Sunday, March 4, 2012

ကောင်းသောနေ့များဖြစ်ပါစေ...

> ဒါလေးကိုလဲဖတ်ပြီးတော့ သဘောကျတာနဲ့မိတ်ဆွေများကို ပြန်လည်ဝေငှပါတယ်..
>
> ဖတ်ကြည့်ကြပါနော်..
>
> Violet
>
> ကောင်းသောနေ့များဖြစ်ပါစေ
>
> တူညီတဲ့ဘဝမှာ မတူတဲ့စိတ်သဘောထားနဲ့ အရာတစ်ခုကို ကြည့်တဲ့အကြည့်နှစ်ခုက
> တူမှာမဟုတ်ပါဘူး။ အကောင်းမြင်စိတ်၊ ခွင့်လွတ်နားလည်စိတ်နဲ့
> ကိုယ့်ကိုဂရုစိုက်မယ်၊ ကိုယ့်ကိုအတင်းအကြပ် မလုပ်ဘူး၊ ကိုယ့်ကို သိမြင်မယ်၊
> အဓိက,က ကိုယ့်ကိုအောင်နိုင်ဖို့၊ မှန်မှန်ကန်ကုန် အသက်ရှင်ဖို့ဖြစ်တယ်။ ဒါမှ
> မျှော်လင့်ချက်ဆိုတာရှိမယ်။
>
> ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့လူက အဝေးကိုထွက်သွားခဲ့ပြီ၊ ကိုယ်က
> နေရာမှာရပ်ပြီး သူ့ကို ဒေါသထွက်နေတုန်း...
>
> စကားတစ်ခွန်းက ဒီလိုရှိပါတယ်။


>
> "စိတ်တို၊ ဒေါသထွက်တယ်ဆိုတာ တစ်ခြားလူရဲ့အမှားနဲ့ ကိုယ့်ကိုအပြစ်ပေးနေတာပါ"
> တဲ့။ တစ်ခြားရှုထောင့်ကနေ ကိုယ့်ကိုမြင်အောင်ကြည့်ရင် "ပင်ပန်းတယ်၊ မောတယ်၊
> ပျော်တယ်၊ ဇိမ်ကျတယ်" ဆိုတာ ကိုယ့်စိတ်ထဲကနေဖြစ်လာတဲ့ စိတ်အခြေအနေ(mood)ပဲ
> ဖြစ်တယ်။ အဲဒါတွေက လူ၊ အရာဝတ္တုအပေါ်ထားမယ့် ကိုယ့်သဘောထား၊ စိတ်ခံစားချက်တွေကို
> အကျိုးသက်ရောက်စေတယ်။
>
> ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
>
> အဘွားအိုတစ်ဦးမှာ သမီးနှစ်ယောက်ရှိတယ်။ သမီးကြီးက ထီးရောင်းသူနဲ့
> အိမ်ထောင်ပြုပြီး သမီးငယ်က အထည်ဆေးဆိုးတဲ့အလုပ် လုပ်တယ်။ ဒီအတွက် အဘွားအို
> မပျော်ရွှင်ခဲ့ဘူး။ အကြောင်းက နေသာရင် သမီးကြီးရဲ့ ထီးတွေရောင်းမထွက်မှာစိုးပြီး
> မိုးရွာခဲ့ရင် သမီးငယ်ရဲ့ ဆေးဆိုးထည်တွေ မခြောက်မှာ တွေးပူနေခဲ့လို့ဖြစ်တယ်။
> ဒါကြောင့် အဘွားအိုဟာ နေသာလည်းစိတ်ညစ်၊ မိုးရွာလည်း စိတ်ညစ်ခဲ့ရတယ်။
> မကြာပါဘူး.. အဲဒီစိတ်နဲ့ အဘွားအိုရဲ့ဆံပင်တွေ လိုတာထက်
> ပိုဖြူပြီးအိုစာသွားခဲ့ရတယ်။
>
> တစ်နေ့မှာ အဝေးကမိတ်ဆွေတစ်ဦး ရောက်လာခဲ့တယ်။ အရွယ်နဲ့မလိုက်အောင်
> အိုစာသွားတဲ့အဘွားအိုကို ကြည့်ပြီး မိတ်ဆွေက တအံ့တသြမေးမိတယ်။ အဘွားအိုက
> သူခံစားနေရတဲ့သောကကို ပြောပြလိုက်တယ်။ မိတ်ဆွေက ရယ်ပြီး "မိုးရွာရင်
> သမီးကြီးရဲ့ထီးရောင်းရမယ်၊ နေသာရင် သမီးငယ်ရဲ့ ဆေးဆိုးထည်တွေ ခြောက်မယ်။
> ဒီလိုအတွေးက ကိုယ့်ကို နေ့တိုင်းပျော်ရွှင်စေတာပဲ မဟုတ်လား? နေ့တစ်နေ့တိုင်းက
> ကောင်းတဲ့နေ့ဖြစ်တယ်။ ဒါကိုဝမ်းမသာဘဲ ဘာဖြစ်လို့ သောကတွေ ခံစားနေရသလဲ?" လို့
> ပြောလိုက်တယ်။ အဘွားအိုလည်း ကိုယ့်အတွေးကို တစ်ခြားရှုထောင့်ကနေ
> တွေးကြည့်ခံစားပြီး နေ့တိုင်း ပြုံးရယ်နိုင်ခဲ့တော့တယ်။
>
> လူ့ဘဝလမ်းတစ်လျှောက်က အဆင်ပြေချောမွေ့တာချည်းပဲ မဟုတ်ဘူး။ ခလုတ်တိုက်ချော်လဲတဲ့
> အချိန်လည်းရှိမယ်။ စိတ်တိုဒေါသထွက်တဲ့ အချိန်လည်းရှိမယ်။ သဘာဝဘေးအန္တရာယ်နဲ့
> ကြုံတဲ့အခါလည်းရှိမယ်။
>
> ဒဿနိက ပညာရှင်တစ်ဦးက ဒီလိုဆိုထားပါတယ်။
> "ကျွန်တော်တို့ရဲ့ ထိခိုက်နာကျင်မှုကို ပြဿနာ၊ ကိစ္စရပ်တွေက သယ်ဆောင်လာခဲ့တာ
> မဟုတ်ဘူး။ ပြဿနာ ကိစ္စရပ်တွေအပေါ် ကိုယ်မြင်တဲ့အမြင်ကနေ ဖြစ်လာတာဖြစ်တယ်"
>
> တစ်ခြားရှုထောင့်ကနေ ကိုယ့်ကိုမြင်အောင်ကြည့်ရင် ဘဝကိုသက်တောင့်သက်သာ
> ရင်ဆိုင်နိုင်မယ်၊ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်၊ ပူဆွေးသောကတွေကို
> အောင်နိုင်မယ့် သင်ခန်းစာမျိုး၊ အောင်မြင်မှုမျိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။
> လူ့ဘဝရဲ့ ရင့်ကျက်မှုကို တွေ့နိုင်မှာဖြစ်တယ်။ တစ်ခြားလူရဲ့အမှားနဲ့
> ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင် အပြစ်တင်မိမှာ မဟုတ်တော့ဘူး။
>
> မူရင်း- google search or 愿您天天是好
>
>
>
>


>
> --
> -------------------
> with love
> Yadanar
>

No comments: