Saturday, October 8, 2011
Malicha Lodge မလိခလုခ် ( သို့) မြောက်ဖျားဆီက အပန်းဖြေစခန်း)
ကချင်ပြည်နယ် အတွင်း ခရီးသွားများ  အလည်အပတ်လာရောက် အပန်းဖြေရန် နေရာတစ်ခုအဖြစ်မကြာသေးမီက တည်ဆောက်ဖွင့်လှစ်လိုက်တဲ့ 
မလိခလု(ခ်)(Malikha Lodge) ဆိုတဲ့ နေရာလေးတစ်ခုအကြောင်းကိုရေးသားတင်ပြချင်ပါတယ်။
Malikha Lodge
မလိခလု(ခ်)ဆိုတဲ့ နေရာလေးဟာ ကချင်ရိုးရာဓလေ့ နှင့် သဘာဝဆန်ဆန် ပေါင်းစပ်ဖန်တီးထားသော
အပန်းဖြေဟိုတယ်တစ်ခုပဲဖြစ်ပါတယ်။
မလိခလု(ခ်) ကို ကမ္ဘာ့အကျော်ကြားဆုံးဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Jean Michel Gathy (Aman Resorts fame )မှ
ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
အပန်းဖြေဟိုတယ် တည်နေရာ
ကချင်ပြည်နယ်မြောက်ပိုင်းစွန်းမြို့ ဖြစ်တဲ့ ပူတာအိုမြို့ နယ်အတွင်းတည်ရှိပြီး ၊ မြန်မာနိုင်ငံ၏အစိမ်းလန်းဆုံးနှင့်
အဝေးလံဆုံးနေရာတစ်နေရာတစ်ခုလည်းဖြစ်ပါတယ်။
ပူတာအိုမှအရှေ့ ဖက်သို့  (၁၅)မိနစ်ခန့် ကားဖြင့်သွားရသောခရီးတွင် Malikha Lodge ကို ဖွစ်လှစ်ထားပါသည်။
ပူတာအိုမြို့ ကိုရောက်ရှိရန် မြစ်ကြီးနားမှ လေယာဉ်ဖြင့်နာရီဝက်ခန့် စီးနှင်းခရီးဆက်ရမှာဖြစ်ပါတယ်။
ရန်ကုန်မှတိုက်ရိုက်လာပါက ဟိုတယ်မှစီစဉ်ထားသော ခရီးစဉ်ဝန်ဆောင်မှုလည်းရှိပါတယ်။
ပူတာအိုမြို့ သို့ ကားလမ်းဖြင့်သွားရောက်နိုင်သော်လည်းလမ်းခရီးမှာဆိုးရွာလွန်းခြင်း၊တောင်တက်တောင်ဆင်းလမ်းများ
ပေါများခြင်းကြောင့်လာရောက်လည်ပတ်သူများအနေဖြင့် လေယာဉ်ဖြင့်သာသွားရောက်ကြပါတယ်။
ပူတာအိုမြို့ ကိုအဓီကအနေဖြင့် မြန်မာနိုင်ငံ၏ရေခဲတောင်များဖြစ်သော ခါကာဘိုရာဇီနှင့်ဖုန်ကန်ရာဇီတောင်ကို
လာရောက်လေ့လာလည်ပတ်လိုသည် အတွက် ရောက်ရှိလာကြတာများပါသည်။
အပန်းဖြေနေရာပြင်ဆင်ထားမှု
ယခုအခါမှာတော့…တိုင်းရင်သားရိုးရာအငွေ့ အသက်နှင့် သဘာဝတောတောင်အလှအပများကို ခံစားလိုသူများအတွက်
Malikha Lodge ကိုတည်ဆောက်ထားပြီဖြစ်ပါတယ်။
Malikha Lodge ဟိုတယ်တွင်ပြုလုပ်ထားသော အခန်းဒီဇိုင်းများသည်
ကချင်ရိုးရာအိမ်များ၏ အထားအသိုပုံစံအတိုင်းဒီဇိုင်းဆင်ထားခြင်းဖြစ်ပြီး ကချင်ရိုးရာ ၀ါးတဲဗန်ဂလို များကိုလည်းတည်ဆောက်ထားပါသည်။
အတွင်းပြင်ဆင်ထားမှုများမှာ ..
ကချင်တိုင်းရင်းသားတို့ ၏ ဓလေ့ ဖြစ်သော အိမ် (သို့ )ဧည့် ခန်း ၏ အလယ်တွင်ထင်းမီးဖိုများထည့်သွင်းပြုလုပ်ထားခြင်း
အသုံးအဆောင်များအားလုံးနီးပါးကို ၀ါးဖြင့်ပြုလုပ်ထားခြင်း ၀ါးထိုင်ခုံ၊၀ါးနှီးခုံ၊၀ါးလိုက်ကာ၊၀ါးခွက် စသဖြင့် သဘာဝဆန်သော
ဒေသနှင့်ရာသီဥတု
ကချင်ပြည်နယ်၏ဒေသမှာ..ချမ်းအေးစွတ်စို၍ ဟိုတယ်အိပ်ခန်းများအတွင်း
ကချင်ရိုးရာဓလေ့ ပုံစံအတိုင်း  မီးဖိုများထည့်သွင်းထားခြင်းကြာင့်..ချမ်းအေးသောအချိန်တွင် အပူဓာတ်
ကို သဘာဝအတိုင်းရရှိမှာဖြစ်ပါသည်။
အပန်းဖြေနေရာမှ အပန်းဖြေစရာများ
Nam Lang မြစ်ငယ်ကို မှေးတင်ပြုလုပ်ထားသော ကြောင့် နေပူဆာလှုံရင်း စီးဆင်းနေသောမြစ်အလှကိုရှုမျော်နိုင်ပါသည်။
နေ့ ခင်းအချိန်တွင် ကြည်လင်အေးမြသော Nam Lang မြစ်ငယ်အတွင်း ရေကူးနိုင်၊ရေငုတ်နိုင်ပါသည်။
ရေစီးသန်သောနေရာများတွင်လည်း အပျော်စီး လှေများကို ရေစီးသန်သန်တွင်ပျော်ပါးရင်ခုန်စွာစီးကစားနိုင်ပါသည်။
ရေစီးသန်သည့် အတွက်မတော်တဆမှုများမဖြစ်ပွားအောင် အသက်ကယ်အင်္ကျီများဝတ်၍သာစီးခွင့်ရှိပါသည်။
အပန်းဖြေနေရာနှင့်မနီးမနားတွင်ရှိသော တောင်တန်းငယ်များတွင်လည်း ..
တောင်တက်စက်င်္ဘီးစီးရင်း ရှုမျော်ခင်းများကြည့် နိုင်ပါသည်။
ထိုမှ..ရေခဲတောင်သို့ သွားရောက်လိုသူများအတွက်လည်း..company မှသီးသန့် င်္စီစဉ်မှုများပြုလုပ်ထားပါသည်။
Malikha Lodge အတွက်သီးသန့် ခရီးစဉ်များကို လေယာဉ်ဖြင့်ခရီင်္းအစအဆုံး..၀န်ဆောင်မှုများကို
October လမှ April လအတွင်းသာ အဓီကအနေဖြင့်  ခွင့်ပြုထားကြောင်းသိရပါသည်။
အမှန်တကယ်လည်း ထိုအချိန်များမှသာ..လည်ပတ်ဖို့ သင့်တော်ပါသည်။
Malikha Lodge အပန်းဖြေနေရာလေးမှာ ပြည်တွင်းမှလူသိသိပ်မများသော်လည်း ပြည်ပမှဧည့် သည်များအတွက်
ပူတာအိုသို့ လာရောက်လည်ပတ်ရင်း..ကမ္ဘာ့ အဆင့်မှီအပန်းဖြေနေရာတစ်ခုအဖြစ်တည်ရှိနေသည်ကို
ရေးသားတင်ပြလိုက်ရပါသည်။
from: myitkyina