Tuesday, February 21, 2012

ဖိုးသူတော်




ကြားဖူးတာလေးပြောပြမယ် သိပြီးသားလဲဖြစ်ချင်ဖြစ်မှာပေါ့။သိပြီးရင်လဲ ပြန်မှတ်မိတာပေါ့။
တစ်ခါတုန်းက ဖိုးသူတော်တစ်ယောက် ဆွမ်းခံအပြန်မှာ လယ်သမားတစ်ယောက်ရဲ့ ပြောင်းခင်းမှ ပြောင်းဖူးဝင်ချိုးပါသတဲ့....။

ပထမတစ်ဖူး ချိုးကြည့်လိုက်တယ်..။အစေ့တွေ မပါလောက်အောင်ပါပဲတဲ့...။

နောက်တစ်ဖူး.....

နောက်တစ်ဖူး...

နောက်...


ဖိုးသူတော် စိတ်ညစ်လာတယ်..။တစ်ဖူးမှ အောင်တဲ့ အဖူးမရှိဘူးတဲ့..။
ကြာတော့ ဖိုးသူတော် ဒေါသအကြီးအကျယ်ထွက်လာတယ်......။


လယ်သမားကို အပြစ်တင်ပါသတဲ့...။
ဟုတ်တယ်လေ....သူရေကောင်းကောင်းမလောင်းလို့ဒီလိုဖြစ်တာပေါ့..။

လယ်သမားကပြောတယ်..။သူ့အပြစ်မရှိပါဘူးတဲ့...။
ချောင်းရေမှ မလာတာတဲ့...။သူရေဘယ်လိုလောင်းမလဲတဲ့..။

ဖိုးသူတော် ချောင်းစောင့်နတ်ကို ပြစ်တင်ပြန်တယ်...။
ချောင်းစောင့်တဲ့ နတ်ကလည်း သူ့မှာ အပြစ်မရှိဘူးတဲ့..။
မိုးမှ မရွာတာတဲ့.....။

ဖိုးသူတော် မိုးနတ်သားကို အပြစ်ပြန်တယ်..။
သူသာ မိုးရွာအောင်လုပ်ပေးလျှင် ဒီလိုမဖြစ်ဘူးပေါ့....။

မိုးနတ်သားကလဲ မိုးရွာအောင်သူလည်း မတက်နိုင်ပါဘူးတဲ့....။
ဘုရင်မှာသာ အပြစ်ရှိတာပါတဲ့....။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူတွေ မင်းကျင့်တရားနဲ့ အညီအုပ်ချုပ်မယ် သီလစောင့်မယ်ဆိုမိုးရွာမှာပါ..။
နောက်ဆုံးတော့ ဖိုးသူတော် ဘုရင်ကြီးဆီရောက်သွားတယ်....။

ဘုရင်ကြီးလည်းဝန်ခံပါသတဲ့....။
ပြီးတော့ သူ မင်းကျင့်တရားနဲ့ အညီအုပ်ချုပ်ပါ့မယ် သီလစောင့်ပါ့မယ်လို့လဲ ကတိပေးပါတယ်တယ်...။

ဒါပေမယ့် ဘုရင်ကြီးကမေးပါသတဲ့....။
ခုလိုအဖြစ်ပျက်ကို ဖိုးသူတော်ကြီးက ဘယ်လိုများသိပါသတဲ့လဲ..။

အဖြေကတော့သိတဲ့ အတိုင်းပါပဲ..။သူများပြောင်းခင်း ဝင်ခိုးရင်းသိပါသတဲ့...။

သြော်.....ဖိုးသူတော်ရယ်....။
.............

အများကောင်းစားရေးလို့ ပြောတဲ့နေရာမှာ အများက ကောင်းဖို့လိုပါတယ်...။
တစ်ဦးတစ်ယောက်ကောင်းနေယုံနဲ့တော့ မဖြစ်နိုင်ပါဘူး....။
အများကောင်းဖို့အတွက် တစ်ဦးတစ်ယောက်ချင်း(သို့) ကိုယ် ကိုယ်တိုင်က ကောင်းနေဖို့လိုအပ်ပါတယ်..။
ကျွန်တော် ကိုယ်တိုင်လည်း ဖိုးသူတော်ဖြစ်ခဲ့ မှာပါ...။
ခင်ဗျားရော...????
နောက်ရော ဖြစ်နေဦးမှာလား...??

သီးခံတော်မူကြပါ
အာလူးပူတီးရွှေအိမ်စည်
:)
:P...

No comments: