တန်ဖိုး ဆိုတာ လွယ်လွယ်ကြည့်ရင်တော့ ဘာမှမဟုတ်သလိုပါပဲ။ သေသေချာချာ စဉ်းစားပြီးကြည့်ရင် ဘယ်လိုမှရှောင်လွှဲ ပစ်ပယ်လို့မရတဲ့ အရာပါ။ တန်ဖိုးကို ကျွန်တော်နားလည်သလောက် အဓိပ္ပါယ်ဖွင့်ဆိုကြည့်တာ သက်ရှိတွေအပေါ် အကျိုးပြုခြင်း၊ အထောက်အကူပေးခြင်း လို့ထင်မိပါတယ်။
တန်ဖိုးဆိုတာ
အမျိုးမျိုးရှိပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုး၊ မိသားတစ်စုရဲ့တန်ဖိုး၊
ရပ်ကွက်တစ်ခုရဲ့တန်ဖိုး၊ မြို့တစ်မြို့ရဲ့တန်ဖိုး၊ ပြည်နယ် ( သို့ ) တိုင်း
တစ်ခုရဲ့တန်ဖိုး၊ နိုင်ငံတစ်နိုင်ငံရဲ့တန်ဖိုး စသည်တို့ပေါ့။ ဒါတွေကတော့
လူသားအချင်းချင်း အကျိုးပြုတာနဲ့ သက်ဆိုင်ပါတယ်။
ဥပမာ။ ။ လူတစ်ယောက်ရဲ့တန်ဖိုးကို ကြည့်ရင် လူတစ်ယောက်က တစ်ခြားလူတစ်ယောက်၊ မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံ
စသည်တို့ကို ရုပ်ပိုင်း
နဲ့ အကျိုးပြုတာလား၊ စိတ်ပိုင်းနဲ့အကျိုးပြုတာလားဆိုပြီး
တန်ဖိုးတွေထွက်လာပါတယ်။ ရုပ်ပိုင်းနဲ့
စိတ်ပိုင်း နှစ်မျိုးပေါင်းမှ တကယ်စစ်မှန်တဲ့ တန်ဖိုး ( လူတစ်ယောက်ရဲ့တန်ဖိုး ) ဆိုတာဖြစ်လာတာပါ။
ရုပ်ပိုင်းဆိုင်ရာ ကောင်းနေပြီး စိတ်ဓါတ်ပိုင်းမှာ ကောက်ကျစ်နေရင် ဒါမှမဟုတ် စိတ်ဓါတ်ပိုင်းက ကောင်းနေပြီး
ရုပ်ပိုင်းဆိုင်ရာက ကြမ်းတမ်းခက်ထန်နေရင် အတုအယောင် တန်ဖိုးပဲရမှာပါ။ ရေရှည်မတည်မြဲပါဘူး။
ဒါကတော့လူတစ်ယောက်ရဲ့တန်ဖိုးပါ။
ကျန်တဲ့ ရပ်ကွက်၊ မြို့၊
နိုင်ငံ စတာတွေကတော့ လူတစ်ယောက်ထဲနဲ့ မဖြစ်နိုင်ပါဘူး။ လူအများစုပေါင်း
ညီညွတ်မှသာ သူတို့ရဲ့တန်ဖိုးက ပေါ်လွင်ရတာပါ။ Group တစ်ခုမှာလဲ အတူတူပါပဲ
အဖွဲ့ဝင်များရဲ့ စည်းလုံးညီညွတ်မှု၊ လုပ်ဆောင်မှုတွေပေါ်မူတည်ပြီး
တန်ဖိုးအဆင့်ဆင့် ထွက်လာရတာပါ။ ဒါကတော့ စဉ်းစားတွေးခေါ်တတ်တဲ့
လူတွေရဲ့တန်ဖိုးပါ။
အဲနောက်ပြီး
တိရိစ္ဆာန်တွေမှာလဲ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ ကျွဲ၊ နွား၊ မြင်း၊ဆင် ကအစ
ခွေး၊ ကြောင် အဆုံး သူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ ဒါကတော့ လူသားတွေ
အသက်ရှင်ဖို့ အကျိုးပြုလို့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သက်ရှိဖြစ်ပြီး
မလှုပ်ရှားနိုင်တဲ့ အပင်တွေပါပဲ။ အပင်တွေကတော့ မလှုပ်ရှားနိုင်ပေမယ့်
လူတွေအသက်ရှင်ဖို့ လုပ်ဆောင်ပေးလို့ အပင်တွေရဲ့တန်ဖိုးကလဲ မနည်းပါဘူး။
ဘယ်အရာမဆို အနည်းနဲ့
အများတန်ဖိုးရှိကြပါတယ်။ အကျိုးပြုရင် ပြုနိုင်သလောက်ပေါ့။ ဒါပေမယ့်
ပေါင်း၊မြက် စသည်တို့လို အသုံးမဝင်တာတွေတော့ ရှိတာပေါ့။ လူတွေမှာလဲ ပေါင်း၊
မြက်တို့လို အသုံးမဝင်တဲ့ အမှိုက်တွေလဲ ရှိတတ်ကြပါတယ်။ အဲဒါတွေနဲ့
လိုက်တုနေရင်တော့ တန်ဖိုးက မတက်လာတဲ့အပြင် ယုတ်လျော့ဖို့ပဲရှိပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့
ပြောပြလိုတာကတော့ လူသားအားလုံး သတ်မှတ်ထားတဲ့၊ အရေးအကြီးဆုံးလို့
သတ်မှတ်ထားတဲ့ " ငွေ " ပါပဲ။ အမှန်တကယ် " ငွေ " ရဲ့တန်ဖိုးက
လူသားအချင်းချင်း ဆက်ဆံရေးပြေပြစ်ဖို့၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး
အဆင်ပြေဖို့ စသည်တို့ အတွက် ကြားခံ ပစ္စည်း အနေနဲ့ထားရှိတဲ့ အရာဝတ္ထုတစ်ခုပါ။
" ငွေ " ကတန်ဖိုးမရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ် " ငွေ " ရဲ့တန်ဖိုး ကလဲ
အဓိကကျပါတယ်။ ဒါကို လူအများစုက " ငွေ " မှတန်ဖိုးရှိတယ်ဆိုပြီး " ငွေ "
နောက်ကို လောဘ တကြီးလိုက်ရင်းနဲ့ တကယ်လိုအပ်တဲ့ တန်ဖိုးတွေကို
မေ့လျော့နေတတ်ကြပါတယ်။
လူတစ်ယောက်ရဲ့တန်ဖိုးကို မြှင့်တင်ပေးနိုင်တဲ့ ပုံစံတစ်ချို့ကိုတင်ပြပေးလိုက်ပါတယ်။
ပြုံးပါ ..... အချိုသာဆုံး အပြုံးလေးနဲ့ ထာဝစဉ်ပြုံးပါ။
ပြောပါ ..... အညင်သာဆုံး စကားလေးကို အမြဲတမ်းပြောပါ။
လုပ်ပါ ..... အကောင်းမွန်ဆုံး၊ အမွန်မြတ်ဆုံး အလုပ်ကိုလုပ်ပါ။
ကြည့်ပါ ..... သံသယကင်းတဲ့ မျက်လုံးလေးနဲ့ လောကကြီးကို ဖြန့်ကျက်ကြည့်ပါ။
လျှော်ပါ ..... စိတ်အညစ်အကြေးတွေကို အချိန်တိုင်း လျှော်ဖွတ်ပေးပါ။
အများကြီးပါပဲ။ ဒါတွေက ခက်ခဲတဲ့
အလုပ်မဟုတ်ပါဘူး။ အဲဒီ မခက်ခဲတဲ့ အလုပ်ကိုနေ့စဉ်ပြုလုပ်ပေးနေမယ်ဆိုရင်
မိမိရဲ့ တန်ဖိုးက တဖြည်းဖြည်း တက်လာမှာပါ။
မှတ်ချက် ။ ။ ယခုစာရေးသူ ကျွန်တော် သုဝဏ် ကလဲ တန်ဖိုးရှိတဲ့သူမဟုတ်သေးပါဘူး။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်
ကြိုးစားပြီး စတင်လျှောက်လှမ်းဆဲပါ။
တန်ဖိုးအရှိဆုံး လူသားအဖြစ် ရပ်တည်နိုင်ကြပါစေ။
No comments:
Post a Comment