Thursday, December 15, 2011

“ ပျင်းလာရင်...ဖျင်းလာပြီ။”


တစ်ခါတုန်းက လှည်းသမားတစ်ယောက်ဟာ သူ့ရဲ့လေးလံလှတဲ့ လှည်းကြီးကို
ရွှံ့နွံထူထပ်တဲ့ လမ်းကြောင်းအတိုင်းမောင်းသွားနေတုန်း
လှည်းဘီးတွေက ရွှံ့ထဲမှာ ကျွံဝင်ပြီးနစ်နေတာပေါ့။
နွားတွေလည်း ရှေ့ဆက်မသွားနိုင်တော့ဘူး။
ဒီတော့ အဲဒီလူဟာ မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်ပြီး ငိုကြွေးရင်း
တောစောင့်နတ်ကိုတိုင်တည်လိုက်ပါတယ်။
“တောစောင့်နတ်မင်းကြီး…
တပည့်တော်ရဲ့ဒုက္ခကလွတ်မြောက်ဖို့ ကူညီမှိုင်းမတော်မူပါအရှင်”

ဒါနဲ့ပဲ တောစောင့်နတ်ရောက်လာပြီးပြောတာကတော့
“ဟယ်….ပျင်းတဲ့အမောင်လူသား….ထလော့!
မင်းကိုယ်တိုင်ကနိုးနိုး ကြားကြား တက်တက် ကြွကြွ လုပ်လိုက်ပါအုန်း။
မင်းရဲ့နွားတွေကို ဇွဲကောင်းကောင်းနဲ့ ဆွဲထုတ်လိုက်ပါအုန်း။
မင်းရဲ့ ပခုံးနဲ့ လှည်းဘီးကို အားနဲ့တွန်းလိုက်ပါအုန်း။
မင်းကိုယ်တိုင်က အစွမ်းကုန် ကြိုးစားကြည့်လိုက်ပါအုန်း၊
အဲဒီလိုမှ မရလို့ ငါ့ရဲ့အကူအညီကို မင်းလိုအပ်သေးတယ်ဆိုရင်
မင်းရစေမယ်။”
လို့ပြောပြီးပျောက်ကွယ်သွားပါတော့တယ်။

လူတွေဟာအများအားဖြင့် အခြားသူတွေဆီက
အကူအညီကို လွယ်လွယ်ကူကူလိုချင်ကြတယ်။
တန်ရာတန်ဖိုး မပေးချင်ဘဲ လွယ်လွယ် လိုချင်တဲ့စိတ်ကြောင့်
ဘာမှမရဘဲ အများကြီး ဆုံးရှုံးနစ်နာရတတ်ပါတယ်။
ကိုယ်တိုင်က အစွမ်းကုန်ကြိုးစားအားထုတ်တာမျိုးမရှိဘူး။
ဒီတော့ ဘယ်သူက ကူညီချင်မလဲ။
ကိုယ်တိုင်က အစွမ်းကုန်ကြိုးစားကြည့်ပြီှး မရတော့မှ
အကူအညီတောင်းသင့်ရင် တောင်းပါ လို့ပုံပြင်လေးကမီးမောင်းထိုးပြနေပါတယ်။

No comments: