Saturday, January 7, 2012

လျစ်လျူ မရှုသင့်သော HEART ATTACK လက္ခဏာ (၇) ခု

Heart attack လက္ခဏာတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် မတူညီ ကြ ပါဘူး။ ကျွန်ုပ်တို့ ထင်မှတ်ထားသလို Heart attack ရခဲ့ရင် ရင်ဘတ်ပေါ် ဆင်ကြီး တစ်ကောင် ဖိပြီး ထိုင်ထားသလိုမျိုး ခံစားရတာဟာ အမျိုးသမီးတွေမှာ ထက် အမျိုးသားတွေမှာ အဖြစ်များ တတ် ပါတယ်။ အမှန်မှာတော့ Heart attack ဖြစ်နေတဲ့ အမျိုးသမီးတွေ ရဲ့ ၄၃ ရာခိုင် နှုန်းဟာ ရင်ဘတ်မှာ နာကျင်မှု မရှိကြပါဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး တွေအနေ နဲ့ အမျိုးသားတွေ လောက် အရေးပေါ်ဌာနကို မြန်မြန်သွားလေ့ မရှိဘဲ သူများကို ဒုက္ခ မပေးချင်တာ ကြောင့် အချိန်စောင့်လေ့ ရှိကြပါတယ်။
ဒါဟာ အသက်အန္တရာယ် ရှိပါတယ်။ သင်ဟာ Heart attack ဖြစ်နေတာကို သုံးနာရီ အတွင်း ကုသခဲ့ရင် အသက်ရှင်နှုန်း ၂၃ ရာခိုင်နှုန်း ရှိပြီး တစ်နာရီ အတွင်း ကုသနိုင်ပါက အသက်ရှင်နှုန်း ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် သင့်မှာ အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။

၁။ ရင်ဘတ်မအောင့်ခြင်း

ရင်ဘတ်မှ ဆုပ်ဆွဲပြီး ဖိထားသလိုမျိုး မဖြစ်ဘဲ နောက်ကျော အပေါ်ပိုင်း ပခုံး၊ လည်ပင်း ဒါမှမဟုတ် မေးရိုးမှာ အနည်းငယ်သာ နာကျင်တတ်ပါတယ်။

၂။ မောပန်းခြင်း

Attack မရခင် တစ်ပတ် အလိုမှာ မောပန်းနွမ်းနယ် နေတတ်ပြီး attack ရတဲ့ အမျိုးသမီးတွေ ၇၁ ရာခိုင်နှုန်း မှာ တုပ်ကွေး လိုမျိုး လက္ခဏာတွေ ဖြစ်ပေါ် တတ်ပါတယ်။ တစ်ရက် အလိုမှာ Lap-top ကွန်ပျူတာကို သယ်နိုင်တဲ့ အား တောင် မရှိတော့ဘူး လို့ ဆိုပါတယ်။

၃။ ချွေးထွက်ခြင်း

သင့်မှာ တခြား ဘာအကြောင်းမှ မရှိဘဲ ရုတ်တရက် ချွေးထွက်များ နေရင် နဲ့ သင့်မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေရင် သတိထားပါ။

၎။ ပျို့ခြင်း သို့မဟုတ် ခေါင်းမူးခြင်း

Attack ရနေ စဉ်မှာ ခေါင်းမူးပြီး အန်ချင်သလို ဖြစ်တတ် ပါတယ်။

၅။ အသက်ရှူမ၀ခြင်း

Attack ရတဲ့ အမျိုးသမီး ၅၈ ရာခိုင်နှုန်းဟာ စကားဆုံးအောင် မပြောနိုင်ကြ ပါဘူး။

၆။ အိပ်မပျော်ခြင်း

Attack မရခင် တစ်လ အလိုမှာ အမျိုးသမီး ထက်ဝက်ခန့်ဟာ အိပ်မပျော် တတ်ကြ ပါဘူး။

၇။ စိုးရိမ်စိတ်များခြင်း

Heart Attack မရခင်မှာ အမျိုးသမီးတွေ အနေ နဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ် နေတတ် ကြပါတယ်။ ဒါဟာ ခန္ဓာကိုယ်က သင် အလေးထားရမှာ ကို သတိပေးနေတဲ့ လက္ခဏာတွေ ပါ။


Posted by

No comments: