Friday, March 16, 2012

ခေါင်းဆောင်ကောင်းတို့၏ ခေါင်းဆောင်မှုအလေ့အကျင့် - ၅ ချက်





၁။ စံပြနည်းလမ်းကောင်း

ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို ချမှတ်ရမည်။ အများနှင့်သက်ဆိုင်သော

(ကိုယ်စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ) ရည်မှန်ချက်ပေါက်မြောက်အောင်
ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင် စံပြတစ်ဦးဖြစ်
ရမည်။ ခက်ခဲရှုပ်ထွေးသော အပြောင်းအလဲတစ်ရပ်သည် အများအပေါ်သက်ရောက်မှုတစ်ခုရှိပြီး ရေတိုစီမံကိန်းများ
ချမှတ်ကာ အောင်မြင်မှုငယ်များမှ တစ်ဆင့်ပို၍ကြီးမားသော ရည်မှန်ချက်ကိုရောက်ရှိစေရမည်။ ခေါင်းဆောင်များက
အများတွက်မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေးရမည်ဖြစ်ပြီး မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်း
များကိုဖန်တီးကာ အောင်နိုင်မှုကိုရယူရမည်။





၂။ မျှဝေသောအနာဂတ်အမြင်ကိုသက်ဝင်ပါစေ


ခေါင်းဆောင်များသည်မတူညီသောဆောင်ရွက်မှုများကို လုပ်ကိုင်နိုင်ကြောင်းအလေးနက်ပြုကြသူများဖြစ်သည်။

အနာဂတ်တွက် ဖြစ်ပေါ်လာမည့် အရာများကိုလည်းမြင်တွေ့နိုင်သူများဖြစ်ပြီး အဖွဲ့အစည်းများ အနာဂတ်တွင် ဖြစ်လာ
မည့်ပုံရိပ်ကိုလည်း မှန်းမျှော်ကြည့်နိုင်သူများဖြစ်သည်။ သူတို့၏ဆွဲဆောင်မှု၊ညှို့ယူဖမ်းစာနိုင်မှုဖြင့်၊ အခြားသူများကို
သူတို့၏အနာဂတ်အမြင်နှင့် အိပ်မက်အတွင်းသက်ရောက်နိုင်စေသည်။အနာဂတ်အတွက်ခေါင်းဆောင်များ ရှင်သန်
နေကြပြီး အနာဂတ်တွင်ဖြစ်လာမည့်ဖြစ်နိုင်ဖွယ်ရာများကို အများအားတတ်ကြွ လှုံ့ဆော်လျက်မြင်တွေ့စေသည်။




၃။ လမ်းစဉ်ကိုစိန်ခေါ်ပါ

ပိုနေမြဲ-ကျားနေမြဲ အနေထားမျိုးကို ပြောင်းလဲလျက် ခေါင်းဆောင်များသည်တစ်သမက်တည်းအခွင့်အလမ်းများတို့ကို

ရှာကြံသည်။ အဖွဲ့အစည်းတိုးတက်ရန် ဆန်းသစ်သောနည်းလမ်းများကိုလည်း လေ့လာသည်။ သို့အတွက် ထိုက်သင့်
သောစွန့်စားမှုနှင့် အတွေ့အကြုံများကိုရယူကြရသည်။ စွန့်စားမှုရခြင်းအားဖြင့် အမှားအယွင်းနှင့် ဆုံးရှုံးမှုများကိုရင်ဆိုင်
နေကြရသည်ကို ခေါင်းဆောင်များသိရှိကြသည်။ မလွှဲမရှောင်သာသောအခက်အခဲများကို ရင်ဆိုင်ကာရလဒ်ကောင်း
တစ်ခုအတွက်ခေါင်းဆောင်များဆောင်ရွက်ကြရမည် ဖြစ်သည်။




၎။ တခြားသူများလိုက်ပါစေ

အပြန်အလှန် အကျိုးကျေးဇူးးရရှိရေးအတွက် အားလုံးနှင့်ပူးပေါင်းနိုင်ရန် ခေါင်းဆောင်များက ပျိုးထောင်ပေးရမည်ဖြစ်

သည်။ စိတ်ဓာတ်ပါရှိသော အသင်းများကိုတည်ဆောက်ပေးရမည်ဖြစ်ပြီး တက်ကြွစွာ ပါဝင်စေရမည်ဖြစ်သည်။ အချင်း
ချင်း အပြန်ပြန်အလှန်လှန် လေးစားကြရမည်ဖြစ်ပြီး သာမန်လွန်ကြိုးစားစိုက်ထုတ်မှုကို ဆောင်ရွက်ကြရမည်။ လူသား
များ၏ ဂုဏ်သိက္ခာနှင့်ယုံကြည်မှုကို အင်အားရှိစေမည်ဖြစ်ပြီး တစ်ဦးချင် ဆောင်ရွက်နိုင်စွမ်းနှင့်အင်အားကို ဦးဆောင်
သူများက ဖြည့်ဆည်းပေးရမည်။




၅။ နှလုံးသားကို အားပေးပါ

အဖွဲ့အစည်းများအတွက် သာမာန်လွန်ကိစစရပ်များကို ဆောင်ရွက်ရာတွင်ခက်ခဲပါလိမ့်မည်။ မျှော်လင့်ချက်ရှိပြီး ဆုံးဖြက်

ချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အများ၏ပေးဆပ်ခြင်းများအပေါ် ခေါင်းဆောင်များက အသိအမှတ်ပြု
ရပါမည်။ အောင်မြင်မှုရသောအသင်းတိုင်းအတွက် သူတို့၏ အောင်မြင်မှု၊အားပေးမှု၊ဆုပေးမှု၊အသိအမှတ်ပြုမှုများကို
မျှဝေပေးရမည်ဖြစ်သည်။ အောင်မြင်သူများကို သူရဲကောင်းကဲ့သို့ခံစားစေပြီး သူတို့၏တိုးတတ်လာသော အင်အားများ
ဖြင့်မှန်ကန်သော အရိပ်အာဝါသ၊ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။ Kouzes နှင့် Posnerတို့ ထုတ်
ဖော်ခဲ့သော တွေ့ရှိချက်အတွင်း ချက်ချင်းတုံ့ပြန်သူများလည်းရှိသည်။ နားထောင်ရသည်မှာကောင်းသောလည်း အတွေး
အခေါ်ဆန်လွန်းကြောင်း၊ စိတ်ကူးဆန်လွန်းကြောင်းဝေဖန်ခဲ့သည်။ အများစုသောသူများအနေဖြင့် စိတ်ဓာတ်တတ်ကြွမှု
ဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရသည် ဖြစ်ပြီး သူတို့၏ အယူအဆများ၊ အတွေးအခေါ်များကို ထည့်သွင်းလုပ်ကိုင်ကြ
ပါသည်။ ခပ်ကြမ်ကြမ်းခံစားရသည်ဟု ထင်ကြမည်မှာ ယုံမှာသံသယမရှိချေ။ သို့သော်လည်း သူတို့၏အလုပ်က မည်မျှ
ခေါင်းဆောင်မှုနှင့် ပတ်သတ်၍ကျနော်တို့တွေးခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း မသိနိုင်၊ အခြေခံကျကျထက်လွန်ပြီး ဖြစ်နိုင်
ချေရှိမှုများ၊သိပ္ပံနည်းကျ စီးပွားရေးအတွက်ချဉ်းကပ်မှုများအပေါ်တော့အမြင်တစ်မျိုး သက်ရောက်စေသည်။ စိတ်ပိုင်းဆိုင်
ရာတက်ကြွမှုတစ်ရပ်ဖြင့် ကတိက၀တ်များက တစ်ဦးချင်း၏အပြုအမှုအပေါ် ပို၍သြဇာကြီးသည်ဟုကျနော်တို့လက်ခံခဲ့ပါ
က အယူအဆတစ်ရပ်အပြောင်းသို့ ဖြစ်လာနိုင်ချေမည်။

 


နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့
ခေါင်းဆောင်စာအုပ်မှ ကူးယူဖော်ပြသည်။


မှတ်ချက်။            ။ သင်သည် ဦးဆုံး မလေ့လာ၊ မသင်ယူဘဲ၊ ဦးဆောင်မှုမခံပဲ သင် ခေါင်းဆောင်တစ်ဦး
ဖြစ်မလာနိုင်ပါ။ (Tiorio)

ဥပမာ  ----- ကုပဏ္ဏီတစ်ခုတွင် လူမိုက် လူတော် ပညာရှိ ဟူ၍လူ သုံးမျိုးရှိသည်...လူမိုက်တို့သည် ညွှန်ကြားထား
သည့် မူဝါဒအတိုင်း(စာအုပ်ကြီးအတိုင်း)သာ အလုပ်လုပ်တတ်ကြသဖြင့် စာရေးကြီး အဖြစ်နှင့်သာ ဘ၀ကို အဆုံး
သတ်ရသည်။ လူတော်တို့မှာမူ ဦးတည်ချက်အတိုင်း အလုပ်လုပ်ကြ၍ အကြီးအမှူးဖြစ်ကြ၏။ ပညာရှိတွေကြတော့
အဆုံးစွန်ဖြစ်သော (ဖြစ်တန်စွမ်း)ကို မူတည်၍အလုပ်လုပ်ကြတဲ့အတွက်ကြောင့် သူတို့ဟာ လုပ်ငန်းပိုင်ရှင်များ ကိုယ်
တိုင်ဖြစ်လာကြ၏....



မိမိကိုယ်တိုင်ဆင်ခြင်ပိုင်းခြားနိုင်ကြပါစေ
ရဲဂျာ (မြန်မာချစ်သူမိသားစု)