“ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊
ကိုယ်ရွေးချယ်ထားတဲ့ပွဲကို
ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင်
အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး ”
(ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့မိခင်…

++++++++++++++++++

“ သေသေချာချာ ကြည့်သမီး၊
မြို့လယ်ကွက်လပ်ကို ရောက်အောင်သွားနိုင်တဲ့လမ်းဟာ
တစ်လမ်းတည်းမဟုတ်ဘူး၊
အများကြီးရှိတယ်။
လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ၊
သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို
ဒီလမ်းက သွားလို့မရရင်
နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် ”
( အယ်လဆာရှီယာပရယ်လီရဲ့ဖခင်…)

++++++++++++++++++

ငါ့သား အမြဲမှတ်ထား၊
ဘယ်လုပ်ငန်းပဲ လုပ်လုပ်
ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊
ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင်
နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု ထပ်ချရမယ်။
( ဒိုနယ်ကင်းဘဲလ်ရဲ့ဖခင်…)

++++++++++++++++++

“ သားရဲ့မျှော်လင့်ချက်၊
ယုံကြည်ချက်တွေ၊
စိတ်ကူးယဉ်အိပ်မက်တွေကို
ဘယ်အရာ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက်၊
မဆုံးရှုံးပါစေနဲ့သား ”
(ရပ်ဖ်ဘန့်ခ်ျရဲ့မိခင် )

++++++++++++++++++

ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို
ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေမယ့် လှေကား ထစ်တွေ အဖြစ်
ပြောင်းလဲပစ်နိုင်ရမယ်သား၊
ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို
ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ် ”
( အက်စတက်စ်ကီးဖော်ဗားရဲ့မိခင် )

++++++++++++++++++

“ အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ
ဆုံးဖြတ်ချက် တွေ အလျင်စလိုမချမိအောင် ထိန်းနိုင်ခြင်းပဲသား၊
ပြဿနာတစ်ခုကြုံရင် ပထမဆုံးသေသေချာချာစဉ်းစား၊
ပြီးတော့မှ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ ”
( ဖီးလ်မာရှယ် အလက်ဇန္ဒရို့စ် ပါပေဂို့စ်ရဲ့ဖခင်… )

No comments:
Post a Comment