Saturday, February 25, 2012

စိတ်၏ထွက်ပေါက်


သင်၏စိတ်ဓာတ်များ ယိုယွင်းပျက်စီးလာခြင်းသည် စိတ်၏ထွက်ပေါက်များ လွှတ်ပေး
ထားခြင်းကြောင့်ဖြစ်သည်။
                        လူတိုင်းလူတိုင်း၌အားလပ်ချိန်နှင့်စိတ်ထွက်ပေါက်များပေးခြင်းတို့ရှိကြသည်။
ထိုအားလပ်ချိန်နှင့်စိတ်၏ထွက်ပေါက်ပေးသည့်အခါများတွင် စာဖတ်ခြင်း ကျန်းမာရေးအတွက်
အားကစားလုပ်ခြင်းနှင့်အတတ်ပညာတစ်ခုခုကို လေ့လာဆည်းပူးလုပ်ကိုင်ခြင်းနည်းလှပေသည်။
အရက်သောက်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ဗွီဒီယိုကြည့်ခြင်း၊ဘောလုံးပွဲကြည့်ခြင်း၊လ္ဘက်ရည်
ဆိုင်ထိုင်ခြင်း၊လောင်းကစားတစ်ခုခုလုပ်ခြင်းစသည်ဖြင့်ထိုအားလပ်ချိန်များအားကုန်စေကြ၏။
ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရသော အချိန်အခါများတွင်လည်းစိတ်ကိုထွက်ပေါက်ပေးတတ်ကြ၏။
ထွတ်ပေါက်ပေးခြင်းမှားရွင်းသောအခါအကျင့်ဆိုးတစ်ခုခုရရှိသွားတတ်ကြသည်။မူးယစ်ဆေး
ဝါးသုံးစွဲသူတို့သည်အသက်ကိုပင်ဆုံးရှုံးကြရသည်။ထိုအကျင့်ဆိုးမှာအရက်သောက်၍စိတ်
ဖြေခြင်းဖြစ်ပါက ထိုသူ၏ဆုံးရှုးံမှုသည် ဆုံးရှုံးသထက်ဆုံးရှုံးရပေတော့မည်။အဘယ်ကြောင့်
ဆိုသော်အရက်သည် အရာရာတို့ကို အမှားအယွင်း ဖြစ်စေသောမကောင်းမှုရဲ့ခေါင်းဆော်ဖြစ်
သောကြောင့် ဖြစ်ပေသည်။
                  စိတ်ကိုထွက်ပေါက်ပေးခြင်းကြောင့် စိတ်ပြေပျောက်ခြင်း မရရှိပါ။ ပို၍ပို၍ စိတ်တို့
၏လွတ်လပ်မှုကိုမြတ်နိုးကာမိမိ၏ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားများပျက်ဆီးယိုရွင်းလာတတ်
ကြသည်။အကြောင်းတစ်ခုခုဖြစ်တိုင်းခံစားရတိုင်း ယခင်ကရရှိခဲ့ဖူးသော စိတ်ထွက်ပေါက်တို့ကို
တောင်းတလာ၏။ ထိုတောင်းတလာသော စိတ်ကိုမတားဆီးပါက စိတ်ဓာတ်တို့သည် ယိုယွင်း
ပျက်စီးခြင်း စတင်ပြီး အလုပ်ဟူသမျှတို့ကို ပေါ့ပေါ့တွေးတတ်ကာလေးနက်မှုနည်းလာတော့
သည်။အောင်မြင်မှုရရှိရန်အတွက် အရေးအကြီးဆုံးဖြစ်သည့်စိတ်ဓာတ်တတ်ကြွကြံ့ခိုင်မှုနှင့်သမာ
ဓိအားတို့သည်ဖြေးဖြေးခြင်းကုန်ခမ်းလာပါတော့သည်။ထို့ကြောင့်စိတ်၏ထွက်ပေါက်များလွှတ်ပေး
ထားခြင်းသည် ဘဝ၏တိုးတတ်အောင်မြင်မှုတို့ ဘယ်မှာရရှိနိုင်တော့မည်နည်း။

No comments: