Thursday, January 12, 2012

"အဆိုအမိန့်လေးတွေပါ"

ဘ၀မှာအလွယ်တကူ လွဲချော်သွားနိုင်တဲ့ နည်းနှစ်နည်းရှိတယ်။ ဘာမဆိုယုံတာနဲ့ ဘာကိုမျှ မယုံတာ။
နှစ်နည်းစလုံးကြောင့် လူမှာ အစဉ်းစား အဆင်ခြင် ကင်းတတ်တယ်။
ရှေ့ရေးနဲ့ ပတ်သက်လာရင် မနေ့က အမြင်လောက် ဟောင်းအိုလွယ်တာ မရှိဘူး။
ကမ္ဘာက ဖွံ့ဖြိုးပြီး အရင်းအမြစ်တွေက ဆထမ်းပိုး တိုးလာနေတယ်။ ကျွန်တော်တော့ လွန်ခဲ့တဲ့ အနှစ်တစ်ရာက ရှင်ဘုရင် ဧည့်ခံ ထမင်းစားပွဲ
တက်မယ့် အစား ဒီကနေ့ တိုလီမိုလီ ရောင်းတဲ့ အိမ်ဆိုင်ကလေးထဲသာ ၀င်သွားလိုက်ချင်တယ်။

ဘ၀ဆိုတာ အတော်ရယ်ဖို့ကောင်းတယ်ဗျ။ အကောင်းဆုံးကလွဲရင် ဘာမှ လက်မခံဘူးလို့ ခင်ဗျား ငြင်းကြည့်၊ အဲ . . ရရောဗျို့ ခဏ . .ခဏ။
စိတ်သဘောချင်း နှီးနှောဖို့ ကိစ္စမှာ စာတွေက အနမ်းတွေ ထက်သာတယ်။
အကုန်ယူလို့ ရပါတယ်။ တစ်ခါတည်းတော့ ဘယ်အကုန်ယူလို့ ရပါ့မလဲ။
ကိုယ့်ကိုရယ်ရအောင် လုပ်ပေးတဲ့ လူအနားမှာ အရူးတစ်ပိုင်း ဖြစ်မနေပါစေနဲ့။
အကျင့်စာရိတ္တဆိုတာ အလုံးစုံ ပွင့်လန်းတဲ့ သစ္စာပန်း။
အမှန်အတိုင်း ပြောတတ်တာရဲ့ အကျိုးကျေးဇူးကြီး တစ်ခုကတော့ ပြောတဲ့သူဟာ အင်မတန် သေချာသထက် သေချာလာတတ်တယ်။
မိတ်ဆွေ မိမိပျော်ရွှင်နေဖို့မလိုဘူး။ မိမိပြုလုပ်ပေးလိုက်လို့ သူတစ်ပါးပျော်ရွှင်သွားလျှင် မိမိပါအလိုလို ပျော်ရွှင်လာပါလိမ့်မည်။
စိတ်ကူးစိတ်သန်း သုံးတာဟာ လူ့ဘ၀မှာ ဘယ်နေရာမဆို တကယ်တမ်းသွားလို့ ရတဲ့ အချိန်တစ်ချိန်ပါ။
အမြင်ဆိုတာ ဘာလဲ။ အောင်မြင်ရမယ့် အနာဂတ် တစ်ခုကို မဖြစ်မနေ ဖန်တီးထားတဲ့ ပုံရိပ်ပဲ။
အသက်ရှည်ရှည် နေရဖို့ ဆိုတဲ့ စိတ်ကူးက လူတိုင်းကို ဆွဲဆောင်ပေမဲ့ သက်ကြီး ရွယ်အိုဖြစ်ဖို့ ဆိုတဲ့ စိတ်ကူးကျတော့ ဘယ်သူ့ကိုမှ မဆွဲဆောင်နိုင်ပြန်ဘူး။ ရှေ့နောက်မညီတဲ့ လောကဆိုတာ ဒါပေါ့။
သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက် မှန်သမျှရဲ့ ထက်ဝက်ဟာ ၂၀ ရာစုထဲမှာ ဖြစ်ခဲ့တာပါ။ ဖန်တီးမှုက အရှိန်မြင့်တက်လာနေတယ်။
အရှိန်မြင့်နှုန်းဆိုတာတောင်မှ အရှိန်မြင့်မြင့်နဲ့ ပေါ်ပေါက်နေလေရဲ့။

ကမ္ဘာကြီး မီးသင့်ပြီး ပျက်မလား၊ရေခဲပြီး ပျက်မလား စဉ်းစားနေစရာ မလိုပါဘူး။ ဖြစ်နိုင်တာ နှစ်ခုရှိသေးတယ်။ တစ်ခုက စာနဲ့ပေနဲ့ရုံးဆန်တာ၊
နောက်တစ်ခုက ခေတ်နောက်ပြန် ဆွဲတာ။

အပြောင်းအလဲဆိုတာ တကယ်တော့ ဘ၀အတွက် လိုအပ်ချက် မဟုတ်ဘူး။ အပြောင်းအလဲ ဆိုတာကိုက ဘ၀ပဲ။
လူဆိုတာ သူသူငါငါ လှည့်လည် စူးစမ်းရသူပါ။ တံခါးကို ကြည့်ရုံသာကြည့်နေပြီး မဖွင့်ဘဲ ထားရင် ဘ၀မှာဘယ်လိုလုပ် နေလို့ထိုင်လို့ ရပါ့မလဲ။
ဘ၀ဆိုတာ သြချယူရလောက်အောင် ပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။
ကမ္ဘာက အကျယ်ကြီးပါ။ ကျုပ်ဘ၀ကို အဟုန်အဖြစ် ပြောင်းပစ်နိုင်တဲ့ အချိန်မှာ ပွတ်အားနဲ့ ဖြုန်းမပစ်နိုင်ဘူး။
ဘ၀မှာ အရေးပါတဲ့ လုပ်ဆောင်ချက်မှန်ရင် ပညာသားပါပါ မှန်းဆရတဲ့ သဘောရှိတယ်။ အင်မတန်ရခဲတဲ့ အခွင့်အရေးတွေကို အင်မတန်ရခဲတဲ့
အောင်ပွဲတွေ ဖြစ်သွားဖို့ အားကိုးနိုင်လောက်အောင် ဘာသာပြန်ပစ်ရမယ်။

လူတွေဘယ်ပုံ လှုပ်ရှားကြသလဲ။ အဲဒါလှုပ်ရှား မှုနဲ့ ရေးပြတဲ့ သူတို့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိပဲ။
ကျွန်တော်တို့အားလုံး နုနယ်တဲ့ ချည်မျှင်လေးတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ ထိုးထားတဲ့ ဇာပန်းကွက်တွေကျတော့ လက်ရာမမြောက်လား။
အက်စ်ကီးမိုး အနုပညာရှင်တွေ ဆင်စွယ်ပန်းပုထုရင်း ပြောပြတာကတော့ ဘာပုံထုဆစ်မယ် ဆုံးဖြတ်ပြီးမှ သူတို့ စ, လုပ်တာမဟုတ်ဘူး။
"အထဲမှာ ဘာရှိမလဲလို့ မှန်းကြည့်တာ" တဲ့။ ပန်းပုထုရင်း၊ တဖြည်းဖြည်း သူတို့တွေ့လာတယ်။ တွေ့အောင်ရှာပါ၊ ထုတ်ပြပေးပါဆိုပြီး စောင့်နေတဲ့ဟာက အထဲမှာပဲ။

(ဇေယျာဟိဏ်း)

No comments: