Monday, February 6, 2012

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ပါတယ်



ခုခေတ်လူငယ်တွေကအလုပ်မရှိကြတာလား? မလုပ်ချင်ကြတာလား?ခုလိုမေးပြောပြောရတာ တော်တော်ဆိုးတဲ့အဖြစ်ကြီးပါအလုပ်မရှိတာတော့မဟုတ်လောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ်ဘယ်အလုပ်လုပ်မဆိုလုပ်တတ်ရင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။ဒါပေမယ့်ခုမှအလုပ်စလုပ်မယ့်သူတစ်ယောက်က အောက်ခြေကစရမှာပါ၊ဒါမှအတွေ့အကြုံသစ်တွေ ပြင်ပကနေရမယ်၊အဲဒီလိုအခြားပြင်ပကနေရှာဖွေလေ့လာရင်းနဲ့ မိမိကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် အရည်အချင်းကောင်းတွေ ထွက်အောင်အရောင်တင်ပေးရပါမည်။

ကိုယ်ကငယ်သေးလို့ အိမ်ကမခိုင်းသေးတာဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်ကပျင်းလို့မလုပ်ချင်သေးတာဟာ ကိုယ်ဘာလုပ်ရမယ်ကိုယ်နဲ့ဘယ်အလုပ်နဲ့အံဝင်ခွင်ကျရှိတယ်ဆိုတာမသိခင်လေးမှာပဲလူတစ်ယောက်မှာအပျင်းရောဂါစွဲကပ်တာပါ၊ ကိုယ်လျောက်ရမယ့် လမ်းကို တိတိကျကျသိသွားတဲ့လူက ဘ၀ကို မငြီးငွေ့ပါဘူး။
အဲဒီလိုဘ၀ထဲမှာပဲ အသက်နှစ်ဆယ်ကျော် သုံးဆယ်ရောက်တဲ့အထိ ကိုယ်သုံးဖို့မိဘဆီကို လက်ဝါးဖြန့်ပြီး ဘဝ
ဆိုတာနားမလည်သူတွေ အများကြီးပါ သေချာတာကတော့ ဘ၀ဆိုတဲ့နယ်ပယ်က အကျယ်ကြီးပါ။ ဟော ပညာရေးနယ်
ပယ်ရှိတယ်၊ ဘာသာရေးနယ်ပယ်ရှိတယ်၊ စီးပွားရေးနယ်ပယ်ရှိတယ်။ ကဲ ဆိုပါတော့ စီးပွားရေးနယ်ပယ်မှာပဲ ကိုယ်ကလူ
ငယ်ပဲ စီးပွားရေးနယ်ပယ်ထဲကိုရောက်ပြီဆိုမှတော့ ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ် သူများနဲ့ပြိုင်ဆိုင်လှုပ်ရှားပြီးဆိုရင် ကိုယ်ကပိုပြီးထူးခြားနေဖို့အရေးကြီးတယ်၊ နို့မို့သူလိုကိုယ်လိုထဲမှာပါသွားမှာပေါ့၊ စီးပွားရေးလောကကိုယ်ပဲကြည့် လုပ် ငန်းချင်းတူတူအရည်အသွေးချင်းတူရင် ကြော်ငြာပိုကောင်းတဲ့သူက စားသွားတာပဲ၊ ကိုယ်ကရှုံးသွားပြီဆိုရင် တစ်ခါ ဆုံးရှုံးမှုဟာ နောက်တစ်ခါအောင်မြင်ဖို့ အကြောင်းဖြစ်ရမယ်။
ရှုံးရင်မမဲရဘူး ဒေါသမထွက်ရဘူး လူဆိုတာ ရှုံးတာကိုခံနိုင်ရည်ရှိတဲ့သူမှ စိတ်ထားပြည့်သတဲ့သူလို့ သတ်မှတ်လို့
