Saturday, February 25, 2012

လူဘ၀သည် တန်ဖိုးရှိလှသည်။



လူဘ၀သည်တန်ဖိုးရှိလှသည်။
တန်ဖိုးရှိသောလူ့ဘ၀၌အချိန်ကိုတန်ဖိုးထားကာလူ့ဘ၀အတွက်အဓိပ္ပာယ်အနှစ်သာရရှိသောအလုပ်တို့ကို လုပ်ကိုင်ကြ
ရမည်ဖြစ်သည်။လူ့ဘ၀၌အမှု့မဲ့အမှတ်မဲ့မနေမိဖို့လိုသည်။ရတုန်းရခိုက်လူ့ဘ၀၌ပေါ့ပေါ့တန်တန်နေထိုင်ကြပါလျှင်
အချိန်တို့၏တိုက်စာခြင်း၊ဘ၀၏တွန်းထိုးခြင်းတို့ဖြင့်လူ့ဘ၀သည်အဓိပ္ပာယ်မဲ့အဆုံးသတ်သွားမည်သာဖြစ်သည်။


ဖြတ်သန်းလျက်ရှိသောလူ့ဘ၀သည်အလျင်အမြန်ကုန်ဆုံးလျက်ရှိသည်။
ရှေ့သို့ဆက်ချီရာတွင်ကြာမြင့်သည်လို့ထင်မှတ်ရသော်လည်း နောက်သို့လှည့်ကြည့်ရာတွင် ခဏသာဖြစ်သည်။


ကုန်ဆုံးသွားသောအချိန်ကိုပြန်ကြည့်လျှင်ပို၍နှမြောတသဖွယ်ကောင်းလှပေသည်။
လူကြီးဘ၀သည်လူရွယ်ဘ၀ကိုပြန်မရနိုင်၊ လူရွယ်ဘ၀သည်လူငယ်ဘ၀ကိုပြန်မရနိုင်။ အရွယ်သုံးပါးသည်
နောက်ကြောင်းပြန်မလှည့်ဘဲဘ၀နိဂုန်း၏သို့ဦးတည်ချီတက်မြဲဖြစ်သည်။

ထို့ကြောင့်အရွယ်သုံးပါးတွင် အရွယ်အလိုက်လုပ်သင့်လုပ်ထိုက်သည်တို့ကို မပျက်မကွက် လုပ်ဆောင်ကြရမည်။
လောကနိတိအလိုအရလည်းကောင်း၊ဓမ္မနိတိအလိုအရလည်းကောင်း ပထမအရွယ်တွင်ပညာရှာ၊ ဒုတိယအရွယ်တွင
်စီးပွားရှာ၊ တိယအရွယ်တွင်တရားရှာကြရမည်သာဖြစ်သည်။ ထိုနိတိသည်ဆင်းရဲ၊ချမ်းသာမခွဲခြားပါ။သူ့အဆင့်၊
သူ့ဘ၀အလျောက်လုပ်ဆောင်ဖွယ်ရာများရှိပါသည်။တက်နိုင်သမျှလုပ်နိုင်ကြရပါမည်။


ပြည့်စုံသူလူတန်းစားအတွက်ဆိုဖွယ်ရာမရှိသော်လည်း၊မပြည့်စုံသူလူတန်းစားအတွက်ဆိုဖွယ်ရာဖြစ်သည်။
လူမတန်ကံချအချည်းအနှီးဘ၀သို့မရောက်ဖို့လိုသည်။
ယင်းတို့ဖြင့်အချိန်ကိုမည်သို့ဖြစ်သန်းကြမည်နည်း။
အရွယ်သုံးပါးကိုမည်သို့လျှောက်လှမ်းကြမည်နည်း။
မိမိကိုယ်သာဆန်းစစ်မေးခွန်းထုတ်ကြည့်ဖို့လိုသည်။


လူ့ဘ၀၏အချိန်သက်တမ်း၆၀ဖြင့်ပိုင်းဖြတ်ကြည့်မည်။ လူသည်တစ်နေ့လျှင်အနည်းဆုံး ၈နာရီအိပ်ဖို့လိုသည်။
အချို့ ၈ နာရီထက်ပိုမိုအိပ်ကြသည်။ ကျမ်းမာရေးနှင့်ညီညွတ်စေရန် ၈ နာရီလောက်တော့အိပ်ဖို့လိုသည်။
အချို့က ၇ နာရီအိပ်သည်။တစ်နေ့ ၂၄နာရီရှိရာ ၈ နာရီအိပ်သောသူသည်တစ်နေ့တာ၏ သုံးပုံတစ်ပုံကိုအိပ်စက်ခြင်း
ဖြင့်ကုန်းဆုံးစေခဲ့သည်။ တစ်ရက်၏သုံးပုံတစ်ပုံအိပ်စက်လျှင်အသက် ၆၀ ကာလအတွက် လူတစ်ဦးသည်နှစ်ပေါင်း ၂၀
သည်အိပ်စက်ခြင်းဖြင့်ကုန်ဆုံးသွားမည်သာဖြစ်သည်။

ကျန် ၁၆ နာရီတွင်လူအများစုမှာ ၈ နာရီအလုပ်လုပ်ကြပြီးကျန် ၈ နာရီတွင်တီဗီကြည့်ခြင်း၊လျှောက်သွားထထိုင်ခြင်း၊
ဟိုတွေးဒီတွေးတောင်ပြောမြောက်ပြောဖြင့် အချိန်ကုန်ဆုံးသွားကြသူများသည်။
ထို့ကြောင့်အလဟဿအချည်းအနှီးကုန်ဆုံးသွားသောအချိန်သည်လူ့ဘ၀တစ်နေ့တာ၏သုံးပုံတစ်ပုံရှိသည်။
အိပ်ချိန်တစ်ပုံ၊ အလဟဿအချိန်တစ်ပုံ ထိုနှစ်ပုံသည်အချည်းအနှီးကုန်ဆုံးခဲ့သည်။
ကျန်အလုပ်လုပ်သော တစ်ပုံတွင်အချိန်ကိုတန်ဖိုးရှိရှိ အလုပ်လုပ်သူရှိသကဲ့ သို့ထိုတစ်ပုံကိုပြည့်ပြည့်၀၀အလုပ်မလုပ်
သောသူလည်းရှိသည်။

ယင်းသို့ဖြင့်တစ်ပုံကိုအလုပ်လုပ်သည်ဆိုပါစို့၊လူ့ဘ၀၏ကျနှ်နှစ်ပုံသည် လွယ်လင့်တကူကုန်ဆုံးသွားခဲ့ရာ အနှစ် ၆၀ ရှိ
လူသားတစ်ယောက်သည် နှစ်ပေါင်း ၄၀ အကြမ်းဖျင်းကုန်ဆုံးသွားသည်ဟု ဆိုရမည်ဖြစ်ပါသည်။ အလုပ်သောတစ်ပုံ
ကိုတွေဝေငေးမောဘေးပြောခြင်းဖြင့် မကုန်ဆုံးစေဘဲ မိမိအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ခြင်း၊ ထိထိရောက်
ရောက်လုပ်ကိုင်ခြင်း၊ တန်ဖိုးရှိရှိလုပ်ကိုင်ကြခြင်းဖြင့် မိမိနှင့်ပတ်ဝန်းကျင် သာယာလှပအောင်ဆောင်ရွက်သင့်ပေသည်။

ဥစ္စာရှာချိန်မှအပ ကျန်အချိန်ကာလအတွင်း မိမိဘ၀ယခုကာလနှင့်သံသရာဘ၀ကောင်းရာကောင်းကြောင်း
ဖြစ်စေသောပညာရှာခြင်း၊တရားရှာခြင်း၊အများအကျိုးဆောင်ရွက်ခြင်းစသည့် ကောင်းမှုအစုစုတို့ကိုလုပ်ဆောင်
ကြခြင်းဖြင့် အချည်းအနှီးဖြစ်နေသော သုံးပုံနှစ်ပုံသောအချိန်များထံမှ မရရအောင်ခိုးယူအသုံးချခြင်းဖြင့် တန်ဖိုးရှိ
သည့် လူ့ဘ၀ပုံကို အကောင်းဆုံးဖော်ဆောင်ကြဖို့လိုပါသည်။

သို့ရာတွင်လူ့သံသရာ၌များ အိုလူတို့သည် လူ့ဘ၀အချိန်ကိုအချည်းအနှီး အလဟဿ ဖြုန်တီးပစ်နေကြခြင်းဖြစ်သည်။
သို့ဖြစ်၍ များထိုလူတို့အနေဖြင့် ဘေးထိုင်ဘုပြော၊တွေဝေငေးမော၊ပျော်ပါးကုန်လွင့်အချည်းအနှီးမဖြစ်သင့်ပဲ
ရတုန်းရခိုက်ဘ၀၏ သုံးပုံတစ်ပုံမျှသော အချိန်ကိုတန်ဖိုးရှိသည့်ဘ၀၊တန်ဖိုးရှိသည့်ဝန်းကျင်ဖြစ်အောင်
ကြံဆောင်ကြိုးပမ်းသင့်ကြပါကြောင်း။

Posted by ကိုလင်း

No comments: