Thursday, November 10, 2011

ဘ၀ အာဟာရ

လတ်တလောလေး စာအုပ်တစ်အုပ် ဖတ်လိုက်ပါတယ်။ ဦးအေးမောင်ရေးတဲ့၏ စိတ်ပညာနှင့် ကိုယ်ကျင့်တရားဆိုတာပေါ့။ တော်တော်ကြီးကို ဗဟုသုတရလိုက်သလို စိတ်ဓာတ်တွေလည်း အကျကြီးကို
ကျသွားပါတယ်။ ထိုစာအုပ်ထဲမှ ကျွန်တော် သဘောကျသော အချက်ကလေးတွေကို ကောက်နုတ်တင်ပြ လိုက်ပါတယ်။ တစ်ဦးဦး အတွက်တော့ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။

မှတ်ချက် ။ ။

- ဤစာစု များကို တင်ပြရသော တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အများသူငါ သိရှိ၍
လိုက်နာကျင့်သုံးနိုင်ရန်သာ ဖြစ်ပါကြောင်း။
- မည်သူတစ်ဦးတစ်ယောက်ကို မျှထိခိုက်နစ်နာစေလိုသော
ရည်ရွယ်ချက်မရှိပါကြောင်း။
- မူရင်း၏ အနှစ်သာရ မပျောက်စေရန် စာများကို အတတ်နိုင်ဆုံး မူရင်း
စာအုပ်ထဲက အတိုင်းရိုက်ထားပါကြောင်း သိရှိစေလိုပါသည်။

1.

စာမျက်နှာ - ၉၈

အသင်းအပင်းနှင့် ကစားခုန်စားခြင်းသည် တစ်ကိုယ်ကောင်းစိတ်ကို ဖျောက်၍
စုပေါင်းဆောင်ရွက်လိုသော အကျင့်ကို အားပေးသည်ဟု အဆိုရှိရာ စင်စစ်
ထိုကစားခုန်စားမှုမျိုးကို ၀ါသနာပါသော သူတို့ သည် နဂိုမူလကပင် ငါစွဲ
နည်းပါး၍ အုပ်စု စိတ်ဓါတ် အားကောင်းသောသူများ ဖြစ်ကောင်းဖြစ်ပေးမည်။
တစ်နည်းဆိုသော် ဘောလုံးကစားခြင်းသည် ကစားသမား၏ စိတ်ဓာတ်ကို
အထူးပြုပြင်ခြင်းမရှိဘဲ နဂိုမူလစရိုက်ကို ဖော်ဆောင်သော ကစားမှုမျှသာ
ဖြစ်ပေမည်။ အပေါင်းအဖော်ကို မခင်မင်ဘဲ မိမိဘာသာ သွားလာ
လုပ်ကိုင်လိုသောသူသည် ဘောလုံးကစားလိုသောဆန္ဒ ရှိမည်မဟုတ်ချေ။

2.

စာမျက်နှာ - ၉၉

လူတို့ သည် မိမိ၏ ဗီဇ၊စရိုက်နှင့် လျော်ညီသော ပတ်ဝန်းကျင်ကို
ရွေးချယ်လေ့ရှိကြ၏ ။ မိမိတို့ စရိုက်ဝါသနာနှင့် ဘောင်ဝင်သော အပေါင်းအသင်း
အလုပ်အကိုင် အပျင်းဖြေမှု ပျော်ရွှင်မှုနှင့် နေရာဋ္ဌာနများကို ရှာကြစမြဲဖြစ်၏။

သို့ ဖြစ်စေကာမူ ပတ်ဝန်းကျင်မှာ ဗီဇ မျိုးစေ့ ကဲ့သို့ မဟုတ်ပဲ
ကျွန်ုပ်တို့  အထိုက်အလျောက် အစိုးရသော တရားဖြစ်၍ အထူးဂရုပြုရပေမည်။
အစိုးမရသော ပတ်ဝန်းကျင်၌ ကိုယ်ကျင့်တရားခိုင်မြဲမှုအတွက် မိမိအစိုးရသော
အလေ့အကျင့်ကောင်းများကို ဖက်တွယ်ထားရန် အရေးကြီး၏ ။ ကျွန်ုပ်တို
့ကြားဖူးသည်ကား ပစိဖိတ်သမုဒ္ဒရာထဲ၇ှိ ကျွန်းတစ်ကျွန်းပေါ်၌ လူရိုင်းများကို
အုပ်ချုပ်နေရသော အင်္ဂလိပ်အရာရှိတစ်ဦးသည် ညစဉ် မိမိတစ်ကိုယ်တည်း
ထမင်းစားရာ၌ အင်္ဂလန်ပြည်မှာကဲ့သို ကျကျနန သပ်သပ်ရပ်ရပ် ၀တ်စားပြီးမှ
စားလေ့ရှိ၏ ။ ထိုသို့ ဝတ်စားဆင်ယင်မှုကို အထူးဂရုစိုက်ခြင်းမှာ
အလေ့အကျင့်ကြောင့် မဟုတ်ဘဲ လူ့ သဘာဝစိတ်ကို သိရှိနားလည်သောကြောင့် ဖြစ်၏
။ သူက “ဤ နိုင်ငံကြီးသားတို့ ၏ ဓလေ့ထုံးစံကို ကျွန်ုပ် စွန်
့လွှတ်လိုက်ပါက အခြားပိုမိုအရေးကြီးသော ထုံးစံများနှင့်လည်း တစ်နေ့ နေ
့တွင် ကျွန်ုပ် အိုးစားကွဲ၍ နောက်ဆုံး၌ ဤကျွန်းသူကျွန်းသား တို့ ၏
အဆင့်အတန်းသို့ လျှောကျသွားမည် အမှန် ဖြစ်ပါသည်။ လန်ဒန်မြို့မှာထက်
ဤကျွန်းပေါ်၌ ၀တ်စားဆင်ယင်မှုကို ဂရုစိုက်နိုင်ရန် ပိုမိုအရေးကြီးပါသည်”
ဟုဆိုလေသည်။

3.

စာမျက်နှာ - ၁၀၁/၁၀၂

မသိစိတ်သည် လူတို့ ၏ အပြစ်အနာ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားလေ့ ရှိ၏
။ မသိစိတ်၏ လှည့်စားချက်ဖြင့် လူတို့ သည် မိမိတို့ ပြုသော
မကောင်းမှုများအတွက် ဆင်ခြေအမျိုးမျိုး ပေးလေ့ရှိ၏ ။ မိမိတို့ ၏
အတွင်းသန္တာန်တွင်ရှိသော စိတ်ယုတ် စိတ်ညံ့များကို မမြင်ဘဲ အခြားလူများတွင်
ထိုစိတ်မျိုးရှိသည်ဟု စွပ်စွဲတတ်ကြ၏ ။ မိမိတို့ ၏ အပြစ်အနာ
ချွတ်ယွင်းချက်များကို ဖုံးဖိကာကွယ်ရန် အပြစ်ဆေးကြော သောအနေ(၀ါ)
အာပတ်ဖြေသော အနေဖြင့် တစ်ဖက်တွင် လိုအပ်သည်ထက်ပို၍ အတိုင်းထက်အလွန်
ပြောဆိုပြုမူလေ့ ရှိကြ၏ ။ ဥပမာအားဖြင့် စိတ်ယုတ်ညံ့သောသူသည်
ဘုရားတရားစကား အလွန်ပြော၍ အတ္တမာန လွန်ကဲသောသူသည် မိမိကိုယ်ကို
အလွန်နှိမ့်ချသော အမူအရာ ပြလေ့ရှိ၏ ။


   ဤသည်မှာ အကျင့်သီလ တိုးတက်မှုအတွက် ကျွန်ုပ်တို
့အထူးမှတ်သားထားသင့်သော သင်ခန်းစာများ ဖြစ်၏ ။ ဤအချက်များကို သတိပြု၍
မိမိ၏ အပြောအဆို အပြုအမူများကို ဆင်ခြင်သုံးသပ်ရပေမည်။ မိမိပြုသော
အမှုအတွက် အကြောင်းပြချက်သည် အကယ်ပင် ယုတ္တိတန်ပါ၏လော။ သို့ တည်းမဟုတ်
မကောင်းသောအမှု ဖြစ်၍ အတွင်းစိတ်က မသိမသာ လှည့်စားပြီး ဆင်ခြေပေးခြင်း
ဖြစ်လေသလော ဟု စဉ်းစားရပေမည်။


သူတစ်ပါးအား ယိုးစွပ်လိုပါက (စွပ်စွဲလိုပါက) ထို ယိုးစွပ်မှုသည် သူခိုးက
လူ, လူ ပြန်ဟစ်ခြင်းမျိုး ဖြစ်နေသလော။ လူတစ်ယောက်ကို ပြင်းပြင်းထန်ထန်
ပုတ်ခတ်ပြောဆိုလိုပါက ထိုဝစီကံ အမှုသည် မိမိအပြစ်ကို ဖုံးဖိခြင်း(သို့ )
မိမိမျက်ချေးကို သူတစ်ပါး၏ မျက်ချေးအနေဖြင့် မြင်ခြင်း ဖြစ်နေပေမည်လောဟု
ဆန်းစစ်ရပေမည်။ မိမိ၏ သဘာဝယုတ္တိ မရှိသော အပြောအဆို အပြုအမူ များသည်
မကောင်းသော စိတ်ကို ဖုံးဖိရန် မသိစတ်၏ လှည့်စားမှုပေလောဟု ဆန်းစစ်ရပေမည်။


   “ဒီလူဟာ ကျုပ်ကို မကောင်းကြံစည်ခဲ့ပေမယ့် သူ့ ကို ရန်သူလို
ကျုပ်သဘောမထားပါဘူး။ သူ ကျန်းမာ ချမ်းသာပါစေလို့ ကျုပ် နေ့ စဉ်
ဆုတောင်းမေတ္တာပို့ သပါတယ်”


ဟုဆိုခြင်းသည် စင်စစ် သဘာဝ ယုတ္တိကင်းမဲ့သော စကားဖြစ်၍ မိမိ၏
ဒေါမနာဿစိတ်ကို ဖုံးကွယ်ရန် ပြောဆိုဖြင်းဖြစ်လေသလောဟု မိမိကိုယ်မိမိ
ဝေဖန်ဆန်းစစ်ရပေမည်။

4.

စာမျက်နှာ - ၁၀၇

ကလေးသူငယ်များကို အမြဲဖိနှိပ် ချုပ်ချယ်ထားခြင်းသည် မကောင်း၊ နေရာတကာ
အလိုလိုက်၍ စည်းမဲ့ကမ်းမဲ့ လွတ်လပ်စွာ ထားခြင်းသည်လည်း အကျင့်စာရိတ္တ
ပျက်စီးစေတတ်ကြောင်း သိရှိနားလည်ရပေမည်။


5.

စာမျက်နှာ -၁၀၈

အသိဥာဏ် ပညာအရာ၌ဖြစ်စေ အကျင့်သီလအရာ၌ ဖြစ်စေ သဘာဝဗီဇအားဖြင့် ထပ်ဆုံး သို
့မဟုတ် အောက်ဆုံးသို့  ရောက်ရှိနေသော သူများမှာ အလွန်ရှား၍
သဘာဝဓမ္မ(လောကကြီး) သည် ထိုတစ်ဖက်စွန်းရောက် ပုဂ္ဂိုလ်မျိုးကို
လိုလားနှစ်သက်ဟန် လက္ခဏာ မရှိချေ။

အသိဥာဏ် ဗီဇဓာတ်ခံ အလွန်နုံနဲ့ သောသူများမှာ ဘ၀တိုက်ပွဲဒဏ်ကို
ကြာရှည်မခံနိုင်ဘဲ ငယ်စဉ်ကပင် လူ့ လောကကို စွန့် ခွာသွားကြရ၏ ။

ဥာဏ်ကြီးရှင် မဟာပညာကျော်များမှာမူ အသိအမြင် မြင့်မားနက်နဲ လွန်းသဖြင့်
လူအများစု၏ အထင်အမြင်လွဲမှားခြင်းကို ခံရ၏ ။

ထို့ အတူ အကျင့်သီလကို အထူး မြတ်နိုးသော သူတော်သူမြတ်တို့ သည်
လူအများနှင့် နေ့ စဉ် ရောနှောဆက်ဆံရန် မဖြစ်နိုင်သဖြင့် လူသူကင်းဝေး
တိတ်ဆိတ်သောနေရာ၌ နေထိုင်ကြရ၏ ။

ကိုယ်ကျင့်တရား လုံးဝကင်းမဲ့သော သူများမှာကား လူအများစု၏
ကြဉ်ခြင်းကိုခံရ၍ အဘက်ဘက်၌ ဆုတ်ယုတ်ပျက်စီးကြ၏ ။



6.

စာမျက်နှာ - ၁၂၉



   လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံကြရာ၌ တန်းတူရည်တူ ဆက်ဆံမှုမျိုး
မဟုတ်သဖြင့် မေတ္တာအစစ်အမှန်မရှိ။ စေတနာလည်း မသန့် ရှင်းဘဲ တစ်ဦးသော
ပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်၏ လိုအင်ဆန္ဒများအတွက် ခုတုံး ဖြစ်မှန်းမသိ
ဖြစ်နေတတ်၏ ။



မိမိ၏ အကြိုက် ၀ါသနာ အလိုဆန္ဒ မျော်မှန်းချက်များနှင့် ကိုက်ညီသောသူသည်
မိမိချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်ဖြစ်လာ၏ ။ သို့ ဖြင့် ရုပ်ရှင်ရူး
မြီးကောင်ပေါက် ယောင်္ကျားကလေး မိန်းကလေးများသည် ရုပ်ရှင်မင်းသမီး
မင်းသားများကို စွဲလမ်း နှစ်သက်ကြ၏ ။



   စာရေးဆရာ ဖြစ်လိုသော သူများသည် စာရေးဆရာများကို ကြည်ညိုလေးစားကြ၏ ။

   အနုပညာရှင်ကို လူတို့ စွဲမက်ခြင်းသည် မှန်ကန်သော မေတ္တာတရားကြောင့်
မဟုတ်။ မိမိတို့  အလိုဆန္ဒ အတွက် ပြယုဂ် ပုဂ္ဂိုလ် အနေဖြင့်
နှစ်သက်လိုသောကြောင့် ဖြစ်၏ ။



သို့ ရာတွင် လူသတ္တ၀ါသည် မိမိအလိုဆန္ဒ မပြည့်ဝမှုအတွက် အခါခပ်သိမ်း ပြယုဂ်
ပုဂ္ဂိုလ်များကို ခုတုံးပြု၍ မိမိကိုယ်ကို ဖြေသိမ့်ရန် မဖြစ်နိုင်ချေ။

ရုပ်ရှင်မင်းသမီး ဖြစ်လိုသော မိန်းမပျိုသည် မိမိနှင့် လူချင်းမသိသော
နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကို ချစ်ခင်လေးသားသော်လည်း မိမိ၏
အသိမိတ်ဆွေ မိန်းမတစ်ယောက် ရုပ်ရှင်နယ်ထဲသို့ ဝင်ပြီး အောင်မြင်သွားပါက
မနာလို မရူစိမ့် ဖြစ်လာပေလိမ့်မည်။

သို့ ဖြစ်၍ မိမိတို့ အတ္တနှင့်နီးစပ်သော ပုဂ္ဂိုလ်သတ္တ၀ါများမှ တစ်ဆင့်
အလိုဆန္ဒ ပြည့်ဝမှုကို ရှာကြပေရာ ဤနည်းဖြင့် အတ္တ၏ အစွယ်အပွားဖြစ်သော
သားသမီးများသည် အလိုဆန္ဒ မပြည့်ဝသော မိဘများ၏ ခုတုံးဖြစ်မှန်းမသိပဲ
ဖြစ်သွားကြရ၏ ။



7.

စာမျက်နှာ -၁၂၉



   လောက၌ အစစ အရာရာ အောင်မြင် ကြီးပွားနေသော ပုဂ္ဂိုလ်များထက် ပစ္စည်းဥစ္စာ
အတတ်ပညာ အလုပ်အကိုင် စသည်အားဖြင့် တစ်ဖက်ဖက်၌ ချို့ တဲ့၍ အလိုမပြည့်သော
သူများက မိမိတို့ သားသမီးများ စွယ်စုံ ကြီပွားတိုးတက်သည်ကို မြင်လိုသော
စိတ်ဆန္ဒ ပိုမိုပြင်းပြ ကြ၏ ။



အချို့ လူများ၌ ထိုအလို ဆန္ဒသည် သန့် ရှင်းစင်ကြယ်သော မေတ္တာစေတနာ၏ လှုံ
့ဆောချက်ဖြစ်သည် မှန်ပေလမ့်မည်။ သို့ ရာတွင် အချို့ မှာ မိမိတို
့သားသမီးများ ပညာဖြင့် အကျိုးပေးရန် ဗီဇ ဓာတ်ခံ မည်မျှရှိမရှိ ဂရု မပြုဘဲ
အတင်းတွန်းထိုး၍ စာကြိုးစားခိုင်းကြ၏ ။ သူတစ်ပါးနှင့် သားသမီးချင်း
ပညာပြိုင်လိုကြ၏ ။ မိမိသားသမီး၏ ပညာဂုဏ်ကို ဖော်ထုတ်၍ လူတကာအား
ကြွားဝါလေ့ရှိ၏ ။ သားသမီး၏ ဗီဇ ၀ါသနာကို မကြည့်ဘဲ မိမိစိတ်ကြိုက်
သက်မွေးမှု အတတ်ပညာကို သင်ကြားစေလိုကြ၏ ။ ဤသို့ သော ပုဂ္ဂိုလ်များသည်
သားသမီးကို အသက်နှင့် ထပ်တူ ချစ်ပါသည်ဆိုသော်လည်း သူတို့ ၏ အပြုအမူနှင့်
ပြောပုံဆိုပုံမှာ ငါစွဲအတ္တနှင့် မကင်းကြောင်း ထင်ရှားလှပေသည်။





8.

စာမျက်နှာ - ၁၃၂

သို့ ဖြစ်၍ ဆင်းရဲဒုက္ခ ရောက်နေသူအား ကူညီရာ၌ အသိအလိမ္မာ ရှိဖို့ လို၏ ။
အကူအညီခ့ ပုဂ္ဂိုလ်ထံမှ ကျေးဇူးတုံ့ ပြန်မှုကို မမျှော်လင့်အပ်ပေ။ ထိုသူ၏
အတ္တမာနအား ထိခိုက်စေမည့် အပြောအဆို အပြုအမူများကို လည်းရှောင်ကြဉ်ရပေမည်။
ယခုအခါ ကြီးပွားချမ်းသာသော ကမ္ဘာ့ နိုင်ငံကြီးများသည် ဆင်းရဲချို့ တဲ့သော
နိုင်ငံငယ်များအား စီးပွားရေး အကူအညီ ပေးလျက်ရှိပေရာ တစ်ခါတစ်ရံ
အကူအညီပေးသော နိုင်ငံများက မိမိတို့ အား အမနာပ ပြောသည်ကို မခံမရပ်နိုင်
ဖြစ်ကြ၏ ။ အကယ်၍ နိုင်ငံကြီးများသည် ထင်ပေါ်လိုမှုကို ရှောင်ရှား၍ ကမ္ဘာ
့ကုလသမဂ္ဂမှာ တစ်ဆင့် ကူညီထောက်ပံ့ကြပါက အမျိုးသားဇာတိမာန ထိခိုက်မှု၊
အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်ရန်အကြောင်း မရှိချေ။





9.

စာမျက်နှာ - ၁၃၂



   ဆင်းရဲ့ဒုက္ခ ကြုံတွေ့ နေရသော သတ္တ၀ါတစ်ဦးအား သနားကြင်နာရန်
လွယ်ကူသည်နှင့်အမျှ ကြီးပွားချမ်းသာနေသော ပုဂ္ဂိုလ်တစ်ဦးကို ကြည့်၍
ဝမ်းမြောက်ရန်မှာ ခက်ခဲသော ကိစ္စ ဖြစ်၏ ။ မုဒိတာဆိုတေသာ ပါဋိစကားနှင့်
အဓိပ္ပါယ်ထပ်တူဖြစ်သော မြန်မာဝေါဟာရ မရှိ။ ဝေါဟာရ ကြွယ်ဝသော
အင်္ဂလိပ်ဘာသာ၌ပင် ထိုစကားကို ရှာ၍မရအပ်ချေ။ (မှတ်ချက်။ ။
အင်္ဂလိပ်ကျမ်းများ၌ မုဒိတာကို Sympathetic joy ဟူ၍ စကားနှစ်လုံးဖြင့်
ပြန်ဆိုထား၏)



မုဒိတာသည် သနားကြင်နာမှု ကဲ့သို့ နှလုံသားမှ အလိုလို ထွက်ပေါ်လာသော
ခံစားချက် မဟုတ်ပဲ အားထုတ်၍ မွေးမြူရသော တရားဖြစ်၏ ။ ပုထုဇဉ် သတ္တ၀ါတို
့အဖို့  မုဒိတာတရား ပွားများ အားထုတ်ရန်မှာ မလွယ်ကူချေ။ ယင်းမှာ လူ့ သဘာဝ
စိတ် နှင့် ဆန့် ကျင်၍ သူတစ်ပါးကြီးပွားချမ်းသာသည်ကို
နှစ်လိုဝမ်းမြောက်သော အမူအရာ လက္ခဏာပြခြင်းသည် အများအားဖြင့် ဟန်ဆောင်မှုသာ
ဖြစ်နေတတ်၏ ။





10.

စာမျက်နှာ - ၁၃၃



   လူ၏ သဘာဝစိတ်မှာ မိမိထက် သာသောသူကို မနာလို မရူစိမ့်သော သဘောရှိ၏ ။
မနာလို ၀န်တိုစိတ်သည် လူတို့ ၌ အနည်းအများ ကိန်းဝပ်လျက်ရှိ၍ ကလေးသူငယ်
အရွယ်မှ သေမင်းကို ရင်ဆိုင်ရန် အချိန်နီးကပ်နေပြီ ဖြစ်သော နောက်ဆုံး
ဇရာဘ၀ အထိ ကျွန်ုပ်တို့ ကို စိုးမိုးနေသော စိတ်ဖြစ်၏ ။ ကလေးသူငယ်များသည်
လူကြီးမိဘများကို မိမိတို့ ထက် ပိုမိုအရေးပေးသော မွေးချင်းများကို
မရှုစိမ့်ကြချေ။ သေခါနီး လူနာများကို လေ့လောသော စိတ်ပညာရှင်တို့ ၏ တွေ
့ရှိချက်အရ ထိုလူနာများသည် ကျန်းမာပျော်ရွှင်နေသော လူကောင်းများကို မနာလို
မရှုစိမ့်ဖြစ်ကာ စိတ်ဆင်းရဲကြရတတ်သည် ဟုဆို၏ ။



မိမိထက် သာသောသူကို မနာလိုခြင်းသည် ထိုသူ၏ ရရှိခံစားချက်များကို
လိုလားတပ်မက်သောကြောင့် ဖြစ်၏ ။ ထိုအကျိုးခံစားရမှုများမှာ အပြစ်အနာ
ဆိုးကျိုးများနှင့် ယှဉ်တွဲနေသဖြင့် နှစ်သက်ဖွယ် မရှိလေဟန် အချို
့ကပြောကြ၏ ။ ဤသည်မှာ စပျစ်သီး ချဉ်သည်ဆိုသော မြေခွေးကဲ့သို့ မိမိမရရှိသော
အရာကို ပြစ်တင်ရှုတ်ချ၍ မိမိစိတ်ကို ဖြေသိမ့်ခြင်း ဖြစ်ပေမည်။ စင်စစ်
ကျွန်ုပ်တို့ သည် မနာလို ၀န်တိုစိတ်၏ ဒဏ်ရာဒဏ်ချက်မှာ သက်သာစေရန် ထိုသို
့မိမိကိုယ်ကို မလှည့်စားဘဲ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း၍
မိမိစိတ်ကို ဆုံးမတတ်ဖို့ လို၏ ။



11.

စာမျက်နှာ - ၁၃၃/၁၃၄

ပုဂ္ဂိုလ်တစ်ဦး၏ ကြီးပွားအောင်မြင်မှုသည် အများအားဖြင့် ထိုသူ၏ လုံ့ လ
ဝီရိယ အမြော်အမြင် အသိပညာ စသည်တို့ ကြောင့် ဖြစ်၍ မိမိကိုယ်ကို
ဆန်းစစ်ကြည့်ပါက ထိုအရည်အချင်းများ ချို့ တဲ့နေသည်ကို တွေ့ ရပေမည်။

သို့ ရာတွင် လူတစ်ဦး၏ တစ်ခုတည်းသော ဘ၀ အကျိုးပေးကို ကြည့်၍ ထိုသူ က
မိမိထက်သာမြင့်သည်ဟု ဆုံးဖြတ်ခြင်းသည် ယထာဘူတ နည်းလမ်းမကျချေ။
(မှန်ကန်သော ဆုံးဖြတ်မှုမဟုတ်ချေ။)



   ရုပ်အဆင်းလှပခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ တန်ခိုးအာဏာ
အရှိန်အ၀ါကြီးမားခြင်း စသည်တို့ သည် လူတိုင်းအဖို့ လိုလားနှစ်သက်ဖွယ်
ဖြစ်သော်လည်း လူ့ ဘ၀ အခြေအနေ အရပ်ရပ်ကို ထောင့်စေ့အောင် ထည့်သွင်း
စဥ်းစားပါက လူသတ္တ၀ါတို့ မှာ အနိမ့်အမြင့် ခွဲခြား၍ မရဘဲ အများအားဖြင့်
သူမသာကိုယ်မနာ တန်းတူရည်တူ ဖြစ်နေသည်ကို တွေ့ ရပေမည်။ မိမိထက် သာသူကို
မနာလို မရှုစိမ့်ဖြစ်၍ စိတ်ဓာတ်နိမ့်ကျနေသောသူသည် ကြီးပွားအောင်မြင်သော
နိုင်ငံခေါင်းဆောင်၊သိပ္ပံပညာရှ
င်၊ အနုပညာသည်၊ စာရေးဆရာ အစရှိသည့်
ပုဂ္ဂိုလ်ကျော်တို့ ၏ ဘ၀ဖြစ်စဉ်များကို အတွင်းကျကျ နှိုက်ချွတ်
ရေးသားထားသော စာအုပ်များကို ဖတ်ရှုသင့်ပေ၏ ။ ထိုပုဂ္ဂိုလ်ကြီးများမှာ
အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေး၊ ကျန်းမာရေး ၊ ကိုယ်ကျင့်တရား စသည်တို့ နှင့်
ပတ်သက်၍ တစ်ဖက်ဖက်၌ ချွတ်ယွင်း အားနည်းချက် အနည်းအများ ရှိစမြဲဖြစ်၍
သူတို့ ၏ ဘ၀ခရီးမှာ အမြဲငြိမ်းချမ်းသာယာသောခရီး မဟုတ်ချေ။



မိမိထက်သာသူကို မနာလို မရူစိမ့်ဖြစ်ခြင်းသည် ပုထုဇင် သတ္တ၀ါတို့ ၏
သဘာဝစိတ် ဖြစ်ပေရာ ထိုစိတ်ဖြစ်ပေါ်မှုအတွက် တစ်ခါတစ်ရံ မနာလို သော
ပုဂ္ဂိုလ်ထက် မနာလိုခြင်းခံရသော ပုဂ္ဂိုလ်ကို ပိုမိုအပြစ်ဆိုရန်ရှိ၏ ။
အချို့ သော ပုဂ္ဂိုလ်တို့ သည် မိမိတို့ ၏ ချမ်းသာကြွယ်ဝမှု တန်ခိုး
အာဏာရှိမှု ပညာထူးချွန်မှုများကို လူအများသိအောင် ၀င့်ကြွားလေ့ရှိကြ၍
သူတစ်ပါးက မိမိတို့ အား မနာလို ၀န်တိုမှု ဖြစ်ပေါ်လာပါက မိမိတို့ ၏
အပြစ်ကို မမြင်နိုင်ကျချေ။