ရတာ။ အရှုံးကိုရင်မဆိုင်နိုင်တဲ့သူက အလကားပဲ၊ ပြီးတော့ လောကမှာ အကောင်းဆုံးလက်နပ်ဟာ စိတ်ဓာတ်ပါ။ အဲဒီ
ွှအကောင်းဆုံးဆိုတာကို မလိုချင်တဲ့သူမရှိဘူး၊ အတော်ဆုံးသူမဖြစ်ခဲ့ရင်တောင် တော်တဲ့သူကို သဘောကြကျတာပဲ။
လူတော်ဆိုတာ ကိုယ်နဲ့ အဝေးကြီးကိုသွားရှာစရာ မလိုပါဘူး၊ အနီးနားကသူတွေ အားလုံးလူတော်တွေကြီးပါ။
ဟော အရှင်းဆုံးပြောရရင် ရေထမ်းရောင်းတဲ့သူကိုကြည့် သူ့လိုကိုယ်ကလုပ်နိုင်လား လုပ်ရဲလား? အ၀တ်ဖွတ်တဲ့သူကို
ကြည့်လိုက်အုံး သူ့ရဲ့အလုပ်ကော လုပ်နိုင်တာထက် လုပ်ရဲရဲ့လား ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေသူတွေဟာ လူ
တော်တွေကြီးပါ။ အရှင်းဆုံးပြောရရင် လုပ်နိုင်ဖို့ထက် ဘယ်လိုအလုပ်ဖြစ်ဖြစ် လုပ်ရဲဖို့ပဲလိုပါတယ်။
ပထမပိုင်းစာရေးသူပြောခဲ့သလိုပေါ့ စီးပွားရေးနယ်ပယ်မှာ နာမည်တစ်ခုရဖို့ ဘွဲ့ထူးဂုဏ်ထူးတွေမလိုပါဘူး၊ စိတ်
ဓာတ်နဲ့စေတနာပဲ လိုအပ်တာပါ။ ကိုယ်ပိုင်အလုပ်မဟုတ်ပဲ သူများဝန်ထမ်းနေရတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းရှင်စိတ်မ
မွေးရင် အဲဒီလူဟာဘယ်တော့မှ လုပ်ငန်းရှင်မဖြစ်နိုင်ဘူး။ ငါ့ပစ္စည်း ငါ့ဥစ္စာလို ဘယ်လိုကောင်းအောင် မလေလွင့်မပျက်
ဆီးအောင် ဆက်ဆံရေးပြေပြစ်အောင် မကြိုးစားတဲ့သူဟာ သူတစ်ပါးဝန်ထမ်းဘ၀ကနေ ဘယ်တော့မှမလွတ်မြောက်
ဘူး၊ တစ်ချို့ လူတွေကကိုယ်တိုင်မကြီးပွားတာကို ကံတရားကိုအဖြစ်ပုံချတယ်၊လွဲချတယ်၊ အမြင့်ရောက်တဲ့သူကိုအားကျ
တယ်၊ အဲဒီလူအမြင့်ရောက်အောင် ဘယ်လိုတက်တယ် မလေ့လာဘူး။ အဲဒီလူတွေက လူပျောလူညံ့လူဖျင်းတွေပဲ၊ပြီး
တော့ အမြင့်ရောက်သွားတဲ့သူကို ဘာကြောင့်ပါကွာလို့ ဝေဖန်တတ်သူကို အပေါင်းအသင်းမလုပ်ပါနဲ့၊ ကိုယ်ပါအလုပ်မရှိ
လို့ အတင်းအဖျင်းထိုင်ပြောတဲ့ လူစားထဲပါသွားလိမ့်မယ်။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်ပါ၊ တကယ်ဖြစ်အောင်လုပ်နေ
တဲ့သူကို ဆည်းကပ်လိုက်နာပါ၊ ဒါဆိုရင်တစ်နေ့ လူတကာအထင်ကြီးတဲ့သူ ဖြစ်ကိုဖြစ်ပါလိမ့်မယ်။

ဆောင်းသံချို(မကွေး)

No comments: