
ငါ့အဖေက ဘယ်ဟာမဆို အကုန် သိတယ် ...

အဖေဟာ အရာအားလုံးကိုတော့ မသိနိုင်ပါလား ...

ကျွန်တော်တို့ ခေတ်က အဖေတို့ ခေတ်နဲ့ မတူတော့ဘူးလေဗျာ ...

အပိုတွေကွာ ...
အဖေကလည်း ရှေးဟောင်းပစ္စည်းကြီး ကျနေတာပဲ ....

အသက် ၂၁ နှစ် -
အဘိုးကြီးကတော့ ဘာမှသိတာလည်း မဟုတ်ပဲနဲ့ ....

အသက် ၂၅ နှစ် -
အဖေက ဒါတွေလည်း သိနေပါလား...
အေးလေ သူ့အသက်အရွယ်နဲ့ ဒါမျိုးသိတာ မဆန်းပါဘူး ....

အသက် ၃၀ -
ဒီကိစ္စနဲ့ ပါတ်သက်ပြီး အဖေ့ဆီက အကြံလေး ဥာဏ်လေး တောင်းရင် ကောင်းမယ် ...

အသက် ၃၅ -
နောက်ဆို ဘယ်ကိစ္စပဲဖြစ်ဖြစ် အဖေ့ကို မတိုင်ပင်ပဲ မလုပ်တော့ဘူး ...

အသက် ၅၀ -
အဖေသာဆိုယင် ဘယ်လိုများလုပ်မလဲ မသိဘူး ....

အသက် ၆၀ -
အဖေဟာ တကယ့် ပညာရှိ တပါးပဲ ...
ဒါကို ငါဘယ်တုန်းကမှ အလေးမထားခဲ့မိဘူး ...
အဖေ့ကို ရှိနေစေချင်သေးတယ် ...
ဒီလိုသာဆို ငါ အဖေ့ဆီက အများကြီး လေ့လာသင်ယူနိုင်ဦးမှာပဲ ...
No comments:
Post a Comment