Wednesday, October 5, 2011

ကုန်းဘောင်မင်း မိဖုရားများ

ကုန်းဘောင်ခေတ်မင်းများကို လေ့လာကြည့်လျှင် မင်းတုန်းမင်းသည် မိဖုရား အများဆုံး ယူခဲ့ ပြီး ဘိုးတော်ဘုရားသည် ဒုတိယ အများဆုံး ဖြစ်ကြောင်းတွေ့ ရသည်။
မိဖုရားကြီး (အသျှင်နန်းမတော်၊ တောင်နန်းမတော်၊ မိဖုရားခေါင်းကြီး)၊ နောက်နန်းမတော်၊ အလယ်နန်းမတော်၊ မြောက်နန်းမတော် ဟူရှ်ျ ရှိသည်။ အလယ် နန်းမတော်က မြောက် နန်းမတော်၊ မြောက် နန်းမတော် ထက် တောင် နန်းမတော်က အဆင့် မြင့် သည်။ နန်းမိဖု၇ားလေးပါး ဟူခေါ်သည်။
အဆောင်ရ မဖုရားလေးပါးလည်း ရှိသေးသည်။ တောင်ရွှေရေးမိဖုရားက မြောက်ရွှေရေးမိဖုရားထက် အဆင့် မြင့်သည်။ မြောက်ဆောင် တော်မိဖုရားက တောင် ရွှေရေးမိဖုရားထက် အဆင့် မြင့် သည်။တောင်ဆောင်တော် မိဖုရား ကမြောက်ဆောင်တော် မိဖုရားထက်အဆင့် ပိုး မြင့် သည်။
မိဖုရားအပြင် မှန်နန်းအပျိုတော်များစွာ ရှိသေသည်။မိဖုရားလောင်များ ဖြစ်ည်။အနတ်ရောင်သလွန်ဖြင့် အိပ်စက်ရသည်။မိဖုရားဘွှဲ့ ခံဘ၀ သို့ ရောက်လျှင် သလွန်ကို ရွှေပိန်းထည့်သည်။

ဒေ၀ီဘွှဲ့ ခံ မိဖုရားလက်၊ ဟေသီဘွှဲ့ ခံ မိဖုရားငယ် ၊၀တီဘွှဲ့ ခံ ကိုယ်လုပ်တော်ကြီး၊သီရီဘွှဲ့ ခံ ကိုယ်လုပ်တော်လတ်၊ မင်းတပ်ဘွှဲ့ ခံ ကိုယ်လုပ်တော်ငယ် စသည်တို့  အဆင့်အတန်းအမျိုးမျိုး ဇနီးများစွာလည်းရှိသည်။
စာရင်းချုပ်ကိုင်လျှင် အလောင်းဘုရားတွင် မိဖုရားကြီး တစ်ပါး၊ မြောက်နန်း မိဖုရားတစ်ပါး၊ကိုယ်လုပ်တော် သုံးပါး အခြားနှစ်ပါး စုစုပေါင်း မိဖုရား ခုနှစ်ပါးရှိသည်။
နောင်တော်ကြီးလည်း ထို့ အတူပင်။ ဆင်ဖြူရှင်တွင် မိဖုရားကြီးနှင့်  မြောက်နန်းတစ်ပါးစီရှိသော်လည်း အလယ်နန်းသုံးပါး ပိုးလာ သည်။ ကိုယ်လုပ်တော် ခြောက်ပါး၊အခြားနှစ်ဦး စုစုပေါင်း ၁၅ဦးအထိ ယူခဲ့ သည်။
စဥ့်ကူးမင်းတွင် နန်းမိဖုရား လေးပါး ၊ ကိုယ်လုပ်တော် ခြောက်ပါး ၊ စုစုပေါင်း မိဖုရား ဆယ်ပါး။ ဖောင်းကားစားတွင် မိဖုရားကြီးတစ်ပါး၊ အခြားအဆင့် တစ်ပါး ၊စုစုပေါင်း နှစ်ပါးသာ ရှိသည်။ဘိုးတော်ဘုရားတွင် နန်းရ- ၃၊ အဆောင်ရ - ၂၊ ကိုယ်လုပ်တော်- ၂၀၊ အခြား ၁၃ ပါး စုစုပေါင်း မိဖုရား၃၈ ပါးရှိသည်။ဘကြီးတော်တွင် နန်းရ- ၄၊ အခြား ၆ ပါး၊စုစုပေါင်း ၁၀ပါးသာ ရှိသည်။ ရွှေဘို(သာယာဝတီ) မင်းတွင် နန်းရ- ၄ အဆောင်ရ -၄ အခြား ဆယ်ပါး စုစုပေါင်း ၁၈ ပါးသာ ရှိသည်။ ပုဂံမင်းတွင် နန်းရ- ၄နှင့်  အဆောင်ရ- ၄ပါးသာ စာရင်းတွေ့ ရသည်။ မင်းတုန်းမင်းသည် နန်းရ -၄ ၊အဆောင်ရ - ၄၊ အခြား အဆင့် ၄၂ ပါးနှင့်  စုစုပေါင်း မိဖုရား အပါး ၅၀ ယူခဲ့ သည်။ ကုန်းပေါင်း နောက်ဆုံး သီပေါမင်းတွင်မူ နန်းရ - ၃ ပါး ကိုယ်လုပ်တော် -၃၊ စုစုပေါင်း မိဖုရား ၆ ပါးသာ ရှိခဲ့ ကြောင်း တွေ့ ရသည်။
မှတ်ချက်-မေးမှကူးယူထားခြင်းဖြစ်သည်