Wednesday, October 5, 2011

အတွဲရှာပါ (Find a Partner by Guy Perring)

သင့်ရဲ့ ဝေါဟာရကို ထိထိရောက်ရောက်ကြွယ်ဝစေဖို့ အဓိကကျတဲ့အချက်တစ်ချက်ကတော့ collocations လို့ခေါ်သည့် စကားလုံးအတွဲများပင်ဖြစ်သည်။ Collocation ၏ လွယ်ကူသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ စကားလုံးများပေါင်းစည်းနည်းပင် ဖြစ်သည်။ ဥပမာအဖြစ် ဖော်ပြထားသည့် အရေးကြီးသည့် စကားလုံးအတွဲတွေကိုတော့ စီးပွားရေးမဂ္ဂဇင်း၏ အရှေ့ဆုံးစာမျက်နှာမှ ကောက်နှုတ် ဖော်ပြလိုက်တာဖြစ်ပါတယ်။

  • Trade talks (ကုန်သွယ်မှု ဆွေးနွေးပွဲများ)
  • Farm subsidies (စိုက်ပျိုးမွေးမြူရေး ထောက်ပံငွေ)
  • Widespread pessimism (ပျံ့နှံ့နေသော အဆိုးမြင်ဝါဒ)
  • Political will (နိုင်ငံရေးဆန္ဒစိတ်)
သင်မှန်းဆတဲ့အတိုင်းပါပဲ။ အကြောင်းအရာကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization) နဲ့သက်ဆိုင်တဲ့ နောက်ဆုံးအဆင့် ဆွေးနွေးပွဲများနှင့် ပတ်သက်နေပါတယ်။ အထက်မှာ မီးမောင်းထိုးပြခဲ့တဲ့ စကားလုံးအတွဲတွေဟာ ကြိုတင်မှန်းဆနိုင်တဲ့ စကားလုံးပေါင်းစည်းမှုများပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုလျင် ဒေသခံစကားပြောသာ (native speaker) တစ်ယောက်အနေနဲ့ ဒီစကားလုံးတွေဟာ ပုံမှန်အားဖြင့် ပေါင်းစည်းနေကျဆိုတာကို သိမြင်နိုင်ပြီး အတွဲထဲက တစ်လုံးကို ကြားမိ၊ ဖတ်မိပြီဆိုလျင် ကျန်တဲ့တစ်လုံး လာတွဲတော့မယ်ဆိုတာကို မျှော်လင့်နိုင် (သို့) ကြိုတင်မှန်းဆနိုင်ပါတယ်။ ထိုသို့ သိရှိနိုင်ခြင်းသည် အဖတ်နှင့် အကြားကို ပိုပြီး မြန်စေနိုင်၊ ထိရောက်စေနိုင်ပါသည်။

ဥပမာ - widespread နဲ့ pessimism ကို အတူယှဉ်တွဲ သုံးလေ့ရှိပြီး အဲဒီလိုသုံးနိုင်ခြင်းသည် ဘာသာစကားကို နှံ့နှံ့စပ်စပ်သိနေတယ်ဆိုတာကို ဖော်ပြပါတယ်။ အောက်ဖော်ပြပါ ဘယ်နှင့်ညာ စကားလုံးများကို ကြည့်ပြီး စကားလုံးအတွဲများအဖြစ် ယှဉ်တွဲကြည့်ပါ။

  • Unfair        accountancy
  • Foot          dismissal
  • Creative     assets
  • Cash         handshake
  • Liquid        flow
  • Golden      the bill

အောက်ပါအတိုင်းဖြစ်အောင် တွဲနိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။

  • Unfair dismissal
    (မတရားသော အလုပ်ထုတ်ပယ်ခြင်း)
  • Foot the bill (ဒကာခံသည်)
  • Creative accountancy (ပြုပြင်ဖန်တီးနိုင်သော စာရင်းကိုင်ပညာ)
  • Liquid asset
    (ငွေသားအဖြစ် ပြောင်းလဲနိုင်သော ပိုင်ဆိုင်မှု)
  • Cash flow (ငွေအ၀င်အထွက်)
  • Golden handshake (အလုပ်မှထွက်တဲ့အခါ၊ ထွက်စေချင်တဲ့အခါ ပေးသော ကြီးမားတဲ့ ငွေပမာဏ)

ဒီစီးပွားရေး စကားလုံးတွဲများကို ထိရောက်စွာ သင်ယူနိုင်ဖို့ဆိုရင် ဆောင်းပါးတွေထဲမှာ ဒီလိုမျိုး စကားလုံးအတွဲများကို တွေ့ရင် အရောင်တစ်မျိုးမျိုးဖြင့် (highlight) ခြယ်ပြထားဖို့လိုပါတယ်။ အခုပေးမယ့် ဥပမာကတော့ (The Star)
သတင်းစာထဲကပဲ ဖြစ်ပါတယ်။

Japanese electronics giant Sony reported yesterday a better-than-expected 68% jump in the full-year operating profit as it enjoyed a dramatic recovery in its fortune.
ဂျပန်နိုင်ငံရဲ့ အင်အားကြီးမားသော လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆိုနီသည် သူတို့၏ တစ်နှစ်လုံးအတွက် ရရှိသည့်အမြတ်သည် မျှော်မှန်းထားသည့် ၆၈% ထက် ပိုမိုတိုးတက်မြင့်မားခဲ့သည့်အတွက် သူတို့ရဲ့ ငွေကြေးနဲ့ပတ်သက်လို့ အံ့သြစရာကောင်းအောင် နာလံထူ နိုင်ခဲ့ကြောင်းကို ယမန်နေ့က တင်ပြခဲ့ပါသည်။

At the same time however, restructuring costs weighed heavily on the group’s bottom line with net profit falling. ---AFP
ဒါပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ကုမ္ပဏီကို အသစ်ပြန်လည်ဖွဲ့စည်းတဲ့ စရိတ်တွေက သူတို့ရဲ့ အမြတ်ငွေ ပေါ်အကျိုးသက်ရောက်မှုကတော့ အမြတ်ငွေလျော့သွားခြင်းပင်ဖြစ်သည်။

ဒီလို စာပိုဒ်တိုတိုလေးထဲမှာတောင်မှ စကားလုံးအတွဲအရေအတွက် တော်တော်များများ ပါတတ်ပါတယ်။ ဒီစကားလုံးအတွဲများသည် အထက်ပါစာပိုဒ်ရှိ ဥပမာများအတိုင်း noun+noun (နာမ်+နာမ်)၊ verb+noun (ကြိယာ+နာမ်)၊ adj+noun (နာမ၀ိသေသန+နာမ်)၊ verb+adverb (ကြိယာ+ကြိယာဝိသေသန) အစရှိတဲ့ပုံစံများဖြင့် တွဲနိုင်ပါတယ်။

နောင်တစ်ချိန်တွင် ဒီစကားလုံးအတွဲတွေကို ချက်ချင်း ပြန်လည်ထုတ်ယူသုံးနိုင်ရန်အတွက် ကျွမ်းကျင်ပိုင်နိုင်စွာ မှတ်မိဖို့ဆိုရင် ၎င်းတို့ကို highlight ပြုလုပ်ခြင်း (အရောင်များဖြင့် မှတ်သားထားခြင်း)၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ပေးပါ။ စီးပွားရေးတွင် job (အလုပ်) ကဲ့သို့ အဓိကကျသောစကားလုံးတွင် တွဲနိုင်တဲ့ အတွဲအားလုံး မျိုးမျိုး ရှိပါသည်။

ဥပမာ - apply for (လျှောက်သည်)၊ create (ဖန်တီးသည်)၊ get (ရရှိသည်)၊ hold (စွဲကိုင်ထားသည်)၊ hunt for (ရှာဖွေသည်)၊ lose (ပြုတ်သည်)၊ take up (စတင်ဆောင်ရွက်သည်)

ဝေါဟာရရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်နယ်ပယ်တစ်ခုကတော့ စီးပွားရေးအတွက် အင်္ဂလိပ်စာမှာ ဥပမာစကား (သို့) တင်စားမှုများ (metaphors) အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဥပမာ - Liquid (အရည်) ရဲ့ ဂုဏ်သတ္တိတွေနဲ့ဆိုင်တဲ့ တင်စားမှုတွေကို အသုံးအများလေ့ရှိပါတယ်။ အောက်ပါဝါကျတွေကို ကြည့်၍ ကွက်လပ်ကို အရည်နှင့် သက်ဆိုင်သော စကားလုံးဖြင့် ဖြည့်ပါ။

  • Without selling some of his assets, there could be no improvements in his cash ( ).
    သူ၏ပိုင်ဆိုင်မှုအချို့ကို မရောင်းဘဲနှင့် သူ၏ငွေ (အ၀င်အထွက်) တွင် တိုးတက်မှု မရှိနိုင်ပါ။
  • If we ( ) our resources, we can by that land.
    ကျွန်ုပ်တို့၏ အရင်းအမြစ်များကို (စုပေါင်းထည့်ဝင်) ကြလျှင် အဲဒီမြေကွက်ကို ၀ယ်နိုင်မှာပါ။
  • The concept that reducing the taxes of the wealthy will cause wealth to ( ) down to the poor is controversial.
    ကြွယ်ဝချမ်းသာသူများကို အခွန်လျှော့ခြင်းဖြင့် ငွေကြေးများသည် ဆင်ရင်းသူများထံသို့ (တစိမ့်စိမ့်စီး ဆင်း)သွားမယ်ဆိုတဲ့ ယူဆချက်ဟာ အငြင်းပွားစေနိုင်ပါသည်။
  • Recently, the market has been ( ) with imitation branded goods.
    မကြာသေးမီက ဈေးကွက်ထဲတွင် တံဆိပ်အတု တပ်ဆင်ထားသော ကုန်ပစ္စည်းများဖြင့် (ပြည့်လျှံ) နေသည်။
  • The cost of his mortage was a ( ) on his resources.
    ချေးငွေတွေ ပြန်ဆပ်ရခြင်းသည် သူ၏ဥစ္စာဓနကို (ကုန်ခမ်း) စေသည်။

အဖြေတွေကတော့ flow, pool, trickle, flooded နှင့် drain တို့ပင်ဖြစ်ပါသည်။

ဒီလိုစကားလုံးအတွဲများကို အာရုံစိုက်၍ မှတ်ထားပြီး တင်စားမှုများကို စဉ်းစားခြင်းဖြင့် သင်၏ ဝေါဟာရကို ကျယ်ပြန့်အောင် ပြုလုပ်နိုင်ပါသည်။

 
(Guy Perring ၏ Find a Partner အားဆီလျော်သလိုဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)