သင်ခန်းစာ(၁)
စွန်ရဲတစ်ကောင် သစ်ပင်အမြင့်မှာ ထိုင်နေသည်..။
ယုန်တစ်ကောင်သစ်ပင်အောက်ရောက်လာပြီးမေးသည်...
”ကျွန်တော်လည်း ခင်ဗျားလိုဘာမှမလုပ်ပဲ ထိုင်နေလို့ရမလား စွန်ရဲကြီး”
“အေး...ရတာပေါ့ကွာ”
မကြာမီ ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေးထိုင်နေသောယုန်ကို မြေခွေးတစ်ကောင်က အလွယ်တကူ ကိုက်ဝါးသွားလေသည်..။
သင်ခန်းစာယူရမှာကတော့
သင်ခန်းစာ (၂)
ငှက်ကလေးတစ်ကောင်အပျံသင်ရင်း အောက်ပြုတ်ကျလာတယ်..
အတောင်နာနေတဲ့အပြင်ဆောင်းရာသီဖြစ်နေတော့ အေးခဲနေတဲ့မြေပြင်မှာ လှုပ်မရဖြစ်နေတယ်။
အဲဒီအချိန်မှာ ငှက်ကလေးအပေါ်ကို နွားတစ်ကောင်က ချေးပါချလိုက်တယ်...
ငှက်ကလေးက စိတ်ဆိုးပေမယ့် နွားချေးရဲ့ အပူငွေ့ကြောင့် သက်သာလာလာတော့ သီချင်းအော်ဆိုမိတယ်..
ငှက်ကလေးအသံကြားတော့ ကြောင်ကြီးက ငှက်ကလေးကိုချေးထဲက ဆွဲထုတ်ပြီး စားလိုက်တယ်..
သင်ခန်းစာယူရမှာက
(၁) သင့်အပေါ်ချေးပါချသူတိုင်းသင့်ရန်သူမဟုတ်
(၂) ချေးထဲရောက်နေချိန်မှာ အသံတိတ်နေပါ
(၃) သင့်ကို ချေးပုံထဲက ဆွဲထုတ်သူတိုင်း ကယ်တင်ရှင်မဟုတ်ပါ..။
ဖတ်ဖူးတဲ့ ဆောင်းပါးထဲက မှတ်မိသလောက် ပြန်ရေးထားတာပါ။ (ဆူးငယ်)
No comments:
Post a Comment