Sunday, March 18, 2012

"သတိကို အိမ်လုပ်ပြီးတော့ နေပါ..."




၁။
I have no parents.
I make the heavens and earth my parents.
ငါ့မှာ မိဘ မရှိပါဘူး။
ငါဟာ ကောင်ကင်နဲ့ မြေကြီးကို
မိဘသဖွယ် လုပ်ထားပါတယ်။
+++++++++++++++++++++++++++

၂။
I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
+++++++++++++++++++++++++++


၃။
I have no life or death.
I make the tide of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း၊သေဆုံးခြင်းဆိုတာ
မရှိပါဘူး။
ထွက်လေ၊ဝင်လေကိုပဲ မွေးဖွားခြင်း၊သေဆုံးခြင်းလို
သဘောထားပါတယ်။
+++++++++++++++++++++++++++
၎။
I have no divine power.
I make honesty my divine power.
ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။
ငါဟာရိုးသားမှုကို ငါ့ရဲ့တန်ခိုးဣဒ္ဓိပါဒ် အဖြစ်
လုပ်ထားပါတယ်။
+++++++++++++++++++++++++++
၅။
I have no friend.
I make my mind my friend.
ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ်လုပ်ထားပါတယ်။
+++++++++++++++++++++++++++
၆။
I have no enemy.
I make carelessness my enemy.
ငါ့မှာ ရန်သူမရှိပါဘူး။
ငါဟာ သတိမပါ၊
ဉာဏ်မပါ၊ ပေါ့ပေါ့တန်တန်ဖြစ်သလို
နေတတ်၊လုပ်တတ် တာကိုပဲ
ငါ့ရန်သူလို့ သဘောထားပါတယ်။
+++++++++++++++++++++++++++

၇။
I have no armour.
I make benevolence my armour.
ငါ့မှာ သံချပ်ကာ အင်္ကျီမရှိပါဘူး။
ငါဟာ သူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့စိတ်
ကိုပဲ သံချပ်ကာ အင်္ကျီသဖွယ်လုပ်ထားပါတယ်။
+++++++++++++++++++++++++++
၈။
I have no castle.
I make immovable mind my castle.
ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး။
ငါဟာမလှုပ်ရှား၊ မယိမ်းယိုင်တဲ့ စိတ်ကိုပဲ
ရဲတိုက်အဖြစ် လုပ်ထားပါတယ်။
+++++++++++++++++++++++++++

၉။
I have no sword.
I make absence of self my sword.
ငါ့မှာဓားရှည် မရှိပါဘူး။
ငါဟာ အတ္တမရှိခြင်းကိုပဲ
လက်နက်ဖြစ်တဲ့ဓားရှည်ကြီးအဖြစ်
လုပ်ထားပါတယ်။
+++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)