ဟားဘတ်
စီးပွားရေးကျောင်းတော်မှာ မသင်ခဲ့ရလေသမျှ ဆိုသော စာအုပ် တစ်အုပ်ကို
ဖတ်ခဲ့ရဖူးပါသည်။ ဟားဘတ် စီးပွားရေးကျောင်းတော်သည် ကမ္ဘာပေါ်တွင် အတော်ဆုံး
ခေါင်းဆောင်များ၊ မန်နေဂျာများနှင့် စီးပွားရေးသမားများကို မွေးထုတ်ပေးရာ
ကျောင်းတော်ကြီး တစ်ကျောင်းအဖြစ်လည်း ကြားဖူးထားပါသည်။ သို့တိုင် ဟားဘတ်
စီးပွားရေးကျောင်းတော်သားများ ကိုယ်တိုင် မသင်အံခဲ့ရသော အရာများလည်း
ရှိသေးပါလားဟု ထိုစဉ်က တွေးမိပါသည်။ ယခု ဆောင်းပါးတစ်ပုဒ်ကို
ထပ်ဖတ်ရပြန်ပါပြီ။ ထိုဆောင်းပါး၏ ခေါင်းစဉ်ကတော့ “သင့်ဘဝကို
ဘယ်လိုတိုင်းတာမည်လဲ (How Will You Measure Your Life)” ဟု ဖြစ်သည်။
ဆောင်းပါးရေးသူမှာ ဟားဘတ်စီးပွားရေး ကျောင်းတော်မှာ ပါမောက္ခတစ်ဦးအဖြစ် သင်ကြားဆောင်ရွက်နေပြီး၊ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်တွင် ဆရာတစ်ဆူဖြစ်ကာ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ ရေးသားခြင်းဖြင့် နာမည်ကြီးသူ ကလေတန် အမ် ခရစ္စတန်ဆန် ဖြစ်သည်။ ယခု ဆောင်းပါးကတော့ သူ့မူရင်းခေါင်းစဉ်ထက် ဟားဘတ် စီးပွားရေးကျောင်းတော်မှ ဆရာတစ်ဦး၏ ဖွင့်ဟဝန်ခံချက် ဟုပင် နာမည်ပေးထိုက်လှသည်။
လူအများစုက သူ့လို ပုဂ္ဂိုလ်တစ်ဦးထံမှ လွန်စွာ အကြံဥာဏ် ရရှိလိုကြသည်။ နာမည်ကျော် အင်တဲလ်လို နည်းပညာ ကုမ္ပဏီကြီးမျိုးကပင် သူ့ထံမှ အကြံဥာဏ်ကို မိနစ်ပိုင်းစာမျှဖြစ်ဖြစ် ရလိုသည်။ သို့သော် ခက်သည်မှာ သူဘယ်လိုတွေးမိသလဲ ဆိုသည်ကိုသာ မေးလိုကြပြီး၊ မေးသူများကိုယ်တိုင် ဘယ်လိုတွေးရမည်ဆိုသည့် အချက်အား မမေးကြခြင်းပင် ဖြစ်သည်။ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုသည့် အမှုကိစ္စမှာ ဘယ်တော့မှ တရားသေနည်းလမ်းများ ဆုပ်ကိုင်မရနိုင်သည်ကို ပါမောက္ခကြီး ကောင်းကောင်းသိပါသည်။ သူ့အယူအဆမှာ ကိုယ့်အခြေအနေကိုယ် မှန်ကန်သည့်ရှုထောင့်မှ ချဉ်းကပ်နိုင်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည်ဟူ၍ . . .။
ထို့ကြောင့်လည်း တပည့်ကျောင်းသားများကို စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီပေါင်းများစွာ သူသင်ပေးခဲ့သည်။ ထို့ပြင် ထိုသီအိုရီများကို မည်သို့ ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုသော အပိုင်းကိုလည်း သင်ပေးခဲ့သည်။ သင်ခန်းစာ နောက်ဆုံးနေ့ရောက်လျှင် ကျောင်းသားများကို သူတို့ကိုယ်သူတို့ ထိုသီအိုရီ မှန်ဘီလူးများ အောက်မှာချ၍ ရှုမြင်သုံးသပ်စေသည်။ ထိုသို့ သုံးသပ်စေနိုင်ရန် မေးခွန်းသုံးခုကို မေးသည်။ ကျွန်တော်တို့ ငယ်စဉ်က ကြားဖူးသော ပုံပြင်များထဲမှ ဒိသာပါမောက္ခဆရာကြီးများက တပည့်များအား ပညာစမ်းပုံနှင့်ပင် တူနေသေးတော့သည်။ ယင်းပုစ္ဆာ သုံးရပ်မှာ - (၁) သင့်လုပ်ငန်းမှာ ပျော်ရွှင်မယ် ဆိုတာ သေချာရဲ့လား၊ သေချာအောင် ဘယ်လိုလုပ်မလဲ။ (၂) သင်သည် သင့်အိမ်ထောင်ဖက်နှင့် မိသားစုဝင်များအတွက် ပျော်ရွှင်မှု မခန်းသော စမ်းရေတွင်းကြီး ဖြစ်တယ်ဆိုတာ သေချာအောင် ဘယ်လိုလုပ်မလဲ။ (၃) ထောင်မကျအောင် ဘယ်လိုလုပ်မလဲ။ ဟူ၍ဖြစ်သည်။
နောက်ဆုံး အမေးပုစ္ဆာက ပေါ့တိပေါ့ပျက်နိုင်သလိုလို၊ ပျက်ချော်ချော် ဖြစ်နေသလိုလို ရှိသည့်တိုင် အရေးကြီးသည်ဟု ပါမောက္ခ ခရစ္စတန်ဆန်က ဝန်ခံပါသည်။ အကြောင်းမှာ သူ့ တပည့်တချို့သည် မည်မျှ လိမ္မာ ကောင်းမွန်သူများ ဖြစ်နေခဲ့စေဦးတော့ ဘဝ၏ အချိုးကွေ့များကို ကျွမ်းကျင်မှန်ကန်စွာ ပဲ့ကိုင်မှု မပြုနိုင်ခဲ့သဖြင့် ရုံးရောက် ဂါတ်ရောက်၊ ထောင်ကျ တန်းကျ ဖြစ်ရသည်ကို သူကြုံတွေ့ခဲ့ရ၍ပင်။ မည်သို့သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သီဝရီများကို သင်ကြားပေးလိုက်နိုင်ဦးတော့ အသွားမတော် တစ်လှမ်း အစားမတော် တစ်လုပ်ဖြင့် မအောင်မြင်သော စီမံခန့်ခွဲသူ၊ ခေါင်းဆောင်သူများ အဖြစ်သို့ ရောက်ရှိသွားကြရသည်ကို ယခုဆောင်းပါးဖြင့် ပါမောက္ခကြီးက ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
ပထမအမေးပုစ္ဆာကို တပည့်များက ဖြေဆိုကြရာတွင် အများစုက ဘဝတွင် ငွေသည် အရာရာကို ဖန်တီးစွမ်းဆောင်ပေးနိုင်သော ပင်မလက်သည်ကြီးဟု ယူဆကြသည်ကို တွေ့ရသည်။ ထိုအခါများတွင် သူက သူ့ဘဝနှင့် နှိုင်းယှဉ်ပြီး တပည့်များကို လမ်းမှန်ပြညွှန်ပေးသည်။ သူလည်း တစ်ချိန်က အလုပ်ထဲတွင် ဘဝကို ရင်းနှီးမြှုပ်နှံ ထားခဲ့သည်။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဆောင်ရန် ရှောင်ရန်များအတိုင်း မိမိကိုယ်ကို ယုံကြည်မှုထားသည်။ မနက်ခင်း အိမ်မှအလုပ်သို့ သွားရာတွင် မိမိကိုယ်မိမိ ထားရှိသော ယုံကြည်နှစ်ခြိုက်မှုသည် အလုပ်ခွင်တွင် ၁၀ နာရီ ကြာရှည်ခဲ့ပြီးနောက် အိမ်ပြန်ခရီးတွင် ပြန်ပါမလာတော့ကြောင်းကို တွေ့ရသည်။ တစ်ပါးသူများအား ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပေးမည့်သူတစ်ဦးသည် နေ့စဉ်နှင့်အမျှ ထိုသို့ မိမိကိုယ်ကို ယုံကြည်နှစ်ခြိုက်မှု လျှော့ပါးလာရလျှင် အဆင်ပြေနိုင်လိမ့်မည် မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် အားရနှစ်ခြိုက်နိုင်မှုက တစ်နေ့တခြား တိုးတက်လာရမည့်အစား လုံးပါးပါးသွားရ၊ ရှုံ့တွသွားရလျှင် ငွေကို တင်းတောင်းနှင့် ချိန်၍ပေးလျှင်ပင် ရေရှည်တွင် အဆင်ပြေနိုင်မည် မဟုတ်ပါချေ။
ထို့ကြောင့် ပါမောက္ခကြီး၏ အမြင်မှာ လူတစ်ဦးသည် မိမိအလုပ်၌ အသိပညာ တိုးပွားအောင် ဆောင်ရွက်စရာ အခွင့်အလမ်းများ ရှိသည်ဆိုလျှင်၊ တာဝန်ယူမှုများ ပိုမိုများပြားလာသည် ဆိုပါလျှင်၊ မိမိ၏ ဆောင်ရွက်ချက်များသည် တစ်ပါးသူကို ကူညီရာ ရောက်သည်ဆိုပါလျှင်၊ မိမိ၏ အောင်မြင်သိမ်းပိုက်နိုင်မှုများ နှင့်
ပတ်သက်ပြီး အများက အသိအမှတ်ပြုသည် ဆိုပါလျှင် ထိုသူ၏ အလုပ်သည်
ပျော်ရွှင်မှုကို ပေးမည်မှာ သေချာသည်ဟု ဆိုလေသည်။ ကိုယ်တိုင်
ပျော်ရွှင်မှုမရှိသော၊ အားရကျေနပ်မှု မရှိသူတစ်ဦးသည် သူ၏အိမ်ထောင်ဘက်နှင့်
မိသားစုတို့ကို မည်သို့ ရေရှည်ပျော်ရွှင်မှု ပေးနိုင်ပါမည်လဲ။
မိမိကိုယ်တိုင်က ပျော်ရွှင်မှုမခမ်းသော စမ်းရေတွင်းကြီး ဖြစ်နေမှသာ
အိမ်သားအိမ်သူ၊ သားသမီးတို့က ကျေနပ်နှစ်သိမ့်ကြမည်သာ ဖြစ်သည်။ အမှန်တော့
စီမံခန့်ခွဲမှု ဟူသည်မှာ သိနေရုံဖြင့်မပြီး၊ ကောင်းမွန်စွာ
ကျင့်သုံးဆောက်တည်နိုင်လျှင် မွန်မြတ်သော အသက်မွေးဝမ်းကျောင်းဖြစ်သည်ဟု
ပါမောက္ခကြီးက ဆိုသည်။
စီးပွားရေး လုပ်ရတော့မည် ဆိုလျှင် ဝယ်ခြင်း၊ ရောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း တို့ကိုသာ လူများက ပြေးမြင်လေ့ရှိသည်။ ယင်းမှာ ကံဆိုးလှပါသည်။ ထိုသို့သော ရောင်းရေးဝယ်တာများမှ ရရှိသည့် အကျိုးအမြတ်သည် လူများကို မြေတောင်မြှောက်ပေးရသော ကိစ္စလောက် ရလဒ်ကောင်းသည်ဟု မဆိုနိုင်ကြောင်း ပါမောက္ခကြီးက တပည့်များအား ဖွင့်ဟခဲ့သည်။ မည်သို့ဖြစ်စေ ထိုသို့သော အခြေခံ အချက်လေးများကိုတော့ တပည့်များ သိသွားစေချင်သည်ဟု သူက ဆိုသည်။ ဒုတိယအမေးပုစ္ဆာကို ဖြေကြားကြရာတွင် မည်သို့သော မဟာဗျူဟာဖြင့် ချဉ်းကပ်မည်၊ မည်သို့ အကောင်အထည်ဖော်မည် ဆိုသည်က အရေးကြီးသည်။ ကုမ္ပဏီတစ်ခု၊ စီးပွားရေးလုပ်ငန်းတစ်ခုသည် ယင်း၌ရှိသော လူအင်အားများကို ကျွမ်းကျင် အနုပညာမြောက်စွာ အသုံးမချတတ်လျှင် ရလဒ်သည် မျှော်မှန်းထားသည်နှင့် တခြားစီ ဖြစ်သွားနိုင်သည်။ တစ်ချက်ခုတ် အားလုံးပြတ် ဖြစ်ရမည့်အစား၊ ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်သွားလိမ့်မည်။ ကုမ္ပဏီများသည် ပြတ်သားသော အကျိုးအမြတ်များကို ချက်ခြင်းပင် လိုချင်ကြသည်။ သို့သော် နှစ်ပေါင်း ကြာရှည်စွာ ထိုသို့သော အလုပ်ခွင်များထဲ၌ ရောက်ရှိနေသော တပည့်ဟောင်းများနှင့် ပြန်တွေ့ရသောအခါ ပါမောက္ခကြီး ထိတ်လန့်သွားရသည်။ မန်နေဂျာ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင် ဖြစ်နေသော တပည့်ကျော်ကြီးများသည် အိမ်ထောင်ဖက်နှင့် ခွာပြဲခဲ့ကြရသည်။ သားသမီးများက သူတို့အား အထူးအဆန်း ဂြိုဟ်သားတစ်ကောင်လို ကြည့်ခြင်းကို ခံနေကြရသည်။ အကြောင်းမှာ သူတို့သည် စီမံခန့်ခွဲမှုတွင် ဘွဲ့ရကြသည့်တိုင် အိမ်ထောင်သာယာရေးတွင် သူငယ်တန်းမျှ မအောင်သူများ ဖြစ်နေကြ၍ပင်။ ထိုသို့ ဒုက္ခများကို မကြုံခဲ့ရသူများအား လေ့လာကြည့်ရာ မိမိ၏ အချိန်၊ အစွမ်းအစနှင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်သူများ ဖြစ်နေကြသည်။
ပါမောက္ခကြီးက သူ့ဘဝရည်ရွယ်ချက်ကို ရှင်းလင်းစွာ တွေ့ရှိခဲ့ခြင်းသည် မရှိမဖြစ် လိုအပ်သည်ဟု ဝန်ခံသည်။ တစ်ချိန်တစ်ခါက သူသည် စာအုပ်ကြီးများထဲတွင် နစ်မြောခဲ့သည်။ စီးပွားရေးအကြောင်းကို တစ်နေ့တစ်နာရီ ပေး၍ လေ့လာခဲ့သည်။ သို့သော် တစ်နှစ်လုံးနေမှ ထိုစာအုပ်ကြီးပါ အယူအဆများကို အသုံးပြုရသည်က တစ်ကြိမ်တစ်လေမျှသာ ရှိခဲ့သည်။ နေ့စဉ် ရှင်သန်နေထိုင်ရမည့် သူ့မိသားစု ဘဝအတွက် သူထိုမျှ မလေ့လာခဲ့။ ထို့ကြောင့် အချိန်များကို လွဲမှားစွာ အသုံးချမိလေခြင်းဟု တွေးမိလာသည်။ ဘဝဟူသည် ဂိုးမရရှိသေးသရွေ့ အချိန်ပိုပေးပြီး အကန်ခိုင်းမည့် ဘောလုံးပွဲတစ်ပွဲ မဟုတ်ပါ။ ထို့ကြောင့် ကိုယ့်ဘဝ ရည်ရွယ်ရာကို ရှာမတွေ့ဘဲ အချိန်များကို ဦးတည်ချက်မဲ့ သုံးစွဲပစ်ခြင်းသည် ဘဝတွင် လောင်းကြေး ကြီးသွားစေပါသည်။ တက္ကသိုလ်တွင် အရေးကြီးဆုံး သင်ယူရမည့်ကိစ္စမှာ အခြားမဟုတ်။ မိမိအတွက် ရှင်းလင်းသော ဘဝရည်ရွယ်ချက်တစ်ခုကို အတွေ့ရှာနိုင်ဖို့သာ ဖြစ်သည်။ မဟုတ်လျှင်တော့ သွားပေဦးတော့ လှိုင်းထန်သော ဘဝသမုဒ္ဒရာကြီးထဲ ပဲ့မပါသောလှေငယ်ဖြင့် ...။ ရည်ရွယ်ရာ တစ်ခုခု မရှိလျှင်ဖြင့် ဘဝဟူသည်မှာ အခေါင်းပွကြီးသာ ဖြစ်နေလိမ့်မည်။
စီးပွားရေးလုပ်ငန်းတစ်ခုမှ ခေါင်းဆောင်သူတစ်ဦး အတွက်ကဲ့သို့ပင် လူတစ်ဦးချင်းစီ၏ ဘဝဆုံးဖြတ်ချက်များအတွက်လည်း အချိန်၊ စွမ်းအင်နှင့် အစွမ်းအစတို့က အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည်။ ယင်းတို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့လျှင် ပျော်ရွှင်သော အိမ်ထောင်ဖက်တစ်ယောက်၊ အားရကျေနပ်စရာ မျိုးဆက်သစ်များ၊ ကိုယ့်လူ့အသိုက်အမြုံအတွက် ပေးဆပ်နိုင်မှု၊ သက်မွေးဝမ်းကျောင်း အောင်မြင်မှု စသည်တို့ကို ရရှိနိုင်မည်။ ရွေးချယ်ဆုံးဖြတ်ချက်မှားလျှင် မှားသလို ရလဒ်တွေက ဆိုးသွားနိုင်သည်။ ကံပေးသဖြင့် အခွင့်အလမ်းကလေးများ ပေါ်လာဦးတော့.. မိမိက လွဲမှားစွာ ရင်းနှီးမြှုပ်နှံလိုက်သောအခါ ရလဒ်တွေ ဆိုးဝါးရပြန်သည်။ တပည့်အများစုသည် အလုပ်အတွက် အချိန်တွေ ပုံအောပြီး ပေးခဲ့ကြသော်လည်း၊ မိသားစုအတွက်၊ အိမ်ထောင်ဖက်အတွက် တစ်နာရီ အချိန်ပေးရသည်ကိုပင် များလှပြီဟု ထင်နေကြသည်ကို ပါမောက္ခကြီး တွေ့ရှိခဲ့ရသည်။ သည်လိုဖြင့် အသက်အရွယ် ထောက်လာသောအခါ ကလေးများက အပြုအမူတွေ ဆိုးဝါးလွဲချော်ကြကုန်သည်ကို တွေ့ရသည်။ သည်လိုဖြင့် နောက်ထပ် ဆယ်စုနှစ် နှစ်ခုခန့် ကုန်ချိန်တွင် ကျွန်တော်/ကျွန်မ မြေးကလေး၊ မြေးမလေးကတော့ တော်လိုက်တာဟု ၈ုဏ်ယူဖို့ပင် အဆင်မပြေ ဖြစ်လာကြသည်။ ထို့အတွက် ပါမောက္ခကြီး၏ အကြံပေးစကားက အကန့်သတ်နဲ့သာ ရသော အချိန်၊ အစွမ်းအစနှင့် စွမ်းအင်တို့ကို မှန်မှန်ကန်ကန် နေရာချထားဖို့ ဖြစ်သည်။
ဆက်၍ ပါမောက္ခကြီးက စီမံခန့်ခွဲမှု ဘာသာရပ်ပါ ဇယားတစ်ခုကို ကိုးကားပြန်သည်။ (ပုံကိုကြည့်ပါ) ဇယားသည် လုပ်ငန်းတစ်ခုအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မည်သို့ ကိုင်တွယ်ဆောင်ရွက်ရမည်ကို ပြခြင်းဖြစ်သည်။ ဇယားတွင် လုပ်ငန်းတစ်ခုမှာ ပါဝင်ကြတဲ့အတွက် ဘာတွေပေါ်ထွက်လာစေချင်တယ်ဆိုတဲ့ ပါဝင်ဆောင်ရွက်သူများ ဆန္ဒနှင့် ဆန္ဒရှိတဲ့ ရလဒ်ပေါ်လာဖို့ ဘာတွေလုပ်ကြမယ်ဆိုတဲ့ ပါဝင်ဆောင်ရွက်သူတွေရဲ့ သဘောတူညီမှုဟူသော မြားများကို တွေ့ရမည်။ ပထမတစ်မျိုးမှာ ရလဒ်ပိုင်းနှင့် ပတ်သက်ပြီး၊ ဒုတိယ တစ်မျိုးမှာ အားထုတ်မှုပိုင်းနှင့် ပတ်သက်သော သဘောတူညီမှုဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ကြရသည့် မည်သည့်လုပ်ငန်းတွင်မဆို သဘောတူညီမှု နည်းပါးနေလျှင် ပါဝါကို သုံးရသည်။ ပါဝါ ဟုဆိုရာ၌ ဆုပေး ဒဏ်ပေးတွေ ပါမည်။ ဖိအားပေးတာတွေ ပါမည်။ ပါဝါကို သုံးရင်း ကြာလာသောအခါ ကျင့်သားရလာမည်။ လုပ်ငန်းသဘောနှင့် အသားကျလာမည်။ လုပ်ငန်းအထာကို သိလာမည်။ ထိုအခါမျိုးတွင် ပါဝါကို ဆက်လက်သုံးစွဲဖို့ မလိုအပ်တော့ချေ။ ထိုသီအိုရီကို ပါမောက္ခကြီးက တပည့်များ၏ အိမ်ထောင်သာယာရေးနှင့် ယှဉ်တွဲ စဉ်းစားပြသည်။ အထူးသဖြင့် မိမိ၏ ရင်သွေး မျိုးဆက်သစ်များနှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် ဆယ်ကျော်သက်အရွယ်ရောက်လာမှ ပါဝါကိုသုံးရန် မဖြစ်နိုင်တော့ချေ။ ထိုသို့ ရင့်မာမသွားမီကတည်းက မိဘများသည် ကလေးငယ်များအား မိသားစုတွင်း အထာတစ်ခု ပေါ်ပေါက်လာစေရန် မွေးမြူပေးရမည်။ မိသားစုတစ်ခုသည်လည်း ကုမ္ပဏီတစ်ခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရသော သဘာဝရှိသည် မဟုတ်ပါလား။ ကလေးသည် ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းနိုင်သော ယုံကြည်မှုမျိုး ရှိနေစေရန်အတွက် လိုအပ်သည့် ထိုအထာမျိုးကို စာသင်ကျောင်းများက သင်ပေးလိုက်နိုင်မည် မဟုတ်ပါ။
တတိယအမေးပုစ္ဆာကို ရှင်းလင်းနိုင်ရန်အတွက် အစွန်းထွက် ကျခံသုံးစွဲမှုများကို မရွေးချယ်ကြရန် ပါမောက္ခကြီးက တိုက်တွန်းသည်။ အစွန်းထွက် ကျခံသုံးစွဲမှုဆိုသည်မှာ အဘယ်နည်း။ ရှင်းရန် လိုအပ်ပါလိမ့်မည်။ လုပ်ရိုးလုပ်စဉ် မဟုတ်သော စီးပွားရေး လုပ်ငန်းများတွင် ကုန်ကျစရိတ်ဆိုသည်ကို ပုံသေတွက်ထား၍ ရနိုင်သည်မဟုတ်ပါ။ ထိုအခါမျိုးတွင် မြတ်မလား ရှုံးမလား မသေချာဘဲ ထီထိုးသလို စိုက်ထားရခြင်းမျိုးကို အစွန်းထွက် ကျခံသုံးစွဲမှု (Marginal Cost) ဟုခေါ်သည်။ ဟားဘတ် စီးပွားရေးကျောင်းတော်ထွက် မောင်မယ်များသည် ထိုကိစ္စမျိုးကို ဝါသနာ ထုံကြဟန်ရှိသည်။ အချို့ ကိစ္စများသည် မြတ်နိုင်ခြေများကြပါသည်။ သို့သော် လူတစ်ဦး၏ ဆုံးဖြတ်ချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် ဆက်နွှယ်နေလျှင်တော့ ထိုသို့သော တဲတဲလေး ဖြစ်နေသည့် အရင်းအနှီးမျိုးကို ရှောင်ရှားရပေမည်။ “တစ်ခါတည်းပါ” ဟု ဆုံးဖြတ်ချက် မမှားလိုက်ပါနှင့်။ ထိုတစ်ခါတည်းမှာပင် ရုံးရောက် ဂတ်ရောက် ဖြစ်နိုင်သည်။ ထောင်ထဲ တန်းထဲလည်း သွားနေရနိုင်သည်။ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော သိက္ခာနှင့် အမည်နာမသည် ဖြိုဖျက်ရန် ၅ မိနစ်မျှသာ အချိန်ကြာသည် ဟူသော ဆိုစကားကို သတိထားရပေမည်။
ဂုဏ်သိက္ခာဆုံးရှုံးရခြင်းသည် ငွေကြေးဆုံးရှုံးရခြင်းထက် များစွာပိုဆိုးပါသည်။ မိမိကိုယ်ကို မနှစ်ခြိုက်နိုင်တော့သော လိပ်ပြာ မလုံသည့် ဘဝမျိုးသို့လည်း ရောက်ရှိနိုင်ပါသည်။ ပညာတတ်ဖြစ်သော မန်နေဂျာများ ခေါင်းဆောင်များသည် အမှားကို အမှားဟု သိကြမြဲဖြစ်သည်။ သို့သော် ထိုသို့ သိနေသည့် ကြားမှ “ဒီတစ်ခါတော့ကွာ ...” “တစ်ခါတည်း ပါကွာ” ဟူသော လက်သုံးစကားလေးများဖြင့် ကျူးလွန်မိတတ်ကြသည်။
ပါမောက္ခကြီးကတော့ သူ့အမြင် သူ့ရှုထောင့်၊ သူ့ဘဝအတွေ့အကြုံများမှ ပုစ္ဆာသုံးရပ်နှင့် ပတ်သက်ပြီး တပည့်များကို မှာကြားနေပါသည်။ ကျွန်တော်တို့သည် ဟားဘတ် စီးပွားရေးကျောင်းတော်ကြီးမှာ တက်ဖူးချင်မှ တက်ဖူးကြပေမည်။ သို့သော် ဟားဘတ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခကြီး၏ ဝန်ခံသံများ၊ ဆုံးမသံများကိုတော့ လှမ်းနားစွင့်နိုင်ပါသည်။ ခေါင်းဆောင်ကောင်းဟူသော ဝေါဟာရသည် အပြောလွယ်သလောက် ရွာလည်တတ်သော ကိစ္စလည်းဖြစ်ရာ အဆင်မသင့်လျှင် သူတစ်ပါးအား ခေါင်းဆောင်မှု ပေးရင်းပေးရင်း မိမိကိုယ်တိုင်၏ ဘဝလမ်း ပျောက်ဆုံးသွားတတ်သည်ဖြစ်ရာ မရှုံးသောခေါင်းဆောင်မှုများကို ပြုနိုင်ကြစေရန် ဆန္ဒပြုလိုက်ရပေသည်။
Ref: How Will You Measure Your Life? By Clayton M Christensen
လွင်အံ့
ဆောင်းပါးရေးသူမှာ ဟားဘတ်စီးပွားရေး ကျောင်းတော်မှာ ပါမောက္ခတစ်ဦးအဖြစ် သင်ကြားဆောင်ရွက်နေပြီး၊ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်တွင် ဆရာတစ်ဆူဖြစ်ကာ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ ရေးသားခြင်းဖြင့် နာမည်ကြီးသူ ကလေတန် အမ် ခရစ္စတန်ဆန် ဖြစ်သည်။ ယခု ဆောင်းပါးကတော့ သူ့မူရင်းခေါင်းစဉ်ထက် ဟားဘတ် စီးပွားရေးကျောင်းတော်မှ ဆရာတစ်ဦး၏ ဖွင့်ဟဝန်ခံချက် ဟုပင် နာမည်ပေးထိုက်လှသည်။
လူအများစုက သူ့လို ပုဂ္ဂိုလ်တစ်ဦးထံမှ လွန်စွာ အကြံဥာဏ် ရရှိလိုကြသည်။ နာမည်ကျော် အင်တဲလ်လို နည်းပညာ ကုမ္ပဏီကြီးမျိုးကပင် သူ့ထံမှ အကြံဥာဏ်ကို မိနစ်ပိုင်းစာမျှဖြစ်ဖြစ် ရလိုသည်။ သို့သော် ခက်သည်မှာ သူဘယ်လိုတွေးမိသလဲ ဆိုသည်ကိုသာ မေးလိုကြပြီး၊ မေးသူများကိုယ်တိုင် ဘယ်လိုတွေးရမည်ဆိုသည့် အချက်အား မမေးကြခြင်းပင် ဖြစ်သည်။ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုသည့် အမှုကိစ္စမှာ ဘယ်တော့မှ တရားသေနည်းလမ်းများ ဆုပ်ကိုင်မရနိုင်သည်ကို ပါမောက္ခကြီး ကောင်းကောင်းသိပါသည်။ သူ့အယူအဆမှာ ကိုယ့်အခြေအနေကိုယ် မှန်ကန်သည့်ရှုထောင့်မှ ချဉ်းကပ်နိုင်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည်ဟူ၍ . . .။
ထို့ကြောင့်လည်း တပည့်ကျောင်းသားများကို စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီပေါင်းများစွာ သူသင်ပေးခဲ့သည်။ ထို့ပြင် ထိုသီအိုရီများကို မည်သို့ ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုသော အပိုင်းကိုလည်း သင်ပေးခဲ့သည်။ သင်ခန်းစာ နောက်ဆုံးနေ့ရောက်လျှင် ကျောင်းသားများကို သူတို့ကိုယ်သူတို့ ထိုသီအိုရီ မှန်ဘီလူးများ အောက်မှာချ၍ ရှုမြင်သုံးသပ်စေသည်။ ထိုသို့ သုံးသပ်စေနိုင်ရန် မေးခွန်းသုံးခုကို မေးသည်။ ကျွန်တော်တို့ ငယ်စဉ်က ကြားဖူးသော ပုံပြင်များထဲမှ ဒိသာပါမောက္ခဆရာကြီးများက တပည့်များအား ပညာစမ်းပုံနှင့်ပင် တူနေသေးတော့သည်။ ယင်းပုစ္ဆာ သုံးရပ်မှာ - (၁) သင့်လုပ်ငန်းမှာ ပျော်ရွှင်မယ် ဆိုတာ သေချာရဲ့လား၊ သေချာအောင် ဘယ်လိုလုပ်မလဲ။ (၂) သင်သည် သင့်အိမ်ထောင်ဖက်နှင့် မိသားစုဝင်များအတွက် ပျော်ရွှင်မှု မခန်းသော စမ်းရေတွင်းကြီး ဖြစ်တယ်ဆိုတာ သေချာအောင် ဘယ်လိုလုပ်မလဲ။ (၃) ထောင်မကျအောင် ဘယ်လိုလုပ်မလဲ။ ဟူ၍ဖြစ်သည်။
နောက်ဆုံး အမေးပုစ္ဆာက ပေါ့တိပေါ့ပျက်နိုင်သလိုလို၊ ပျက်ချော်ချော် ဖြစ်နေသလိုလို ရှိသည့်တိုင် အရေးကြီးသည်ဟု ပါမောက္ခ ခရစ္စတန်ဆန်က ဝန်ခံပါသည်။ အကြောင်းမှာ သူ့ တပည့်တချို့သည် မည်မျှ လိမ္မာ ကောင်းမွန်သူများ ဖြစ်နေခဲ့စေဦးတော့ ဘဝ၏ အချိုးကွေ့များကို ကျွမ်းကျင်မှန်ကန်စွာ ပဲ့ကိုင်မှု မပြုနိုင်ခဲ့သဖြင့် ရုံးရောက် ဂါတ်ရောက်၊ ထောင်ကျ တန်းကျ ဖြစ်ရသည်ကို သူကြုံတွေ့ခဲ့ရ၍ပင်။ မည်သို့သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သီဝရီများကို သင်ကြားပေးလိုက်နိုင်ဦးတော့ အသွားမတော် တစ်လှမ်း အစားမတော် တစ်လုပ်ဖြင့် မအောင်မြင်သော စီမံခန့်ခွဲသူ၊ ခေါင်းဆောင်သူများ အဖြစ်သို့ ရောက်ရှိသွားကြရသည်ကို ယခုဆောင်းပါးဖြင့် ပါမောက္ခကြီးက ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
ပထမအမေးပုစ္ဆာကို တပည့်များက ဖြေဆိုကြရာတွင် အများစုက ဘဝတွင် ငွေသည် အရာရာကို ဖန်တီးစွမ်းဆောင်ပေးနိုင်သော ပင်မလက်သည်ကြီးဟု ယူဆကြသည်ကို တွေ့ရသည်။ ထိုအခါများတွင် သူက သူ့ဘဝနှင့် နှိုင်းယှဉ်ပြီး တပည့်များကို လမ်းမှန်ပြညွှန်ပေးသည်။ သူလည်း တစ်ချိန်က အလုပ်ထဲတွင် ဘဝကို ရင်းနှီးမြှုပ်နှံ ထားခဲ့သည်။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဆောင်ရန် ရှောင်ရန်များအတိုင်း မိမိကိုယ်ကို ယုံကြည်မှုထားသည်။ မနက်ခင်း အိမ်မှအလုပ်သို့ သွားရာတွင် မိမိကိုယ်မိမိ ထားရှိသော ယုံကြည်နှစ်ခြိုက်မှုသည် အလုပ်ခွင်တွင် ၁၀ နာရီ ကြာရှည်ခဲ့ပြီးနောက် အိမ်ပြန်ခရီးတွင် ပြန်ပါမလာတော့ကြောင်းကို တွေ့ရသည်။ တစ်ပါးသူများအား ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပေးမည့်သူတစ်ဦးသည် နေ့စဉ်နှင့်အမျှ ထိုသို့ မိမိကိုယ်ကို ယုံကြည်နှစ်ခြိုက်မှု လျှော့ပါးလာရလျှင် အဆင်ပြေနိုင်လိမ့်မည် မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် အားရနှစ်ခြိုက်နိုင်မှုက တစ်နေ့တခြား တိုးတက်လာရမည့်အစား လုံးပါးပါးသွားရ၊ ရှုံ့တွသွားရလျှင် ငွေကို တင်းတောင်းနှင့် ချိန်၍ပေးလျှင်ပင် ရေရှည်တွင် အဆင်ပြေနိုင်မည် မဟုတ်ပါချေ။
ထို့ကြောင့် ပါမောက္ခကြီး၏ အမြင်မှာ လူတစ်ဦးသည် မိမိအလုပ်၌ အသိပညာ တိုးပွားအောင် ဆောင်ရွက်စရာ အခွင့်အလမ်းများ ရှိသည်ဆိုလျှင်၊ တာဝန်ယူမှုများ ပိုမိုများပြားလာသည် ဆိုပါလျှင်၊ မိမိ၏ ဆောင်ရွက်ချက်များသည် တစ်ပါးသူကို ကူညီရာ ရောက်သည်ဆိုပါလျှင်၊ မိမိ၏ အောင်မြင်သိမ်းပိုက်နိုင်မှုများ
စီးပွားရေး လုပ်ရတော့မည် ဆိုလျှင် ဝယ်ခြင်း၊ ရောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း တို့ကိုသာ လူများက ပြေးမြင်လေ့ရှိသည်။ ယင်းမှာ ကံဆိုးလှပါသည်။ ထိုသို့သော ရောင်းရေးဝယ်တာများမှ ရရှိသည့် အကျိုးအမြတ်သည် လူများကို မြေတောင်မြှောက်ပေးရသော ကိစ္စလောက် ရလဒ်ကောင်းသည်ဟု မဆိုနိုင်ကြောင်း ပါမောက္ခကြီးက တပည့်များအား ဖွင့်ဟခဲ့သည်။ မည်သို့ဖြစ်စေ ထိုသို့သော အခြေခံ အချက်လေးများကိုတော့ တပည့်များ သိသွားစေချင်သည်ဟု သူက ဆိုသည်။ ဒုတိယအမေးပုစ္ဆာကို ဖြေကြားကြရာတွင် မည်သို့သော မဟာဗျူဟာဖြင့် ချဉ်းကပ်မည်၊ မည်သို့ အကောင်အထည်ဖော်မည် ဆိုသည်က အရေးကြီးသည်။ ကုမ္ပဏီတစ်ခု၊ စီးပွားရေးလုပ်ငန်းတစ်ခုသည် ယင်း၌ရှိသော လူအင်အားများကို ကျွမ်းကျင် အနုပညာမြောက်စွာ အသုံးမချတတ်လျှင် ရလဒ်သည် မျှော်မှန်းထားသည်နှင့် တခြားစီ ဖြစ်သွားနိုင်သည်။ တစ်ချက်ခုတ် အားလုံးပြတ် ဖြစ်ရမည့်အစား၊ ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်သွားလိမ့်မည်။ ကုမ္ပဏီများသည် ပြတ်သားသော အကျိုးအမြတ်များကို ချက်ခြင်းပင် လိုချင်ကြသည်။ သို့သော် နှစ်ပေါင်း ကြာရှည်စွာ ထိုသို့သော အလုပ်ခွင်များထဲ၌ ရောက်ရှိနေသော တပည့်ဟောင်းများနှင့် ပြန်တွေ့ရသောအခါ ပါမောက္ခကြီး ထိတ်လန့်သွားရသည်။ မန်နေဂျာ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင် ဖြစ်နေသော တပည့်ကျော်ကြီးများသည် အိမ်ထောင်ဖက်နှင့် ခွာပြဲခဲ့ကြရသည်။ သားသမီးများက သူတို့အား အထူးအဆန်း ဂြိုဟ်သားတစ်ကောင်လို ကြည့်ခြင်းကို ခံနေကြရသည်။ အကြောင်းမှာ သူတို့သည် စီမံခန့်ခွဲမှုတွင် ဘွဲ့ရကြသည့်တိုင် အိမ်ထောင်သာယာရေးတွင် သူငယ်တန်းမျှ မအောင်သူများ ဖြစ်နေကြ၍ပင်။ ထိုသို့ ဒုက္ခများကို မကြုံခဲ့ရသူများအား လေ့လာကြည့်ရာ မိမိ၏ အချိန်၊ အစွမ်းအစနှင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်သူများ ဖြစ်နေကြသည်။
ပါမောက္ခကြီးက သူ့ဘဝရည်ရွယ်ချက်ကို ရှင်းလင်းစွာ တွေ့ရှိခဲ့ခြင်းသည် မရှိမဖြစ် လိုအပ်သည်ဟု ဝန်ခံသည်။ တစ်ချိန်တစ်ခါက သူသည် စာအုပ်ကြီးများထဲတွင် နစ်မြောခဲ့သည်။ စီးပွားရေးအကြောင်းကို တစ်နေ့တစ်နာရီ ပေး၍ လေ့လာခဲ့သည်။ သို့သော် တစ်နှစ်လုံးနေမှ ထိုစာအုပ်ကြီးပါ အယူအဆများကို အသုံးပြုရသည်က တစ်ကြိမ်တစ်လေမျှသာ ရှိခဲ့သည်။ နေ့စဉ် ရှင်သန်နေထိုင်ရမည့် သူ့မိသားစု ဘဝအတွက် သူထိုမျှ မလေ့လာခဲ့။ ထို့ကြောင့် အချိန်များကို လွဲမှားစွာ အသုံးချမိလေခြင်းဟု တွေးမိလာသည်။ ဘဝဟူသည် ဂိုးမရရှိသေးသရွေ့ အချိန်ပိုပေးပြီး အကန်ခိုင်းမည့် ဘောလုံးပွဲတစ်ပွဲ မဟုတ်ပါ။ ထို့ကြောင့် ကိုယ့်ဘဝ ရည်ရွယ်ရာကို ရှာမတွေ့ဘဲ အချိန်များကို ဦးတည်ချက်မဲ့ သုံးစွဲပစ်ခြင်းသည် ဘဝတွင် လောင်းကြေး ကြီးသွားစေပါသည်။ တက္ကသိုလ်တွင် အရေးကြီးဆုံး သင်ယူရမည့်ကိစ္စမှာ အခြားမဟုတ်။ မိမိအတွက် ရှင်းလင်းသော ဘဝရည်ရွယ်ချက်တစ်ခုကို အတွေ့ရှာနိုင်ဖို့သာ ဖြစ်သည်။ မဟုတ်လျှင်တော့ သွားပေဦးတော့ လှိုင်းထန်သော ဘဝသမုဒ္ဒရာကြီးထဲ ပဲ့မပါသောလှေငယ်ဖြင့် ...။ ရည်ရွယ်ရာ တစ်ခုခု မရှိလျှင်ဖြင့် ဘဝဟူသည်မှာ အခေါင်းပွကြီးသာ ဖြစ်နေလိမ့်မည်။
စီးပွားရေးလုပ်ငန်းတစ်ခုမှ ခေါင်းဆောင်သူတစ်ဦး အတွက်ကဲ့သို့ပင် လူတစ်ဦးချင်းစီ၏ ဘဝဆုံးဖြတ်ချက်များအတွက်လည်း အချိန်၊ စွမ်းအင်နှင့် အစွမ်းအစတို့က အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည်။ ယင်းတို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့လျှင် ပျော်ရွှင်သော အိမ်ထောင်ဖက်တစ်ယောက်၊ အားရကျေနပ်စရာ မျိုးဆက်သစ်များ၊ ကိုယ့်လူ့အသိုက်အမြုံအတွက် ပေးဆပ်နိုင်မှု၊ သက်မွေးဝမ်းကျောင်း အောင်မြင်မှု စသည်တို့ကို ရရှိနိုင်မည်။ ရွေးချယ်ဆုံးဖြတ်ချက်မှားလျှင် မှားသလို ရလဒ်တွေက ဆိုးသွားနိုင်သည်။ ကံပေးသဖြင့် အခွင့်အလမ်းကလေးများ ပေါ်လာဦးတော့.. မိမိက လွဲမှားစွာ ရင်းနှီးမြှုပ်နှံလိုက်သောအခါ ရလဒ်တွေ ဆိုးဝါးရပြန်သည်။ တပည့်အများစုသည် အလုပ်အတွက် အချိန်တွေ ပုံအောပြီး ပေးခဲ့ကြသော်လည်း၊ မိသားစုအတွက်၊ အိမ်ထောင်ဖက်အတွက် တစ်နာရီ အချိန်ပေးရသည်ကိုပင် များလှပြီဟု ထင်နေကြသည်ကို ပါမောက္ခကြီး တွေ့ရှိခဲ့ရသည်။ သည်လိုဖြင့် အသက်အရွယ် ထောက်လာသောအခါ ကလေးများက အပြုအမူတွေ ဆိုးဝါးလွဲချော်ကြကုန်သည်ကို တွေ့ရသည်။ သည်လိုဖြင့် နောက်ထပ် ဆယ်စုနှစ် နှစ်ခုခန့် ကုန်ချိန်တွင် ကျွန်တော်/ကျွန်မ မြေးကလေး၊ မြေးမလေးကတော့ တော်လိုက်တာဟု ၈ုဏ်ယူဖို့ပင် အဆင်မပြေ ဖြစ်လာကြသည်။ ထို့အတွက် ပါမောက္ခကြီး၏ အကြံပေးစကားက အကန့်သတ်နဲ့သာ ရသော အချိန်၊ အစွမ်းအစနှင့် စွမ်းအင်တို့ကို မှန်မှန်ကန်ကန် နေရာချထားဖို့ ဖြစ်သည်။
ဆက်၍ ပါမောက္ခကြီးက စီမံခန့်ခွဲမှု ဘာသာရပ်ပါ ဇယားတစ်ခုကို ကိုးကားပြန်သည်။ (ပုံကိုကြည့်ပါ) ဇယားသည် လုပ်ငန်းတစ်ခုအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မည်သို့ ကိုင်တွယ်ဆောင်ရွက်ရမည်ကို ပြခြင်းဖြစ်သည်။ ဇယားတွင် လုပ်ငန်းတစ်ခုမှာ ပါဝင်ကြတဲ့အတွက် ဘာတွေပေါ်ထွက်လာစေချင်တယ်ဆိုတဲ့ ပါဝင်ဆောင်ရွက်သူများ ဆန္ဒနှင့် ဆန္ဒရှိတဲ့ ရလဒ်ပေါ်လာဖို့ ဘာတွေလုပ်ကြမယ်ဆိုတဲ့ ပါဝင်ဆောင်ရွက်သူတွေရဲ့ သဘောတူညီမှုဟူသော မြားများကို တွေ့ရမည်။ ပထမတစ်မျိုးမှာ ရလဒ်ပိုင်းနှင့် ပတ်သက်ပြီး၊ ဒုတိယ တစ်မျိုးမှာ အားထုတ်မှုပိုင်းနှင့် ပတ်သက်သော သဘောတူညီမှုဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ကြရသည့် မည်သည့်လုပ်ငန်းတွင်မဆို သဘောတူညီမှု နည်းပါးနေလျှင် ပါဝါကို သုံးရသည်။ ပါဝါ ဟုဆိုရာ၌ ဆုပေး ဒဏ်ပေးတွေ ပါမည်။ ဖိအားပေးတာတွေ ပါမည်။ ပါဝါကို သုံးရင်း ကြာလာသောအခါ ကျင့်သားရလာမည်။ လုပ်ငန်းသဘောနှင့် အသားကျလာမည်။ လုပ်ငန်းအထာကို သိလာမည်။ ထိုအခါမျိုးတွင် ပါဝါကို ဆက်လက်သုံးစွဲဖို့ မလိုအပ်တော့ချေ။ ထိုသီအိုရီကို ပါမောက္ခကြီးက တပည့်များ၏ အိမ်ထောင်သာယာရေးနှင့် ယှဉ်တွဲ စဉ်းစားပြသည်။ အထူးသဖြင့် မိမိ၏ ရင်သွေး မျိုးဆက်သစ်များနှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် ဆယ်ကျော်သက်အရွယ်ရောက်လာမှ ပါဝါကိုသုံးရန် မဖြစ်နိုင်တော့ချေ။ ထိုသို့ ရင့်မာမသွားမီကတည်းက မိဘများသည် ကလေးငယ်များအား မိသားစုတွင်း အထာတစ်ခု ပေါ်ပေါက်လာစေရန် မွေးမြူပေးရမည်။ မိသားစုတစ်ခုသည်လည်း ကုမ္ပဏီတစ်ခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရသော သဘာဝရှိသည် မဟုတ်ပါလား။ ကလေးသည် ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းနိုင်သော ယုံကြည်မှုမျိုး ရှိနေစေရန်အတွက် လိုအပ်သည့် ထိုအထာမျိုးကို စာသင်ကျောင်းများက သင်ပေးလိုက်နိုင်မည် မဟုတ်ပါ။
တတိယအမေးပုစ္ဆာကို ရှင်းလင်းနိုင်ရန်အတွက် အစွန်းထွက် ကျခံသုံးစွဲမှုများကို မရွေးချယ်ကြရန် ပါမောက္ခကြီးက တိုက်တွန်းသည်။ အစွန်းထွက် ကျခံသုံးစွဲမှုဆိုသည်မှာ အဘယ်နည်း။ ရှင်းရန် လိုအပ်ပါလိမ့်မည်။ လုပ်ရိုးလုပ်စဉ် မဟုတ်သော စီးပွားရေး လုပ်ငန်းများတွင် ကုန်ကျစရိတ်ဆိုသည်ကို ပုံသေတွက်ထား၍ ရနိုင်သည်မဟုတ်ပါ။ ထိုအခါမျိုးတွင် မြတ်မလား ရှုံးမလား မသေချာဘဲ ထီထိုးသလို စိုက်ထားရခြင်းမျိုးကို အစွန်းထွက် ကျခံသုံးစွဲမှု (Marginal Cost) ဟုခေါ်သည်။ ဟားဘတ် စီးပွားရေးကျောင်းတော်ထွက် မောင်မယ်များသည် ထိုကိစ္စမျိုးကို ဝါသနာ ထုံကြဟန်ရှိသည်။ အချို့ ကိစ္စများသည် မြတ်နိုင်ခြေများကြပါသည်။ သို့သော် လူတစ်ဦး၏ ဆုံးဖြတ်ချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် ဆက်နွှယ်နေလျှင်တော့ ထိုသို့သော တဲတဲလေး ဖြစ်နေသည့် အရင်းအနှီးမျိုးကို ရှောင်ရှားရပေမည်။ “တစ်ခါတည်းပါ” ဟု ဆုံးဖြတ်ချက် မမှားလိုက်ပါနှင့်။ ထိုတစ်ခါတည်းမှာပင် ရုံးရောက် ဂတ်ရောက် ဖြစ်နိုင်သည်။ ထောင်ထဲ တန်းထဲလည်း သွားနေရနိုင်သည်။ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော သိက္ခာနှင့် အမည်နာမသည် ဖြိုဖျက်ရန် ၅ မိနစ်မျှသာ အချိန်ကြာသည် ဟူသော ဆိုစကားကို သတိထားရပေမည်။
ဂုဏ်သိက္ခာဆုံးရှုံးရခြင်းသည် ငွေကြေးဆုံးရှုံးရခြင်းထက် များစွာပိုဆိုးပါသည်။ မိမိကိုယ်ကို မနှစ်ခြိုက်နိုင်တော့သော လိပ်ပြာ မလုံသည့် ဘဝမျိုးသို့လည်း ရောက်ရှိနိုင်ပါသည်။ ပညာတတ်ဖြစ်သော မန်နေဂျာများ ခေါင်းဆောင်များသည် အမှားကို အမှားဟု သိကြမြဲဖြစ်သည်။ သို့သော် ထိုသို့ သိနေသည့် ကြားမှ “ဒီတစ်ခါတော့ကွာ ...” “တစ်ခါတည်း ပါကွာ” ဟူသော လက်သုံးစကားလေးများဖြင့် ကျူးလွန်မိတတ်ကြသည်။
ပါမောက္ခကြီးကတော့ သူ့အမြင် သူ့ရှုထောင့်၊ သူ့ဘဝအတွေ့အကြုံများမှ ပုစ္ဆာသုံးရပ်နှင့် ပတ်သက်ပြီး တပည့်များကို မှာကြားနေပါသည်။ ကျွန်တော်တို့သည် ဟားဘတ် စီးပွားရေးကျောင်းတော်ကြီးမှာ တက်ဖူးချင်မှ တက်ဖူးကြပေမည်။ သို့သော် ဟားဘတ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခကြီး၏ ဝန်ခံသံများ၊ ဆုံးမသံများကိုတော့ လှမ်းနားစွင့်နိုင်ပါသည်။ ခေါင်းဆောင်ကောင်းဟူသော ဝေါဟာရသည် အပြောလွယ်သလောက် ရွာလည်တတ်သော ကိစ္စလည်းဖြစ်ရာ အဆင်မသင့်လျှင် သူတစ်ပါးအား ခေါင်းဆောင်မှု ပေးရင်းပေးရင်း မိမိကိုယ်တိုင်၏ ဘဝလမ်း ပျောက်ဆုံးသွားတတ်သည်ဖြစ်ရာ မရှုံးသောခေါင်းဆောင်မှုများကို ပြုနိုင်ကြစေရန် ဆန္ဒပြုလိုက်ရပေသည်။
Ref: How Will You Measure Your Life? By Clayton M Christensen
လွင်အံ့
No comments:
Post a Comment