ကိုယ့်ရဲ့
လုပ်ဖော်ကိုင်ဖက်တွေကိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ၀န်ထမ်းတွေကိုပဲ ဖြစ်ဖြစ်
မှန်ကန်တဲ့ ချီးမွမ်းစကား ပြောချင်းဟာ စိတ်ဓါတ်မြှင့်တင်ပေးခြင်း အတွက်
နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ဓါတ်မြှင့်တင်ခြင်းကို ချီးမွမ်း
အမွမ်းတင်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါတယ်။ စစ်မှန်တဲ့ ချီးမွမ်းခြင်းဆိုတာ
သူတို့အပေါ်သင့်ရဲ့ စစ်မှန်တဲ့ နှစ်သက် သဘောကျခြင်းကို
ဖော်ပြခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု အလုပ်လုပ်မှုတွေကို
သင်က အသိအမှတ်ပြုကြောင်း သူတို့သိတဲ့ အခါမှာ သူတို့ရဲ့ အလုပ်ကို
သူတို့ပိုပြီး ပျော်ရွှင်နှစ်သက် လာပါလိမ့်မယ်။
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် သင့်ရဲ့ အထက်အရာရှိက သင့်ကို
ချီးမွမ်းတဲ့အခါ သင်ဘယ်လို ခံစားရလည်း ။ စဉ်းစားကြည့်လိုက်ပါ။
ချီးမွမ်းခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ဖို့
အောင်မြင်အောက် လုပ်ဖို့ သေချာတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ပိုမိုကောင်းမွန်အောင် လုပ်ချင်စိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့
ထိရောက်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ် ဖိအားပေးမှုတွေ
အကျပ်အတည်းတွေ ကိုလည်း ကျော်လွားနိုင်အောင်လည်း ချီးမွမ်းခြင်းက
တွန်းအားပေးနိုင်ပါတယ်။
တိတိကျကျ ရှိတဲ့ ချီမွမ်းမှုဟာ အကောင်းဆုံးဖြစ်ပါတယ်။ တော်တယ် လို့
ပြောလိုက်တာထက် ဘယ်လိုလုပ်လိုက်တာ တော်တယ်လို့ တိတိကျကျ ချီးမွမ်းတာမျိုး
ဖြစ်သင့်ပါတယ်။ မတော်တဲ့သူကို သွားချီးမွမ်းမိတာမျိုးကျတော့ တကယ်တော်တဲ့
သူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ချီးမွမ်းဖို့အတွက် အကောင်းအဆုံး
အနေအထားကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။ ချီးမွမ်းရာတွင် ရလဒ်တွေကိုသာမက
သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်ကိုပါ အသိအမှတ်ပြုသင့်ပါတယ်။ တခါတရံမှာ
အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပေမယ့် မအောင်မြင်တာမျိုးတွေလည်း
ရှိနိုင်ပါတယ်။
ချီးမွမ်းစကားကို ထပ်ခါတစ်လဲလဲ ပြောဆိုမိရင် အရာမရောက် ဖြစ်တတ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ ချီးမွမ်းစကားကို ထိရောက်စေချင်ရင် အကောင်းဆုံးနည်းလမ်းက
ချီးမွမ်းစကားကို သင့်ရင်ထဲက ခံစားချက်အတိုင်း တစ်ကြိမ်တည်းသာ
ပြောလိုက်ပါ။ အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ရှိဖို့တော့ လိုပါတယ်။ အချို့က
သိသာထင်ရှားတဲ့ ၀မ်းမြောက်မှုနဲ့ ချီးမွမ်းခြင်းကို မတုံ့ပြန်ကြပေမယ့်
ချီးမွမ်းခြင်းကို လျစ်လျူရှုထားတာတော့ မဟုတ်ကြပါဘူး။ ဝေဖန်
ကဲ့ရဲ့ခြင်းကိုသာ လူတွေက အလိုမရှိကြသော်လည်း ချီးမွမ်း
အမွမ်းတင်ခြင်းကိုတော့ လူတိုင်းက အလိုရှိကြပါတယ်။
Posted by ကိုလင်း(သလ္လာဝတီ)
No comments:
Post a Comment