ကျွန်တော်နှင့် ကဲကုလပ်စ်သင်္ချာ
ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ ဟာ ငယ်ငယ်လေးတည်းက ပညာရပ်တွေ သင်ကြားခဲ့ကြရတယ် ။ တချို့ပညာရပ်တွေ ၊ သီအိုရီတွေက လက်တွေ့ မှာအသုံးချနိုင်တယ် ။ တချို့ ပညာရပ်တွေ သီအိုရီတွေ ကတော့ တွေ့မြင်နေရတဲ့ ပတ်ဝန်းကျင်နဲ့ဆက်စပ်ကြည့်လို့မရဘူး ။ အဲဒီချိန်ဆိုရင် ကျွန်တော်တို့ အများဆုံး သိချင်တဲ့မေးခွန်းက ကျွန်တော်တို့ဘာကြောင့် ဒီပညာရပ်ကိုလေ့လာရတာပါလဲ ဆိုတဲ့မေးခွန်းပါပဲ ။ ဆရာသမားတွေကိုမေးကြတယ် ။ ကျွန်တော်တို့လိုချင်တဲ့အဖြေရသည်လည်းရှိတယ် မရသည်လည်းရှိတယ် ။ အဲဒီတော့ကျွန်တော်တို့စိတ်ထဲမှာထင်လာတယ် ။ အဲဒီပညာရပ်တွေကို စာမေးပွဲအတွက်တင်ပဲ ကျွန်တော်တို့လေ့လာကြတာလား။ ဒါမှမဟုတ် သင်ရိုးညွှန်းတမ်း ကပြဌာန်း ပေးလိုက်လို့ များ ကျွန်တော်တို့ မဖြစ်မနေသင်နေကြရတာလား ။ နက်နက်ရှိုင်းရှိုင်းစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ ထပ်ကာထပ်ကာ လေ့လာသင်ယူနေခဲ့ရတဲ့ အကြောင်းရာတွေကတကယ်တမ်း လက်တွေ့ မှာရော အသုံးချနိုင်ရဲ့လား။ တချို့ တချို့ သော ကျောင်းသားတွေကတော့ သူတို့ရဲ့ အလုပ်ခွင်ဖြစ်တဲ့ ရူပဗေဒဆိုင်ရာတွေ ၊ ဓာတုဗေဒ ဆိုင်ရာတွေ ၊ စတဲ့သက်ဆိုင်ရာနယ်ပယ်တွေမှာ calculus သင်ခန်းစာတွေကို ကို အသုံးချနေကြပါတယ် ။ ဒါပေမဲ့ အားလုံး နီးပါးဟာ ဘာကြောင့် ဒီပညာရပ်ကို လေ့လာတာလဲဆိုတာ ကို သိရှိပြီးမှ အသုံးချနေကြတာမဟုတ်ပါဘူး ။ အားလုံးအတွက်လည်း ကကုလပ်စ် အကြောင်းသက်သေပြဖို့ မလိုအပ်ပါဘူး ။ ဘာကြောင့် လဲဆိုတော့ ဒီအလုပ်ဟာ သချာင်္ပညာရှင် တွေသာလျှင် လုပ်ရမဲ့အလုပ်လို့ ယုံကြည်နေကြလို့ပါပဲ ။ ဒါဆိုရင်ကျွန်တော်တို့က ဘာလို့များ ကဲကုလပ်စ် အကြောင်းတွေကို လေ့လာနေကြတာလဲ ။
တကယ်တော့ ကဲကုလပ်စ် ဟာ အလုပ်တစ်ခုကိုမဝင်ခင်မှာ အလုပ်ရဖို့အတွက် ကြိုတင်ပြင်ဆင် တဲ့ training course တစ်ခုမဟုတ်ပါဘူး ။ ကွန်ပျူတာဘာသာရပ်တွေလို ဒီဟာကို ဒီလိုလေးလုပ် ဆိုပြီးလိုက်လုပ်ပြီးတက်မြောက်သွားတဲ့ အရာမဟုတ်ဘူး ။ ဒါဝင် ၊ မာ့ခ် ၊ ဗော်လ်တိုင်းရား ၊ ဒေါ့စတော့ရဗ်စကီး တို့ လို အတွေးအခေါ်ပိုင်းနဲ့ဆက်စပ်ပြီး လေ့လာခြင်းတစ်မျိုးပါပဲ ။ ဒီ အတွေးအခေါ် တွေဟာကျွန်တော်တို့ လူနေမှုဘဝတွေရဲ့ အခြခံအစိတ်အပိုင်းတွေ ၊ ကျွန်တော်တို့ ကမ္ဘာကြီးကို ဘယ်လိုယူဆပုံဖော်သလဲ ၊ ကမ္ဘာ ပေါ် က ကျွန်တော်တို့ရဲ့ နေရာတွေကိုဘယ်လို သိရှိနိုင်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ဆက်စပ်နေပါတယ် ။ ကျွန်တော်တို့ဟာ ကာ့ကုလပ်စ်ရဲ့ သဘောအမှန်ကိုသိနိုင်ဖို့ဆိုရင် ကဲ့ကုလပ်စ်ရဲ့ သမိုင်းကြောင်းကိုလည်းထည့်သွင်းလေ့လာဖို့လိုပါမယ် ။ ပြီးတဲ့အခါမှာ ကာ့ကုလပ်စ်မပေါ်ခင်ကကမ္ဘာကြီးရဲ့အခြေအနေနဲ့ကာ့ကုလပ်စ်ပေါ်ပြိးနောက်ကမ္ဘာကြီးရဲ့အခြေနေတွေကိုနှိုင်းယှဉ်သုံးသပ်ရပါမယ် ။ အဲဒီအခါ မှသာ ကျွန်တော်တို့ ကဲကုလပ်စ် ဘယ်ကဖြစ်လာသလဲ ။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေ ကဲကုလပ်စ်ကို ဘာကြောင့်လေ့လာဖို့လိုသလဲဆိုတာ သဘောပေါက်လာမှာဖြစ်ပါတယ် ။
ကဲကုလပ်စ် ဟာ သချာင်္ရဲ့ အစိတ်အပိုင်းဆိုတော့ သချာင်္အကြောင်းစ ပြောကြည့်ရအောင် ။ သချာင်္ရဲ့ အစက ကုန်သွယ်မှုကလိုဆိုရလိမ့်မယ် ။ ဥပမာ နွားတစ်ကောင်ဟာ ဆိတ် သုံးကောင်တန်ဖိုးရှိတယ်ဆိုပါတော့ ။ နွားလေး ကောင်ဆိုရင် ဆိတ် ဘယ်နှကောင်စာ နဲ့ ညီမျှ မလဲ ။ ဒီသဘောတရားဟာ သချာင်္ရဲ့ အခြေခံ ပေါင်းနှုတ်မြှောက်စား နဲ့ လက်တွေ့ နယ်ပယ်နဲ့ ဆက်စပ်မှုပါ ။ ဂျီသြမေတြီ ဆိုရင်လည်း အမှတ်တွေ ၊ မျဉ်းတွေ ၊ ထောင့် တွေ စတဲ့ အကြောင်းရာတွေနဲ့ တကယ့်လက်တွေ့ဘဝက အဆောက်ဦးတွေဆောက်ရာ မှာ များစွာအသုံး ဝင်ခဲ့ကြပါတယ် ။ ဒါဟာဘာကိုပြသလဲဆိုတော့ လူတွေ ရဲ့ ပတ်ဝန်းကျင်သဘာဝ မှာဖြစ်ပျက် မြင်တွေ့ နေရတဲ့ အရာတွေကနေပြီးသချာင်္ နည်းစနစ်တွေဟာ ဖြစ်ပေါ်လာခဲ့ကြတယ် ၊ အသုံးဝင် ခဲ့ကြတယ် ၊ ဆက်လက် ကျယ်ပြန့်လာခဲ့ကြတယ် ဆိုတာကိုပြောပြနေတာဖြစ်ပါတယ် ။
ရှေးဟောင်း ဂရိပညာရှင်တွေဟာ အတွေးခေါ်မှာ အရမ်းကိုထက်မြက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ စမ်းသပ်အသုံးချမှုမှာတော့အားနည်းခဲ့ကြတယ် ။ ဥပမာ အနေနဲ့ ပြရမယ်ဆိုရင် အရစ္စတိုလ်တယ် ဟာ ငှက်မွှေးထက်ကျောက်တုံး က ပိုပြီးမြန်မြန်ကျတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့တယ် ။ ပြီးတဲ့ ခါမှာ သူ ကောက်ချက်ချလိုက်တာက လေးတဲ့အရာ တွေဟာ ပေါ့ပါးတဲ့အရာတွေထက် အောက်ကိုမြန်မြန်ကျတယ်ဆိုတာပါပဲ ။ စမ်းသပ်အသုံးချမှု မရှိပဲ အတွေးခေါ်ကနေဆင်းသက်လာတဲ့ အရစ္စတိုလ်တယ် ရဲ့ အဲဒီအမြင်ဟာ Air resistance ကို ရှာဖွေ မတွေ့ခင် ချိန်ထိ ရာစုနှစ်တိုင်အောင်တည်တံ့နေခဲ့တယ် ။ အချိန်အတိုင်းတာတစ်ခုထိ မှန်ကန်နေတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ လက်တွေ့စမ်းသပ် အသုံးချမှုရဲ့နောက်ကွယ်မှာတော့ သူ့အယူအဆမှေးမှိန်ခဲ့ရတယ် ။
နောက်ထပ် ကဲကုလပ်စ် ရဲ့ ပုံပြင် ဆန်ဆန် အစိတ်ပိုင်းကတော့ ကာ့ကုလပ်စ်ဟာ နက္ခတ်ဗေဒနှင့် အတူဖြစ်ပေါ်လာတယ်လို့ဆိုပါတယ် ။ လူတွေဟာ လူတွေရောက်ရှိနေရာ နေရာ နဲ့ လူတွေထိန်းချုပ်မှုက လွတ်ကင်းနေတဲ့ အခြေနေတွေမှာ ရှေ့ဖြစ်လာမဲ့ အရာတွေကို ကြိုတင်ဟောကိန်းထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတယ် ။ အမှောင်နဲ့ အေးစက်မှုကိုကြောက်တဲ့လူတွေကိုအမှောင်နဲ့အအေးကိုမကြောက်ပါနဲ့လို့ပြောမဲ့အစား၊နွေးထွေးတဲ့အခါလည်းတလှည့်ပြန်လာဦးမှာပါ ။ အရာရာဟာစက်ဝိုင်းပမာပါ ။ ဖြစ်ပြန်ပျက်ပြန် လောကဓံပေါ့ ၊ အဆိုးတွေလည်းရှိသလို အကောင်းတွေလည်းရှိနိုင်ပါသေးတယ် ။ စတဲ့အားပေးမှုမျိုးကိုပြောသင့်တယ် ၊ အဲလို အားပေးမှု မျိုးကလည်း အကျိုးကျေးဇူးပိုများစေတယ်လို့လူတွေကတွေးခေါ်ခဲ့ကြတယ် ။
ကမ္ဘာကြီးဟာ စင်္ကြာဝဠာရဲ့အလယ်မှာရှိနေတယ် ။ နေ့တစ်နေ့မှာ ဆိုရင် နေမင်းကြီး က အရှေ့ ကနေ ထွက်ပြီးတော့ အနောက်ဘက်မှာပြန်ဝင်သွားတယ် ။ ညတစ်ည မှာဆိုရင် ကြယ်အစုဝေးတွေက အရှေ့ကထွက်ပြီး အနောက်မှာပြန်ဝင်သွားတယ် ။ ကြယ်တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်နွှယ်ပြီးတည်ရှိနေကြတယ် ။ ပြီးတော့ အဲဒီ ကြယ်တွေ ၊ ဂြိုလ်တွေရဲ့ ရွေ့ လျားမှုဟာ တစ်သမတ်တည်းရှိနေတာမဟုတ်ပဲ ရောထွေးနေတယ် ။ နက္ခတ်ဗေဒ ပညာရှင်တွေဟာ ဂြိုလ်တွေရဲ့ ရွေ့လျားမှု ကိုသေချာမှတ်သားပြီးတော့ နောက်လာမဲ့ အနာဂါတ်မှာအဲဒီဂြိုလ်ဟာဘယ်ပုံစံရွေ့လျားမလဲဆိုတာ ခန့်မှန်းကြတယ် ၊ ရွေ့လျားမှုပြောင်းလဲခြင်းနဲ့ပက်သက်ပြီး လူတွေ အပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာလည်း မှတ်သားကြတယ် ။
၁၅၄၃ ခုနှစ်မှာတော့ ကော့ပါးနီးကပ်စ် ဟာ ဂြိုလ်တွေက ကမ္ဘာကိုလှည့်တာမဟုတ်ပဲ၊ နေကိုလှည့် နေတာဖြစ်တယ် ဆိုတဲ့ သူ့ရဲ့ လေ့လာချက် ကိုအသုံးပြုပြီး ဂြိုလ်တွေရဲ့ ရွေးလျားမှုကို ရိုးရှင်းစွာ ရှင်းပြနိုင်ခဲ့တယ် ။ ပြီးတော့ ကမ္ဘာကြီးကိုယ်တိုင်ကလည်းပဲ နေကိုလှည့်နေတာလို့ပြောခဲ့တယ် ။ သူ ရှင်းပြခဲ့တဲ့ ဂြိုလ်တွေရဲ့ ပတ်လမ်းဟာ စက်ဝိုင်းပုံ နီးနီး ဖြစ်ပါတယ် ။ သူ့အယူအဆကို church ကျောင်းက လက်မခံခဲ့ဘူး ။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဖန်းဆင်းတဲ့ ကမ္ဘာမြေဟာ တခြားအရာတွေထက် အရေးပို မပါသလိုဖြစ်နေလို့ ပါ ပဲ ။ အဲဒါကြောင့်လဲကော့ပါးနီးကပ်စ် ကို church ကျောင်းကနေပြစ်ဒဏ်ပေးခဲ့ပါတယ် ။
၁၅၈၀-၁၅၉၇ နှစ်တွေမှာတော့ ဘရာ့ဟဲ နှင့် သူ့လက်ထောက် ကပ်ပလာ တို့ဟာ ပိုမိုတိကျတဲ့ ဂြိုလ်တွေလေ့လာမှု အမြောက်အများပြုလုပ်ခဲ့ကြတယ် ။ ကပ်ပလာ ဟာ အဲဒီလေ့လာချက်တွေကိုအခြေခံပြီးတော့ ၁၅၉၆ ခုနှစ်မှာ ကော့ပါးနီးကပ်စ် ရဲ့ အယူအဆပြင်ဆင်ချက်ကို ထုတ်ပြန်ခဲ့တယ် ။ ကပ်ပလာ ဟာ ဂြိုလ်တွေရဲ့ ပတ်လမ်းဟာစက်ဝိုင်းပုံမဟုတ်ပဲ ဘဲဥပုံလမ်းကြောင်း (ellipses) ဖြစ်တယ်ဆိုတာပြသခဲ့တယ် ။ မြောက်များစွာသော ဂြိုလ်တွေရွေ့လျားမှုနဲ့ပက်သက်ပြီး ရိုးရှင်းပြီး တိကျ တဲ့ နိယာမ ၃ ခုကို ကပ်ပလာ က ထုတ်ပြန်ခဲ့တယ် ။
(၁) နေကိုဦးတည်လည်ပတ်မှုနဲ့အတူ ဂြိုလ်တွေရဲ့ပတ်လမ်းဟာ ဘဲဥပုံဖြစ်တယ် ။
(၂) နေနှင့် ဂြိုလ် တွေကြားမှာ ရှိတဲ့ အကွာဝေးကို ဆန့်ထုတ်ဖို့ အတွက်ပြောင်းလဲတဲ့ ဂြိုလ် ရဲ့ အလျင် ဟာ ပုံမှန်နှုန်း(ကိန်းသေနှုန်း) နဲ့ တိုးတိုးသွားတယ် ။
(၃) ပတ်လမ်းအတွက်ကြာချိန် နှစ်ဆ ဟာ နေနဲ့ ဂြိုလ်ရဲ့ ကြားက ပျမ်းမျှအကွားဝေး ၃ ဆ နဲ့ အချိုးညီတယ်။
ဆိုတဲ့ နိယာမ ၃ ခုဖြစ်ပါတယ် ။
၁၆၀၉ ခုနှစ်မှာတော့ ဂယ်လီလီယို ဟာ စပိုင်ဂလက်စ်(spyglass) ကိုတီထွင်ခဲ့တယ် ။ အဲဒီအချိန်တုန်းကတော့ လူသိများတဲ့ ပစ်စည်းတစ်ခုပေါ့ ။ စပိုက်ဂလက်စ်ကို တယ်လီစကုတ် အနေနဲ့ အသုံးချပြီး ကောင်းကင်ဘုံကို လေ့လာခဲ့ကြတယ် ။ ဂယ်လီလီယို ဟာ သာမန်မျက်စိတွေ နဲ့ မမြင်တွေ့ နိုင်တဲ့ မြောက်များစွာသော နေ ၊ လ ၊ ဂြိုလ် နဲ့ နက္ခတ် တွေကို လေ့လာခဲ့တယ် ။ အဲလို သူ လေ့လာတဲ့အခါမှာ ဂျူပီတာဂြိုလ်ရဲ့ ဂြိုလ်ရံလဟာ ဂျူပီတာဂြိုလ်ကို လှည့်ပတ် နေတာ သူရှင်းရှင်းလင်းလင်းတွေ့ခဲ့ရတယ် ။ ဒီအချက် ဟာ ကိုပါးနီးကပ်စ် ထုတ်ဖော်ခဲ့တဲ့ အရာတိုင်းက ကမ္ဘာကို ချည်းပဲ လှည့်ပတ်နေတာမဟုတ်ဘူးဆိုတဲ့ အယူအဆရဲ့ ရိုးရှင်းခိုင်မာတဲ့ အထောက်ထား ဖြစ်တယ် ။ ကိုပါးနီးကပ်စ် တုန်းကလိုပဲ church ကျောင်း ကနေပြီးတော့ ဂယ်လီလီယို ကိုပစ်ဒဏ်ပေးခဲ့တယ် ။ ဒါပေမဲ့ သူ့ရဲ့အယူအဆကတော့ တစ်ကမ္ဘာ လုံး မှာရပ်တန့်လို့ မရတော့လောက်အောင် တစ်ကြိမ်တည်းပြန့်နှံ့သွားခဲ့တယ်။
ဂယ်လီလီယို ဟာ ကမ္ဘာဆွဲအားနဲ့ ပက်သက်ပြီးတော့လည်း တိုင်းတာနိုင်ဖို့ စမ်းသပ်ခဲ့တယ်။ အရစ္စတိုတယ်လ် ရဲ့ ပိုလေးတဲ့အရာဝထ္ထုက ပေါ့တဲ့ အရာထက် အောက်ကိုမြန်မြန်ကျတယ် ဆိုတဲ့ အယူအဆကိုမှားယွင်းကြောင်း လက်တွေ့ပြသခဲ့တယ်။ သူဟာ အရွယ်စားမတူညီတဲ့ ဘောလုံးလေးတွေကို လျှောဇောက်မှာလှိမ့်ချပြီးတော့ အောက် ကိုကျဖို့ ကြာတဲ့ အချိန်ကိုသေချာ မှတ်သားခြင်း ဖြင့် စမ်းသပ်ခဲ့တယ် ။ နောက်ထပ် ၁၀ ပေါင်ဆီလေးတဲ့ အရာဝထ္ထု ၃ ခုကို မျှော်စင်ပေါ်ကနေ ပစ်ချလိုက်တဲ့အခါမှာ အားလုံးက မြေကြီးပေါ်ကို တချိန်တည်းမှာကျရောက်သွားကြတယ် ။ ထပ်ပြီးတော့ အရာဝထ္ထု ၃ ခုတည်းက ၂ ခုကို ကြိုး တိုတို တချောင်းနဲ့ ဆက်သွယ်ချည်နှောင်ပြီး ပစ်ချလိုက်တဲ့အခါမှာလည်း အရာဝထ္ထုတွေဟာ မြေကြီးပေါ်ကိုအတူတူ ကျသွားကြတယ် ။ နောက် တတိယအကြိမ်မှာတော့ ကြိုးအစား စူပါဂလူး ကိုသုံးပြီးတော့ အရာဝထ္ထု ၂ ခုကို ကော်နဲ့ပူးကပ်ပြီးတော့ ပစ်ချလိုက်တဲ့အခါမှာ နဂို ၁၀ ပေါင်ရှိတဲ့ အရာဝထ္ထု ၃ ခု ဟာ မြေကြီးပေါ်ကိုအတူတူကျသွားကြတယ် ။ ဒါပေမဲ့ ကော်တွေခြောက်သွားပြီဖြစ်လို့ နဂို ၁၀ ပေါင် စီရှိနေတဲ့ အရာဝထ္ထု ၃ ခုကနေပြီးတော့ ပေါင်၂၀ လေးတဲ့အရာဝထ္ထုတစ်ခု နဲ့ ၁၀ ပေါင်လေးတဲ့အရာဝထ္ထု တစ်ခုဖြစ်နေတာကို တွေ့ခဲ့ရတယ် ။ အဲဒါကြောင့်ပဲ ဂယ်လီလီယို ဟာ အရစ္စတိုတယ်လ် ပြောခဲ့တဲ့ ပိုလေး လေး အောက်ကိုမြန်မြန်ကျလေဆိုတဲ့ ယူဆချက်ကို မှားယွင်းကြောင်း ပြောခဲ့တာပဲဖြစ်ပါတယ် ။
အဲလိုနဲ့ပဲ ကာကုလပ်ရယ်လို့ဖြစ်ပေါ်လာမဲ့ အခြေခံအတွေးခေါ်တွေဟာရာစုနှစ်များစွာ လည်ပတ်နေခဲ့တယ် ။ ဒါပေမဲ့ အဲဒီ အယူအဆတွေကို ထုတ်ပြ မဲ့ လူ ၂ ယောက်ထက်ပြီးထွက်ပေါ်လာခဲ့တယ် ။ အဲဒီလူတွေကတော့ နယူတန် (Newton) နဲ့ လစ်ဘနစ်စ် (Leibniz) တို့ပါပဲ။ သူတို့ ၂ ယောက်ဟာ ခေတ်ကာလတစ်ခုတည်းမှာပဲ တစ်ဦးချင်းစီ တစ်နေရာစီမှာ ကာ့ကုလပ်စ်ရဲ့ အခြေခံ သီအိုရီ တွေကို လေ့လာခဲ့တယ် ။ နယူတန် နဲ့ လစ်ဘနစ်စ် တို့ဟာ ကာကုလပ်စ်ကို ၂ ယောက်စလုံးတီထွင်ခဲ့ကြတယ်ဆိုပေမဲ့ နယူတန်ဟာပိုပြီးတော့ လုပ်ဆောင်နိုင်ခဲ့တယ် ။ Derivative ဆိုတာ ပြောင်းလဲတဲ့နှုန်းပါပဲ ။ ကမ္ဘာပေါ်မှာဖြစ်ဖြစ် သမျှ ၊ ရှိရှိသမျှ အရာအားလုံးဟာ အချိန်တိုင်းနဲ့ အမျှ ပြောင်းလဲနေပါတယ် ။ ဒါကြောင့်လဲ derivatives ဟာများစွာအသုံးဝင်လာပါတယ် ။ ၁၆၈၇ ခုနှစ်မှာတော့ နယူတန်ဟာ three law of motion ရွေ့လျားခြင်းနိယာမသုံးမျိုးကို ချပြခဲ့ပါတယ် ။အဲဒီနိယာမတွေကို ရူပဗေဒ ရဲ့ အခြေခံ နိယာမတွေအဖြစ်လည်း လူသိများပါတယ် ။
နိယာမ (၁)
အရာဝထ္ထုတွေပေါ်မှာ သက်ရောက်တဲ့အား (မြေဆွဲအားနဲ့ ပွတ်တိုက်အားမပါဝင်)မရှိဘူးဆိုရင် အဲဒီအရာဝထ္ထုတွေဟာ ပုံမှန် အလျင်(velocity) နဲ့ပဲ ရွေ့လျားနေမယ် ။ (constant speed နဲ့ သူ့ရဲ့ဦးတည်ရာတိုင်းရွေ့လျားနေတာဖြစ်နိုင်သလို ၊ ရပ်နေတာ ၊ ထိုင်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်)
ပထမ နိယာမရဲ့ ဥပမာလေးကြည့်ကြည့်ပါ ။ တကယ်လို့သာ သက်ရောက်တဲ့အား မရှိခဲ့ဘူးဆိုလျှင် ( f=0 ) အချိန် တိုင်းမှာပြောင်းလဲမဲ့ အလျင် (dv/dt) ကလည်း သုညပါပဲ တဲ့ ။
နိယာမ (၂)
အရာဝထ္ထုတစ်ခုပေါ်မှာသက်ရောက်တဲ့အား(f)ဟာ အဲဒီအရာဝထ္ထုရဲ့ အလေးချိန် (m) နှင့် အရှိန်(a) တို့မြှောက်ခြင်းနဲ့ ညီပါတယ် ။
ဒုတိယနိယာမရဲ့သချာင်္ဆိုင်ရာဥပမာလေး ကြည့်ကြည်ပါ ။
အရာဝထ္ထုပေါ်မှာသက်ရောက်တဲ့အားဟာ အဲဒီအရာဝထ္ထုရဲ့ အချိန်တိုင်းမှာပြောင်းလဲသွားမဲ့ linear momentum(p) နဲ့ညီတယ်လို့ ပထမပြောပါတယ် ။ အဲဒီ momentum ဟာ mass times velocity ဆိုတဲ့ (mv) အချိန်တိုင်းမှာဖြစ်ပေါ်ပြောင်းလဲမဲ့ အလေးချိန်နဲ့ အလျင် တို့နှင့် ညီပါတယ် ။
အလျင်သာ အချိန်တိုင်း အချိန်တိုင်းမှာ ကိန်းရှင်အနေနဲ့ ပြောင်းသွားမယ် အရာဝထ္ထုရဲ့ အလေးချိန် (mass) ကတော့ ဒီတိုင်းပါပဲ ။ ဒါကြောင့် f=m dv/dt လို့ ရေးတာပါ ။ အချိန်တိုင်း အချိန်တိုင်း မှာ ပြောင်းလဲမဲ့ အလျင်ဟာ အဲဒီအရာဝထ္ထုရဲ့ အရှိန် ပါပဲ ။ ဒါကြောင့် dv/dt = a ပါ ။ နောက်ဆုံးမှာတော့ ဒုတိယ နိယာမ ဖော်မြူလာဖြစ်တဲ့ f=ma ဆိုတာကို ရလာတာဖြစ်ပါတယ် ။
နိယာမ (၃)
အရာဝထ္ထု ၂ ခုအချင်းချင်းတစ်ခုပေါ်တစ်ခု သက်ရောက်တဲ့အားဟာ ပမဏတူညီပြီးတော့ ဦးတည်ရာ မတူဘူး ။
ဂြိုလ်တွေရဲ့ ရွေလျားမှုကို ရှင်းပြနိုင်ဖို့အတွက်တော့ နယူတန်ဟာ သူ့ရဲ့ အခြေခံ နိယာမ ၃ ခုကနှင့် မြေဆွဲအားနိယာမ ကို ပေါင်းစပ်အသုံးပြုခဲ့ပါတယ် ။
မြေဆွဲအားနိယာမ
အရာဝထ္ထု နှစ်ခု ကြားမှာရှိတဲ့ မြေဆွဲအားဟာ အဲဒီအရာဝထ္ထု နှစ်ခုရဲ့ အလေးချိန်တွေ မြှောက်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပြီးတော့ ၊ အရာဝထ္ထုနှစ်ခုကြားမှာရှိတဲ့ အကွာဝေး ၂ ဆ နဲ့ ပြောင်းပြန်အချိုးကျတယ်။
နယူတန်ရဲ့ နိယာမ တွေဟာ က ကပ်ပလာ နိယာမတွေထက် ပိုမိုရိုးရှင်းပြီးနားလည်ရလွယ်ကူစေပါတယ် ။ ဒါပေမဲ့လည်း အဲဒီ နိယာမတွေဟာ ကပ်ပလာရဲ့ တွေးခေါ်မှု ရလဒ် တွေလို့လည်းဆိုနိုင်ပါတယ် ။
နယူတန်ရဲ့ စကြာဝဠာသဘောဟာ တခါတလေမှာ ချိန်သီးနာရီတွေရဲ့ အလုပ်လုပ်ပုံကဲသို့ဖော်ပြပြီးတော့ ဘာချိန်မှာဘာဖြစ်မယ် ၊ ဘာတွေဖြစ်လိမ့်မယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်နိုင်တယ်လို့ဆိုပါတယ် ။ ကျွန်တော်တို့ ဟာ ဘိလိယက်ဘောလုံးလေးတွေ အချင်းချင်းထိတိုက်ပြီး ဘယ်နေရာကိုရွေ့မယ်ဆိုတာ ကြိုတင်မှန်းဆနိုင်သလိုပါပဲ ။ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ဟာ ဟန်ပန် ၊ သဏ္ဍန်တွေ တူညီမှုကိုကြည့်ပြီးခန့် မှန်းနိုင်ကြတာပါ ။ ဂြိုလ်တွေဟာလည်း ဘိလိယက်ဘောတွေလို ပုံ သဏ္ဍန်တွေ နှင့် ရွေ့လျားမှုတွေ တူညီနေပါတယ် ။
ရုတ်တရက်ဆိုသလိုပဲ အာကာသ မှာရှိနေတဲ့ ရှုပ်ထွေးလှတဲ့ ရွေ့လျားမှုတွေကနေ သချာင်္နည်းစနစ်တွေရဲ့ ရိုးရှင်းတဲ့ ဆင့်ကဲပြောင်းလဲမှုတွေအဖြစ်ပြသနိုင်ခဲ့ပါတယ် ။ ဒါဟာလူသားတွေရဲ့ နားလည်နိုင်မှု ကို ပိုမို ယုံကြည်စေခဲ့တာပါပဲ ။ ကမ္ဘာရဲ့ ပတ်ပတ်လည်ကို ထိန်းချုပ်နိုင်ဖို့ စွမ်းရည်တွေလည်းရရှိစေခဲ့တယ် ။ ကပ်ပလာနဲ့ နယူတန် တို့ရဲ့ တွေ့ ရှိမှုဟာ နက္ခတ် ဗေဒ တစ်ခုတည်းတင်ပြောင်းလဲစေခဲ့တာမဟုတ်ပဲ ၊ စင်္ကြဝဠာနဲ့ပက်သက်ပြီး လူတွေရဲ့ ယူဆချက်အမြင်တွေကိုပါပြောင်းလဲစေခဲ့တယ် ။
နယူတန်ရဲ့ လေ့လာတွေ့ရှိချက်ဟာ ကြီးကျယ်ခမ်းနားပေမဲ့လည်း ပြီးပြည့်စုံသွားတာတော့မဟုတ်ပါဘူး။ နယူတန်ရဲ့ နိယာမ ဟာ မြေဆွဲအား အကြောင်းကို ပြည့်စုံအောင်ရှင်းမပြနိုင်ခဲ့ပါဘူး ။ နယူတန်ဟာ မြေဆွဲအားရဲ့ ပမာဏ ဘယ်လောက်ရှိသလဲဆိုတာ သချာင်္ နည်းအရာ တိတိ ကျကျ ဖြစ်အောင် ကိုတွက်ထုတ်ပြခဲ့ပါတယ် ။ ဒါပေမဲ့ ကမ္ဘာမြေဆွဲအားဘာကြောင့်ဖြစ်စေ သလဲ ဆိုတာကိုတော့ သူရှင်းမပြနိုင်ခဲ့ပါဘူး ။ ကမ္ဘာမြေရဲ့ဆွဲအားဟာဘယ်လိုမျိုးပါလဲ ဂြိုလ်တစ်ခုနဲ့တစ်ခုကြားမှာ ကြိုလိုမျိုးတွယ်ဆက်ပြီး တစ်ခုနှင့်တစ်ခု ဆွဲနေကြတာမျိုးလား ။ သုံးသပ်ကြည့်ရတာကတော့ အဲလိုမဖြစ်နိုင်ပါဘူး ။ မြေဆွဲအားဘယ်လို အလုပ်လုပ်လဲဆိုတာ ယခုခေတ်အချိန်ခါမှာတော့ ပိုသိလာကြပါပြီ ။ ဒါပေမဲ့ နယူတန် ခေတ်တုန်းကတော့ ဒါကိုမသိခဲ့ကြသေးပါဘူး။ဒါကြောင့်လည်းနယူတန် မြေဆွဲအားနိယာမကို ဖော်ထုတ်တဲ့အခါမှာသွယ်ဝိုက်ပြီးထုတ်ခဲ့တာပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ အသုံးပြု နိုင်ဖို့ အတွက်ဆိုရင်တော့ အရာရာ တိုင်းကို ပြီးပြည့်စုံအောင် ရှင်းလင်းဖို့မလိုအပ်လှပါဘူး။ ဒါဟာ နည်းပညာ (technology) နှင့် သိပ္ပံပညာ (Science) တွေအတွက် ဆင့်ကဲ ပြောင်းလဲခြင်းတွေဖြစ်ပေါ်စေတဲ့ အချက်တွေပါပဲ ။
ကဲ့ကုလပ်စ်ဆိုတာလည်း အဲဒီအတိုင်းပါပဲ ။ နယူတန်နဲ့ လစ်ဘနစ်စ် တို့ဟာ ယေဘုယျဖန်ရှင်တွေကိုဘယ်လို derivates လုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိခဲ့ကြပါတယ်။ ဒါပေမဲ့ derivative ရဲ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတော့ တိတိ ကျကျ မပြောပြခဲ့ကြဘူး ။ သူတို့ဟာသူတို့အသုံးပြု ခဲ့တဲ့ သီအိုရမ်တွေကို တကယ်မဖြေရှင်းနိုင်ခဲ့ကြဘူး ။ သူတို့ရဲ့ဖော်ပြချက်တွေဟာရှင်းပြချက်တွေမဟုတ်ဘူး ။ သူတို့ဟာ derivative ကို အလွန်အလွန်သေးငယ်တဲ့ ဂဏန်း၂ ခုရဲ့ စားလဒ် အဖြစ်ပဲ ရှင်းပြခဲ့ကြတယ် ။ (ဥပမာ ..အဲဒီဂဏန်းတွေဟာ အဆုံးဆမရှိ သေးငယ်တယ် ၊ ဒါပေမဲ့ သုညလည်းမဟုတ်ပြန်ဘူး)အဲဒီရှင်းလင်းဖော်ပြချက်ဟာအဲဒီအချိန်ကသချာင်္ပညာရှင်တွေကိုသိပ်ပြီးသဘောမတွေ့စေခဲ့ပါဘူး ။ ဒါပေမဲ့လည်း နယူတန် နဲ့ လစ်ဘနစ်စ် တို့ရဲ့ တွက်ချက်မှု နည်းလမ်းဟာ အဖြေ မှန် ထွက်ဖို့ အတွက်တော့ အမှားထောက်ပြစရာမရှိလောက်ရှင်းလင်းနိုင်ခဲ့ပါတယ် ။
နောင် နှစ်ပေါင်း ၂၀၀ လောက်ကြာပြီးတဲ့နောက်မှာတော့ ဂျာမန် သချာင်္ပညာရှင် ဝဲရာစထရက်စ် (Weierstrass- 1815 –1897) နှင့် ပြင်သစ်သချာင်္ပညာရှင် ကော့ချေ (Cauchy-၁၇၈၉-၁၈၅၇) တို့ ကတော့ ကဲကုလပ်စ်ရဲ့ နည်းစနစ်တစ်မျိုးဖြစ်တဲ့ (epsilons and deltas) ဆိုတဲ့ ပိုကောင်းတဲ့ စနစ် ကို ထုတ်ဖော်နိုင်ခဲ့ပါတယ် ။ ဒယ်လ်တာနဲ့ အပ်စလွန် နည်းကတော့ သေးငယ်တဲ့ ဂဏန်းပမာဏကို လက်တွေပြသနိုင်ဖို့ နည်းစနစ်ပါ ။
၁၉၆၀ ခုနှစ်မှာတော့ ယုတ္တိဗေဒ ပညာရှင် အေဗရာဟမ် ရိုဘင်ဆမ် ဟာ အလွန်တိုတောင်းတဲ့အချိန်ပမာဏလေး(infinitesimals)အာရုံခံဖော်ပြနိုင်မဲ့နည်းလမ်းကိုတွေ့ရှိခဲ့ပါတယ် ။ ဒါသာသချာင်္ဘာသာရပ်ရဲ့ အစိတ်အပိုင်းအသစ်ဖြစ်တဲ့ nonstandard analysis ပါပဲ ။ nonstandard analysis ဟာ calculus တွေ ၊ differential equation တွေ နှင့် ၄င်းတို့နဲ့ဆက်နွှယ်နေတဲ့ အကြောင်းအရာတွေကို နားလည်နိုင်ဖို့ ပိုကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီနည်းလမ်းဟာ ဘယ်လိုပုံစံလဲဆိုတော့ အကြောင်းရာတစ်ခုကို အခြေနေ ၊ ရှင်းပြချက်တွေ နဲ့ သိတာထက် မသိစိတ်ကနေ အလိုလိုသိတဲ့ ၊ ဝမ်းတွင်းသိ အနေနဲ့လက်ခံလိုက်တာမျိုးပါ ။ နယူတန်နဲ့ လစ်ဘနစ်ဇ် တို့ဟာ ကဲကုစ်လဗ် စ် ကို စိတ်ထဲကအနေအလိုလိုသိနေကြတယ်လို့ယူဆလိုက်တာမျိုးပါ။အခြေခံအားဖြင့် တော့ ဒါဟာ infinitesimal approach နှင့် epsilon-delta approach တို့ရဲ့ အကြီးမားဆုံးကွားခြားချက်ပါပဲ ။
Delta-epsilon နည်းလမ်းမှာဆိုရင် ဂဏန်းတွေဟာ သတ်မှတ်တဲ့ အရွယ်အစားတစ်ခုရှိကြတယ်။ တွေးကြည့်မယ်ဆိုရင်ပမာဏတစ်ခုရှိတဲ့ဂဏန်းဟာလုံးဝအသေးငယ်ဆုံးတော့မဟုတ်သေးဘူး။ထပ်ပြီးပြောင်းလဲနိုင်သေးတဲ့သေးငယ်မှုမျိုးပဲ ။ ဥပမာတစ်ခုပေါ့ တစ်ရဲ့ တစ်သန်းပုံပုံ တစ်ပုံ ရှိတဲ့ ပမာဏလေးဆိုပါတော့ ။ အဲဒီဂဏန်းလေးကို အသေးဆုံး ဖြစ်အောင်ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ ။ ဒီဂဏန်းဟာ ပြောင်းလဲသွားမယ် ။ အဲလိုပြောင်း လဲနေတာဟာ montion တစ်ခု action တစ်ခု လို့ဆိုနိုင်မလား ။ ကကုလဗ်စ်ရဲ့ သဘောတရားက အချိန်တိုင်းအချိန်တိုင်း ၊ အရွေးတိုင်းအရွေ့ တိုင်းမှာ ပြောင်းလဲ မှုကိုသိနိုင်ဖို့အတွက် အသေးငယ်ဆုံး ချုံ့ပြီး တွက်ချက်တာ ပါ ။ အသေးငယ်ဆုံးဖြစ်အောင်ချုံ့တဲ့နေရာမှာလဲ ပြောင်းလဲသွားနိုင်တယ် ။
ဒါကြောင့် နယူတန် ၊ လစ်ဗနစ် နဲ့ ရိုဘင်ဆမ် တို့ဟာ လုံးဝ ထပ်သေးစရာမလိုတော့တဲ့ အသေးဆုံး ဂဏန်း infinitesimals အဖြစ် စိတ်ထဲမှာသတ်မှတ်လိုက်တာပါ ။ ဒါဆိုရင် အဲဒီဂဏန်းဟာ ထပ်ပြီး သေးအောင်ပြောင်းလဲဖို့မလိုတော့ပါဘူး ။ ဘယ်လိုလဲဆိုတော့ အသေးငယ်ဆုံးသောဏဂန်း ဒါပေမဲ့ ပမာဏတော့ဖော်ပြလို့ မရဘူးဆိုတဲ့ပုံစံပေါ့ ။ ဒါဟာ သချာင်္ရဲ့ ကြီးမားတဲ့ အစိတ်ပိုင်းသစ်ပါပဲ ။
၁၉ ရာစုနှောင်းပိုင်းမှာတော့ ဂျော့ခန်တား(Georg Cantor) ဟာ infinity ဆိုတဲ့ ဝေါဟာရတစ်ခု နှင့် သူ့ရဲ့ အယူအဆတွေ ကို ထုတ်ဖော်ခဲ့ပါတယ် ။ ခန်းတား ဟာ convergence of Fourier series ကိုလေ့လာခဲ့တယ် ။ အစောပိုင်းသချာင်္ပညာရှင်တွေဟာ တူညီတဲ့ အစုတွေ ပြုပြီးတော့ ပဲ မရေမတွက်နိုင်တဲ့ ဂဏန်း တွေကိဖော်ပြကြတယ် ။ ဒါပေမဲ့ ခန်းတား ကတော့ အဲလောက်နဲ့ရပ်မထားပါဘူး ။ တကယ်လို့ sets တွေမှာ ပါဝင်တဲ့ elements အရေအတွက် (cardinality) သာတူညီခဲ့မယ်ဆိုရင် အဲဒီ set တွေကို အချိုးချပြိးတော့လည်းရေးနိုင်ပါသေးတယ် ။အဲဒီလိုဂျော့ခန်းတား ဟာ infinity set နှစ်ခုကို အချိုးချလိုက်တဲ့ နောက်ပိုင်းမှာ တော့ ကျွန်တော်တို့ မျက်မြင် နဲ့ ရေတွက်နိုင်မဲ့ countable numbers နှင့် အတူ မျက်မြင်နဲ့ ဖော်ပြလို့ မရတဲ့ uncountable numbers တွေပါရှိသေးတယ်ဆိုတာကိုလူတွေ လက်ခံလာကြပါတယ်။
သက်သေပြနိုင်တဲ့ နည်းစနစ်တွေ တိုးတက်လာတာနဲ့ အမျှ သချာင်္ရဲ့ အခန်းကဏ္ဍဟာလည်းပိုပြီးအရေးပါလာခဲ့တယ် ။ ပိုပြီးတော့ လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်လာနိုင်တယ် ၊ ပိုပြီးတော့လည်းတိကျလာကြတယ် ။ ဒီကနေ့ ကျွန်တော်တို့ ရဲ့ သချာင်္အဆင့်အတန်းဟာတော့ အလွန်ကိုမြင့်မားနေပါပြီ ။ ဒါဟာ ဘယ်ကနေဖြစ်ပေါ်လာရသလဲဆိုရင် “ အကြောင်းပြချက် ရှာဖွေခြင်းအတက်ပညာကနေရရှိလာတာပါ ” ။ ရုပ်ပိုင်းဆိုင်ရာ လေ့လာမှုကနေတွေ့ရှိခဲ့တာမဟုတ်ပါဘူး ။ ကျွန်တော်တို့ ဟာ သချာင်္ကို အဆင့်တစ်ဆင့်ချင်းဆီမှာ တိကျတဲ့ အကြောင်းပြချက်တွေရှာဖွေပြီး ဖော်မြူလာတွေထုတ်ခဲ့ကြတယ် ။ အဲ ဒီထုတ်ခဲ့တဲ့ ဖော်မြူလာတွေအတိုင်း လက်တွေ့နယ်ပယ်မှာ အသုံးချခဲ့ကြတယ် ။
ဥပမာ အနေနဲ့ ခဲတံတစ်ခုနဲ့ စာရွက်ပိုင်းတစ်ခုပေါ်မှာ မျဉ်းတစ်ကြောင်းဆွဲလိုက်ပါ ။ အဲဒီစာရွက်ဟာ တစ်လက်မလောက်ပဲရှည်ချင်ရှည်ပါလိမ့်မယ် ။ ပြီးတော့ မျဉ်ရဲ့ အစွန်းတစ်ဖက်ကို 0 လို့ မှတ်ပြီး ၊ နောင်စွန်းတစ်ဖက်ကို 1 လို့ မှတ်လိုက်ပါ ။ အဲဒီမျဉ်းကြောင်းလေးရဲ့ အပိုင်းလေး ဟာ [0,1] ပါ။ ဒါပေမဲ့ နောက် ထပ် မျဥ်းကိုအဆုံးဆမရှိ ဆက်ဆွဲနိုင်ပါသေးတယ် ။အဆုံးအဆမရှိတဲ့ အမှတ်တွေလည်းရှိနေပါသေးတယ် ။ ဒါပေမဲ့ စာရွက်ဟာ ကန့်သတ်ချက်ဖြစ်နေပါတယ် ။ မျက်မြင်ကမ္ဘာ ဟာလည်း စာရွက်အပိုင်းလိုပါပဲ ။ ကျွန်တော်တို့ အမြင်တွေကန့်သတ်မှုတွေ ရှိနေပေမဲ့ အတွေးအခေါ်မျဉ်းတွေတော့ ဆက်ဆွဲ လို့ရနေပါသေးတယ် ။ ဒါပေ မဲ့ အဲဒီအတွေးအခေါ်မျဉ်းတွေကို လက်တွေ့ (မြက်မြင်ကိုယ်တွေ့) ကမ္ဘာမှာ ချပြလို့ရနိုင်အောင် ၊ ရှင်းပြလို့ရနိုင်အောင် ပေါင်းကူးပေးမဲ့အရာ တစ်ခု ရှိနေပါတယ် ။ အဲဒါကတော့ ကျွန်တော်တို့ သင်ကြားခဲ့ရတဲ့ ကာကုလပ်စ် ဆိုတဲ့ အရာကြီးပါပဲ ။
ကနဦးအစ ကကျွန်တော်ပြောခဲ့သလိုပါပဲ ။ ကဲကုလပ်စ် ဟာ ဒါကြီးပါလို့ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့အရာ မဟုတ်ပါဘူး ။ tutorial တွေ ၊ training course တွေလို ဒါ ပြီးရင်ဒါလုပ်ဆိုတဲ့ ပညာရပ်မျိုးလည်းမဟုတ်ပါဘူး ။ဆက်စပ် ဖြစ်ပေါ်လာတဲ့ တွေးခေါ်မှုမျိုးပါ ။ ဒါကြောင့် ကဲကုလပ်စ် မပေါ်ခင် ကစလို့ သချာင်္သမိုင်းအနည်းအကျဉ်းကို အရှည်ကြီးပြောပြခဲ့တာပါ ။ အပေါ်ကစာတွေ ဖတ်ပြီးတဲ့ခါ ကဲကုလပ်စ်ဟာ ဘယ်လိုအရာလည်းအနည်းငယ်သဘောပေါက်မယ်ထင်ပါတယ် ။ (ကျွန်တော့်စာအရေးသားကိုကျွန်တော်သိလို့ နည်းနည်းနားလည်လိမ့်မယ်ထင်တယ်လို့ပြောတာနော် … စာဖတ်သူကိုအထင်သေးလို့မဟုတ်ပါ …း) …. )
ကဲကုလပ်စ် ရဲ့ လက်တင်ဘာသာ အဓိပ္ပါယ်ကတော့ ရေတွက်ရမှာသုံးတဲ့ ကျောက်တုံးအသေးစားလေးလို့ အဓိပ္ပါယ်ရပါတယ် ။ ကဲကုလပ်စ်မှာ Limit , differentiate,integral,infinite စတဲ့အပိုင်းတွေ ပါဝင်ပါတယ် ။ သိုပေမဲ့ အဓိက သဘောတရားကတော့ differential , integral တို့ပါပဲ ။ differential ရဲ့ သဘောကတော့ ကျွန်တော်တို့ အတွေးအခေါ်တွေ ကို တကယ့် လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်နိုင်ဖို့ ချုံ့ ယူလိုက်တာပါ ။ ပြီးတဲ့ အခါမှာ ကျွန်တော်တို့ အငယ်ဆုံးတန်ဖိုးတွေရလာမယ် ။ ဖော်မြူလာတွေ ၊ အီကွေးရှင်းတွေ အဖြစ်ထုတ်ကြမယ် ။ အဲဒီရလာတဲ့ဖော်မြူလာတွေ အီကွေးရှင်းတွေ ကို တခါ ပြန်ပြီးပြောင်းပြန်ပေါ့ ပြန်ချဲ့ ကြည့်ဖို့ ကျတော့ အင်တီဂရိတ်ကိုသုံးပါတယ် ။ ဒါကြောင့် ကျွန်တော် လိုလူပြိန်း အနေနဲ့ မှတ်သားမယ်ဆိုရင်တော့ differentiate ဆိုတာချုံ့ကြည့်တာ ၊ integrate ဆိုတာပြန်ချဲ့ ကြည့်တာ ပါပဲ (တကယ် တိတိကျကျ လေ့လာမယ်ဆိုရင်တော့ ဒီထက်ပိုနိုင်ပါတယ် ၊ ကျွန်တော် ကသဘောတရားကိုပဲ ဆိုလိုတာပါ ) ။
ကဲကုလပ်စ် ကိုဘယ်နေရာတွေမှာ သုံးလဲ ။ သဘောတရား ကတော့ သိပ္ပံ ပညာ ရဲ့ နယ်ပယ်စုံမှာ သုံးတယ်လို့ ဆိုရပါ့မယ် ။ ဘာရည်ရွယ်ချက်နဲ့ သုံးလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ မျက်မြင် မတွေ့ နိုင်တဲ့ အရာတွေကို လက်တွေ ပြသဖို့ နဲ့ ကျွန်တော်တို့ လက်တွေ့ မကြုံရသေးတဲ့ အခြေနေတွေကို တိကျမှန်ကန်တဲ့ နည်းလမ်းတွေ နဲ့ ကြိုတင်ခန့်မှန်းနိုင်ဖို့ပါပဲ ။ ဥပမာ ပေါ့ ကားတစ်စီးက တစ်မိနစ်ကို ၁၀ မိုင် ခရီးရောက်တယ်လို့ ဆိုပါတော့၊ မိုင် ၁၀၀ ဆို အချိန်ဘယ်လောက်နဲ့ မောင်းနိုင်မလဲ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းလို့ရပါပြီ ။ အလားတူ ကဲကုလပ်စ် သဘောတရား တွေ နဲ့ ပဲ ကမ္ဘာကြီးဟာ speed ဘယ်လောက်နဲ့ နေကိုလှည့်ပတ်နေသလဲ ၊ ကမ္ဘာ ရဲ့ နေကိုပတ်တဲ့ ပတ်လမ်းဟာ ဘယ်လောက် အတိုင်းတာရှိသလဲဆိုတာကို ကျွန်တော်တို့လူတွေသိနိုင်ခဲ့တာပါ ။ ကမ္ဘာ ကြီးအပြင်ဘက်ကို လူတွေ ထွက်ပြီး ၊ ကမ္ဘာကြီး ပတ်တဲ့လမ်းအတိုင်း နေကို ပတ်ချာလှည့်တိုင်းလို့ သိခဲ့ကြတာမဟုတ်ဘူး ။ နောက် Control systems တွေ တည်ဆောက်ရာ ၊ အာကာသယာဉ်တွေ ၊ လေယာဉ်တွေ တည်ဆောက်ရာ မှာ လူကိုယ်တိုင်လိုက်ပါ စမ်းသပ်မယ်ဆိုရင် မလိုအပ်ပဲ လူတွေ အသက်တွေဆုံးရှုံးမယ် ၊ အရင်းနှီး များကြီးပေးဆပ်ရနိုင်တယ် ။ အဲဒီ အချိန်တွေမှာ ဘာလုပ်လဲ ကဲကုလပ် ကိုသုံးပြီး mathematical model တွေ တည်ဆောက်တယ် ၊ ကွန်ပြူတာနဲ့ visualized လုပ်ပြီးတော့ simulation တွေ လုပ်ကြည့်မယ် ။ တိကျ ၊ မှန်ကန်တဲ့ရလဒ်တွေထွက်လာတဲ့အခါမှ လက်တွေ့မှာတည်ဆောက်တယ် ။ ဒါဆိုရင် ဆုံးရှုံးမှုလည်းနည်းမယ် ၊ မြန်လည်းမြန်ဆန်မယ် ။ ဒါတွေ ဟာ ကဲကုလပ်စ် ကနေရလာတဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ် ။
ကဲဗျာ ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ကျောင်းသားတွေ ၊ ဗဟုသုတရှာဖွေသူတွေအနေနဲ့ ကဲကုလပ်စ်ကို ဘာကြောင့် သင်နေကြရလဲ ၊ လေ့လာနေကြရလဲ ၊ ကဲကုလပ်စ် ဆိုတာဘာလဲ ၊ ကဲကုလပ်စ်ရဲ့ သဘောသဘာဝကရောဘာလဲ ၊ ကဲကုလပ်စ်ကို ဘယ်နေရာတွေမှာအသုံးချလဲ ဆိုတာ ဗဟုသုတရကြလိမ့်မယ်လို့ထင်ပါတယ် ။ ကျွန်တော်ဟာ သချာင်္ပညာရှင်မဟုတ်တဲ့အတွက် ကျွန်တော့ရေးသားမှုမှာ အမှားတွေပါကောင်းပါနိုင်ပါတယ် ။ ဒါပေမဲ့ ပညာရပ်တစ်ခုအတွက် ဗဟုသုတလေး ရသွားတယ်ဆိုရင် ကျွန်တော်ရေးသားရကျိုးနပ်တယ်လို့ခံယူပါတယ် ။ ကဲကုလပ်ကိုလက်တွေ့ အသုံးချမှု နဲ့ ဆက်စပ်တာလေးတွေတော့ အချိန်ရရင် ထပ်ရေးသားပါဦးမယ် ။
by ၇ုပ်ဆိုး
ကိုးကား
http://wikimyanmar.co.cc/wiki/index....80%95%E1%80%B9
http://www.math.vanderbilt.edu/~sche.../whystudy.html
http://en.wikipedia.org/wiki/Calculus
http://www.calculus.org/

No comments:
Post a Comment