Tuesday, February 21, 2012

21.02.2012 နေ့ဖတ်ရန်သတင်းများ






တောင်ကိုးရီးယားရဲ့ စစ်ရေး လေ့ကျင့်ပစ်ခတ်မှုတောင်ကိုးရီးယား စစ်ရေးလေ့ကျင့်မှု ဝေဖန်ခံရ
တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံ အငြင်းပွား မှုတွေ ဖြစ်ခဲ့တဲ့ မြောက် ကိုးရီးယား နယ်စပ်မှာ တောင် ကိုးရီးယား နိုင်ငံက စစ်ရေး လေ့ကျင့်မှု တရပ်ကို လုပ်ဆောင် ခဲ့ပါတယ်။
မြောက်ကိုးရီးယား နိုင်ငံရဲ့ တားမြစ် ထားတဲ့ ကြားက အခုလို လုပ်ဆောင် ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု မှာ အမြောက်တွေ၊ မော်တာတွေ အပြင် ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခတ် မှုတွေ ပါဝင်ပါတယ်။
မြောက်ကိုးရီးယားက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား နိုင်ငံသား ၄ ဦး သေဆုံးခဲ့တဲ့ ကျွန်းတခု အနီးမှာ အခုလို စစ်ရေး လေ့ကျင်မှု တွေကို တောင်ကိုးရီးယားက လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ရေး လေ့ကျင့်မှုတွေ မလုပ်ခင်မှာ ဒေသံအနီးမှာ နေထိုင်တဲ့ လူထောင်ပေါင်း များစွာဟာ ဗုံးခို ကျင်းတွေထဲ ဝင်ရောက် ပုန်းခို ခဲ့ကြ ပါတယ်။
တောင်ကိုးရီးယား နိုင်ငံကတော့ ဒီစစ်ရေး လေ့ကျင့်မှု တွေဟာ ပုံမှန်စစ်ရေး လေ့ကျင့်မှု တခုလို ဆိုနေပေမဲ့ မြောက်ကိုးရီးယား နိုင်ငံကတော့ ဒီလုပ်ရပ်ဟာ ကြိုတင် စီစဉ်မှု တခု ဖြစ်တယ်လို့ စွပ်စွဲ ပြောကြား လိုက်ပါတယ်။

အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်


By ကိုရန်နိုင် 
အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေ နဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ပါတယ်။
“ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။”
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောပါတယ်။
“လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောပါတယ်။
“မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။”
အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းပါတယ်။ မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇကို တင်မည်
ကိုပေါက် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၂၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်း လျှောက်ထားတော့မည်ဟု သိရသည်။

အလုပ်သမား ၁၈၄၅ ဦး၏ တနင်္လာနေ့က သဘောတူဆုံးဖြတ်ချက်အရ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇခုံရုံးသို့ တင်သွင်းမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူ က ပြောသည်။

“တင်သွင်းခွင့် ရမယ်ဆိုတဲ့အမိန့်စာ ကျနော်တို့လက်ထဲကို ရောက်လာတယ်ခင်ဗျ။ စာရွက်စာတန်းတွေနဲ့ အထောက် အထားတွေ ပြင်ဆင်နေတုန်း ရရှိလာတဲ့အတွက် အလုပ်သမား တော်တော်များများကလည်း ဝမ်းသာကြတယ်။ သဘက်ခါ ၁၀ နာရီလောက် တင်မယ်ခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

၁၄ ရက်တာ သပိတ်မှောက် အလုပ်သမားများ၏

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ စက်ရုံများတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

တောင်းဆိုချက်များဖြစ်သည့် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များ အား အလုပ်ရှင်ဘက်မှ လိုက်လျောခြင်း မရှိသေးပေ။

ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ခဲ့သော ထိုင်သပိတ်ဆန္ဒပြပွဲအား အာဏာပိုင်များဘက်မှ နှောက်ယှက်မှုတစုံတရာ မရှိခဲ့သော်လည်း တနင်္လာနေ့တွင်မူ လုံခြုံရေးရဲ၏ ထူးခြားချက်များ တွေ့လာရကြောင်း ဦးဖိုးဖြူကပြောသည်။

“ရဲအင်အားက အများကြီးတော့ မဟုတ်ပေမယ့် ဆိုင်ကယ်ဟိုဘက်ထိပ် ၇ စီး၊ ဒီဘက်ထိပ် ၇ စီးနဲ့ ဝတ်စုံပြည့် စစ်ရဲတွေ ၁၄ ယောက်လောက် ရှိတယ်ခင်ဗျ။ အရင်ရက်တွေက တုတ်တွေ မပါပေမယ့် ဒီနေ့တော့ တုတ်တွေ ပါလာတာကိုတွေ့ရတယ်ခင်ဗျ” ဟု ပြောသည်။

ယခုကဲ့သို့ တရားဥပဒေကြောင်းအရ အရေးဆိုမည်ဆိုပါက ဆက်လက်သပိတ်မှောက်ခွင့် မရှိတော့ကြောင်းနှင့် ဥပဒေအရ အကန့်အသတ်များလည်း ရှိနေကြောင်း “လူလည်း အဖြိုခွဲခံရမယ်။ ဝါဏိဇ္ဇကို သွားဖို့လမ်းလည်း အပိတ်ပင်ခံရမယ့်လမ်းကို အများစုက မရွေးချယ်ကြဘူးခင်ဗျ။ ဒါကို မကောင်းဘူးလို့ ဝေဖန်နေကြသူတွေကို ဒါကို မလုပ်ရင် ဘာကိုရွေးချယ်မလဲ။ အဲဒီရွေးချယ်မှုက ရလာတဲ့ ဆိုးကျိုးကောင်းပြစ် ရလဒ်တွေကို ဘယ်သူက တာဝန်ခံမလဲဆိုတဲ့ ကိစ္စကို ကျနော်က မေးခွန်းထုတ်ချင်ပါတယ်ဗျာ” ဟု ဦးဖိုးဖြူက ပြောသည်။

“အငြင်းပွားတဲ့ ကိစ္စရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့အတွက် ဆိုလွှာ၊ ချေလွှာတွေကို ခုံရုံးကနေ ကြားနာတာပဲဖြစ်ပါတယ်။ ခုံရုံးမှာ နှစ်ဖက် အပြန်အလှန် ခုခံချေပကြတဲ့ တင်သွင်းမှုတွေ ပြုလုပ်ကြတာ။ အရင်တုန်းက အလုပ်ရှင်/ အလုပ်သမား မှုခင်းတွေ ပြေလည်တာတွေလည်း ရှိတယ်။ မကျေနပ်ကြဘဲနဲ့ တိုင်းကို တက်ပြီး အယူခံဝင်ရတဲ့ အမှုခင်းတွေလည်း ရှိပါတယ်” ဟု ဦးဖိုးဖြူက ပြောသည်။

အလုပ်သမားများအား ဥပဒေရေးရာနှင့် ပတ်သက်၍ ဦးဖိုးဖြူအပြင် ဒူးဝါးခွန်မားမိုင်နှင့် ဥပဒေ လုပ်ဖော်ကိုင်ဖက်များ၊ရှေ့နေရှေ့ရပ် အသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။ 

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာ၊ အချိန်ပိုကြေးနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရပြီး ယခုအကြိမ် ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံး ဖြစ်သည်။
by Myanmar Journal on Tuesday, February 21, 2012 at 4:54am
http://www.facebook.com/notes/myanmar-journal/21022012-%E1%80%B1%E1...


တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက အကောင်အထည်ဖော်နေသော ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်း လုပ်သားများ ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ထံ အိတ်ဖွင့်စာပေးပို့လိုက်သည်။

လုပ်သားများမှ တောင်းဆိုထားသော အချက်များမှာ အခြားကုမ္ပဏီများကဲ့သို့ အများတန်းတူ လစာရရှိရန်၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေရှိရေး၊ ကြိုပို့ကားအစီအစဉ်၊ နောက်တစ်နေ့အတွက်လိုအပ်သော လုပ်သားဦးရေအား ကြိုတင်အသိပေးရန်၊ ကြမ်းတမ်းစော်ကားသော အပြုအမူများဖြင့် လုပ်သားများအား မဆက်ဆံရန် တို့ဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။
- အလုပ်သမားခံစားခွင့်နှင့် အခြားအထွေထွေခံစားခွင့်များရရှိရန် တို့ဖြစ်ပါသည်။

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို

by The Voice Weekly on Monday, February 20, 2012 at 9:22pm ·
ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။


အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော

ကော့မှူး၊ ဖေဖော်ဝါရီ- ၂၁

ကော့မှူးမြို့နယ်သို့ ဒုတိယအကြိမ်မြောက် သွားရောက်သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုကော့မှူးမြို့မှ (၉)မိုင်အကွာရှိ ၀ါးဘလောက်သောက် ကျေးရွာသို့ ဦးတည်သွားလျက်ရှိကြောင်း ခရီးစဉ်တွင် လိုက်ပါလျက်ရှိသော 7Day သတင်းထောက်မှ သတင်းပေးပို့သည်။


ဒေါ်အောင်ဆန်းစုကြည်သည် သူမနေအိမ်မှ နံနက် ၇း၀၀ နာရီတွင် ထွက်ခွာကာ ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာသို့ နံနက် ၈း၅၀ ကရောက်ရှိခဲ့ပြီး အောင်ဇမ္ဗူပရဟိတလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာ ကလေးငယ်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အဖျောက်ကျေးရွာသို့ ဆက်လက်ထွက်ခွာကာ ကျေးရွာရှိ ရတနာမဏ္ဍိုင်ကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသကို ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ အဖျောက်ကျေးရွာတွင် ဘောလုံးကွင်းရှိ လူထုပရိသတ် ၁၂၀၀၀ ကျော်ကို မိနစ် ၂၀ ကြာ မိန့်ခွန်းပြောကြားခဲ့သည်။

ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့

by 7Day News Journal on Tuesday, February 21, 2012 at 12:22pm ·
နေပြည်တော်၊ ဖေဖော်ဝါရီ- ၂၁

နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။

ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။

လစာတိုးမြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့်  လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

ယင်းစီမံကိန်းများအတွက် ဥပမာပေးရာတွင် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို ဥပမာပေး ပြောကြားသွားသည်။
ဆက်လက်စိစစ်ပါက အခြားစီမံကိန်းများလည်းရှိနိုင်သည်ဟု သ၀ဏ်လွှာတွင် ပါဝင်သည်။



လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အာဆီယံနိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ တာဝန်ရှိသူများ လာရောက်လေ့လာ စောင့်ကြည့်ခွင့် ပြုရန်ကိစ္စရပ်ကို အလေးအနက်ထား စဉ်းစား သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်နှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် ဖေဖော်ဝါရီလ ၂၀ရက်နေ့က

မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းက နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ဆူရင်ပစ်ဆူဝမ်၏ ခရီးစဉ်မှာ
နှစ်ရက်ကြာမြင့် မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အပါအ၀င် မြန်မာအစိုးရအဖွဲ့ဝင်များနှင့်
တွေ့ဆုံစဉ်အချိန်က ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်း ပူးပေါင်း
ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၊ ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာ၌ ပြည်သူ့ ၀န်ထမ်းများအတွက် လုပ်ခ၊ လစာများကို အနိမ့်ဆုံးလစာ တစ်လ ကျပ်တစ်သိန်း ဖြစ်သင့်ကြောင်း၊ ထိုက်သင့်သော အခွန် နုတ်ပယ်ပြီးပါက တစ်လ ကျပ် ၈၀၀၀၀၊ ကျပ် ၉၀၀၀၀ ပေးသင့်ကြောင်း၊ ငွေကြေး လုံလောက်မှု မရှိသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့် ပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့်ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
စည်းရုံးရေးခရီးစဉ်နှင့်ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲအတွင်းရေးမှုး (Campaign Manager) ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရပါသည်။

"ကချင်ပြည်နယ်၊ မြစ်ကြီးနား ကော်မရှင် အဖွဲ့ခွဲက ပြည်နယ် NLD ကို ခေါ်ပြီး ပြောတာပါ။ ပြန်ခွင့်ပြုတယ်ဆိုပြီး ပြောတာပါ။ အရင် ကန့်သတ်ထားတာတွေ ဖျက်လိုက်ပြီ ဆိုပြီး ပြောတာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲအတွင်းရေးမှုး (Campaign Manager) ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုအဖွဲ့ဝင် ဦးဟံသာမြင့်က "ကြားတာပဲ ရှိပါသေးတယ်။ စာကို မြင်ရတာတို့ အမိန့်ကို မြင်ရတာတို့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခေါ်ပြောတယ်ဆိုတာ အပေါ်ကပြောတယ်ဆိုတော့ ရသွားတဲ့ သဘောပါပဲ။ အသေးစိတ်အောက်မှာ ညှိရမယ့် ဟာတွေ ရှိပါသေးတယ်။ အစပိုင်းက အားကစားကွင်း သုံးခွင့် မပြုဘူး။ ခရီးစဉ်လည်း ခွင့်မပြုဘူး ဆိုပြီး ရှိခဲ့တာပါ။" ဟုပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၄ ရက် တို့တွင် စည်းရုံးရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments: