Sunday, December 25, 2011

ကင်ဆာရောဂါကို အစားအစာနှင့် ကာကွယ်ပါ


ကင်ဆာရောဂါကို အစားအစာနှင့် ကာကွယ်ပါ













လူသားများ၏ ကိုယ်ခန္ဓာအတွင်းဆဲလ်များအားလုံး၏ ကြီးထွားမှု လုပ်ငန်းတာဝန်များသည် စနစ်ကျလှသောနည်းလမ်းများဖြင့် သေချာစွာထိန်းချုပ်မှုပြုလျက် ဆဲလ်များ ကြီးထွားနေကြသည်။  ကင်ဆာရောဂါ ဖြစ်ပွားလာရခြင်းမှာ ၎င်းဆဲလ်များ၏ ကြီးထွားမှု ပြုလုပ်သည့်စနစ် မှားယွင်းမှုကြောင့် ထိန်းချုပ်မှု ချွတ်ယွင်းကာကင်ဆာရောဂါ (သို့) ဆဲလ်များမူမမှန်ခြင်း ဖြစ်လာရသည်။ ဤဖြစ်စဉ်တွင် ဆဲလ်များအတွင်းရှိမျိုးဗီဇ DNA ၏ ပျက်စီးစေမှုနှင့် ဆက်နွှယ်နေသည်။ ၎င်းမျိုးဗီဇများကိုစီးကရက်အငွေ့၊ ရေဒီယိုသတ္တိကြွခြင်းနှင့် အချို့သောဗိုင်းရပ်စ် ပိုးများတွင် တွေ့ရှိရသည်။ ထို့အပြင် ကျွန်ုပ်တို့ ထိတွေ့စားသုံးနေသည့် နေ့စဉ် အစားအစာများသည်လည်း DNA ကိုထိခိုက်စေနိုင်သည်ဟုသိရှိရသည်။ သို့ရာတွင် အကြောင်းအချက် အတိအကျ မည်သို့ ပျက်စီးထိခိုက်စေနိုင်သည်ကိုစနစ်တကျ ရှင်းမပြနိုင်သေးပေ။

ကင်ဆာဖြစ်ပွားမှုနှင့် နေ့စဉ်စားသုံးသည့် အစားအစာတို့အကြားဆက်နွှယ်မှုများမှာခက်ခဲရှုပ်ထွေးနေကြောင်းသိပ္ပံသုတေသီများတွေ့ရှိထားကြသည်။ သို့ရာတွင် စနစ်တကျ ရှင်းမပြနိုင်ကြသေးပေ။ အကြောင်းမှာအစားအစာတစ်မျိုးတည်းမဟုတ်ဘဲ ၎င်းတို့အားပြောင်းလဲရောနှော၍ စားသုံးနေကြခြင်းကြောင့် များစွာသောအာဟာရပါဝင်မှုများ၏ အပြန်အလှန် သက်ရောက်မှုများရှိနေခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ကင်ဆာရောဂါ ကာကွယ် တားဆီးရေးအတွက် အစာအာဟာရအခြေခံပေါ်တွင် မူတည်နေသည်ဟုကောက်ချက်ချလာကြသည်။ သာမန်ထက် ပိုမိုလွန်ကဲစွာဝဖြိုး၍ ကိုယ်အလေးချိန် များလာသောသူများတွင် အဆီဓာတ် လွန်ကဲမှု များလာပြီးယင်းနှင့် ဆက်နွှယ်၍ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာအစာရေမျိုကင်ဆာ၊ ပန်ကရိယကင်ဆာစသည်တို့အပြင် အမျိုးသမီးများတင်သားကင်ဆာအဖြစ်များလာကြရသည်။

ထို့ကြောင့် သုတေသီများကကင်ဆာရောဂါ ကာကွယ်နိုင်ရေးအတွက် အဆီပါဝင်မှုကိုလျှော့ချစားသုံးရန်နှင့် အမျှင်ဓာတ် ပေါကြွယ်ဝသောဟင်းသီးဟင်းရွက်များကိုများများစားသုံးကြရန် သတိပေးထားသည်။ ထို့အပြင် သကြားဓာတ် ပါဝင်မှုများသောအစားအစာများနှင့် အငန်ဓာတ် လွန်ကဲသောအစားအစာများကိုလည်းရှောင်ရှားသင့်သည်။ အမျိုးသားများအတွက် အရက်ကိုတစ်နေ့လျှင် ၂ ခွက်ထက် ပိုမသောက်သင့်ကြောင်းအကြံပြုထားသည်။ အဓိကအချက်မှာအပင်နှင့် အပင်ထွက်ပစ္စည်းကိုမွန်းမံ ပြင်ဆင်ထားခြင်းမရှိဘဲသဘာဝအတိုင်းစားသုံးခြင်းသည် ကင်ဆာရောဂါကိုကာကွယ် တားဆီးနိုင်ကြောင်းပင်။

No comments: