တစ်ခါတုန်းက ဂရိပြည် အေသင်မြို့မှာ ဥာဏ်ပညာအမြော်အမြင် အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိတယ် ။
ဒီလူငယ်က
သူ့မြို့မှာ ပညာဥာဏ်အကြီးမားဆုံးလို့ ကျော်ကြားတဲ့
အတွေးအခေါ်ပညာရှိဆော့ခရတ္တိထံမှာ အကြံဥာဏ် သွားတောင်းတယ် ။ ပညာရှိဖြစ်အောင်
ဘယ်လိုလုပ်ရပါ့မလဲပေါ့ ။
ဆော့ခရတ္တိက
ဒဿနစကားဝိုင်း များမှာ ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်မယ့် သာမာန်အားဖြင့်
တော့ နှုတ်ဆိတ်သူတစ်ဦး ဖြစ်တယ် ။
လူငယ်ကမေးတဲ့ အခါ သူဘာမှ ပြန်မပြောဘဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ် ။ သူကတစ်ခါတစ်လေ တချို့ကိစ္စတွေကို နှုတ်နဲ့ပြောတာထက် ပိုထိရောက်တဲ့ လက်တွေ့ နည်းလမ်းများနဲ့ ထူးထူးခြားခြား ပြသလေ့ရှိတယ် ။
လူငယ်ကမေးတဲ့ အခါ သူဘာမှ ပြန်မပြောဘဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ် ။ သူကတစ်ခါတစ်လေ တချို့ကိစ္စတွေကို နှုတ်နဲ့ပြောတာထက် ပိုထိရောက်တဲ့ လက်တွေ့ နည်းလမ်းများနဲ့ ထူးထူးခြားခြား ပြသလေ့ရှိတယ် ။
ပင်လယ်ကမ်းစပ်ရောက်တော့
အ၀တ်အစားတွေ မချွတ်ဘဲ ရေထဲတန်းဆင်းသွားတယ် ။ လူငယ်ကိုပါ သူ့နောက်
လိုက်ခဲ့ဖို့ခေါ်တော့ လူငယ်လည်းတွန့်ဆုတ်တွန့်ဆုတ်နဲ့ ပါသွားတာပေါ့ ။ ရေက
မေးစေ့နားလောက်ထိရောက်တဲ့ အခါ ဆော့ခရတ္တိက လူငယ်ကို စေ့စေ့ကြည့်ပြီး
ပခုံးနှစ်ဖက်ကို လက်နဲ့ ကိုင်တယ်။ အဲ့ဒီနောက် ရုတ်တရက် အားနဲ့ဆွဲပြီး
လူငယ်ကို ရေထဲခေါင်းမြုပ်အေင် ဖိနှိပ်တယ် ။
အောက်မှာ
ရေမွန်းလို့ လူငယ်က တအားရုန်းတယ် ။ ဆော့ခရတ္တိက မလွှတ်ဘူး ။
အတော်ကြီးမွန်းလောက် ပြီ သည့်ထက်ဆက်နှစ်ထားရင် သေတော့မယ်ဆိုတဲ့
အချိန်လောက်မှ ပြန်လွှတ်ပေးလိုက်တယ် ။ လူငယ်လည်း အဲ့သည်တော့မှ
ဝရုန်းသုန်းကားနဲ့ ခေါင်းဖော်လာ၊ အသက်လုရှူ ၊ ဆားငန်ရေတွေ ပါးစပ်ထဲဝင်ပြီး
သီးနဲ့ အတော်ဒုက္ခများသွားတယ် ။ ပြီးတောမှ သည်ဆရာ
ငါ့ကိုသေကြောင်းကြံတယ်ဆိုပြီး ရန်လုပ်မလို့ ဆော့ ခရတ္တိကို ခမူးရှူးထိုး
လိုက်ရှာတယ် ။
ဒီအချိန် ဆရာကြီးက ကမ်းပေါ်ရောက်နေပြီ။
ကမ်းစပ်ရောက်ပြီး ဒေါသတကြီးနဲ့ “ ခင်ဗျား ကျွန်တော့်ကို ဘာအတွက်ရေနှစ်သတ်တာလဲ ” မေးတဲ့အခါ ၊ ဆရာကြီးက အဖြေမပေး သူ့ကိုပဲ ပြန်မေးတယ် ။
“ ဒီမှာ သူငယ် မင်းရေအောက်မှာ မွန်းပြီး အသက်သေရတော့မလို ဖြစ်နေတဲ့အချိန်တုန်းက မင်းဘ၀မှာ ဘယ်အရာကို အလိုချင်ဆုံး ဖြစ်ခဲ့သလဲ ” တဲ့ ။
လူငယ်လည်း
ရုတ်တရက် ဘာကစ စဉ်းစားရမှန်း မသိဘူး ။ နောက်တော့မှ အဖြေက အလိုလျှောက်
ရောက်လာတယ် ။“ကျွန်တော်လေကို လိုချင်တာပေါ့ ၊ အဲဒီအချိန်မှာ အသက်ရှူရဖို့ဟာ
ကျွန်တော်အတွက် အရေးကြီးဆုံးပဲ ”
အဲဒီတော့မှ
ဆော့ခရတ္တိက အားရပါးရ ပြုံးပြီး “ အေး ၊ ဟုတ်ပြီကွ ၊ မင်းရေအောက်မှာတုန်းက
အရေးတကြီး အသည်းအသန် အသက်ရှူချင်ခဲ့သလို ပညာဗဟုသုတကိုလဲ အဲသလို သဲသဲမဲမဲ
အလိုရှိခဲ့မယ်ဆိုရင် တစ်နေ့ သောအခါ ပညာရှိမုချ ဖြစ်လိမ့်မယ် ၊ ”
လို့ဆိုလိုက်တယ် ။
မူရင်း ။ ။ Eric Saperston ၏ Socrates
ဆရာ ဖေမြင့် ၏ နှလုံးသား အဟာရ
အာင်သင်း”.
No comments:
Post a Comment