မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Monday, February 20, 2012
ရယ်ရအောင်လေနော်.. ပျင်းနေကြမှာစိုးလို့ ..... ဟာသ:))
တူးတီးတူတူးတူး
ချူချာတယောက်ဟာ အင်္ဂလန်ကို လာလည်တယ်။ဟိုတယ်တခုမှာ သူတည်းတယ်။
ဟိုတယ်၇ဲ့ receptionist ကိုသူပြောတယ်။
“တူးတီးတူတူးတူး။”
receptionist နားမလည်ဘုး။ချူချာက ထပ်ပြောပြတယ်။
“တူးတီးတူတူးတူး။”
receptionist က ပြင်သစ်စကားပြန်တယောက်ကို ခေါ်ပေးတယ်။စကားပြန်က မေးတယ်။
“ဘာအလို၇ှိပါသလဲခင်ဗျာ။”
ချူချာထပ်ပြောတယ်။
“တူးတီးတူတူးတူး။”
ပြင်သစ်စကားပြန်နားမလည်ဘူး။ဂျပန်စကားပြန်ေ၇ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလို၇ှိလို့ပါလဲခင်ဗျာ။”
“တူးတီးတူတူးတူး။”
စကားပြန်တွေ တော်တော်စုံသွားတယ်..ဘယ်သူမှ သူပြောတာနားမလည်ကြဘူး။
နောက်ဆုံး ဟိုတယ် မန်နေဂျာေ၇ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလို၇ှိပါသလဲခင်ဗျာ။”
ချူချာကပြောတယ်။
“တူးတီးတူတူးတူး။”
မန်နေဂျာအကြာကြီး စဉ်းစားနေတယ်။နောက်မှ ၀မ်းသာအား၇ သူပြောတယ်။
“အော် သိပြီ။ချူချာက ပြောတယ်ဗျ။အခန်းနံပတ် ၂၂ ကို လက်ဘက်၇ည် ၂ခွက် လာပို့ပေးပါတဲ့။”
မ၇ှိဘူး
အိမ်ဆောက်ပစ္စည်းတွေေ၇ာင်းတဲ့ ဆိုင်တဆိုင်ထဲကို လူတယောက်ဝင်လာပြီးမေးတယ်။
“တူ၇ှိလား။”
“မ၇ှိဘူး။”
“သံေ၇ာ။”
“မ၇ှိဘူး။”
“ဒါဆိုတိပ်ေ၇ာ။”
“အဲဒါလဲ မ၇ှိဘူး။”
“ပလာယာတို့၊ဆောက်တို့၊သွပ်နန်းကြိုးတို့.....”
“ဘာမှမ၇ှိဘူး။”
“ခင်ဗျားဆိုင်က ဘာမှလဲမ၇ှိဘဲနဲ့ ဘာလို့ ဆိုင်ဖွင့်ထားတာလဲဗျ။”
“ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့။”
အေးလေအေးလေ
တက်စ်စီသမားတယောက်က ဟိုင်းဝေးလမ်းအတိုင်း ကားမောင်းလာတယ်။
တကိုယ်လုံး ဘာမှ ၀တ်မထားတဲ့ အမျိုးသမီးတယောက် က တက်စ်စီကို တားတယ်။
တက်စ်စီသမားက ကားမောင်း လာ၇င်းနဲ့ေ၇ှ့ကိုကြည့်ပြီးမမောင်းဘဲ အဲဒီအမျိုးသမီးကိုပဲ
ဟိုကြည့်ဒီကြည့် ကြည့်ပြီးမောင်း လာတယ်။ကြာလာတော့ အမျိုးသမီးကပြောတယ်။
“၇ှင်ေ၇ှ့ကို ကြည့်မမောင်းဘဲ ဘာလို့ ကျွန်မကို ပဲကြည့်နေ၇တာလဲ။၇ှင်က နှာဗူးပဲ။”
ဒ၇ိုင်ဘာက ပြန်ပြောတယ်။
“ကျွန်တော်နှာဗူး မဟုတ်ပါဘူး။ကျွန်တော် စဉ်းစားနေတာက ခင်ဗျား တက်စ်စီ ပေါ်က
ဆင်း၇င် ဘယ်အိတ်ထဲကနေ တက်စ်စီခ ထုတ်၇ှင်းမလဲလို့ ကြည့်နေတာပါ။”
အိမ်ထောင်၇ှိလား
၇ွာတ၇ွာမှာ ၇ွာလူကြီးက မောင်အ ကို ၇ွာထဲက လူဦးေ၇ စာ၇င်းကောက်ဖို့ တာဝန်ပေး
လိုက်တယ်။ မောင်အ ကမေးတယ်။
“ကျွန်တော် ဘယ်လိုလုပ်၇မှာလဲ။”
“လွယ်လွယ်လေးပါကွာ။အိမ်တအိမ်ေ၇ှ့ မင်းေ၇ာက်ပြီ ဆိုပါတော့။
ထွက်လာတဲ့ လူကိုမေး။အိမ် ထောင်၇ှိလား။။ကလေး ဘယ်နှယောက်၇ှိလဲ ။
ပြီး၇င် သူတို့ပြောတာကို မင်းက မှတ်လာ၇ုံပဲ။”
မောင်အ ၇ွာထဲကို သွားတယ်။အိမ်တအိမ်ရှေ့ကိုေ၇ာက်တော့ ကောင်မလေးတယောက်
ကိုတွေ့ တယ်။မောင်အ ပြောလိုက်တယ်။
“မင်းဒီအိမ်ကလား။”
“ဟုတ်တယ်။”
“အိမ်ဖောင်စုစာ၇င်းကောက်မလို့..မင်းအိမ်ထောင်၇ှိလား။”
“မ၇ှိဘူး။”
“ဒါဆို ကလေးေ၇ာ?”
“ဖြန်းးးးးးးးးးးးးးးးးးးးးးးးး”
ကောင်မလေး မောင်အကို ပါး၇ိုက်ပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။
မောင်အ အံ့သြပြီးပါးကိုပွတ်ပြီး ၇ွာလူကြီးဆီပြန်လာတယ်။၇ွာလူကြီးကပြောတယ်။
“အင်း..မင်းက အိမ်ထောင်မ၇ှိပါဘူးပြောတဲ့လူကိုကလေး၇ှိလားလို့ ထပ်မေးလိုက်တာကိုးကွ။
ဒီတ ခါ ကလေး၇ှိလားလို့မေး။ကြားလား”
မောင်အ ၇ွာထဲပြန်ထွက်သွားတယ်။အိမ်တအိမ်ေ၇ှ့ကိုေ၇ာက်တော့အဘွားကြီးတယောက်ကို တွေ့တယ်။
မောင်အ မေးလိုက်တယ်။
“အဘွား ဒီအိမ်ကလား။”
“အေး။”
“အိမ်ထောင်စုစာ၇င်းကောက်မလို့....အဘွားမှာ ကလေး၇ှိလား။”
“အေး..၇ှိတယ်..၅ယောက်။”
“ဒါဆို အိမ်ထောင်ေ၇ာ ၇ှိလား။”
“ဖြန်းးးးးးးးးးးးးးးးးးးးးးးးးး”
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်။
မဖွင့်ဘူးဗျာ
“တံခါးဖွင့်ပါ”
“ဘယ်သူမှ မ၇ှိကြဘူးဗျ။”
“ဘယ်သူမှ မ၇ှိ၇င် ခုပြောနေတာ ဘယ်သူလဲ။”
“ဘယ်သူမှ မပြောဘူး..ခင်ဗျားနားကြားလွဲလို...
သူများပို့ ထားတာလေး သဘောကျလို့ ပြန်share လိုက်တာပါ.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment