Saturday, February 25, 2012

စိတ်နဲ့ဘဝ



ဘ၀ရဲ့အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားဖြစ်မယ် ဘ၀ရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲတိုင်းတာသင့်တယ်  အရာရာတိုင်းကို စိတ်နဲ့ပဲသိရတာပါ  စိတ်ရဲ့အရည်အသွေးမြင့်မားလာတဲ့အခါ အသိတရားတွေကလည်းမြင့်မားလာတာသဘာဝပါပဲ ဒါကြောင့် ပိုပြီးနက်နဲသိမ်မွေ့တာ၊ပိုပြီးလေးနက်တာကိုသိချင်ရင် အဲဒီလိုသိနိုင်မယ့် စိတ်မျိုးကိုပြုစုပျိုးထောင် ယူရတယ်။ ဒါဟာလူတစ်ယောက်အနေနဲ့လူ့ဘ၀မှာလုပ်ရမဲ့အမြင့်ဆုံးအလုပ်ပါပဲ။ ကိုယ့်စိတ်ကို ဘယ်လို ဖြစ်အောင် ထားမယ်ဆိုတာကိုကြိုတင်သိမှတ်စဉ်းစားမထားရင် ၊ ဆုံးဖြတ်မထားရင် ပြင်ပ အရာတွေကကိုယ့်စိတ်ကိုလွှမ်းမိုးသွားလိမ့်မယ် ကိုယ်ဖြစ်စေချင်တဲ့ အခြေအနေမျိုး၊ဖြစ်လာနိုင်ဖို့အတွက် သင့်တော်တဲ့ မျိုးစေ့ကိုမစိုက်ပျိုးနိုင်ရင် ၊ပေါင်ပင်တွေအလိုလိုပေါက်လာလိမ့်မယ်။
ကိုယ်ကိုယ်တိုင်က ကိုယ့်စိတ်ကို ဘယ်လိုထားမလဲဆိုတဲ့ ဦးတည်ချက်ကိုမနက်လင်းကတည်းက ဦးတည်စဉ်းစားမထားရင် ကြုံရာဖြစ်တော့မှာပဲ ဖြစ်လာတဲ့မကောင်းတဲ့အကျိုးကလည်း အင်မတန်ကြီးကြီးမားမားထိခိုက်နက်နာတဲ့ အထိဖြစ်သွားနိုင်တယ်။ ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်လာပြီဆိုရင် အဲဒီလူမှာ အင်မတန်မှမြင့်မားတဲ့ စိတ်ဓါတ်အရည် အသွေး တွေရှိလာလိမ့်မယ်။ ကိုယ့်စိတ်ကကိုယ့်ကို မကောင်းတာလုပ်ဖို့တိုက်တွန်းအားပေးနေတယ် ဆိုရင် အဲဒီစိတ်ကကိုယ့်ရန်သူပဲ။ ကိုယ့်စိတ်ကကိုယ့်ကို ကောင်းတာပဲလုပ်ဖို့တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်ကကိုယ့်မိတ်ဆွေပဲ ကိုယ်ကတစ်ခုခုကိုလိုချင်လို့ ရအောင်လုပ်တဲ့အခါမှာ သူ့ဖို့ ကိုယ့်ဖို့ ထည့်တွက်တတ်တဲ့ ကိုယ်ချင်းစာတရားကလူ့သဘာဝပဲ။ ကိုယ်ချင်းစာတရား မပါပဲလောဘကြီးကြီးနဲ့ ငါရဖို့ ချည် ၊ ငါရရင်ပြီးရော ၊ သူများဘယ်လိုထိခိုက် ထိခိုက်ကိစ္စမရှိဘူး ဂရုမစိုက်ဘူး ဆိုရင်တော့လူ့ကိုယ်ခန္ခာရတားပေမယ့် ၊ လူစကားပြောတတ်ပေမယ့် ၊ လူစိတ်မရှိဘူး လို့ပြောရမှာပဲနော် ။ လူမှာမြင့်မြတ်တဲ့သဘာဝရှိတယ်။ လူဘ၀ရလာတာမြင့်မြတ်တဲ့ သဘာဝကိုပိုပြီး အားကောင်းလာအောင် ကြိုးစားဖို့ ၊ ပြုစုပျိုးထောင် ဖို့ပါပဲ။ လူရဲ့ မြင့်မြတ်မှုကို အကောင်အထည်မဖော်ရင် အဲဒီလူဟာအသိညဏ်ပြည့်စုံတဲ့ သူမဖြစ်နိုင်တော့ဘူ။ ကိုယ်ချင်းစာနာစိတ် တစ်ခုကိုလက်ကိုင်ထားရင်ပဲ အင်မတန်မြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်နေပြီလေ။ တကယ်တော့ ကိုယ် စိတ်ဓါတ်ကျက်မှုမြင့်မြတ်မှုကိုယ်ရည်ကိုယ်သွေးမြင့်မားမှု ကိုယ့်အရည်အချင်းတွေအဆင်မြင့်မား လာမှုကသာ ကိုယ့်အတွက် တကယ်ရေရှည် အားကိုးစရာကျေနပ်စရာပဲမဟုတ်ဘူးလား သူငယ်ချင်းတို့ေ၇...............

Posted by ခင်ယုနွယ် 
 

No comments: