးရေးတက်ရေး  ကအစယဉ်ကျေးမှုအဆုံးအောက်တန်းကျ ခဲ့ရပြီး လူဖြစ်နေပါလျက်နဲ့ လူချင်းမတူ သူချင်းမမျှငရဲကျနေသလိုခံစားနေရရှာတဲ့  အာဖရိကနိုင်ငံအချို့ရဲ့ ကြေကွဲစရာမရှုမ လှမြင်ကွင်းတွေကို သတင်းမီဒီယာတွေက  နေဖော်ထုတ်တင်ပြနေတာတွေကိုကြည့် ပြီး သင်ခန်းစာယူကြစေချင်ပါတယ်။
တကယ်လို့များ ဧရာဝတီမြစ်ကြီး အပါအ၀င်မြန်မာပြည်ထဲကမြစ်ချောင်း အင်းအိုင်တွေသာ ခန်းခြောက်တိမ်ကော ပျောက်ကွယ်လို့သွားမယ်ဆိုရင် အဲဒီနေ့  ဟာမြန်မာပြည်မြေပုံပေါ်မှာနေထိုင်ကြတဲ့  သက်ရှိသတ္တ၀ါအားလုံးပျောက်ကွယ်သွား မယ့်နေပါပဲ၊ အဲ ပိုက်ဆံတတ်နိုင်တဲ့လူတွေ    အနေ့နဲ့ကတော့ ချယ်လ်ဆီးဘောလုံး အသင်းပိုင်ရှင် ရုရှသူဌေးအီဗရာမိုဗစ်ခ်ျလို လကမ္ဘာပေါ်မှာ မြေတစ်နေရာစာလောက် သွားဝယ်ထားပေါ့ဗျာ၊ မာယန်လူမျိုးတွေ ရဲ့  THE TZOLKIN  ပြက္ခဒိန်အလိုအရ ဆိုရင် ဗီ ၂၀၁၂ ဒီဇင်ဘာ၂၁ ရက်နေ့ ဟာ လူသားကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ လို့ဆိုထားလေတော့၊ ခုနေအမြန်ဆုံးဝယ် ပြီး ပြောင်းရွှေ့သွားကြမယ်ဆိုရင်အချိန် မီပါသေးတယ်။
ပြောရရင်တော့ဗျာ။ ကိုယ်တွေမှာ လည်း မျိုးဆက်ဆယ်ဆက်ရဲ့ ဆယ်သက် မကစားမကုန်သောက်မကုန်ပြည့်စုံကြွယ် ၀လျှံလန်ကျနေပြီပဲဥစ္စာ၊ စားရမဲ့မဲ့သောက် ရမဲ့မဲ့နဲ့ ထမင်းရည်ကိုတောင် နှုတ်ခမ်း စွတ်အောင်မလျက်နိုင်ကြတဲ့ ဆင်းရဲသား အများပြည်သူမိလက္ခူတွေအပေါ်မှာ ကိုယ်ချင်းစာနာလူစိတ်လေးထားပြီး သနား  ကြင်နာကောင်းကြပါရဲ့။ သူတစ်ပါးကို ဆင်းရဲဒုက္ခရောက်စေပြီးမှ ခံစားစံစားရတဲ့ စည်းစိမ်ချမ်းသာတွေဆိုတာကလည်း အရှိန်တငြီးငြီးနဲ့ တောက်လောက်နေတဲ့ မီးတောက်မီးလျှံတွေပါ။
အဲ ဘယ်သူသေသေငတေမာရင်ပြီး ရောကွာဆိုတဲ့ စိတ်မျိုးထားခဲ့ရင်လည်း၊ အားလုံးသေပြီး ငတေတစ်ယောက်တည်း ကျန်ရစ်ခဲ့လို့ဖြစ်မတဲ့လား၊ သေသွားတဲ့လူ တွေရဲ့ ၀ိညဉ်တွေက ၀ိုင်းချောက်လို့ ငတေ လည်းလိပ်ပြာလွင့်ပြီးသေမှာပါပဲ။
ဒီတော့ အတ္တကြီးမား လောဘသား  ဘုရားမကြိုက် ဒီခေတ်လူမိုက်တွေအတွက်  တိပိဋကဓရဆရာတော်ဦးကောသလ္လရဲ့ ဆုံးမစာလေးကိုပဲ လက်ဆောင်ပေးလိုက် ပါရစေ။
သေရွာကာလရောက်ကြသောအခါ၊  ကိုယ့်နောက်ကိုကား
ဘာများပါမှာ၊ ပစ္စည်းစုစုတစ်ခုမပါ၊ ကိုယ်ပြုထား
ကံများပါမည်သာ၊
အထုပ်ကလေးတပြင်ပြင်၊ ကိုယ့်နောက် ပါမည်ထင်အထုပ်ရှင်သေလို့သွား၊ ကျန် တဲ့သူတွေဝေလိုစား၊ အထုပ်ရှင်သေမှာ အလကား၊ ဘာကမှလည်းပါမသွား၊ သေ ရွာကျတော့အပါယ်လား၊ နိဗ္ဗာန်ရောက်ဖို့ အခက်သား၊

written by နန်းဦး
hotnewsweekly