Thursday, January 26, 2012

ခရီးရှည်ကို ဖြတ်သန်းခြင်း



AddThis Social Bookmark Button
သဘောတရားများသည် မရှိမဖြစ် အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောက၌  သဘောတရားမရှိဘဲ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုပတ်ဝန်းကျင်နှင့် ဆက်စပ်ပြီး မိမိ၏နေရာကို မပြုလုပ်နိုင်။ ကျွန်ုပ်တို့ အသက်မရှင်သန်နိုင်။
ကားလ်ပိုပါ (၁၉၀၂-၁၉၉၄)

၂၀ ရာစု၏ အထင်ကရ လူမှုနိုင်ငံရေးဒဿနိကဗေဒပညာရှင် ကားလ်ပိုပါးသည် The Open Society and its Enemies စာအုပ်တွင် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းအတွက် အဓိကရန်သူမှာ အာဏာရှင်စနစ်ဖြစ်ပြီး ပြည်သူများအနေဖြင့် သွေးထွက်သံယိုကင်းသော၊ အကြမ်းဖက်နှိပ်စက်မှုများမရှိသော လစ်ဘရယ်ဒီမိုကရေစီစနစ် လက်ခံရမည်ဟု ရေးသားခဲ့သည်။ 


ဥရောပတိုက် အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများသည် တစ်ပါတီအာဏာရှင်စနစ်၏ လက်အောက်ကျရောက်ခဲ့ကြရသည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသည့်အခါတွင် အရှေ့ဥရောပနိုင်ငံမှ ပြည်သူများသည် လွတ်လပ်ပွင့်လင်းသော လစ်ဘရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေး လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၇ မှ ၁၉၈၉ ခုနှစ်အထိ ဟန်ဂေရီနိုင်ငံသည် ကွန်မြူနစ်စနစ်အောက် ကျရောက်ခဲ့သည်။ ၁၉၄၈ မှ ၁၉၅၆ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ခန့် သုတ်သင်ခံရပြီး လူတစ်သိန်းခန့် အကျဉ်းကျခံခဲ့ရသည်။ ဒီမိုကရက် များ၊ လွတ်လပ်သောတွေးခေါ်ရှင်များမှာ ပြည်ပနိုင်ငံရှိ အကျဉ်းစခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ ဆိုဗီယက်လက်အောက်ခံဘ၀ကို မကျေနပ်သဖြင့် ၁၉၅၆ ခုနှစ်တွင် တော်လှန်ရေးတစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ၀ါဆောအဖွဲ့ဝင်နိုင်ငံအဖြစ်မှာ ယာယီနုတ်ထွက်ခဲ့သည်။ ၀န်ကြီးချုပ်အင်မရီနာဂီက ပါတီစုံစနစ် အသက်သွင်းရန် ကြိုးပမ်းမှုက အရာမထင်။ ဆိုဗီယက်နှင့် ဟန်ဂေရီထောက်လှမ်းရေးများက ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူများကို ပစ်ခတ်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံအနှံ့ဆန္ဒပြပွဲများ ပေါ်ထွက်လာခဲ့သည်။ ဆိုဗီ ယက်ကျူးကျော်မှုကို မကျေနပ်သည့်  ပြည်သူများက ဆိုဗီယက်တင့်ကားများကိုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆိုဗီယက်တပ်များနယ်စပ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
သို့သော် ၁၉၅၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် ဆိုဗီယက်တို့က တပ်ဖွဲ့ဝင် ၁၅၀,၀၀၀ နှင့်တင့်ကား ၂၅၀၀ ဖြင့် ၀င်ရောက်ခဲ့ကြသည်။ လူထုအုံကြွမှုတွင်ပါဝင်သော ပြည်သူ ၂၀ç၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ပြည်သူတစ်သန်းခန့်သည်လည်း နေ ရပ်ကို စွန့်ခွာခဲ့ကြသည်။ ဆိုဗီယက် ရုပ်သေးရုပ်အစိုးရအဖွဲ့က ဆန္ဒပြပွဲ၌ပါဝင်ခဲ့သော ဒီမိုကရက်များ၊ လစ်ဘရယ်များ၊ သဘောထားပျော့ပျောင်းပြီး ပြုပြင်ပြောင်းလဲရေးလိုလားသော ကွန်မြူနစ်များအပါအ၀င် လူပေါင်း ၂၁,၆၀၀ ခန့်ကို အကျဉ်း ကျခံစေခဲ့သည်။ လူ ၄၀၀ ခန့် သေဒဏ်ကျခံစေသလို တရားဥပဒေနှင့်အညီ ရွေးချယ်ခံထားရသော ၀န်ကြီးချုပ်နာဂီကို သေဒဏ်ချမှတ်ခဲ့၏။ ၁၉၈၀ ဇွန်လတွင် ဟန်ဂေရီနိုင်ငံရေးအခြေနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ ၁၈၄၈ ခုနှစ် တော်လှန်ရေးကို အစိုးရရုံးပိတ်ရက်ဟု သတ်မှတ်လိုက်၏။ အတိုက်ခံနိုင်ငံရေးသမားများနှင့် ပြည်သူ ၇၅,၀၀၀ ခန့်သည် ဘူဒါပတ်မြို့ လမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။ ၀န်ကြီးချုပ် ကာရိုလီဂရော့ဇ်သည် ဂေါ်ဘာချော့ဗ်နှင့် မော်စကိုမြို့တွင် တွေ့ဆုံပြီး ဟန်ဂေရီနိုင်ငံရေးများကို ဆွေးနွေးခဲ့ကြ၏။ ပါတီစုံစနစ်ဦးတည်နေသည့် ဟန်ဂေရီနိုင်ငံကို မော်စကိုက ၀င်ရောက်မစွက်ဖက်ရေး ဆွေးနွေးကြခြင်းဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေးနှင့် ပါဝါပြောင်းလဲ ရေးကိစ္စကို ခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
၁၉၈၉ ခုနှစ်မှာပဲ ၁၉၅၆ ခုနှစ်က သတ်ဖြတ်ခံခဲ့ရသော ၀န်ကြီးချုပ် နာဂီရုပ်အလောင်းကို သူရဲကောင်းရင်ပြင်တွင် ပြောင်းရွှေ့မြှုပ်နှံခဲ့သည်။ ပြည်သူ ၂၅၀,၀၀၀ ခန့်တက်ရောက်သည့်ဂုဏ်ပြုပွဲ၌ အသက် ၂၆ နှစ်အရွယ်ရှိ ဗစ်တာအိုဘန်က ဆိုဗီယက်တပ်များ ဟန်ဂေရီနိုင်ငံမှ ရုပ်သိမ်းရန် ကြွေးကြော်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် မတ်လတွင် လွတ်လပ်သောရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ တစ်ချိန်က အာဏာရပါတီဖြစ်ခဲ့သော ဟန်ဂေရီဆိုရှယ်လစ် အလုပ်သမားပါတီသည် ပါတီစုံစနစ် ရွေးကောက်ပွဲတွင် ဟန်ဂေရီဆိုရှယ် လစ်ပါတီဟု အမည်ပြောင်းလဲလိုက်သလို ဆိုရှယ်ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမည်ဟု ကြွေးကြော်ခဲ့သည်။ ပြည်သူလူထုက နာမည်ပြောင်းထားသော အာဏာရပါတီဟောင်းကို လက်မခံဘဲ ဗဟိုလက်ယာဟန်ဂေရီ ဒီမိုကရက်တစ်ဖိုရမ်ပါတီကို ရွေးချယ်ခဲ့ကြသည်။ တတိယအင်အားစုဟုဆိုရမည့် လွတ်လပ်သောဒီမိုကရက်များ ညီညွတ်ရေးပါတီကမူ ပြုပြင်ပြောင်းလဲရေးကို လျင်မြန်စွာလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ပါတီသုံးခုစလုံးသည် အနောက်ကမ္ဘာနှင့်ပူးပေါင်းရေး၊ ဈေးကွက်စီးပွားရေးကျင့်သုံးရေးတို့ကို လက်ကိုင်ထားကြသည်။


သဘောတရားများသည် မရှိမဖြစ်အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောက၌ သဘောတရားမရှိဘဲ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပတ်ဝန်းကျင်နှင့်ဆက်စပ်ပြီး မိမိ၏နေရာကို မပြုလုပ်နိုင်။ ကျွန်ုပ်တို့ အသက်မရှင်သန်နိုင် . . .
၁၉၉၄ ရွေးကောက်ပွဲတွင်မူ ကွန်မြူနစ်ဟောင်းများဖြင့်ဖွဲ့စည်းထား သော ဟန်ဂေရီဆိုရှယ်လစ်ပါတီ အ နိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာ သည်။ သို့သော် ဟန်ဂေရီနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေးနှင့်စီးပွားရေး သည် အခြားဥရောပနိုင်ငံများနှင့်နှိုင်း ယှဉ်လျင်နိမ့်ကျနေသည်။ လက်ရှိဝန် ကြီးချုပ်ဖီဒက်ဇ်သည် မေလ ၂၀၁၀ မှစတင်၍အာဏာရယူခဲ့သည်။ အစိုး ရသည် ဒီမိုကရက်တစ်စံနှုန်းများမှ သိသိသာသာသွေဖည်နေကြောင်း နိုင်ငံတကာနှင့်ပြည်တွင်းရှိအတိုက်ခံ နိုင်ငံရေးသမားများက ဝေဖန်လျက် ရှိသည်။ အထူးသဖြင့် သတင်းလွတ် လပ်ခွင့်ကို ပိတ်ပင်တားဆီးမှုများ သည် မီဒီယာဥပဒေချိုးဖောက်မှုဖြစ် ကြောင်း ဝေဖန်ခြင်းခံနေရသည်။ ရှစ်နှစ်တာမျလက်ဝဲသမားများ၏အုပ် ချုပ်မှုခံခဲ့ရသော ဟန်ဂေရီနိုင်ငံသည် အကျင့်ပျက်ခြစားမှုများဒဏ်၊ နိုင်ငံ ရေးအခွင့်ထူးခံများ၏စီးပွားရေးလော ကကိုခြယ်လှယ်နေသည့်ဒဏ်ကိုခံနေ ရသည်။ ပြည်သူလူထု၏ဘ၀မှာတိုး တက်မှုမရှိ။ အလုပ်လက်မဲ့နှုန်းက လည်း ၁၁ ရာခိုင်နှုန်းရှိနေသည်။

ဟန်ဂေရီဒီမိုကရေစီမှာ အပြန်အလှန် ထိန်းကျောင်းမှုမရှိ။ အစိုးရသည် ဗဟိုဦးစီးစနစ် ကျင့်သုံးနေသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှားမှ ပူတင်အုပ်ချုပ်မှု ပုံစံအတိုင်းတုပနေသည်ဟု အတိုက်ခံနိုင်ငံရေးသမားများက ထောက်ပြကြသည်။ ဤစွပ်စွဲချက်များသည် ရာနှုန်းပြည့်မှန်ကန်ပြီဟု မဆိုနိုင်သေး။ ဖီဒက်ဇ်သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ပြီးမှ အနိုင်ရသူဖြစ်သည်။ အတိုက်ခံနိုင်ငံရေးသမားများကို ထောင်သွင်းအကျဉ်းချခြင်းမရှိ။ ရိုက်နှက်ခြင်းမရှိ။ ပြည်သူ လူထု လွတ်လပ်စွာ ဆန္ဒပြခွင့်ကိုပြုထားသည်။ သို့သော် လစ်ဘရယ်အသံလွှင့်ဌာနကို ပိတ်ပင်မည့်အနေထား၊ လူများကြိုက်နှစ်သက်သော အွန်လိုင်း သတင်းဌာနကို ပိတ်ပင်မည့်အခြေနေတို့သည် မီဒီယာလွတ်လပ်ခွင့်ကို ထိပါးသည့်လုပ်ရပ်ဖြစ်နေသည်။

ဝန်ကြီးချုပ် ဖီဒက်ဇ်လျောက်ရမည့်ခရီးက ရှည်လွန်းနေသည်။ ဖီဒက်ဇ်နှင့် အာဏာရပါတီသည် ပါဝါကို အမြစ်တွယ်အောင် လုပ်ဆောင်နေသည့်အချက်ကို ဟန်ဂေရီပြည်သူများနှင့် နိုင်ငံတကာအ၀န်းအ၀ိုင်းက အလေးနက်ထား စောင့်ကြည့်လျက်ရှိနေသည်။

Ref; The Long march of Fidesg Karl Popper; The  Open Society and its Enemies.

Eleven media group မှ ကူးယူဖော်ပြပါသည်။ 

No comments: