တစ်ခါတုန်းက...တောမီးအကြီးအကျယ်လောင်နေချိန်မှာ
ငှက်ကလေးတစ်ကောင်ကရေကန်မှာတစ်ကိုယ်လုံး
ရေစွတ်ပြီးမီးလောင်တဲ့နေရာကိုသွားဖြန်းပါတယ်။
ကျန်တဲ့သတ္တ၀ါတွေ အဝေးကိုထွက်ပြေးနေချိန်မှာ
အဲဒီ ငှက်ကလေးကထွက်မပြေးဘဲ ရေကန်နှင့်တောမီးလောင်နေတဲ့နေရာကို
ခေါက်တုန့်ခေါက်ပြန်သွားလိုက်၊
လာလိုက်နဲ့ မီငြှိမ်းတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ်နေပါတယ်။
မိုးနတ်မင်းကြီးကနားမလည်နိုင်အောင်ဖြစ်နေတာနဲ့ ငှက်ကလေးကိုမေးတာပေါ့။
“ငှက်ကလေး ဘာလုပ်နေတာလဲ?”
ငှက်ကလေးက “မီးငြှိမ်းနေတာ မတွေ့ဘူးလား”လို့ပြန်ဖြေသတဲ့။
မိုးနတ်မင်းကြီးက“ ရီဖို့ကောင်းလိုက်တာ...ဟား...ဟား...။ မင်းလိုအကောင်သေးသေးလေးက ဒီလောက်ကြီးတဲ့
တောမီးကိုငြှိမ်းတော့ရော ငြိမ်းမတဲ့လား”
ငှက်ကလေးက “မီးငြိမ်းတာ၊မငြိမ်းတာကငါ့အလုပ်မဟုတ်ဘူး၊ မီးလောင်တာတွေ့ရင်မီးငြှိမ်းရမဲ့တာဝန်က
ငါ့တာဝန်ပဲ၊ ဒါ့ကြောင့်ငါမီးငြှိမ်းနေတာပေါ့။” ဟုပြောပြီးရေကန်ကိုသွားပြီးတောင်ပံကိုရေစွတ်၊
မီးလောင်တဲ့နေရာသွားပြီး မီးငြှိမ်းတဲ့အလုပ်ကိုဆက်လုပ်နေပါတယ်။
နောက်ဆုံးမှာတော့...မိုးနတ်မင်းကြီးဟာမနေသာတော့ဘဲ မိုးရွာပေးလိုက်ပါတော့တယ်။
တောမီးလောင်တဲ့သတင်းကို အတူကြည့်ကြရင်း တာဝန်မဲ့စကား၊ ပြောတဲ့မိတ်ဆွေကြောင့်ဒီပုံပြင်လေးကိုမျှဝေဖြစ်သွားခဲ့ပါတယ်။
“တာဝန်သိရင် ဘယ်နေရာမှာမဆို...တာဝန်ရှိပါတယ် ”လို့ ငှက်ကလေးကညွှန်ပြနေပါတယ်။ တာဝန်သိပြီးတာဝန်ယူတတ်တဲ့ပုဂ္ဂိုလ်တွေကြောင့် လောကကြီးဟာလှပနေတာပါ။ တတ်နိုင်တာ၊မတတ်နိုင်တာတေ၊ွ
ဖြစ်နိုင်တာ....မဖြစ်နိုင်တာတွေကအရေးမကြီးလှပါဘူး။ တကယ်အရေးကြီးတာက.....
လုပ်စရာရှိတာကိုစိတ်စေတနာကောင်းထားပြီး တာဝန်သိသိ လုပ်သွားဖို့ပါ။ လူကြီးမင်းကရော.....ဘယ်လိုမြင်ပါသလဲ။
သိပါရစေလားခင်ဗျာ။
တာဝန်သိတဲ့ပုဂ္ဂိုလ်တွေများသထက်များပါစေ။

No comments:
Post a Comment