စင်စစ်လောက၌ ကြီးပွားအောင်မြင်သော သူများမှာ လူနည်းစုဖြစ်ပေရာ မိမိတို
့ကိုကြည့်၍ လူအများ စိတ်ဓာတ်ကျဆင်းမှု၊ဘ၀နာကြည်းမှု၊မကျေမနပ်ဖြစ်မှုများ
မရှိစေရန် အနေအထိုင် အပြောအဆို အပြုအမူ အထူးဆင်ခြင်အပ်ပေသည်။ မိမိတို
့ကြီးပွားအောင်မြင်သည်နှင့်အမျှ အသိအလိမ္မာတရား ရှေ့ထား၍ မာန်မာန
နှိမ့်ချရမည်။ ဘ၀အခြေအနေ နိမ့်ကျသူတို့ အား စာနာထောက်ထားမည်။ အနေအထိုင်
ရိုးသားမည်။ အပြောအဆို သိမ်မွေ့ ယဉ်ကျေးမည် ဆိုပါက များစွာသော လူသတ္တ၀ါတို
့၏ စိတ်ဓာတ်မှာ  ဣဿမစ္ဆရိယ တရားများဖြင့် ညစ်ညူးနေမည် မဟုတ်တော့ချေ။



12.

စာမျက်နှာ - ၁၃၆

ဥပေက္ခာတရားကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် အတွက် အသိပညာရှိဖို့ အရေးကြီး၏
။ တစ်နည်းဆိုသော် သတ္တ၀ါတို့ ၏ ကံကြမ္မာကို ပြုပြင်စီရင်ရန် ကျွန်ုပ်တို
့အစိုးမရသော အကြောင်းတရားများကို ဆင်ခြင် နှလုံးသွင်းရပေမည်။



   ဤနေရာ၌ သားသမီးများ၏ ပညာရေးနှင့် ပတ်သက်၍ ဥပေက္ခာတရား
မကပ်နိုင်သောကြောင့် စိတ်ဆင်းရဲကြရသော မိဘများကို စဥ်းစားရန်ရှိ၏ ။ အချို
့လူတို့ သည် သားသမီးများ၏ ပညာသင်ကြားရေးကို အစွမ်းကုန် ကူညီအားပေးကြ၏ ။
ပိုက်ဆံ တတ်နိုင်ပါက အကောင်းဆုံးကျောင်းသို့ ပို့ ၍ ပြင်ပတွင် နာမည်ကြီး
ကျူရှင်ဆရာများထံ သင်ကြားစေကြ၏ ။ သို ဖြင့် စာညံ့ဖျင်းကြောင်း မိမိတို
့မျှော်မှန်းသလောက် တိုးတက်မှုမပြကြောင်းတွေ့ ရှိသောအခါ သားသမီးများကို
ဆူပူကြိမ်းမောင်းကြ၏ ။ သို့ တည်းမဟုတ် ဆရာများကို တစ်ဖက်သတ်
အပြစ်တင်တတ်ကြ၏ ။ အမှန်မှာ ပညာသင်ကြားမှု၌ ဆရာ၏ အရည်အချင်း မိဘများ၏
ကူညီအားပေးမှု ကလေးသူငယ်၏ လုံ့ လ၀ီရိယ စသည်တို့ သည် အရေးပါသည်
မှန်သော်လည်း စာသင်သား၌ ပညာပါရမီဓာတ်ခံ အားကောင်းရန် ထပ်တူထပ်မျှ
အရေးကြီးခြင်းကို မမေ့သင့်ပေ။ ဤသည်မှာ စိတ်ပညာရှင်တို့  စူးစမ်းလေ့လာရာမှ
အခိုင်အမာသိရှိရသော အချက် ဖြစ်ပေရာ၊ ယင်းအချက်ကို ကောင်းစွာသိရှိ
နားလည်ထားပါက ကျွန်ုပ်တို့ သည် မိမိတို့ သားသမီးများ၏ ပညာရေးနှင့်
ပတ်သက်၍ ပူပန်ကြောင့်ကြမှု စိတ်တုန်လှုပ်မှုနှင့် အခြား ဒေါမနာဿဖြစ်မှုများမှ
ကင်းဝေးကြရပေလိမ့်မည်။



13.

စာမျက်နှာ - ၁၃၇/၁၃၈

ဥပေက္ခာဟူသော ပါဋိပုဒ်ကို “လျစ်လျူရှုခြင်း” ဟူ၍ မြန်မာလို ပြန်ဆိုခြင်းမှာ
ကျေနပ်ဖွယ်ရာ မရှိချေ။ လျစ်လျူရှုခြင်းသည် အရေးကိစ္စတစ်ခု၌ စိတ်မ၀င်စားမှု၊
တာဝန်ရှောင်လွှဲမှု၊ ဘာမျှမလုပ်ဘဲနေမှု စသော သဘောအဓိပ္ပါယ် သက်ရောက်၍
ဥပေက္ခာသည်ကား စိတ်ဝင်စားမှု၊ တာဝန်ဝတ္တရား ကျေပွန်မှု၊ လုံ့ လ၀ီရိယ
တက်ကြွမှုနှင့် ယှဉ်သော တရား ဖြစ်၏ ။ လူမမာတစ်ဦး အသဲအသန် ဝေဒနာခံစား
နေရသောအခါ ဆရာဝန်သည် ဥပေက္ခာတရား လက်ကိုင်ထားမှာသာ လူနာ၏
ဆွေမျိုးသားချင်းများကဲ့သို့ စိတ်တုန်လှုပ်မနေဘဲ ထိထိရောက်ရောက်
ကုသနိုင်မည်ဖြစ်၏ ။

တရားသူကြီးသည် ဥပေက္ခာတရား မွေးမြူထားမှသာ တရားစီရင်ရာ၌ အဂတိမလိုက်ဘဲ
တာဝန်ဝတ္တရား ကျေပွန်စွာ ဆောင်ရွက်နိုင်ပေမည်။



   မိမိမုန်းသူကို အမြဲအပြစ်မြင်၍ ချစ်သူကို ဘာလုပ်လုပ်
အကောင်းထင်တတ်သော လူ့ စရိုက်ကို ဥပေက္ခာတရား ကျင့်သုံးသော ပုဂ္ဂိုလ်၌ တွေ
့ရမည်မဟုတ်ချေ။ လူတစ်ဦး၏ အပြုအမူကို အမှားအမှန် ဝေဖန်ရာ၌ဖြစ်စေ၊
ပြဿနာတစ်ခုကို လေ့လာသုံးသပ်ရ၌ဖြစ်စေ၊ ဥပေက္ခာတရားရှိရန် အရေးကြီး၏ ။
သိပ္ပံပညာ တိုးတက်ခြင်းသည် သိပ္ပံဆရာတို့ ဥပေက္ခာတရားကို
လက်ကိုင်ထားသောကြောင့်ဖြစ်၏ ။ မိမိ စူးစမ်းလေ့လာရာမှ တွေ့ ရှိချက်သည်
မိမိ၏ နဂိုရှိရင်းစွဲ အယူနှင့် ဆန့်ကျင်သော်လည်း သိပ္ပံပညာရှင်သည်
တုန်လှုပ်ခြင်းမရှိ။ ထိုတွေ့ ရှိချက်ကို မနှစ်သက်သောလူတို့ ၏ ဆန်
့ကျင်တိုက်ခိုက်မှုကိုလည်း ကြံ့ကြံ့ခံ နိုင်သောသတ္တိ ရှိ၏ ။

သူတစ်ပါးက မိမိအား နစ်နာပျက်စီးအောင် ပြုမူပြောဆိုသောအခါ ဥပေက္ခာတရား
ကင်းလွတ်ကြခြင်းမှာ အပြစ်ဆိုစရာ မရှိချေ။ သို့ ရာတွင် များစွာသော လူတို
့သည် အသေးအဖွဲ အရေး ကိစ္စများ၌ပင် မိမိတို့ အလိုမကျဖြစ်ပါက ညည်းညူတတ်ကြ၏ ။
သူတစ်ပါး၏ မပြောမလောက်သော အမှားများကို သည်းမခံနိုင်ဘဲ အာဃာတ ထားတတ်ကြ၏ ။
သို့ ဖြစ်၍ တစ်ဦးနှင့် တစ်ဦး ကြာရှည်လေးမြင့် ချစ်ကြည်မှု
ကိုယ်ကျင့်တရား တိုးတက်မှုနှင့် စိတ်ငြိမ်းချမ်းမှုအတွက် ဥပေက္ခာတရားကို
တတ်နိုင်သမျှ ကျင့်သုံးရန် အရေးကြီးလှပေသည်။


ဒီနေ့ တော့ ဒီလောက်နဲ့ ပဲတော်လိုက်တော့မယ်။ နောက်ထပ် စာအုပ်ထဲက
မှတ်သားစရာတွေ ကျန်နေသေးပါတယ်။

Regards,

Haroon1992

No comments: