ဒါပေမယ့် ကျွန်တော်ဟာ Tablet တို့ Smart phone တို့သုံးတာမဟုတ်တဲ့အတွက် ခရီးသွားတဲ့အခါမတော့ FaceBook ကနေ ခွာခွင့်ရပါတယ် ။ အဲလိုခွာခွင့်ရတဲ့ အခါလောက်မှသာ စာအုပ်ဖတ်ဖြစ်ပါတော့တယ် ။ ဒါနဲ့မနေ့က ဘုန်းကြီးကျောင်းကိုသွားရင်းနဲ့ လမ်းမှာဖတ်ရအောင် “ သူရဇ္ဇ ” မဂ္ဂဇင်း ဝယ်ဖြစ်ခဲ့ပါတယ် ။ အဲဒီထဲက စာရေးဆရာစုံ ရေးတဲ့ဆောင်းပါးလေးတွေဖတ်ရင်းနဲ
ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့မှာ ရဲအဖြစ် ဝင်ရောက်လုပ်ကိုနေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုး က ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ….ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤ သည် မရွေး ရေးလိုက်ပါ့မယ် ။
ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်မား ကြံ့ခိုင်မှု့ ပြယုဂ် သာဓဂ တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်
အစ်ကို -
အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်
ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။ ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်းတစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။ ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်း
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်
ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
၁ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။
၂ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည် အဆောက် အအုံများသည် ယိုင်းရိုင်သွားသော်လည်း ပြိုမကျ ။
၎ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်
၆ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင်
၇ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။
၈ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံြး
၉ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။
ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁
Credit: Ko Aung Soe
http://www.facebook.com/notes/
No comments:
Post a Comment