Thursday, March 22, 2012

တောင်းပန်တာ အညံ့ခံရာမကျပါဘူး







လူဆိုတာ အမှားမကင်းနိုင်တဲ့ သတ္တ၀ါတွေဖြစ်နေတဲ့ အတိုင်းလူတွေရဲ့ မလွဲမရှောင်သာ ပြုဆောင်စရာကိစ္စတွေ ထဲမှာ
အမှားအတွက် ၀န်ခံရခြင်းနှင့် တောင်းပန်ခြင်းဆိုတာတွေလည်း ရံဖန် ရံခါဆိုသလို ရှိနေတတ်တယ်။


သို့ပေမယ့် အဲဒီလိုအမှားမကင်းတဲ့ လူတွေဆီမှာပဲ အားနည်းချက်တစ်ခုက ထပ်ဆင့်ရှိနေပြန်သေးတယ်။ ဘာလဲဆို တော့
တချို့သူတွေဟာ သူများရဲ့တောင်း ပန်မှုကိုသာ အရယူချင်ကြတာ ကိုယ်မှား တဲ့အလှည့်ကျရင်တော့ ၀န်ခံဖို့ပဲဖြစ်ဖြစ်
တောင်းပန်ဖို့ပဲဖြစ်ဖြစ် တုံ့ဆိုင်းတွေဝေ နေတတ်တယ်။ နောက်ကျရုံနောက်ကျ တာဆိုတော်သေးတယ်လို့ ပြောရမှာ
ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ တချို့ဆိုလုံးဝကို ၀န်မခံတဲ့ အပြင်တောင်းပန်ဖို့ဆိုလည်း မသိလိုက်မသိဘာသာပဲ နေပစ်
လိုက် တတ်ကြတယ်။




ဒါတင်လားဆိုအဆိုးဆုံး က ကိုယ့်အမှားကို သူများအမှားဖြစ်အောင် လှီးလွှဲအဖြစ်ပုံချတာနမျိုးနဲ့ အပြစ်ကလွတ်လို

လွတ်ငြား မဆိုင်တဲ့သူကိုပါ အမှားဝေငှပေးလိုက်ချင်သေးတဲ့ အပြစ်ပဲ။


အများကြားဖူးမှာဖြစ်တဲ့ ဒါမှမ ဟုတ်ကိုယ်တိုင်လည်း ပြောရင်ပြောဖူး ကြမယ်။ ““ဗြောင်လိမ်တာလောက်ခံရခက်
တာမရှိဘူး”” ဆိုတာနဲ့ ““၀န်ခံလိုက်တော့ ဘာဖြစ်မှာမို့လဲ”” ဆိုတဲ့စကားတွေဟာ တစ်ဖက်သားကမှားနေရင်သာ
အလွယ် တကူပြောထွက်နိုင်ကြသလောက် ကိုယ့် အလှည့်မှာ နှုတ်ဆွံ့နေလေ့ရှိတာမျိုးတွေ ပေါ့။


သင်္ဂဇာဆရာတော်ကြီးပြောဖူးပါ တယ်။ တစ်ခါက လူတစ်ယောက်ဟာ အိမ်မှာ ထင်းပေါက်စရာမရှိလို့ ပန်းပဲဖို ကို
ရောက်သွားတယ်။ ဟိုမှာ ရောင်းဖို့ ထောင်ထားတဲ့ ပုဆိန်နဲ့ ပဲခွပ်တွေမြင် တော့ လူကခပ်ရှောင်ရှောင်မို့ပဲကွပ်တစ်
ချောင်းဝယ်ပြီး ပြန်လာသတဲ့။ အိမ် ရောက်တော့ ပဲကွပ်နဲ့ထင်းပေါက်ထင်းခွဲ ရတာမတွင်ဘူးတင်ပါတယ်။ စိတ်တိုပြီး
အမျိုးမျိုးညည်းညူနေတာပေါ့။ဘယ်တွင် မလဲပဲကွပ်ဆိုတာက အသွားကန့်လန့်နဲ့ ပုဆိန်လိုထင်းခွဲဖို့ လုပ်ထားတဲ့
ကိရိယာမှ မဟုတ်တာ။ ခဏအကြာမှာတော့ သူဒီ လိုညည်းညူနေတာကိုကြားသွားတဲ့လင်မ ယားဖြစ်သူဟာ အိမ်ထဲ
ကထွက်လာပြီး သူ့အပြစ်ကို မြင်လိုက်ရတော့…။



““ဖြစ်မှဖြစ်ရလေ ရှင့်မလဲလုပ်လိုက် ရင်အလွဲချည်းပဲ။ ဒီပုံနဲ့ ရှင့်ထင်းကဘယ် တော့ကွဲမှာလဲ၊ ရှင်ပေါက်နေတဲ့ဟာက
ပုဆိန်မဟုတ်ဘူးရှင့်..ပဲကွပ်””  လို့ဆိုတော့


အဲဒီလူပြန်ပြောလိုက်တာက ““အို..ငါ မှားတာမှ တစ်ချောင်းတည်းရယ်၊ ပန်းပဲ သမားမှားထားလိုက်တာတတန်းကြီး၊
တသီကြီး”” ပါတဲ့..............။


အဲဒါကြည့်ပေါ့။ ငြင်းကွယ်လို့မရလောက်အောင် မှားမှန်းသေချာနေတာ ကိုတောင် ၀န်မခံချင်တော့မှားဖော်မှား ဖက်ရှာ
ပြီး ရှောင်ထွက်ဖို့ကြိုးစားလိုက်သေးတယ်။ တကယ်ဆိုတော့ မှားရုံကာမျှလောက်သာ အပြစ်ရှိတယ်ဆိုဦးတော့ ကိုယ့်
အမှားအတွက်တာဝန်ယူမှု (Responsibility) ၊ တာဝန်ခံမှု (Accountability) တွေနဲ့အတူဖြေရှင်းပြင်ဆင်ဖို့
ြံကိုးစားတယ်ဆိုရင် မသိကျိုးကျွံပြု၊ ဖုံးကွယ်တာထက်တော့ ဂုဏ်သိက္ခာလည်း ရှိ၊ လူကြီးလူကောင်းလည်းဆန်ရာ
ရောက်ပါတယ်။ ဒါကြောင့်လည်းတရားဥပဒေ လုပ်ထုံးလုပ်နည်းတွေမှာ အပြစ်တစ်ခု ကျူးလွန်မိသူဟာ တိမ်းရှောင်
ထွက်မပြေး ဘဲရဲဝံ့ရိုးသားစွာရင်ဆိုင်တယ်ဆိုရင် အထိုက်အလျှောက် သက်ညှာခွင့်ရရှိတာဖြစ်မှာပဲ။


လူတိုင်းဟာ ပြုမှား၊ ပြောမှား၊ ကြံ မှားဆိုတဲ့ ကာယကံမှု၊ ၀စီကံမှု၊ မနော ကံမှု၊ အမှားတစ်ခုခုတော့ တစ်ချိန်မဟုတ်
တစ်ချိန်ချိန်၊ တစ်နေရာ မဟုတ်တစ်နေရာမှ လုပ်ဆောင်မိသွားနိုင်တာပဲ။ အိုင်း စတိုင်း (Einstein) လိုပုဂ်္ဂိုလ်ကြီး
တောင် ““ကျုပ် ၉၉ ရာခိုင်နှုန်းမှားခဲ့တယ်”” လို့ထုတ်ပြောဖူးတာကို ကြည့်ရင်သာမာန်လူတွေ ဆိုတာ ဘယ်လို
ဆင်ခြေ၊ ဆင်လက်မျိုး နဲ့မှ ဟန်ဆောင်ဖုန်းကွယ်နေဖို့သင့်မယ် မထင်ဘူး။ မှားရင်ဝင်ခံ၊ တောင်းပန်သင်တာတောင်း
ပန်ပြီးအလားတူ အမှားမျိုး နောက်မမှားအောင်ပြုပြင်ဆင်ခြင်သွားခြင်းကသာ ၀န်ချတောင်းပန်ဖို့ရှက်နေ၊ မာန်တက်
နေတာတွေထက် အခုအချိန်မှာရော၊ နောင်အရှည်အတွက်ပါ အများ ရဲ့ကျေနပ်လေးစားလက်ခံမှုကို ရနိုင်မှာဖြစ်တယ်။
တကယ်လို့အမှားအတွက်ဝန် ခံဖို့နဲ့ တောင်းပန်စရာကိစ္စဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေတစ်ရပ်သဖွယ်ဖြစ် နေခဲ့
မယ်ဆိုရင်လည်း…““မမှားသော ရှေ့နေ မသေသောဆေးသမား””““ပညာ ရှိသတိဖြစ်ခဲ”” ဆိုတဲ့စကား
တွေရှိထားသားပဲ။ မဖြေသာနိုင်စရာဘာရှိမလဲ။



၁၉၃၈ ခုနှစ်က တက္ကသိုလ်သမဂ္ဂ မှာဥက္ကဋ္ဌဖြစ်နေသူဟာ ဥပဒေတန်းသား ကိုအောင်ဆန်းပေါ့။ အဲဒီနှစ်မှာသင်းလုံး
ကျွတ်အစည်းအဝေးကြီးကျင်းပတော့ နောင်သောအခါ အိုးဦးညိုမြလို့ထင်ရှား လာမယ့် ကိုညိုမြက သမဂ္ဂအပူဆောင်
အဖွဲ့အနေနဲ့ ပါတီနိုင်ငံရေးရောယှက်နေခြင်း ဟာ သမဂ္ဂအခြခံဖွဲ့စည်းပုံဥပဒေကို ဆန့် ကျင်နေရာကျတယ်လို့ထင်
မြင်ယူဆပြီး အယုံအကြည်မရှိအဆိုတစ်ရပ်တင်သွင်း လိုက်တယ်။ မအောင်မြင်ပါဘူး။ အဲဒီအချိန်က သူ့ကျွန်ဘ၀က
လွတ်မြောက်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံး အမျိုးသားနိုင် ငံရေးရေချိန်မြင့်တက်နေချန်ဆိုတော့ဥပဒေ စည်းကမ်း
အတိုင်း မဲခွဲဆုံးဖြတ်ကြတဲ့အခါ ကိုညိုမြအဆိုလည်း အပြတ်အသတ်ပဲ အရေးနိမ့်ခဲ့တယ်။



အဆိုအောင်မြင်တာ ရှုံးနိမ့်တာက အဓိကကျတဲ့ ထွေထွေထူးထူးကိစ္စလို့မ ပြောနိုင်ပေမယ့် ပြဿနာကမဲခွဲအပြီး ပရိသတ်
လက်ခုပ်သံစဲသွားတာနဲ့စိတ်တို ဒေါပွဲနေတဲ့ ကိုအောင်ဆန်းဟာ သဘာ ပတိထိုင်ခုံက ထရပ်ရင်း ကိုညိုမြကိုသူ့ သူငယ်
ချင်း ကိုသိန်းဖေအပေါ်သစ္စာဖောက် ပြီး အမေရိကန်ပညာတော်သင်ဆု လျှောက်ခဲ့တဲ့အကြောင်း ဖွင့်ချလိုက်တော့တယ်။
ဒီအကြောင်းအရာဒဂုန်တာရာက သူ့ရဲ့ ““ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ..”” မှာ..““သတင်းစာ အတတ်
ပညာတော်သင်ဆု ကိုသိန်းဖေ နှင့်ကိုညိုမြတို့ အပြိုင်လျှောက်သည့်အ ကြောင်းကို ကိုးကားခြင်းဖြစ်သည်။ ကျွန် တော်တို့
လည်း အံ့အားသင့်သွားခဲ့ကြသည်။ အမှန်ကလူပုံလယ်တွင် ချပြောသင့်သော စကားမဟုတ်။ အချင်းချင်း လုပ်ရပါ့မ လား
ဟု ကရုဏာဒေါသလည်းဖြစ်နိုင်သည်””  လို့ မှတ်တမ်းပြုရေးဖွဲ့ထားခဲ့တယ်။ လိုရင်း ပြောရမယ့် အဓိကအချက်ကတော့
အဲဒီ ရဲ့အကျိုးဆက်အဖြစ် နောက်နှစ်ရက်သုံး ရက်အကြာမှာ ဥက္ကဋ္ဌကိုအောင်ဆန်းဟာ ကိုညိုမြအပေါ်သူပြောမိခဲ့သမျှ
ရုတ်သိမ်းကြောင်းနဲ့ တတ်သမျှရုပ်သိမ်းကြောင်းနဲ့ တောင်းပန်ထားတဲ့ ကြောညာချက်တွေကို တက္ကသိုလ်ကျောင်း
ဆောင်ကြော်ငြာ သင်ပုန်းအသီးသီးက တစ်ဆင်ထုတ်ပြန် တောင်းပန်လိုက်ရတော့တာပါပဲ။



ဒီအဖြစ်အပျက်မှာ ၂၃နှစ်အရွယ် တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်း ဟာတဒင်္ဂမခံချင်စိတ်နဲ့စိတ်လိုက်မာန်ပါ ပြော
ခဲ့တဲ့ သူ့အမှားကိုပြန်တောင်းပန်ဖို့ တာဝန်မမဲ့ခဲ့သလို ရိုးသားဖို့အတွက် လည်းသတ်္တိရှိခဲ့တယ်ဆိုရပါမယ်။ ဒါကို အရှုံး
ပေးအညံ့ခံလိုက်ရတယ်လို့ ဘယ် ပညာရှင်၊ ဘယ်ပညာရှိကမှလည်းသတ် မှတ်လို့ရမယ်မထင်ပါဘူး။ တစ်နည်းအား
ဖြင့်ဆိုရင် တိုင်းပြည်ခေါင်းဆောင်ဖြစ်လာ လိမ့်မယ့်ကိုအောင်ဆန်းဟာ သူ့သမိုင်း ကိုအဲဒီအချိန်ကတည်းက အတည့်
တွေး ပြီးအဖြောင့်ရေးခဲ့သလို အရိုးခံအတိုင်း ကျင့်ကြံခဲ့တယ်လို့သာပြောနိုင်ပါလိမ့်မယ်။



လူဆိုတာအမှားမကင်းဘူးဆိုပေ မယ့် တစ်ပါးသူရဲ့အမှားသာမြင်တတ်ပြီး ကိုယ်မှားတာကိုတော့ မမြင်တတ်ရုံမက
မြင်ပြန်လည်းပြင်ဖို့မကြိုးစားသူနဲ့၊ ပြစ် တင်ကဲ့ရဲ့ဖို့သာတတ်မြောက်ထူးချွန်ပြီးချီး မွမ်းမြှောက်စားဖို့ဆိုရင် တွန့်ဆုတ်ဝန်
လေးလေ့ရှိသူဟာ လူကြီးလူကောင်း စရိုက်လက္ခာလို့ ယူဆဖို့ခက်မှာဖြစ်သလို ရှေ့ဆောင်ဦးရွက်နေရာကလည်း ဘယ်
လိုစိတ်ချလို့ရနိုင်မှာလဲ။



များမကြာလှသေးမီက မြန်မာသ တင်းမီဒိယာလောကတစ်ခုလုံးကို အုတ် အော်သောင်းတင်းဖြစ်စေခဲ့တဲ့ လုပ်ငန်းရှင်
သူဋ္ဌေးတစ်ဦးရဲ့ ကဲ့ရဲ့ပြစ်တင်စကား မျိုးဟာ အရှိန်ယူအားမွေးခါစသတင်း လောကရဲ့ အညွန့်အဖူးကိုခူးဆွတ်ချိုးနှိမ်
ပစ်ရာရောက်တဲ့ အပြုအမူနဲ့တူသလို တောင်းပန်ခြင်းနဲ့ ထိုက်တန်တဲ့အမှားမျိုး ဖြစ်တယ်လို့လည်း အများကယူဆခဲ့
ကြတယ်။ စိက်ပျက်ဝမ်းနည်းစရာပါပဲ။ ဒီ တစ်ခါလည်း အဲသလိုမဆဲရုံတစ်မယ် ပွဲဆူလှုပ်ခတ်ခဲ့တဲ့ အမှားအတွက်
ကာယကံရှင်ကိုယ်တိုင် ဘယ်လိုဝန်ခံတောင်းပန် မှုမျိုးကို မှ ခုချိန်ထိမကြားမိသေးတာ အစဉ်အလာတွေနဲ့ အသား
ကျခဲ့တာကြောင့်လား တွေးထင်စရာဖြစ်ရတယ်။ တကယ်ဆို ခေတ်တွေ၊ စနစ်တွေပြောင်းလာခဲ့ပြီမို့ လက်လွတ်
စပယ် လွယ်လွယ်ပြောပြီး ပေါ့ပေါ့ထားလိုက်လို့ရကျေးဆို အများ လေးစားခံရလောက်တဲ့ လူမျိုးတစ်မျိုးဖြစ်လာမယ့်
ပုဂ်္ဂိုလ်ကြီးတောင် တစ်ဦးတစ်ယောက်တည်းအပေါ်မှားတဲ့အမှားအတွက် တောင်းပန်မှုနဲ့ မကင်းနိုင်သေးရင် အများ
အပေါ်တင်ရှိလာတဲ့ အမှားမျိုးအတွင် တလေးတစားရှိသင့်တာပေါ့။



တကယ်တော့မှားတာဟာ အပြစ်မဟုတ်ပါဘူး။ လူတိုင်းရိုးရိုးသားသားမှား ခွင့်ရှိနေသားပဲ။ တွေးခေါ်ရှင်ဟေဂယ်
(Hegel) ကဆို ”Panic of error is the death of progress အမှားကိုကြောက်ခြင်းဟာတိုးတက်မှုရဲ့သေခြင်း”
လို့တောင် ပြောထားသေးတယ်။ တကယ်အရေး ကြီးတာက အမှားကိုသိမြင်ဖို့နဲ့ပြင်တက် ဖို့မဟုတ်လား။ ဒါမှလည်း မှား
ရကျိုး၊ အမှားခံရကျိုးတွေနပ်တော့မှာပေါ့။



တချို့ကမှားမှန်းသိသိနဲ့ ကိုယ်မှန်နေသယောင်ဟန်ဆောင်ပြီး ငြိမ်နေတက်တယ်။ ဟန်ဆောင်တာ လိမ်ညာခြင်းတစ်
မျိုးမို့ ရိုးသားစွာဝန်ခံလိုက်တာလောက် သိက်္ခာမရှိပါဘူး။ တချို့ကလည်းမှားတုန်းမှားခဲ့ပြီး ၀န်ခံဖို့အလှည့်ကျတော့
အရှက်နဲ့ မာနကိုတစ်စက်ကလေးမှအထိပါးမခံလိုကြဘူး။ ရိုးဖြောင့်တဲ့ ဂုဏ်ဆိုတာဘာနဲ့များ နှိုင်းယှဉ်လဲလှယ်လို့မနိုင်
မှာမို့လို့လဲ။ ယုတ်စွအဆုံး မတတ်သာ တဲ့အခြေအနေမှာ မှားပြီးတောင်းပန် လိုက်ရစေဦးတော့ အဲဒါအရှုံးပေးရာ
မရောက်သလို အညံ့ခံရာလည်းကျမယ် မထင်ပါဘူး။



လူမှန်သမျှ အမှားကင်းနိုင်ကြတာ မဟုတ်တဲ့အလျှောက် ၀န်ခံရဲပြီး
တောင်းပန်တတ်တဲ့ ဂုဏ်ရည်မြင့်လူသားတွေဖြစ် လာနိုင်ကြပါစေ။



written by အာဝါသ
hotnewsweekly
By Cloud Cuckoo Land in Big Brothers & Sisters