Thursday, March 1, 2012

အချစ်ဆိုတာ

အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ ခါးသက်သွားတယ်။


အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။



အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။


 

အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့ တစ်ထစ်ချပြောလို့ မရဘူး။



အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ လိုက်ကချင်ခဲ့တယ်။


No comments: