Saturday, October 22, 2011

အတွေးများ နဲ့ စကားပြောခြင်း

ဘုရားကို ဒုက္ခပေးသူများ

ဆောင်းမနက် .. အေးမြတဲ့ရာသီမှာ စောစောထ လမ်းလျှောက်ရင်း .. အပြန်မှာ ဘုရားကို ၀င်ဖြစ်ပါတယ် ..
မနက်စောစောဘုရားမှာ သီလယူ . ပုတီးစိပ်ရတာ လူရှင်းလို့ အင်မတန်မှကို စိတ်အေးချမ်းစရာပါ ..
ဒီနေ့ .... တနင်္လာထောင့် . ဂြိုဟ်တိုင်မှာပါ ..
ထီးဖြူ ၉ လက် နဲ့ စာရွက်အ၀ိုင်းလေး (ဘယ်လိုခေါ်တယ်တော့မသိဘူး) တော်တော်များများ (သက်စေ့ဖြစ်ပါလိမ့်မယ်) မှာ “တနင်္ဂလာသမီး .. မxxx ၏ ဒုက္ခ” လို့ ရေးထားတာ တွေ့မိပါတယ် ..
ဘာအတွက် ယတြာလာချေထားတယ်တော့မသိဘူး .. တော်တော်ဒုက္ခတွေများနေတဲ့ သဘောတော့ရှိပါရဲ့ ..
ကိုယ်ချင်းလည်းစာမိပါတယ် .. မေတ္တာလည်းပို့ပေးမိပါတယ် .. စိတ်မကောင်းလည်းဖြစ်မိပါတယ် ..
သြော် .. ကိုယ့် ဒုက္ခတွေ ဘုရားကို လာပေးနေပါလား လို့လည်း တွေးမိပါရဲ့ ...
နောက်တစ်ခု ... ဘုရားကို မနက်စောစော ရေသပ္ပါယ်သူတွေ .. ဆရာတော်တစ်ပါး ဟောထားတာ သွားပြီး သတိရမိတော့ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး ဖြစ်ဖြစ်နေတတ်ပါတယ် .. ဒီလောက်အေးချမ်းတဲ့ ရာသီမှာ ကိုယ်တိုင်ကတော့ အနွေးထည်တွေနဲ့ ... ဘုရားကျတော့ အားမနာတမ်း လောင်းလိုက်ကျတာ .. သက်စေ့ ...
တချို့ကျပြန်တော့လည်း သင်္ကြန်မှာ ရေကစားရတာ အားမရလို့လားမသိ .. ဘုရားကို လောင်းနေတာများ အားရပါးရ .. ရေသပ္ပါယ်ဖို့ထားတဲ့ ငွေခွက်သေးသေးလေးနဲ့မဟုတ် .. ငွေဖလားကြီးနဲ့ကို လောင်းပါလေ၏။
တော်တော်ဆိုးဆိုး သဒ္ဓါတရားပြည့်စုံသူတွေကတော့ ဂြိုဟ်တိုင်က သကြားမင်းရုပ်ကို ပါးနှစ်ဖက်မှာ ရွှေချသွားတာ . သကြားမင်းတောင် ကြည့်ရင်း လှလှလာတယ် ...။
ဆုတောင်းပြည့်တယ် .. ဆေးစွမ်းတယ်ဆိုတဲ့ ဘုရားတွေကတော့ နာဖို့သာပြင် .. ခေါင်းကိုက်တယ်ဆိုတဲ့လူကလည်း ဘုရားခေါင်းကို ဖိလိုက်နှိပ်လိုက်နဲ့ ငရဲကိုမကြောက် .. မျက်စေ့ မကောင်းတဲ့လူကလည်း နှိပ်လိုက်တာများ ဘုရားမျက်စေ့ကန်းတော့မယ် ... ကိုယ်လုပ်နေတဲ့ လုပ်ရပ်က သင့်တော်လား မသင့်တော်လည်းမသိကြတော့ ကိုယ့်ဝေဒနာ ပျောက်ဖို့ပဲ စိတ်ရောက်နေသူတွေ ...
ဘုရားကိုသွားသွားပြီး ဆုတွေတောင်း .. ပြည့်ချင်လိုက်တဲ့ဆုတွေကလည်း များမှများ .. ကိုယ်တိုင်ကတော့ ဘာမှ မလုပ်ချင် .. ဘုရားကို နားပူနားဆာ လုပ်နေသူတွေ ..
သြော် .. ဘုရားကို ဒုက္ခပေးနေသူတွေ ..။

လိုတာရ၍ .. ရတာလိုပါစေ ..

“ ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ် ... ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ခေါ်တယ် ... ”
လောကမှာ လူတိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်နိုင်ကြဘူး .. လူတိုင်းကိုယ်စီ ငြီးငြူနေကြတယ် ..
အဓိက စီးပွားရေး .. စားဝတ်နေရေးကိစ္စကြောင့် မပျော်နိုင်ကြဘူး ... ဆင်းရဲတာ .. ချမ်းသာတာနဲ့ မဆိုင်ပြန်ဘူး ..
သိန်းပေါင်းများစွာ ချမ်းသာတဲ့ ကျွန်တော့် သူဌေးက သန်းပေါင်းများစွာ ချမ်းသာနေတဲ့ သူတစ်ယောက်ကို ကြည့်ပြီးပြောတယ် .. “ သူ့လောက်သာ ချမ်းသာနေရင် ငါတော့ ဘာမှမလုပ်တော့ဘူး အေးအေးဆေးဆေးပဲ နေတော့မယ် ” တဲ့ ... ကျွန်တော်လည်း ပြန်ပြောမိတယ် ..“ သူဌေးလောက် ချမ်းသာနေရင် ကျွန်တော်လည်း ဘာမှ မလုပ်တော့ဘူး အေးဆေးပဲ နေတော့မယ် ” လို့ ...
“ ရောင့်ရဲတင်းတိမ်းနိုင်မှု ” ဆိုတာ ဘာလို့ လူတိုင်းမှာ ရှိမနေပဲ .. “ လောဘ ” ဆိုတာကြီးက လွှမ်းမိုးထာတာလဲ ...
အဲဒီလို လောဘ ရဲ့နောက်ကိုလိုက်ရင်း အခက်အခဲတွေနဲ့ တွေ့ကြုံရပြန်တယ် .. “ ပြဿနာ အခက်အခဲကို အကြောင်းပြုပြီး လူတစ်ချို့က ဦးကျိုးကျတယ် .. တချို့ကတော့ စံချိန်တွေပါ ချိုးပြတယ် ” .. အောင်မြင်မှုဆိုတာ လူတိုင်းအတွက်မဟုတ်ပြန်တော့ ကျရှုံးရသူတွေက စိတ်ညစ်ရပြန်တယ် .. ဘာကြောင့် ရှုံးနိမ့်ရတာလည်းဆိုတော့
“ ကိုယ်လိုချင်တာ ဘာမှန်းမသိတဲ့ လူဟာ .. ကိုယ်မသွားချင်တဲ့ နေရာအရောက်မှာ ရှေ့မဆက်တော့ဘဲ .. ရပ်ပစ်လိုက်တတ်တယ် ” ..အဲဒါကြောင့် ရည်ရွယ်ချက်ကို တိတိကျကျထားပါ .. ရည်မှန်းချက် ခိုင်မာအောင်ကြိုးစားပါ .. “ ကိုယ့်မှာ တောင့်တစရာဆိုလို့ ဆန္ဒတစ်ခုတည်းသာ ရှိမယ်ဆိုရင်လေ .. အဲဒီဆန္ဒကို ထုတ်ဖော်ဖို့ ဖြစ်နိုင်ပါစေ ” ... ရည်ရွယ်ချက်ရှိတယ်... ရည်မှန်းချက်ခိုင်မာပြီဆိုရင်တော့ ယုံကြည့်မှုနဲ့ ရှေ့သို့ဆက်ပါ .... “ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ” .. အကယ်၍ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ် .. ကိုယ်နားမလည်တဲ့ အလုပ်မျိုးဖြစ်နေတယ်ဆိုရင်တော့ “ နားလည်ချစ်စိတ် ပြင်းပြဖို့က ပထမ .. နားလည်အောင် လုပ်ဖို့က ဒုတိယ ” .. ဆိုတဲ့အတိုင်း ကြိုးစားပါ .. “ ဘာပဲလုပ်လုပ် စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ပါ .. အလေးအနက်ထားတတ်ရင် ပျော်မွေ့စရာ ကောင်းပါတယ် ” ...
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တစ်စုံတစ်ခုကို ပိုင်ဆိုင်နိုင်ပြီဆိုရင်တော့ .. “ ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ် ... ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ခေါ်တယ် ... ” ဒါကြောင့် .. အောင်မြင်ပျော်ရွှင်နိုင်အောင် ကြိုးစားကြပါ .......။

ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်
ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ ယုံကြည်မှုကို အပြည့်အ၀ထား ..
မကြာခင် အောင်မြင်မှုဆိုတာကို ရရှိမှာ မလွဲပါဘူး ..
ဘယ်နေရာမှမဆို .. ယုံကြည်မှုဆိုတာ အရမ်းကို အရေးကြီးပါတယ် ...
အောင်မြင်မှုတိုင်းဟာ ပေါ့ပေါ့လေးရတာ မဟုတ်ပါဘူး .. ယုံကြည်မှုနဲ့ ကြိုးစားမှုကြောင့်သာ ရလာတာပါ ..
ကျွန်တော်တို့ သူငယ်ချင်း ( ၅ )ယောက် ခရီးတစ်ခုကို ကားလေးတစ်စီးနဲ့ အတူသွားတုန်းက အဖြစ်ကလေးတစ်ခုကို သတိရမိပါတယ် ... တောင်ကုန်းတောင်တန်းများတဲ့ ရှမ်းဒေသကိုပါ .. ခရီးတစ်နေရာအရောက်မှာ တောင်ပြိုထားလို့ လမ်းကျဉ်းတစ်ခုနဲ့ ကြုံရပါတော့တယ် .. တစ်ဖက်က ချောက် .. တစ်ဖက်က ကမ်းပါး .. လမ်းအကျယ်က ကားတစ်စီးစာကွက်တိ .. ချော်ကျလို့ကတော့ မတွေးရဲစရာ .. မောင်းတဲ့လူကလည်း တောင်ပေါ်လမ်းကျဉ်းအတွေ့အကြုံ့မရှိ .. ရှေ့ဆက်လို့ကလည်းမဖြစ် .. နောက်ဆုတ်ဖို့ကလည်း လာခဲ့ရတဲ့ ခရီးက အဝေးကြီး .. အတော်လေး ဒုက္ခရောက်နေတဲ့အချိန် ...
အားလုံးလည်း ဘာလုပ်ရမှန်းမသိတော့ ..
အဲဒီအချိန်မှာ ကားမောင်းတဲ့ သူငယ်ချင်းက .. “ ခရီးကို ရှေ့ဆက်မယ်ဆိုရင် အားလုံးကားပေါ်တက်ပါ .. ကားပေါ်မှာ ရှိတဲ့လူတိုင်း မောင်းတဲ့လူကို ယုံကြည်မှုထားပေးပါ .. အားလုံးက ယုံကြည်မှုရှိတယ်ဆိုရင် ဒီလမ်းကို ဆက်မောင်းပါမယ် .. အားလုံးက ဆင်းနေခဲ့ပြီး တစ်ယောက်ထဲ မောင်းရမယ်ဆိုရင်တော့ နောက်ပြန်လှည့်မယ် .. ” လို့ ပြောလာပါတယ် ... မထူးတော့တဲ့ အခြေအနေမို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်တယ် ..
“ မောင်းကွာ ” လို့ ...
ယုံကြည်မှုရဲ့ အကျိုးလို့ဆိုရမှာပေါ့ .. လမ်းကျဉ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ် ..
ကားမောင်းတဲ့သူငယ်ချင်းက ပြောပါတယ် .. “ မင်းတို့အားလုံးရဲ့ အားကို လိုချင်လို့ အခုလို အားလုံးကို ကားပေါ်တက်ခိုင်းတာ .. ငါတစ်ယောက်ထဲဆို မမောင်းရဲ့ဘူး ”တဲ့ ... သူ့ရဲ့ သူငယ်ချင်းတွေအပေါ်က ယုံကြည်မှု ရယူပုံကို ပြောပါတယ် .. ကျွန်တော် နားလည်လိုက်တာကတော့ သေဖော်ညှိတာပါလို့ ...။

စိတ်ကူးယဉ်မိသူ ..

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုသာထူး ဆိုတဲ့ လူတစ်ယောက်ရှိတယ် . လူကဆင်းရဲပေမယ့် အလုပ်အကိုင်က မယ်မယ်ရရ မရှိဘူး . အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်ဘဲ စိတ်ကူးယဉ်နေတာနဲ့ အချိန်ဖြုန်းလေ့ရှိတယ် .
တစ်နေ့တော့ တောထဲကို ထင်းခုတ်သွားရင်း . တောဝက်လေးတစ်ကောင်ကို သွားတွေ့တယ် .. သူက ချင်ချင်းပဲ တောဝက်လေးကိုဖမ်း .. မြို့မှာသွားရောင်းတယ် .. မြို့မှာဆို တောဝက်က ဈေးကောင်းရတယ်လေ .. တောဝက်ရောင်းပြီးတော့ .. ၀က်မလေးတစ်ကောင်ဝယ်ပြီးရွာကို ပြန်လာတယ် .. နောက်တော့ အဲဒီဝက်မလေးကနေ ၀က်ကလေး(၆)ကောင် ပေါက်ရော .. ၀က်မလေး(၃)ကောင်နဲ့ ၀က်ထီးလေး(၃)ကောင်ပေါ့ .. ၀ယ်လာတဲ့ ၀က်မလေးက သားပေါက်နှုန်းကကောင်းတဲ့အပြင် ၀က်ပေါက်ကလေးတွေကလည်း သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းနဲ့ပေါ့ .. အဲဒီလိုနဲ့ ၀က်တွေပေါက်လိုက် .. ရောင်းလိုက်နဲ့ စီးပွားရေး အဆင်ပြေ .. အိမ်နဲ့ ခြံနဲ့ ဖြစ်လာတဲ့အခါ .. ရွာထဲက သူကြိုက်နေတဲ့ မိချော ဆိုနဲ့ ကောင်မလေးကို လူကြီးတွေကို ဖွင့်ပြောပြီး တောင်းရမ်းလက်ထပ်ယူလိုက်တယ်တဲ့ .. နောက်တော့ သားကလေး(၂)ယောက်ထွန်းကားတယ် .. အဲဒီသားကလေးတွေ အရွယ်ရောက်တဲ့အခါ ရှင်ပြုပွဲကို ခမ်းခမ်းနားနားကျင်းပတာပေါ့ .. သူ့ရဲ့အလှူပွဲကို ကြည်ကြည်နူးနူးနဲ့ ပြုံးပြုံးကြီး ရပ်ကြည့်နေတုန်း .. ဗြုန်းဆို .. သူ့ရဲ့အလှူမဏ္ဍပ်ကြီးလည်းပျောက် .. သူ့ဇနီးနဲ့ သားတွေလည်းပျောက် .. သူ့ရှေ့က မြင်ကွင်းအားလုံး ပျောက်သွားတယ် .. သူကိုယ်တိုင်လည်း တောထဲကို ရောက်နေတာ သတိထားမိသွားတယ် ... အဲဒီတော့မှ သူ့အမှားတစ်ခုကို သူနောင်တရသွားတယ် ...
သူဘာမှားခဲ့တာလည်းဆိုတော့ ..။

No comments: