Saturday, February 25, 2012

စင်္ကာပူပုံစံဖြင့် ကမ္ဘာကြီးကို ပညာသင်ကြားပေးခြင်း



by LAS Group ပညာရေးအကြံပေးအဖွဲ့  on Thursday, February 23, 2012 at 6:56pm ·
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။အင်တာနက်ပေါ်မှ အချက်
အလက်များ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်းသား ကျောင်းသူများ
ဗဟုသုတရရန်ကိုမျှော်ကိုး၍ဘာသာပြန်ရေးသားလိုက်ရပါသည်။ ကျွန်တော်တို့ရဲ ဘာသာ
ပြန်ချက်ထဲတွင် အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။

  

စင်္ကာပူပုံစံဖြင့် ကမ္ဘာကြီးကို ပညာသင်ကြားပေးခြင်း



ပညာရေးနှင့်ပတ်သက်လာလျှင် စင်္ကာပူ နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာသြဇာသက်ရောက်မှုမှာ ရုပ်ပိုင်းနှင့်ဆက်နွယ်သောအရွယ်အစားအရသေးငယ်သော်လည်းအမေရိကန်၊အာဖရိကမှ
ဟောင်ကောင်၊ထိုင်းစသောနိုင်ငံများအဆုံးကျောင်းသားများကိုစင်္ကာပူပြဋ္ဌာန်းချက်တစ်စိတ်
တဒသဖြင့်ဖြစ်စေ အားလုံးဖြင့်ဖြစ်စေ သင်ကြားပြသပေးလျက်ရှိကြသည်။


စင်္ကာပူ မူလတန်း၊အလယ်တန်းပြဋ္ဌာန်းစာအုပ်များကိုပြည်ပသို့ပင်တင်ပို့ပေးနေရသည်ဟု
ကမ္ဘာလုံးဆိုင်ရာပညာရေးအချက်အလက်မြှင့်တင်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်
သော Pearson ကအတည်ပြုဖော်ပြထားသည်။

တစ်ပြိုင်နက်တည်းတွင် စင်္ကာပူ မူရင်းထုတ်ဝေမှုများကိုဒေသဆိုင်ရာလိုအပ်ချက်နှင့်ကိုက်
ညီအောင် မှီငြမ်းပြုနေသည်ကိုလည်းတွေ့ရသည်။သချာင်္ နှင့် သိပ္ပံပညာပြဋ္ဌာန်းစာအုပ်များ
ကို တင်ပို့ရာတွင်လည်းကောင်း မှီငြမ်းရာတွင်လည်းကောင်း ထိုင်း ၊ အင်ဒိုနီးရှား၊ ဟောင်
ကောင်၊အိန္ဒိယ၊ပါကစ္စတန်၊မော်ရေးသျှ နှင့်ကာရစ်ဘီယန် စသောနိုင်ငံနှင့်ဒေသများ၌များ
ဆုံးဖြစ်သည်ဟု Pearson မှပြောခွင့်ရပုဂ္ဂိုလ် Diana Hon ကထုတ်ဖော်ပြောကြားသည်။
စင်္ကာပူ ပြဋ္ဌာန်းချက်အရင်းအမြစ်များမှ မှီငြမ်းသောစာအုပ်များကို အမေရိကန်နှင့်ကနေဒါ
နိုင်ငံများရှိ ကျောင်းပေါင်း ၂၀၀၀ တွင်အသုံးပြုနေသည်ဟုလည်း အမေရိကန် အခြေစိုက်
Singapore Mathကုမ္ပဏီက Today ဂျာနယ်သို့ထုတ်ဖော်ပြောကြားသည်။လွန်ခဲ့သောငါး
နှစ်အတွင်းက စာအုပ်ရောင်းအားသည် တစ်နှစ်နှင့်တစ်နှစ်အကြား ၁၀ရာခိုင်နှုန်းမှ ၂၀ရာ
ခိုင်နှုန်းအထိမြင့်တက်ခဲ့သည်ဟု ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Mr Jeffrey Thomas ကဆို
သည်။

စင်္ကာပူနိုင်ငံသို့ပြဋ္ဌာန်းစာအုပ်များတင်ပို့ပေးသော Marshall Cavendish ကုမ္ပဏီကစင်္ကာ
ပူနိုင်ငံအပြင်နိုင်ငံပေါင်း ၅၀ ကျော်သို့လည်းအလားတူပင် တင်ပို့ပေးရကြောင်း ပြောကြား
သည်။အာဖရိက နှင့် လက်တင်အမေရိက တို့သည်ဈေးကွက် အသစ်များဖြစ်လာကြောင်း
Marshall Cavendish ကုမ္ပဏီဥက္ကဋ္ဌ Lee Fei Chen ကပြောကြားသည်။

၂၀၀၂ ခုနှစ်တွင်စင်္ကာပူပညာရေးဝန်ကြီးဋ္ဌာနကပညာရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်
ရွက်ရန်အတွက် အမေရိကန် ပြည်ထောင်စုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့
သည်။ “ နိုင်ငံတော်တော်များများ အနေနဲ့ ကျွန်တော်တို့ ပြဋ္ဌာန်းစာအုပ်တွေ အထူးသဖြင့်
သပ္ပံပညာ နဲ့ သချာင်္စာအုပ်တွေဟာ အထူးရေးသားထားပြီး သူတို့ရဲ့အကြောင်းအရာတွေ
နဲ့လိုက်လျောညီထွေဖြစ်တယ် ၊ စိတ်ဝင်စားဖို့ကောင်းတယ်လို့ထုတ်ဖော်ပြောဆိုလာကြပါတယ် ”
ဟု စင်္ကာပူ ပညာရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်
တစ်ဦးက Today ဂျာနယ်၏မေးခွန်းများကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပညာရေးဝန်ကြီး Heng Swee Keat သည်ဝါရှင်တန်သို့ဖေဖေါ်ဝါရီလ ၆ ရက် ၂၀၁၂တွင်
တရားဝင်အလည်အပတ်သွားရောက်ကာ ၂၀၀၂ ခုနှစ် စင်္ကာပူပညာရေးဝန်ကြီးဋ္ဌာနနှင့်အ
မေရိကန်ပြည်ထောင်စုအကြား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ဘရွတ်ကလင်းမြို့ ၊ ဝီလျံစဘော့ဂ် ရပ်ကွက်ရှိ မူကြိုနှင့်မူလတန်း ကျောင်းဖြစ်သောလူထု
ကျောင်းအမှတ် ၁၃၂ တွင်စင်္ကာပူနိုင်ငံ၏ သချာင်္ပြဋ္ဌာန်းစာအုပ်များကိုသုံးစွဲခဲ့သည်မှာ ၃ နှစ်
ပင်ကြာခဲ့ပြီဖြစ်သည်။

အီးမေးလ် အင်တာဗျူး တစ်ခုတွင် ထိုကျောင်း၏ လက်ထောက်ကျောင်းအုပ် Ms Danielle
Santoroက “ကျွန်မတို့အနေနဲ့ ကျောင်းသားတွေရဲ့တတ်ကျွမ်းမှု ပိုမိုတိုးတက်လာတာတွေ့
ရှိလာရပါတယ်။ဒီပြဋ္ဌာန်းချက်ဟာအကြောင်းအရာတစ်ခုကို တစ်ကြိမ်တစ်ခါတည်းနဲ့အပြတ်
နားလည်သွားစေလို့ပဲ ဆိုတာထင်ရှားနေပါတယ်” ဟုပြောကြားသည်။

ထို့အတူစင်္ကာပူသချာင်္သင်ရိုးတွင်ကျယ်ပြန့်စွာအသုံးပြုခဲ့သော ‘bar method’ ကိုဘေသက်စ်
ဒါမြို့ ရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သည့် Sidwell Friends အငယ်တန်းကျောင်းက
ကောင်းစွာလက်ခံထားသည်။

ထိုကျောင်း၏ သချာင်္ဆရာမ Ms Meredith Adelfio က “ဘားစနစ်နမူနာတွေဟာ ကျောင်း
သားတွေကို ပုစ္ဆာပါစာသားတွေကနေ ရုပ်ပုံစနစ်အသွင်ပြောင်းနိုင်စေပါသည်။ဒါကြောင့်ပုစ္ဆာ
တွေတွက်ချက်ရာမှာ ပိုပြီးလွယ်ကူလာတာပေါ့။ကျွန်မတို့ ကျောင်းသားတွေနဲ့ကျောင်းသားမိ
ဘတွေဟာစင်္ကာပူသင်ရိုးစာအုပ်တွေကို ကြိုက်ကြပါတယ်”ဟု Today ဂျာနယ်သို့ထုတ်ဖော်
ပြောကြားခဲ့သည်။

Singapore Today Newspaper, Monday February 6, 2012 မှ ဆောင်းပါးကို ဘာသာပြန်ထားခြင်းပါသည်။

လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။
LAS Group – International Education Consultants, Mandalay Head Office
No. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.
Mobile:   (+95) 9910 53125, 9731 64372, 9431 46107
Skype:    las.group
E-mail: joe@lasgroups.com or learned.advisory.services@gmail.com
Web:   www.lasgroups.com

No comments: