ကရုဏာဆိုသော
စကားကို အဘိဓာန်က သနားကြင်နာခြင်းဟူ၍ အဓိပါယ်
ဖွင့်ပါသည်။ သနားသည်ဆိုတာလောက်နှင့် ကရုဏာဆိုသော
အဓိပါယ်သည်
မလုံလောက်သေးပါ။ ကရုဏာ၏ သဘောသဘာဝ မပေါ်လွင်သေးဟု ကျွန်တော်ထင်ပါသည်။
သူတစ်ပါး၏ ဒုက္ခ၊ သူတစ်ပါး
၏
ဝေဒနာကို မျှဝေခံစားခြင်းဆိုလျှင် ပိုပြီး နီးစပ်လိမ့်မည်
ဟုထင်ပါသည်။ သို့ သော် စဉ်းစားစရာတော့ ရှိပါသေးသည်။ ဒုက္ခဝေဒနာသည်
မျှ
ဝေ၍ရသော
အရာလော၊ မျှယူခံစားရသော အရာလော၊ မျှယူ၍ ရသည်ဆိုလျှင် မည်သို
့ယူမည်နည်း။ သူတစ်ပါး ဒုက္ခကို မျှယူခံစားသောသူ
ဆိုသည်မှာ
မည်သို့ သော သူမျိုးနည်း။
1)
ကရုဏာ သမားသည်
ကိုယ်ချင်းစာစိတ်ရှိရမည်။
2)
ကရုဏာသမားသည်
သတ္တိလည်းရှိရမည်။
3)
ကူညီတတ်သော အလေ
့အကျင့်လည်း ရှိရမည်။
ဥပမာ-
မိမိသွားသော လမ်းခရီးတစ်ခုတွင် လူတစ်ယောက်ကို ဓားပြများက
ဝိုင်းဝန်းနှိပ်စက်၍ ဒဏ်ရာများဖြင့် လဲနေသူကို မြင်တွေ
့သည့်အခါ
မိမိကိုယ်တိုင်
ဒဏ်ရာဖြင့် လဲနသကဲ့ သို့  ကိုယ်ချင်းစာစိတ်ဖြစ်မိပြီး
လူတစ်ယောက်လဲနေသလို မမြင်ဘဲ ဒုက္ခရောက်နေသူတစ်ဦးအဖြစ် မိမိ
ကိုယ်တိုင်
ဒုက္ခရောက်နေသကဲ့ သို့  ကိုယ်ချင်းစာမိခြင်းကို ဆိုလိုပါသည်။
ဒဏ်ရာဖြင့်လဲနေသူကို မြင်လျှင် ဘေးမှ ကွေ့ ရှောင်သွားသူအား
လုံးသည်
သနားကြင်နာစိတ် ကင်းမဲ့ သူများချည်း မဖြစ်နိုင်ပါ။
သနားစိတ်ဝင်နိုင်ပါသည်။သို့ သော် သူတို့ သည် ဘာမှန်းမသိသော
ကိစ္စတစ်ခု
တွင်
ပါဝင်ပက်သက်ရမည်ကို ကြောက် သဖြင့် ပြဿနာ တစ်ခုခု ဖြစ်မည်ကို
စိုးရိမ်ပူပန်တတ်ကြသည်။ ထိုကြောက်စိတ် စိုးရိမ်စိတ်များက
တားဆီးထားသဖြင့်
သူတို့ ၏ သနားကြင်နာခြင်းသည် ကူညီခြင်း အဆင့်သို့ မရောက်ဘဲ
ရင်ထဲစိတ်ထဲမှာပင် ပျက်ပြယ်သွားကြသည်။ ထို့ အ
တွက်
ကရုဏာသမားသည် သတ္တိလည်းရှိရမည်။ လမ်းဘေးမှာ ဒဏ်ရာနှင့်လဲနေသူအား
မဆိုင်းမတွ ကူညီသူသည် ကိုယ့်ကိစ္စပမာ တာဝန်ယူ
ဆောင်ရွက်သူသည်
ထိုသူနှင့်တွေ့ မှ ရုတ်တရက် ကူညီသူမဖြစ်နိုင်ပါ။ ထိုသူသည် ရောက်လေရာ
အရပ်မှ လူတကာကို ကူညီတတ်သည့် အ
လေ
့အထ ရှိခဲ့ သူတစ်ယောက် ဖြစ်မည်ဟု မှန်းဆနိုင်ပါသည်။ ဆင်းရဲ
စုတ်ပြတ်သူအား အ၀တ်အထည်ပေးကမ်းခဲ့သူမျိုး၊ လမ်းဘေးက ကျော
က်တုံးကို
ဘေးသို့  ဖယ်ရှားပေးခဲ့သူမျိုး၊ သက်ကြီးရွယ်အိုတွေ့ လျှင် ဖေးမ
ခေါ်ငင်တတ်သူမျိုးဖြစ်ရမည်။ အသေးအဖွဲများကို ကူညီလေ့ ရှိသူ၊
မသေးမဖွဲသော
ကိစ္စရပ်များကို လည်း နှောင့်နှေးခြင်းမရှိ ခဲ့ သူဖြစ်သည့်အတွက်
အခုလို လမ်းဘေးဒဏ်ရာရသူကို ရဲရဲဝံ့ဝံ့ ကူညီနိုင်သူဖြစ်သ
ည်။ ထို
့ကြောင့် ဒုက္ခရောက်သူအပေါ် ကိုယ်ချင်းစာနာတတ်သည့် စိတ်ဓာတ်၊
လုပ်စရာရှိသည်ကို ရဲဝံ့စွာ လုပ်ဆောင်တတ်သော သတ္တိနှင့်သူ
တစ်ပါးတို့ အား
ကူညီတတ်သော အလေ့အထ တို့ သည် ကရုဏာရှင်၏ အရည်အချင်းများဖြစ်သည်ဟု
ဆိုချင်ပါသည်။ သို့ သော်ထိုအရည်အ
ချင်းများသည်
အလွန့် အလွန် ထူးချွန်သော သူများမှ ရှိသည့် ရှားပါးသော အရာများ
မဟုတ်ပါ။ လူတိုင်းကိုယ်စီ ထိုအရည်အသွေး အနည်းနှင့်
အများ ဆိုသလို
ရှိတတ်ကြပါသည်။ ထိုအခြေခံရှိရင်းစွဲ အရည်အသွေးများကို တိုးပွားအောင်
ကြံဆောင် လေ့ကျင့်လျှင် လူသားတိုင်း ကရုဏာ
ရှင်များ
ဖြစ်လာနိုင်ပါသည်။ ကရုဏာ ရှင်များလွှမ်းမိုးသော ပတ်ဝန်းကျင်သည်
ငြိမ်းချမ်း သာယာနေပါသည်။ ထိုပတ်ဝန်းကျင်မျိုး၌ ကျင်လည်
ရသောလူတို
့၏ဘ၀သည်လည်း မည်မျှ သက်သာ လွယ်ကူမည်နည်း။ ကရုဏာလွှမ်းသော
ပတ်ဝန်းကျင်ဖြစ်ရန် ကျွန်တော်တို့ က စတင်၍ က
ရုဏာစိတ်မွေးမြူ
ဖြန့် ချိပါ။ ကူညီတတ်သော အလေ့ အကျင့် ပြုစုပျိုးထောင်ပါ။ ကရုဏာ
စိတ်သည် ကျွန်တော်တို့ ၏ ကိုယ်စိတ်နှစ်ဖြာကို ရွှင်
လန်းကျန်းမာခြင်း
ဖြစ်စေပါလိမ့်မည်။ လူအများအား ကရုဏာထား ကူညီလျှင် အများ၏ ကရုဏာနှင့်
ကူညီမှုကို တုံ့ ပြန်ရရှိလိမ့်မည်။ ကရုဏ
ာစိတ်သည်
ပျံနှံပွားများတတ်သော သဘောရှိပါသည်။
ကရုဏာစိတ်သည် ထားကောင်းသော အရာဖြစ်ပြီး ကရုဏာစကားတစ်ခွန်းသည်
ကြားရသူအတွက် အလွန်တန်ဖိုးကြီးပါသည်။ စင်စ
စ်ကရုဏာ တရား၏
စွမ်းအားသည်အလွန်ကြီးမားလှပါသည်။ ပိုမို လေးနက်အောင်ပြောရလျှင်
ကရုဏာတရားသည် ကမ္ဘာလောကကြီး ကော
င်းသောဘက်သို့ 
ပြောင်းလဲအောင် အစဉ်တွန်းပို့ မောင်းနှင်လျက်ရှိသည်။
ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းခြင်း၊
ကျောက်မီးသွေးတွင်းများနှင့်
အခြားပင်ပန်းဆင်းရဲသော
လုပ်ငန်းများတွင် ကလေးသူငယ်များအား အလုပ်ခိုင်းစေမှုကို
ပိတ်ပင်တားမြစ်ခြင်းတို့ သည် ကရုဏာတရားက စခဲ့
သည့်
ကောင်းကျိုးပြု လုပ်ငန်းများဖြစ်သည်။ ကရုဏာစိတ်လှုံ့ ဆော်မှုဖြင့်ပင်
အယ်ဘတ်ရွိုက်ဇာ သည်ဆေးပညာသင်ကြားကာ အာဖရိက အ
ခေါင်အဖျားဒေသမှ
ဂီလာနတို့ ထံသူ၏ ဘ၀ကို သွားရောက်မြှုပ်နှံခဲ့ သည်။
ကရုဏာစိတ်ကြောင့်ပင် ဟင်နရီဒူးနန့် နှင့်
ဖလော်ရင့်နိုင်တင်ဂေး
တို့ သည်လည်း
ကြက်ခြေနီလုပ်ငန်း၊ သူနာပြု လုပ်ငန်းများကို စတင်ထူထောင်ခဲ့ကြသည်။
၎င်းတို့ ၏ကရုဏာစိတ် မြင့်မားမှုဖြင့် မာသာထရီဇ
ာကဲ့သို့ သော
စေတနာရှင် သူတော်စင်အမြောက်အများ ထပ်ဆင့်ပေါက်ဖွားခဲ့သည်။ ယနေ
့ကမ္ဘာနိုင်ငံအများအပြား၌ လှုပ်ရှားဆောင်ရွက်လျ
က်ရှိသည့်
လူမှုဖူလုံရေး လုပ်ငန်များ၊ ကယ်ဆယ်ထောက်ပံ့ရေး အသင်းများ၊
ကုသိုလ်ဖြစ် ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ ကလေးဂေ
ဟာများ
စသည့်လူသားချင်း စာနာမှုလုပ်ငန်းများကို ရေတွက်ကြည့်လျှင် ဤကမ္ဘာ၌
ကရုဏာတရား ကရုဏာစိတ် တို့ ၏ လုပ်ငန်းများ မည်မျှ
တွင်ကျယ်နေပြီး
ကို သိသင့်ပေသည်။ ကျွန်တော်တို့ ၏ ပတ်ဝန်းကျင်၌ ကြည့်လျှင်
သူတစ်ပါးပေါ်ထားသည့် ကရုဏာတရားကြောင့် မိမိစိတ်
ချမ်းမြေ့ မှု
ခံစားရသူတွေ အများအပြားတွေ့ နိုင်ပါသည်။ ခိုကလေးများကို အစာကျွေးသူ၊
ငါးကလေးများကိုရေပြင်ကျယ်သို့  လွှတ်ပေးသူ၊ သူ
ဆင်းရဲဒုက္ခိတ
အားတစ်ကျပ်တစ်ပြား စွန့် ကြဲသူတို့ သည် ကရုဏာနှင့် ကြည်နူးမှုကို
အလဲအလှယ်လုပ်ကြသူများဖြစ်သည်။ ကရုဏာတရား
ကြီးမားမှုကြောင့်
ဘ၀အဆင့်မြင့်တက်သူများရှိပါသည်။ ဟင်နရီဖော့ဒ်၊ ရော့(က)ဖဲလား စသည့်
သူဌေးကြီးများသည် သူတို့ ပိုင်ဆိုင်သည့်မြော
က်များစွာသော
ငွေကြေးတို့ ကို လူသားထုအကျိုးပြုရန် ကရုဏာရှေ့ ထား၍ လှူဒါန်းသွားခဲ
့ခြင်းဖြင့် ဥစ္စာဓနရှာဖွေကြသူများ အဖြစ်မှ ပရဟိ
တသမားကြီးများအဖြစ်
သို့ တိုးမြင့်လာခဲ့ ကြပါသည်။ မြန်မာအမျိုးသမီးစေတနာရှင်
ဒေါ်ဥိးစွန်းသည် သက်ကြီး ရွယ်အိုများအား မိမိ၏ ကွယ်
လွန်သူမိဘများနှင့်
ထပ်တူ ကရုဏာသက်မိရာမှစ၍ ဘိုးဘွားရိပ်သာများကို ထူထောင်ခဲ့ ပါသည်။
မန္တလေးပိုးကုန်သည် အပျိုကြီး ဘ၀ဖြင့်မ
ထင်မရှားကွယ်လွန်သွား
ရမည့် ဒေါ်ဦးစွန်းသည် ကရုဏာ အရင်းခံလုပ်ရပ်ကြောင့် မြန်မာ့ ဗုဒ္ဒဘာသာ
ဘိုးဘွားရိပ်သာများ၏ မိခင်ကြီးအဖြစ်
သမိုင်းတွင်လျက်ရှိပါသည်။
အထက်ပါ လူပုဂ`ဂိုလ်များကို အတူယူပြိး ကျွန်တော်တို့ သည်လည်း ထို
ကဲ့သို့ မလုပ်နိုင်ရင်တောင် ကိုယ်တတ်
နိုင်သည့်ဘက်မှ
ကိုယ်နိုင်သည့်ဝန်ကို ထမ်းရွက်သွားသင့်ပါသည်။ ရှေ့ မှ ဖောက်ခဲ့သော
လမ်းကို ပိုမိုချောမွေ့ ကောင်းမွန်းအောင် ၀ိုင်းဝန်းထိန်
သိမ်းကြရန်မှာ
ကျွန်တော်တို့ အားလုံး၏ တာဝန်ပင်ဖြစ်သည်။
အလင်းရောင်ချစ်သူ
satan*heart
No comments:
Post a Comment